Saturday, December 10, 2011

ကိုဇာဂနာ၊ ကိုမေတ္တာ၊ စေတနာရှင်တွေ စုပေါင်းပြီး သာကေတ အမေ့အိမ် အခမဲ့ စာသင် စာကျက်ဝိုင်းသို့ သွားရောက် လှူဒါန်း

သတင်း-BVJ

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့တွင် နိုင်ငံကျော် အနုပညာရှင် ကိုဇာဂနာ ၊ ကိုမေတ္တာနှင့် စေတနာရှင်တွေစုပေါင်းပြီး သာကေတမှာရှိတဲ့ အမေ့အိမ် အခမဲ့ စာသင် စာကျက်ဝိုင်းကို သွားရောက်ပြီး ကျောင်းသား ကျောင်းသူတွေ
အတွက် ပညာရေးမှာ လိုအပ်တဲ့ အသုံးဆောင်ပစ္စည်းတွေကို သွားရောက် လှူဒါန်းခဲ့ကြပါတယ်။ ကျောင်းသား ကျောင်းသူတွေအတွက် အသုံးဝင်မယ့် ၊ ကွန်ပြူတာတစ်စုံ ၊ ပရင်တာတစ်လုံး ၊ ကျောင်းသုံး ဗလာစာအုပ်တွေ ကိုသွား
ရောက် လှူဒါန်းခဲ့ကြပါသည်။ ထိုသို့ သွားရောက် လှူဒါန်းရာမှာ မြန်မာနိုင်ငံ၌ ပညာရေး အသုံးစားရိတ် ကြီးမြင့်လာနေတာနှင့် ပတ်သက်လို့ ကိုဇာဂနာက ပြောဆိုသွားခဲ့ပါသည်။ နိုဝင်ဘာလ ၂၉ ရက်နေ့ကလည်း ၎င်းအမေ့အိမ် အခမဲ့
စာသင် စာကျက်ဝိုင်းက ကျောင်းသား ကျောင်းသူတွေ အတွက် ပညာရေးမှာလိုအပ်မယ့် အသုံးအဆောင်ပစ္စည်းတွေကို ကိုဇာဂနာနဲ့ အဖွဲ့က သွားရောက် လှူဒါန်းခဲ့ကြပါသေးသည်။ ဆင်းရဲနွမ်းပါးတဲ့ ကလေး သူငယ်တွေ အတွက်
အဓိကထား ဖွင့်လှစ်ထားတဲ့ အမေ့အိမ် စာသင် စာကျက်ဝိုင်းကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုနဲ့ အန်အယ်ဒီ လူငယ်ကွန်ယက်တွေက ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ယခုဆိုရင် ရန်ကုန်တိုင်းအတွင်း အမေ့အိမ် အခမဲ့
စာသင်ကျောင်း ၁၅ ကျောင်းရှိလာဖြစ်ပါသည်။ ပညာရေးနှင့် ပတ်သက်လို့ ဒီနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံမှ အနုပညာရှင်တွေဟာ ပညာရေး၌ အထောက်အကူ ဖြစ်စေတဲ့ လုပ်ငန်းစဉ်တွေမှာ ပါဝင် ကူညီလာတာကို တွေ့မြင်လာခဲ့ရပါသည်။
၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၅ရက်နေ့တွင်လည်း နာမည်ကျော် ဂီတအနုပညာရှင် ၇၀ ကျော်ပါဝင်ပြီး ပြည်ထောင်စု တိုင်းရင်းသား ဒေသတွေအတွက် ပညာရေး ရန်ပုံငွေရှာဖို့ ပြုလုပ်တဲ့ ဂီတဖျော်ဖြေပွဲ တစ်ခုကိုလည်း ရန်ကုန်မြို့ သုဝဏ္ဏ
မိုးလုံလေလုံ အားကစားကွင်းအတွင်း ကျင်းပသွားမှာ ဖြစ်ပါတယ်။



ကိုဇာဂနာ ၊ ကိုမေတ္တာ ၊ စေတနာရှင်တွေ စုပေါင်း၍ သာကေတ အမေ့အိမ် အခမဲ့ စာသင် စာကျက်ဝိုင်းသို့ ပညာရေး အထောက် အကူပြုပစ္စည်းများ သွားရောက် လှူဒန်စဉ်

No comments:

Post a Comment

wwwwnyinyi@gmail.com