|
|
Wednesday, 23 November 2011 13:17 |
မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်လာပြီးနောက်
မြန်မာနိုင်ငံအား ဂျပန်နိုင်ငံ၏ တရားဝင် ဖွံ့ဖြိုးရေးအကူအညီ(ODA) အပြည့်အဝ
ပြန်လည်ပေးနိုင်ရေး အတွက် ဆွေးနွေးပွဲများ မြန်မြန်စချင်ကြောင်း
မြန်မာနိုင်ငံအား ဂျပန်နိုင်ငံက နိုဝင်ဘာလ ၁၈ ရက်နေ့က ပြောကြားခဲ့သည်ဟု
သတင်းဖော်ပြချက်များ အရ သိရသည်။ သို့ရာတွင် ဂျပန်နိုင်ငံက မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ ဆက်လက်ဖြစ်ပေါ်ရေးအတွက် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသူများ ဆက်လက်လွှတ်ပေးရန်လည်း တိုက်တွန်းခဲ့ကြောင်း သိရသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ အားလူသားချင်း စာနာထောက်ထားမှု အကူအညီများ ပေးအပ်နေသော်လည်း တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) ကို ၂၀၀၃ ခုနှစ်တွင် ရပ်ဆိုင်းခဲ့ သည်။ ထို့ပြင် ဂျပန်နိုင်ငံသည် ပြီးခဲ့သည့် ဇွန်လတွင် မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးရေးအကူအညီ(ODA) အသစ်ပေးမှုအား တားမြစ်ထားမှုကို ဖယ်ရှားခဲ့သော်လည်း အခြေခံ အဆောက်အအုံ စီမံကိန်းများအတွက် အကူအညီ အပြည့်အ၀ မပေးနိုင်သေးကြောင်း သိရသည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီတွင် မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ် Yoshihiko Noda တို့ နှစ်နိုင်ငံတွေ့ဆုံမှုတွင် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်က ဒီမိုကရေစီသို့ ဦးတည်သည့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများ အတွက် ကြိုဆိုပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား တရားဝင်ဖွံ့ဖြိုးရေးအကူအညီ (ODA) ထောက်ပံ့မှုကို ပေးခဲ့ရာတွင် ချေးငွေ၊ ထောက်ပံ့ငွေ၊ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုစသည့် နည်းလမ်းများဖြင့် ပေးခဲ့ကြောင်း သိရသည်။ မြန်မာ-ဂျပန်နှစ်နိုင်ငံ သံတမန် ဆက်ဆံရေးကို ၁၉၅၄ ခုနှစ် နိုဝင် ဘာလတွင် စတင် တည်ထောင်ခဲ့သည်။ |
No comments:
Post a Comment
wwwwnyinyi@gmail.com