အသက်အရွယ်အတွေ့အကြုံလေးအရအနည်းငယ်ပြောရယင်-မြန်မာပြည်ကိုအုပ်ချုပ်ခဲ့တဲ့လွတ်လပ်ရေးရပြီးနောက်နေဝင်း
အစိုးရလက်ထက်မဆလ ခေတ်က ကနေယနေ့အထိတိုင်းပြည်အုပ်ချုပ်နေတဲ့အာဏာယူထားသူများဟာ
တိုင်းပြည်နိုင်ငံရေးအခြေအနေမတည်မငြိမ်၊ပြည်သူတွေနဲနဲလှုပ်လှုပ်ရွရွဖြစ်ပြီးတိုင်း တိုင်းပြည်ကိုဟိုကိစ္စဒီကိစ္စ
တက်တက်ကြွကြွတွေလုပ်ပြလိုက်။တံတားတွေဆောက်ပြ၊လမ်းတွေဆောက်ပြ၊စီမံကိန်းလုပ်ငန်းများအကောင်အထည်
ဖော်ပြ၊ဟိုလမ်းတွေဖွင့်လိုက်၊ဟိုတံတားကို ဟိုတိုင်းမှုးဒီတိုင်းမှုးများဖွင့်လိုက်ပိတ်လိုက်နဲ့ မျက်စိနောက်အောင်သတင်းတွေမှာ နှစ်ပေါင်း၅၀နည်းပါးရှိလာပါပြီ။ တကယ်တမ်းပြည်သူများအတွက်အကျိုးထိရောက်ပြီးပြည်သူများအသက်ရှုချောင်ခဲ့တာယနေ့အထိ ဘာလုပ်ငန်းမှ အကောင်အထည်မရှိပါဘူး။ စီမံကိန်းတွေအကြောင်းပြပြီးထိုစီမံကိန်းကို တာဝန်ယူသူများ၊တာဝန်ပေးသူများ၊ကန်ထရိုက်ရသူများ တိုင်းပြည်ပိုင်ပစ္စည်းများဖြင့်မတရားစီးပွားရှာကြီးပွားခဲ့နေသည်သာ ခေတ်အဆက်ဆက် ဖြစ်ပေသည်။
မင်းဆိုးများနှင့်ပေါင်းအနားကပ်လုပ်စားနေသူများချမ်းသာခွင့်ရခဲ့ပါတယ်။ပြည်သူများကတော့သတင်းများဖတ်၊
အဝှာရဲ့အဝှာကို မျှော်ရသလိုဆိုတဲ့စကားလိုပါပင်။ ယနေ့တိုင်းပြည်ကို ပြောင်းလည်မယ်...ဒီမိုကရေစီလမ်းလျှောက်မယ်။ပြည်ပတိုင်းပြည်များဝင်ရောက်သတင်းဌာနများ
လွတ်လပ်ခွင့်တွေလုပ်မယ်။ အားလုံးကြည့်လိုက်ယင် တိုင်းပြည်မှာဘာတွေလိုအပ်လည်းထူထောင်ရေးနဲ့ပြောင်းလည်းရေးတွေ ဘာတွေလုပ်ရမှာလည်းလို့မေးယင်
ယခင်နှစ်ပေါင်း ၅၀နီးပါး ပြည်သူများအတွက်ဘာမှအကျိုးဆောင်ပေးစေတနာထားလုပ်ပေးထားတာဘာမှမရှိပါဘူး။ပြောယင်တိုင်းပြည်
ရဲ့တကယ်တန်းဝင်ငွေနဲ့ တိုင်းပြည်လူထုအပေါ်ပြန်လည်ဖြည့်ဆည်းပေးတာသည် အကွာချည်းကွာနေတာကိုဆိုလိုပါတယ်။မဖြစ်မနေ အလုပ်ဖြစ်အောင်လုပ်ပေးထားတာယုံပါ။လမ်းပန်းဆက်သွယ်ရေး၊ပြည်တွင်းစီးပွားရေးဆက်သွယ်ရေးဝယ်မှု့များပင်
စနစ်ကျအောင်မတည်ဆောက်နိုင်ခဲ့ပါဘူး။ဗရမ်းဗတာ လုပ်ခဲ့တာတွေ၊သဘောလောက်လုပ်ထားတာတွေချည်းပါ။ယခုလည်း တိုင်းပြည်မှာ ပြည်သူတွေဝိုင်းလှုပ်တော့
လုပ်ပြပြန်ပြီ။အကောင်းမြင်ပေးခဲ့တာအစိုးရကတော့အခုပြောင်းလည်းနေပါပြီ။ဟိုတုန်းကမှားခဲ့တာလည်းမှားမှာပေါ့။
အခုတိုင်းပြည်ကောင်းစားအောင်ပြန်လည်ကျိုးစားနေပါပြီ။လို့ပြောယင်ယခုအသက်အရွယ်ေ၇ာက်နေပြီဖြစ်တဲ့
၅၀ကျော်လူကြီးများလူအိုများ ကလည်းယခင်က အဲလိုပဲအစိုးရအဆက်ဆက်ပေါ်နားလည်ပေးယင်းပေးယင်းနဲ့ သေဖို့သာ အရွယ်ရောက်လာတယ် တိုင်းပြည်ကတော့ ဒီအတိုင်းပါပဲ။ဒီနေရာမှာ-တိုင်းပြည်လွတ်လပ်ရေးဖခင်ဗိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းကိုဖေါ်ပြရလျှင်-

တိုင်းပြည်နှင့် လူမျိုးရဲ့မျက်နှာကိုထောက်ထား သောအားဖြင့်နိုင် ငံရေးကိုပြတ်ပြ တ်သားသား ဆောင်ရွက်ကြ။
ဗိုလ်ချုပ်အောင် ဆန်း
အဲလိုဆိုမိန့်ခဲ့ပါတယ်။
အဲဒီတော့တိုင်းပြည်အုပ်ချုပ်နေသူများက ပြည်သူတွေအသုံးတဲ့မဲ့ ပြည်သူများအကျိုးကိုဖြစ်ထွန်းစေမဲ့လုပ်
ငန်းများကို ကောက်ရိုးမီးတောက်သလို ခဏလောက်တောက်ပြတာမျိုးမဟုတ်တဲ့ တစိုက်မတ်မတ်လုပ်ပြပါ။
နိုင်ငံရေးကိုပြောင်းလဲလိုသူများကပြတ်ပြတ်သားသားဆောင်ရွက်ကြပါလို့။(ပြည်သူ့အော်သံ)
ပုသိမ်ဆိပ်ကမ်းကို တန်၁၀၀၀၀အထိ ကုန်တင်သင်္ဘောများ ၀င်ထွက်သွားလာနိုင်ရေးအတွက် င၀န်မြစ်ကြောင်း ထိန်းသိမ်းခြင်းလုပ်ငန်းများ စတင် |
Monday, 05 December 2011 00:51 |
![]()
ပုသိမ်မြို့ ကမ်းနားလမ်းဝဲဒေါင့်(ကျောက်တံတား) ဆိပ်ကမ်းတွင် သြဂုတ်လ ၁၇ ရက်က ပြည်ပသို့ ဆန်တင်ပို့ရန် ဆောင်ရွက်နေစဉ်
ဧရာဝတီတိုင်းဒေသကြီး ပုသိမ် (၀ဲဒေါင့်)ဆိပ်ကမ်းတွင် လက်ရှိအချိန်၌ တန် ၃၀၀၀ အထိသာ တင်ဆောင်နိုင်သော ကုန်တင်သင်္ဘောများသာ ၀င်ထွက်သွားလာနိုင်သေးရာ တန် ၇၀၀၀၊တန် ၁၀၀၀၀ အထိကုန် တင်သင်္ဘောများ ၀င်ရောက်နိုင်ရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း လည်း သိရှိရသည်။ ''ပုသိမ်ဆိပ်ကမ်းမှာ ၂၀၁၁ ခုနှစ် သြဂုတ်လတုန်းက ဆန်တန်ချိန် ၃၀၀၀ကို ဖိလစ်ပိုင်နိုင်ငံကို တင်ပို့ခဲ့တယ်။ အခုတော့ ပုသိမ် (၀ဲဒေါင့်)ဆိပ်ကမ်းကနေ တန် ၇၀၀၀၊ ၁၀၀၀၀ အထိကုန်တင်သင်္ဘောတွေ ၀င်ထွက်နိုင်သည် အထိ အဆင့်မြှင့်တင်သွားမယ်လို့ သိရပါတယ်။ င၀န် မြစ်ကြောင်း ထိန်းသိမ်းခြင်းလုပ်ငန်း တွေကို စတင်လုပ်ကိုင်တော့မှာ ဖြစ်ပါတယ်။ ဒီလို အဆင့်မြှင့်နိုင်ဖို့အတွက် ပမ္မ၀တီကနေ ပုသိမ်ဆိပ်ကမ်းအထိ င၀န်မြစ်ကြောင်း တစ်လျှောက်မှာ သဲသောင်တူးဖော်ခြင်း လုပ်ငန်းတွေကို လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်'' ဟု လည်း Myanmar Ayer Mon Group of Companies မှ MD ဦးစောမြင့်မောင်က ပြောကြားခဲ့သည်။ ''င၀န်မြစ်ကနေပင်လယ်ရေကြောင်း ကုန်သွယ်မှု ပြုနိုင်မပြုနိုင်၊ ကုန်သွယ်မှုပမာဏ အလားအလာ ဘယ်လောက်ရှိနိုင်တယ်၊ ပုသိမ်ဆိပ်ကမ်းကို နိုင် ငံတကာက ကုန်တင်သင်္ဘောတွေ ၀င်ထွက်သွားလာမယ်ဆိုရင် operation ပိုင်းမှာလိုအပ်ချက်ရှိနိုင်မရှိနိုင်၊ ဆိပ်ကမ်းရဲ့အင်္ဂါရပ်နဲ့ ညီနိုင်မညီနိုင်ပေါ့။ ဆိုလိုတာက ဆိပ်ကမ်းမှာ အထွေထွေကုန်ပစ္စည်းတွေ တင်ထားတဲ့ ကုန်တင်နာတွေ ၀င်နိုင်မ၀င်နိုင်စတာတွေနဲ့ စီးပွားရေးအရ တွက်ခြေကိုက်မှု ရှိမရှိဆိုတာတွေကို တွက်ချက်ရပါတယ်'' ဟု လည်း ဦးစောမြင့်မောင်က ဆက်လက်ပြောကြားခဲ့သည်။ |
No comments:
Post a Comment
wwwwnyinyi@gmail.com