Tuesday, January 31, 2012

ဒီမိုကရေစီဗီလိန် (သို့မဟုတ်) ငါးထောင်စား ဗိုလ်ခင်ညွန့်


တူမောင်ညို
ဇန်န၀ါရီ ၂၇၊ ၂၀၁၂


ဗိုလ်ခင်ညွန့်ဟာ တချိန်တစ်ခါကတော့ အဆိပ်ပြင်းတဲ့ မြွေဆိုး။
တချိန်တခါဆိုတာ ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးယန္တယားလူမဆန်စွာ (ဦးဝင်းတင်ရေးသလို တိရိစ္ဆာန်ဆန်စွာ) ဆိုးသွမ်းခဲ့တဲ့ (၁၉၈၈ ခုနှစ် အရေးတော်ပုံကာလများ - မှ - ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့အထိ) ၁၆ နှစ်နီးပါးကြာမြင့်ခဲ့တဲ့ကာလကို ရည်ညွန်း ပြောခြင်းဖြစ်ပါတယ်။

အဲဒီ ၁၆ နှစ်တာကာလအတွင်းမှာ ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးယန္တယားရဲ့ လူမဆန်စွာညှင်းပန်းနှိပ်စက်မှုတွေကြောင့် ဒီမိုကရေစီအ ရေးလှုပ်ရှားသူတွေနဲ့ သူတို့မိသားစုတွေ ဒုက္ခပင်လယ်ဝေခဲ့ကြရတယ်။ အခုထိလည်းအဲဒီဒုက္ခစက်ကွင်းထဲက မလွတ်နိုင်ကြသေးပါဘူး။ ရန်ကုန်မှာညအချိန်မတော် “ဆိုင်ကယ်သံ” ကြားရင် သွေးလန့်နေရဆဲဖြစ်ပါတယ်။

တိုင်းရင်းသားအပစ်ရပ်အဖွဲ့အစည်းတွေ တစစီပြိုကွဲခဲ့ကြရတာ၊ အချင်းချင်း သူတပြန် ငါတလှည့် လုပ်ကြံသတ်ဖြတ်ခဲ့ကြရတာ၊ ကွဲအက်ခဲ့ ကြရတာ၊ ခွဲထွက်ခဲ့ကြတာတွေမှာ ဗိုလ်ခင်ညွန့်နဲ့ထောက်လှမ်းရေးစနက် မကင်းခဲ့ဘူး။

ဒါကြောင့် ၁၉၈၈ ကနေ “ပြောင်းလဲလာပြီ” လို့ပြောနေကြတဲ့ ယနေ့ကာလအထိ မပြီးဆုံးသေးတဲ့ “အသည်းနာ၊ ကမ္ဘာမကြေ ဒီမိုကရေစီဇာတ် လမ်းရှည်ကြီး” ကို နောက်ကြောင်းပြန်ကြတဲ့အခါတိုင်း ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးယန္တယားဟာ “အဓိကဗီလိန်” ဖြစ်တယ်ဆိုတာကို အထင်အရှားတွေ့ရပါလိမ့်မယ်။ ဒီအချက်ကို ဘယ်သူမှဖယ်ရှားနိုင်လိမ့်မယ်မဟုတ်ပါဘူး။ လင်္ကာဒီပချစ်သူဆိုပြီး ဒဿဂီရိကို ဇာတ်လိုက် လုပ်ပြီးရေးသလို ဗိုလ်ခင်ညွန့်ကိုဇာတ်လိုက်လုပ်ပြီး ရေးဖွဲ့နိုင်ဖို့လည်း မဖြစ်နိုင်ပါဘူး။

ဇာဂနာကလည်း ဇာတ်ညွန်းရေးပြီး မှတ်တမ်းတင်ရုပ်ရှင်ကားလည်း ရိုက်လိမ့်မယ်မထင်ပါဘူး။ အိမ်တိုင်ယာရောက်သွား ဂါရဝပြုတယ်လို့ တော့ကြားတယ်။ ထောင်ထဲမှာသွားတွေကျိုးခဲ့ရတဲ့အဖြစ်ကို ရယ်စရာအဖြစ် ပြောခဲ့သေးသလားတော့ မသိပါ။

ဒါပေမယ့် တချို့သော လူနည်းစုက ဗိုလ်ခင်ညွန့်ကို ပျော့ပျောင်းသူ/ဒီမိုကရေစီအရေးလိုလားသူယောင်ယောင် သုံးသပ်ရေးသားဖေါ်ပြကြ တယ်။ သူတို့ဟာ တစ်စုံတစ်ခုသောအကျိုးစီးပွားကိုမျှော်ကိုးပြီးရေးတာမဟုတ်ရင်တော့၊ သူတို့ဟာ ဗိုလ်ခင်ညွန့်ရဲ့မင်းသားခေါင်း ဆောင်း ထားတဲ့ အပေါ်ယံပရိယာယ်တွေကြားမှာ အလှည့်စားခံရသူတွေသာဖြစ်ပါလိမ့်မယ်။

ဗိုလ်ခင်ညွန့်ရဲ့တကယ့်မူမှန်၊ အတွင်းသရုပ်ဖြစ်တဲ့ အစွယ်ပြူးပြူး ဘီလူးရုပ်ကိုတော့ ဘဝတွေ၊ အသက်တွေ၊ ခန္တာကိုယ်တွေ၊ မိသားစုတွေ ပါရင်းပြီးခံလိုက်ကြရတဲ့ အဲဒီကာလနိုင်ငံရေးအကျဉ်းသားများနဲ့ သူတို့ရဲ့မိသားစုများက အချက်အလက်အခိုင်အမာနဲ့ သက် သေခံကြပါ လိမ့်မယ်။

ဗိုလ်ခင်ညွန့်နဲ့ထောက်လှမ်းရေးယန္တယားဟာ စစ်အာဏာရှင်စနစ်ရဲ့ အဓိကဒေါက်တိုင်ဖြစ်ခဲ့ပါတယ်။ (ဦးဝင်းတင်ရဲ့ “ဘာလဲ ဟဲ့ လူ့ငရဲ” စာအုပ်ဖတ်ကြည့်ကြပါ)။ အဲဒီကာလကထုတ်ဝေခဲ့တဲ့ သတင်းစာတွေကိုပြန်လှန်ကြည့်ပါ။ ဗိုလ်ခင်ညွန့်ပုံမပါတဲ့ သတင်းစာမရှိ သလောက် ရှားတယ်ဆိုတာတွေ့ရပါလိမ့်မယ်။ ရုပ်မြင်သံကြားသတင်းတွေကို ပြန်ကြည့်မယ်ဆိုရင်လည်း ကိုရီးယားဇာတ်လမ်းတွဲတွေနဲ့ အပြိုင်တွေ့မြင် ရမှာက ဗိုလ်ခင်ညွန့်ရဲ့ ရှုတင်းတင်းမျက်နှာပေးနဲ့ ရုပ်ပုံလွှာပဲဖြစ်ပါလိမ့်မယ်။ (ဇာဂနာရဲ့ ပြက်လုံးကိုလည်းအမှတ်ရကြပါလိမ့်မယ်)

မိုးကောင်းခဲ့တဲ့ ဗိုလ်ခင်ညွန့် အရာကျသွားတော့လည်း ဖြုတ်ကနဲပါပဲ။

တကယ်တော့ စစ်အာဏာရှင်စနစ်ထဲက ဂိုဏ်းတိုက်ပွဲတစ်ခု။ ခွာရာတိုင်းဗိုလ်လုပွဲတစ်ခုသာဖြစ်ပါတယ်။ ဗိုလ်လုပွဲတွေနွှဲတဲ့ အခါတိုင်းလည်း စစ်တပ်ကို မီးသေအောင်ကိုင်ထားနိုင်သူကသာ ဗိုလ်စွဲအောင်ပွဲခံတာပါ။

ထောက်လှမ်းရေး ဗိုလ်တင်ဦး (လန်ဘား) လည်း ဒီလိုဇာတ်သိမ်းခဲ့ဖူးတာပဲ။

လောကဓံတရားကို လက်ကိုင်ထားကြသူတွေနဲ့ “ကံ - ကံ၏ အကျိုး” ကို ထွေးပိုက်ထားကြပြီး စာနာသနားနေကြသူတွေအဖို့ တော့ ဗိုလ် ခင်ညွန့်ရဲ့ “ဖြစ်- ပျက်” နဲ့ “တက်-ကျ” ဟာ သံဝေဂရစရာ၊ တရားကျစရာပါပဲ။

ဗိုလ်ခင်ညွန့်ကိုသာကြည့်ပြီးသံဝေဂရ၊ တရားကျနေသူတွေကို မြင်ရ၊ကြားရတော့ အံ့သြတုန်လှုပ်မိပါတယ်။ နာကျည်းခံပြင်း စိတ်လည်းပေါ်ပါ တယ်။ တကယ်တန်း လူ့ကိုယ်ချင်းစာတရားနဲ့ မေတ္တာပွားပြီး၊ စာနာသနားကြရမှာက ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးတွေရဲ့လူမဆန်တဲ့ညှင်းပန်းနှိပ်စက်မှုမျိုးစုံကို ရင်စည်း၊ ခါးစည်းခံခဲ့ကြရတဲ့ နိုင်ငံရေးသမားတွေနဲ့ သူတို့မိသားစုတွေသာလျှင်ဖြစ်ပါတယ်။

ဗိုလ်ခင်ညွန့်က သူလက်ဦးမှုမဲ့ရတာနဲ့ပတ်သက်ပြီး၊ သူ့တပည့်သားမြေးတွေကို “မင်းတို့အချင်းချင်းမညီညွတ်၍ ယခုလိုဖြစ်ရတာ” လို့ပြော ကြောင်း ဗိုလ်ရွှေမန်းရဲ့ရှင်းလင်းပြောကြားချက်မှာ ဖတ်ရပါတယ်။

အဲဒီရှင်းလင်းချက်ထဲမှာပဲ ဗိုလ်သန်းရွှေ- ဗိုလ်မောင်အေး - ဗိုလ်ခင်ညွန့်တို့ဟာ “ ကပ္ပတိန်၊ မေဂျာလောက်မှစပြီး အတူ တာဝန်ထမ်းဆောင် လာသည်မှာ ယနေ့ထိဖြစ်ကြောင်း” ဖေါ်ပြပါရှိပါတယ်။

ဗိုလ်ခင်ညွန့်ကို အချက် ၂ ချက်နဲ့ ဖြုတ်ထုတ်လိုက်တာပါ။
● အမိန့်မနာခံမှု
● အဂတိလိုက်စားမှု၊လာဘ်ယူမှုများ ဆိုပြီးဖြစ်ပါတယ်။

အဓိကအချက်က နံပတ်ဝမ်းကို အံတုတဲ့ (အမိန့်မနာခံမှုလို့အမည်တပ်ထားတဲ့) အမှုသာလျှင်ဖြစ်ပါတယ်။ အဂတိလိုက်စားမှု၊ လာဘ်ယူမှု ဆိုတာနဲ့ စစ်အုပ်စုထဲမှာ ဘယ်သူတွေများကင်းရှင်းလို့လဲ။

ဗိုလ်ခင်ညွန့်ကို ကိုင်တွယ်လိုက်တဲ့ဖြစ်ရပ်ကပဲ၊ ပြည်တွင်းပြည်ပလေ့လာသူတွေကြားမှာ ဘယ်သူနံပတ်ဝမ်းလဲဆိုတဲ့အငြင်းပွားမှုကို ရှင်း လင်းတဲ့ အဖြေပေးလိုက်ပါတယ်။ စစ်အုပ်စုတွင်းက ခွာရာတိုင်းလာသူတွေကို သင်ခန်းစာပေးလိုက်တာလဲဖြစ်ပါတယ်။

အဆိပ်သိပ်ပြင်းနေတဲ့ ဗိုလ်ခင်ညွန့်ကို အစွယ်ချိုးလိုက်သူဟာ ဗိုလ်သန်းရွှေ ဖြစ်ပါတယ်။
အခုတော့ဗိုလ်ခင်ညွန့်ဟာ အစွယ်ကျိုး မြွေ။
အစွယ်ကျိုးသွားတဲ့ဗိုလ်ခင်ညွန့်ဟာ “နိုင်ငံရေးမလုပ်ဘူး”ဆိုတဲ့ စကားကို အိမ်ချုပ်ကနေလွတ်လာတာနဲ့ ပြောပါတယ်။

ဒီစကားက ဗိုလ်ခင်ညွန့်တင်မကဘူး၊ သူ့တပည့်သားမြေးတွေအကုန်ပေးခဲ့ရတဲ့ ကတိစကားဖြစ်ပါလိမ့်မယ်။ ဒါဟာ အစွယ်ကျိုးသွားပြီဆို တာ ဖေါ်ပြတဲ့အချက်ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ ကတိပေးပေး ခြေမမြဲလက်မြဲအောင် ပုဒ်မ ၄၀၁ (၁) နဲ့ပဲလွှတ်ပေးလိုက်တာပါ။ ခွာရာတိုင်းဗိုလ်လုသူကို လွတ်ငြိမ်းချမ်းသာခွင့်မပေးပါဘူး။

တစ်ချိန်က နံပတ်ဝမ်းဖြစ်ခဲ့တဲ့ ဗိုလ်နေဝင်းကို အံတုခဲ့ဖူးသူဖြစ်တဲ့ ဗိုလ်အောင်ကြီးနဲ့ (မဆလ) တပ်မှူးကြီးဟောင်းများရဲ့သာဓက တွေလည်း ရှိထားဖူးလေတော့၊ လက်ရှိနံပတ်ဝမ်း ဗိုလ်သန်းရွှေဟာ အကွက်စေ့စေ့ စဉ်းစားခဲ့ပုံလည်းပေါ်ပါတယ်။

အံတုခဲ့သူတွေက အခွင့်အခါကောင်းပေါ်တာနဲ့ ထကြွလေ့ရှိပါတယ်။ အခွင့်အခါကောင်းဆိုတာ လူထုအုံကြွမှုကိုဆိုလိုတာပါ။ ဗိုလ်အောင်ကြီး ဟာ ၁၉၈၈ အရေးတော်ပုံကြီးဖြစ်လာတဲ့အခါမှာ အရေးတော်ပုံကြီးရဲ့လှိုင်းကိုစီးပြီး ဗိုလ်နေဝင်းကို ရာဇဝင် ကြွေးတောင်း ခဲ့ပါတယ်။ ပြန်လှန်အံတုခဲ့ပါတယ်။ ဒါပေမယ့် အံတုမှုဟာ အခိုက်အတံ့အားဖြင့်သာ မီးရှူးမီးပန်းလွှတ်ခဲ့တာမျိုးဖြစ်ပြီး စစ်အုပ်စုဝင်ချင်း ဝံသာနုစိတ် ဓါတ်ကိုတော့ အပြည့်အဝထားရှိခဲ့ကြပါတယ်။

ဗိုလ်နေဝင်းရဲ့နောက်ဆုံးခရီးကို ဗိုလ်အောင်ကြီးလိုက်ပို့တာဟာ စံကျတဲ့ စစ်အုပ်စုဝံသာနုစိတ်ဓါတ်ကိုဖေါ်ပြတာပါ။

နောက်ထပ် ၁၉၈၈ အရေးတော်ပုံကြီးမျိုး မပေါ်ပေါက်နိုင်ပါဘူးလို့ ဘယ်သူမှအာမမခံနိုင်သလို ပေါ်လာတဲ့အခါ ဗိုလ်အောင်ကြီးလို တစ် တပ်တအား ဝင်မနွှဲဘူးလို့လည်း ဘယ်သူမှ မပြောနိုင်ပါဘူး။

ဒါတွေကိုတွက်ချက်ပြီး ဗိုလ်သန်းရွှေဟာ ဗိုလ်ခင်ညွန့်နဲ့ သူ့ရဲ့တပည့်သားမြေးတွေကိစ္စကို ကိုင်တွယ်ခဲ့ပုံပေါ်ပါတယ်။

ဒါကြောင့် “ဒေါ်လာငါးထောင်စားနာယက” နေရာကို ဖန်တီးစီရင်တယ်လို့ယူဆပါတယ်။ နိုင်ငံရေးမလုပ်ရဘူး၊ ပညာရေးကဏ္ဍမှာတော့ နာယကအဖြစ်နဲ့နေပေတော့။

တစ်ချိန်က ဘာကြီးဖြစ်ခဲ့၊ ဖြစ်ခဲ့ အခုချိန်မှာ အရင်းအနှီးရဲ့လက်အောက်မှာ (ဇေကမ္ဘာဦးခင်ရွှေ လက်အောက်မှာ) ဝန်ထမ်းဖြစ်ရပြီလို့ သုံး သပ်ရင် အဲဒီသုံးသပ်ချက်ဟာ လိုအပ်ချက်ရှိနေတဲ့ သုံးသပ်ချက်၊ အပေါ်ယံကျတဲ့ သုံးသပ်ချက်သာဖြစ်နေပါလိမ့်မယ်။

ဇေကမ္ဘာဦးခင်ရွှေ တစ်ဦးရဲ့သဘောဆန္ဒ၊ ဆုံးဖြတ်ချက်နဲ့ “နာယကနေရာ” ပေးထားတာ လုံးဝမဖြစ်နိုင်ပါဘူး။

စစ်အုပ်စုနံပတ်ဝမ်းရဲ့ ညွန်ကြားချက်၊စီမံ၊ နေရာချထားမှုတွေထဲက တစ်ခုအဖြစ်မှတ်ယူရမှာပါ။ သုံးသပ်ရမှာပါ။ ဇေကမ္ဘာ ဦးခင်ရွှေဟာ ဗိုလ်ခင်ညွန့်ကို စီမံကိုင်တွယ်နိုင်သူမဟုတ်ပါဘူး။ ဗိုလ်ခင်ညွန့်ကသာ ဇေကမ္ဘာဦးခင်ရွှေကိုစီမံကိုင်တွယ်ခဲ့တာပါ။ ဒါပေမယ့် ဒါဟာ အတိတ်ဖြစ်သွားခဲ့ပါပြီ။

ဇေကမ္ဘာဦးခင်ရွှေ ဟာ ယခုပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦး (ဗိုလ်) ရွှေမန်းနဲ့ ခမည်းခမက်တော်စပ်ပါတယ်။ ဒါဟာ အာဏာနဲ့ အရင်းအနှီးရဲ့ စံကျတဲ့ ပေါင်းစည်းမှုတစ်ခုပါ။ “မြရိပ်ညို ဖောင်ဒေးရှင်း”ကို အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး ဦး (ဗိုလ်) ခင်အောင်မြင့်ရဲ့ ဆန္ဒပြုချက်နဲ့အညီဖွဲ့စည်းထူထောင်တာပါ။

ဒီတော့ ဒီဖောင်ဒေးရှင်းမှာ ဗိုလ်ခင်ညွန့်ကို နာယကအဖြစ်ထားဖို့ကိစ္စမှာ ဇေကမ္ဘာဦးခင်ရွှေ တစ်ဦးသဘောဆန္ဒနဲ့ဆုံးဖြတ် ချက် ချတာမဖြစ် နိုင်တော့ပါဘူး။ ဇေကမ္ဘာဦးခင်ရွှေက နာမည်ခံတာဖြစ်ပါလိမ့်မယ်။

ဒီနေရာမှာ နံပတ်ဝမ်းဗိုလ်သန်းရွှေနဲ့ပတ်သက်ပြီး ဦးအောင်သောင်းရဲ့ပြောစကားကို မူရင်းအတိုင်းကိုးကားဖေါ်ပြပါရစေ။

“ --- ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က လွှတ်တော်မှာကော၊ အစိုးရမှာကော၊ ပါတီမှာကော သက် ဆိုင် ခြင်းမရှိတော့ပါဘူး။ လုံးဝအနားယူသွားပြီဖြစ်ပါတယ်။ ဒီနေ့နိုင်ငံတော်ဖွံ့ဖြိုးမှုကိစ္စတွေ၊ လုံခြုံရေးကိစ္စရပ်တွေကတော့ အဲဒီပုဂ္ဂိုလ်ကြီးတွေချမှတ်ပေးသွားတာတွေဖြစ်ပါတယ်။ သွေးထွက်သံယိုမှုမရှိဘဲ အခြေခံဥပဒေပေါ်ပေါက်အောင်၊ ရွေးကောက်ပွဲတွေပေါ်ပေါက်အောင်၊ အစိုးရ ပေါ်ပေါက်အောင်၊ နိုင်ငံတကာလက်ခံနိုင်အောင်၊ ပြည်သူများကလက်ခံနိုင် အောင်ပုံဖေါ်ပေးသွားတာဖြစ်ပါတယ်။ ဒါတွေ အားလုံး ဒီနေ့လိုက်နာပြီးဆောင်ရွက်ခဲ့တာဖြစ်ပါတယ်၊ သူတို့ချမှတ်ပေးတဲ့လမ်းကြောင်းကို ကျွန်တော်တို့ ဆောင်ရွက်နေတာဖြစ်ပါတယ်၊ ဒီလိုဆောင်ရွက် တဲ့နေရာမှာ သူတို့မပါတော့ပါဘူး။ သူတို့ညွန်ကြားထားတဲ့ လမ်းညွန်ချက်တွေကိုလဲ လုပ်လို့မကုန်ဘူး ဖြစ်နေပါတယ်--- ”

“သူတို့ညွန်ကြားထားတဲ့လမ်းညွန်ချက်တွေကိုလဲ လုပ်လို့မကုန်ဘူးဖြစ်နေပါတယ်” တဲ့။ မှတ်ချက်ပေးစရာမလိုအောင်ရှင်းနေပါ တယ်။

ဗိုလ်ခင်ညွန့် ကို “ဒေါ်လာငါးထောင်စားနာယက” ခန့်အပ်လိုက်တဲ့အချက်ဟာ ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးတွေရဲ့ လူမဆန်တဲ့ ညှင်း ပန်းနှိပ်စက်မှုတွေအတွက် ဦးသိန်းစိန်စစ်တစ်ပိုင်းအစိုးရအနေနဲ့ “ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်” တိုက်ရိုက်ပေးလို့မဖြစ်လို့ ဇေကမ္ဘာဦးခင်ရွှေက တဆင့် “နာယကဆုလဒ်”ပေးလိုက်တာမျိုးဖြစ်ပါတယ်။

ဒါ့အပြင် ဗိုလ်ခင်ညွန့်နဲ့ သူ့ထောက်လှမ်းရေးတွေရဲ့ လူမဆန်တဲ့ ညှင်းပန်းနှိပ်စက်မှုတွေကို ရင်စည်း၊ ခါးစည်းခံခဲ့ကြရတဲ့ နိုင်ငံရေးသမားတွေနဲ့သူတို့မိသားစုတွေကိုပျက်ရယ်ပြုလိုက်တာပဲဖြစ်ပါတယ်။ စော်ကားလိုက်တာပဲဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေနဲ့ မိသားစုတွေအပေါ်ကို မစာနာတဲ့၊ မထောက်ထားတဲ့သဘောထားနဲ့လုပ်ရပ်လည်းဖြစ်ပါတယ်။
ဒီခန့်ထားမှုက အစွယ်အချိုးခံခဲ့ရပေမယ့် ဗိုလ်ခင်ညွန့်ဟာ နာယကအဖြစ် ပန်းပန်လျက်ပဲဆိုတဲ့ အချက်ကိုဖေါ်ပြနေသလိုဖြစ် နေပါတယ်။

ဒီမိုကရေစီအရေးလှုပ်ရှားသူများ၊ ပြည်သူများအနေနဲ့ကတော့ ဗိုလ်ခင်ညွန့်ကိုမြင်ရတဲ့အခါနဲ့ ဗိုလ်ခင်ညွန့်သတင်းကိုကြားရတဲ့ အခါမှာ မပြီးဆုံးသေးတဲ့အသည်းနာကမ္ဘာမကြေ ဒီမိုကရေစီဇာတ်လမ်းကြီးရဲ့ အဓိကဗီလိန်လူဆိုးကြီးဖြစ်တယ်ဆိုတာကိုတော့ ခါးသည်း နာကျင်ခဲ့ရတဲ့ ဒဏ်ရာတွေကို ပွတ်သပ်ရင်း သတိရနေကြမည်သာဖြစ်ပါတယ်။


ညွန်း ● “ယနေ့နိုင်ငံတော်၌ပြောင်းလဲဖြစ်ပေါ်နေသောအခြေအနေများနှင့်စပ်လျဉ်း၍ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ ရှင်းလင်းပြောကြားချက် အပြည့်အစုံ” ၂၀၀၄ ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက်နေ့၊ ကုန်းမြင့်သာ၊ ဇေယျာသီရိဗိမာန်ခန်းမ၊ ရန်ကုန်မြို့ ● ရန်ကုန်တိုင်းမ် (The YANGON TIMES) အတွဲ ၈ ၊ အမှတ် (၁) ဇန်နဝါရီ ၅- ၁၁၊ ၂၀၁၂ ။ စာမျက်နှာ အချပ်ပို (ခ)၊

နိုင်ငံရေး အကျဉ်းသားဟောင်းတို့ရဲ့ ရန်ကုန်မြို့တွေ့ဆုံပွဲ


Yangon Press International ဓာတ်ပုံ သတင်း
ဇန်န၀ါရီ ၃၁၊ ၂၀၁၂
ယနေ့ ညနေ ရန်ကုန်မြို့ စိမ်းလမ်းစိုပြေ ဥယျာဉ်၌ ကျင်းပသည့် နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲသို့ ကိုမင်းကိုနိုင် အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင်များနှင့် အခြားသော နိုင်ငံရေးအကျဉ်းသားဟောင်းများ တက်ရောက်ကြသည်။ (ဓာတ်ပုံများ - Yangon Press International)








အညတရအကျဉ်းသားရဟန်းတော်များ (၁၂) အရှင်ပဏ္ဍဝံသ (ခ) ဦးပြည်ကျော်


ရှင်ပညာနန္ဒ
ဇန်န၀ါရီ ၃၀၊ ၂၀၁၂

၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာ ဦးဆောင်လှုပ်ရှားခဲ့တဲ့ အရှင်ပဏ္ဍဝံသဟာ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့က လွတ်ငြိမ်းချမ်းသာ ခွင့်နဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်၊ အောက်တိုဘာလ ၂ ရက်နေ့မှာ သီ တင်းသုံးရာမင်္ဂလာတောင်ညွန့်၊ ရွှေတောင်ကျောင်းမှာ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး နအဖစစ်အစိုးရရဲ့ မတရားတဲ့ပုဒ်မတွေနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ရပါတယ်။ ယခုပြန်လည်လွတ်မြောက်လာချိန်မှာတော့ ထောင်တွင်းမှာ လေးနှစ်နဲ့သုံးလကြာ နေထိုင်ခဲ့ရပါတယ်။ ဆရာ တော်ရဲ့အင်တာဗျူးခွေကိုကြည့်ပြီး စိတ်မကောင်းခြင်းများစွာဖြစ်ရပါတယ်။ ဆရာတော်ဟာ ထောင်တွင်းစစ်ကြောရေးစခန်းတွေမှာ လူအ ချင်းချင်းတောင်ပြောဆိုဖို့ ၀န်လေးတဲ့စကားလုံးတွေနဲ့ ထောက်လှမ်းရေးတွေရဲ့စော်ကားခြင်းကိုခံခဲ့ရတာပါ။ ဆရာတော်ရဲ့ အင်တာဗျူးခွေကို ကြည့်တဲ့အခါ သူ့ရဲ့အသွင်သဏ္ဍာန်ဟာ တည်ငြိမ်အေးဆေးလျက်ရှိတာကို တွေ့ရပြီး မေတ္တာဓာတ်၊ ဂရုဏာဓာတ်ရှိတဲ့ဆရာတော်လို့ ခန့် မှန်းမိပါတယ်။ ဆရာတော်ကြုံတွေ့ခဲ့ရတာတွေနဲ့ပက်သက်လို အများသိနိုင်ဖို့ Burma vj media networt ကပြုလုပ်ထားတဲ့ ဆရာတော်ရဲ့ အင်တာဗျုးကို အနည်းငယ်တည်းဖြတ်ပြင်ဆင်ပြီး ကူးယူဖော်ပြလိုက်ပါတယ်။

● ဆရာတော်ရဲ့ပြောပြချက်
၂၀၀ရ ခုနှစ် အဖမ်းခံရတာကတော့ ခါတိုင်း ၉၁ ခုနှစ်တုန်းက ဖမ်းတဲ့ပုံစံမျိုးမဟုတ်ဘူး။ အဲဒီတုန်းကနေ့ခင်းဖမ်းတာ၊ ခုတော့စစ်တပ်က ည ခင်းကျောင်းတကျောင်းလုံးကို အုံနဲ့ကျင်းနဲ့ ကျောင်းတိုက်တတိုက်လုံးကို ၀င်စီးတာပေါ့နော်။

သူတို့က ဝင်ဝင်ခြင်း ကျောင်းတိုက်တတိုက်လုံးကို စီးထားတာပါ။ စီးတဲ့အခါကြတော့ ဖိနပ်လည်းမချွတ်ဘူး။ သေနတ်တွေမောင်းတင်ပြီးတော့ ရှိတဲ့သံဃာတွေကို သေနတ်နဲ့ချိန်ထားတယ်။ ဦးဇင်းကိုလည်းဘဲ စစ်သားတွေက ဘယ်ညာပေါ့ အတွဲလိုက်ကိုသေနတ်နဲ့ချိန်ထားတယ်။ ထိုင်နေ မထနဲ့ ဆိုပြီးတော့ ထိုင်ခိုင်းတယ်။

ကျောင်းတိုက်ထဲမှာ ကျောင်းပေါင်း (၁၃) ကျောင်းရှိတယ်။ အခြားကျောင်းတိုက်ကကိုယ်တော်တွေအကုန်လုံးကိုလည်း သေနတ်နဲ့ထောက် ပြီးတော့ ဦးဇင်းနေတဲ့ကျောင်းကိုခေါ်လာတယ်။ ခေါ်လာပြီးတော့မှ တနေရာထဲမှာစုထိုင်ခိုင်းတယ်။ ကျန်တဲ့ကျောင်းတွေပေါ်တက်ပြီးတော့ အပေါ်အောက် အထက်အောက်နေရာတွေကို သူတို့ လှန်လှောပြီးတော့ရှာကြတာပေါ့။ တွေ့သမျှတွေကိုဆွဲထုတ်၊ ပျဉ်တွေခွာ၊ ကာထားတဲ့ နံရံတွေခွာကြတယ်။ မနက်မိုးမလင်းခင် (၄) နာရီလောက်ကြတော့ အကုန်လုံးစစ်ကားတွေပေါ်တင်ပြီး ခေါ်သွားတယ်။ အင်းစိန်GTI ကိုခဏပို့တယ်။ အဲ့ဒီကနေ SB ကိုလွဲပြီးတော့ တနာရီလောက်ပဲကြာတယ်။ အင်းစိန်သီးသန့်ထောင်ကို ၀င်ရပါတယ်။

ထောင်ဝမှာ ဘာသံဃာ့မဟာနာယကမှမရှိပါဘူး။ သိက္ခာချတာတွေ ဘာတွေ သူတို့အဲ့ဒါတွေ ဘာတွေဘာမှမပြောဘူး။ ဒီဝတ်စုံတွေလဲ ပေးပါဆိုပြီးတော့ လဲခိုင်းပြီးတော့ ထောင်ထဲကိုသွင်းလိုက်တယ်။ အဲဒီကစပြီးတော့ စစ်ကြောရေးဝင်ရတယ်ပြောပါတော့။ စစ်ကြောရေးတွေ ပြီးတော့ မြို့နယ်ရုံးမှ တရားစွဲဆိုရေးအဖွဲ့ဆိုတဲ့ရဲစခန်းကို အပ်လိုက်တယ်။ အဲဒီကနေပြီးတော့ တရားရုံးမှာအမိန့်ချလိုက်တယ်။ (၁၀) နှစ် ထောင်ဒဏ်ချမှတ်လိုက်တယ်ပေါ့။ ပုဒ်မတွေကတော့ သူတို့တပ်ခြင်တဲ့ပုဒ်မတွေတပ်တယ်။ ဦးဇင်းတို့က ဘုန်းကြီးတွေဆိုတော့ သူတို့က သာသနာညိုးနွမ်းမှုနဲ့ ပုဒ်မနှစ်ခုသုံးခုတပ်တယ်။ နောက် လောင်ကစားပုဒ်မတွေ ထပ်စွဲတယ်။ အဲဒီလိုစွပ်စွဲပြီးတော့ ပုဒ်မ (၄) ခုနဲ့ ထောင် (၁၀) နှစ်ချလိုက်ပြီး အင်းစိန်ထောင် (၅) ဆောင်ကို ပို့လိုက်တယ်။ အင်းစိန်ထောင်မှာ (၁) လ လောက်နေပြီးတော့ ဘူးသီးတောင် မောင်း တောထောင်ကို ပို့လိုက်တယ်။ ခုအဲဒီကနေပြီးတော့ (၄) နှစ်နဲ့ (၃) လ အကြာမှာ လွတ်မြောက်လာတာပေါ့။

စစ်ကြောရေးမှာတော့ ကောင်းကောင်းမွန်မွန် ဆက်ဆံတယ်ဆိုတာမရှိပါဘူး။ သူတို့က စစ်ကြောရေးကာလဆိုတော့ သူတို့က နည်းပရိ ယာယ်သုံးတာပေါ့။ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော နှစ်ခုလုံးကိုစော်ကားကြတာအများကြီးရှိတာပေါ့။ စိတ်ဓာတ်ပိုင်းဆိုင်ရာကတော့ ပြောစရာမလိုတော့ဘူး၊ သတင်းစာတွေထဲမှာလည်း ဦးဇင်းတို့ကိုယ်ရေးကိုယ်တာနဲ့ပတ်သက်တဲ့ သိက္ခာကျစေနိုင်တဲ့အကျင့်ပျက်ပုံတွေ၊ လောင်းကစားတွေလုပ်တယ်၊ မာတုဂါမတွေနဲ့ပတ်သက်လို့ ဘယ်လိုလုပ်တယ် ညာလိုလုပ်တယ်ဆိုတဲ့ဟာတွေကို သာသနာရေးဝန်ကြီးဌာန ကနေပြီးတော့ နိုင်ငံတော်သံဃာ့မဟာနာယကကို လျှောက်တယ်။ ဒီဘုန်းကြီးတွေဟာ ဆိုင်ကယ်တွေကယ်ရီလုပ်တယ်တို့၊ ဘာတို့ပေါ့။

လူတွေအထင်သေးလောက်တဲ့စကားလုံးမျိုးတွေပေါ့နော် ဒါယကာ ဒါယိကာမတွေ အကြည်ညိုမဲ့စေတဲ့အသုံးအနှုံးတွေနဲ့ သတင်းစာထဲမှာ အကျယ်တ၀င့်ထည့်တယ်။ ဒါစစ်ကြောရေးစစ်ချက်တွေဘဲတဲ့။ မေးတဲ့ဟာကိုဖြေပါတဲ့။ မှန်မှန်ကန်ကန်ဖြေပါတဲ့။ တကယ်လို့မဖြေဘူးဆိုရင် Rape လုပ် (မုဒိမ်းကျင့်) မယ်ဆိုတယ်။

ဘုန်းကြီးတို့က Rape လုပ်တယ်ဆိုတာ နာမလည်ဘူးလေ။ နောက်မှ ယောက်ျားသားအချင်းချင်း မုဒိန်းကျင့်မယ်လို့ပြောတာတဲ့။ အဲဒီလိုအ စော်ကားခံ အပြောခံရတာ ဦးဇင်းတပါးထဲမဟုတ်ပါဘူး။ ဦးဂမ္ဘီရအမှုတွဲဖြစ်တဲ့ ဦးစန္ဒိမာဆိုတဲ့ကိုယ်တော်လေးကိုလဲ အဲဒီလိုအပြောခံရတယ်။ Rape လုပ်ပစ်မယ်တို့ ဘာတို့ မှန်မှန်ပြောပါ ဘာညာနဲ့။ အတော်လေး စော်စော်ကားကား မိုက်မိုက်ရိုင်းရိုင်းအပြောခံရတာ။

တရားရုံးမှာကြတော့ ပြောတဲ့လူတွေ (ထောက်လှမ်းရေး) က နောက်ပြောတယ်လို့ ပြောတယ်။ (စဉ်းစားတာကြည့်ပေတော့၊ ဘုန်းကြီးတွေသိက္ခာကျအောင်မကြားဝံ့၊ မနာဝံ့တဲ့ပုဒ်မတွေကို ထောက်လှမ်းရေးက ထပ်တပ်ထားတာ) အဲဒီမှာ ဦးဇင်းတွေက ဒကာကြီးနောက်တယ်လို့ ပြောတဲ့ဟာတွေက ခုစွဲချက်တင်တော့ နောက်တယ်လို့ပြောတဲ့ဟာတွေပဲလို့။ ဦးဇင်းတို့အနေနဲ့ကတော့ သိပ်ပြီးတော မထူးခြားတော့ဘူး။ သူတို့ထင်သလိုလုပ်နေတာဘဲလေ။ သိပ်ပြီးတော့လဲ ထူးထူးခြားခြားမခံစားနိုင်တော့ဘူး။

ခုလွတ်လာတာ ဝမ်းသာသလားမေးရင် ဝမ်းမသာဘူး။ ဝမ်းနည်းသလားမေးရင်လဲ ဝမ်းနည်းတယ်လို့ပြောမရလောက်အောင် ဝမ်းနည်းပြီးပြီ ဆိုတော့ ဂိတ်ကကုန်ဆုံးနေပြီ။

ခုလွတ်ငြိမ်းချမ်းသာခွင့်ကတကယ်တမ်းပြောရင် နောက်ကျတာပေါ့။ ငြိမ်းချမ်းရေးကိုလိုတယ်ဆိုရင်တော့ တကယ်တမ်းပြောရရင်တော့ သူ တို့နဲ့ ဦးဇင်းတို့နဲ့ ကမိသားစုဝင်တွေပါ။ မိသားစုဝင်တွေလိုသဘောထားမယ်ဆိုရင် ဒီဥစ္စာလွတ်ငြိမ်းချမ်းသာခွင့်ပေးတဲ့ကိစ္စဟာ ဒီလိုမျိုး လက်လီစိပ်ပေးမနေပါနဲ့။ တခါတည်းလွတ်ပေးလိုက်တယ်ဆိုရင် ဦးဇင်းတို့နိုင်ငံတခုရဲ့အခွင့်အရေးတွေရှိတာပေါ့။ ပိတ်ထားတဲ့ဆန်ရှင်တွေပွင့်ကုန်မယ်။ ဒါကိုလဲ သူတို့ဘက်က အလဲအလှယ် (အပေးအယူ) လုပ်နေတယ်။ ဇာဂနာကြီးတောင်ပြောသွားသေးတာပဲ။ ဆိုမာလီက ဖမ်း ထားတဲ့ ဟိုဒင်းတွေလိုဖြစ်နေတယ်တဲ့။ နောက် အပေးအယူလုပ်သလိုဖြစ်နေတယ်။ အမှန်က ဒီလိုမဖြစ်သင့်ဘူးဗျ။ ငြိမ်းချမ်းရေးလို့ တ ဖက်သတ်အော်နေတယ်ဆိုရင် ဘုန်းကြီးတိုစာချတဲ့အခါ လှန်ကိုင်ခွေးခေါ်တဲ့နည်းဆိုတာရှိတယ်။ လှန်ကိုင်ပြီးတော့ ခွေးကိုခေါ်တာပေါ့ ခု တော့ ငြိမ်းချမ်းရေးကို လှန်ကိုင်ပြီးတော့ ခေါ်တဲ့ပုံစံမျိုးဖြစ်နေတယ်လို့ထင်တယ်။

ခုလဲလွတ်ငြိမ်းချမ်းသာခွင့်ဆိုပြီးတော့ ကျန်နေသေးတဲ့လူတွေနေသေးတယ်ဗျ။ ကိုမြတ်စံကို လွန်ခဲ့တဲ့လေးငါးနှစ်လောက်က ပြည်ထဲရေးက အာဏာရှိတဲ့လူတွေပြောတာပဲ။ အေး မင်းတို့ကို နောင်တချိန်ကြရင် မဟုတ်တဲ့ပုဒ်မတွေနဲ့ချမယ်။ နိုင်ငံရေးပုဒ်မတွေနဲ့ မချဘူးလို့ပြောတယ်။ ကျန်နေသေးတဲ့အကျဉ်းသားတွေဟာ ဦးဇင်းအမြင်နဲ့ပြောရရင်တော့ သူတို့မဟုတ်တဲ့ မတရားတဲ့ဥပဒေတွေတပ်ပြီးတော့ နှစ်ရှည်ထောင်ဒဏ် တွေချထားတာပေါ့။ အဲဒီလိုလူတွေ၏ကျန်နေသေးတယ်ဆိုတော့ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေးရနိုင်ဦးမှာလဲ။ ငြိမ်းချမ်းရေးရမယ်ဆိုရင် တော့ကျန်တဲ့နိုင်ငံရေးအကျဉ်းသားတွေ အကုန်လွှတ်ပေးရမယ်။

ဆိုကြပါစို့ ...။ ဘူးသီးတောင်ထောင်မျာဆိုရင် ဦးဇင်းတို့နဲ့အတူနေတဲ့ အေးမင်းဖြိုးဆိုတဲ့ကလေးတယောက်ကျန်နေခဲ့တယ်။ အဲဒီကောင် လေးကို ဖောက်ခွဲရေးနဲ့ဆိုင်တဲ့ ပုဒ်မတွေတပ်ထားတာပေါ့နော်။

ဟုတ်ပြီ။ လူဘယ်နှစ်ယောက်သေတယ်။ ဘယ်နေရာမှာပေါက်ကွဲတယ်။ အဲဒီဖောက်ခွဲမှုထဲမှာ ဒီကလေးပါတာမဟုတ်ပဲ၊ တခြားပေါက်ကွဲတဲ့ အမှုတခုနဲ့ ဆက်စပ်ထားတာဖြစ်တယ်။ ဆိုးတာက သူတယောက်ထဲကျန်ခဲ့တယ်။ နောက်ပြီးတော့လဲ ဘူးသီးတောင်ထောင်က နယ်စပ် ထောင်ဆိုတော့ များသောအားဖြင့် ဗမာစကားပြောလို့မရတဲ့ထောင်။ ကုလားတွေဘဲ ကျန်နေခဲ့တယ်။ ဦးဇင်းတို့လွတ်လာတော့ ဒီကလေး ဟာ စိတ်အားငယ်ပြီး ကျန်နေခဲ့တယ်။ အဲလိုကလေးတွေကျန်နေခဲ့တာကို ကျုပ်တို့က သူ့ကိုထားခဲ့ပြီး လွတ်လာတယ်။ ကိုယ်က ၀မ်းသာရမ လားဆိုတော့ ဘယ်မှာဝမ်းသာလို့ရမတုန်း။

ကလေးလေးတဦးတည်း ကျန်နေခဲ့တယ်။ နောက် သူ့ရဲ့မိဘနှစ်ပါးလုံး မရှိတော့ဘူး။ ညီအစ်ကိုမောင်နှမတွေတော့ ရှိတယ်။ ညီ အကို မောင်နှမတွေကလည်း လက်လုပ်လက်စားတွေဆိုတော့ ထောင်ဝင်စာတို့ ဘာတို့ မသွားနိုင်ဘူးပေါ့။

နောက်ပိုင်းကမိသားစုတွေလည်း ထောင်ချခံထားရသလိုဖြစ်နေတယ်။ အင်မတန်မှဝေးလံပြီး လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့နေရာ ရောက်နေတယ်။ ခုဆိုရင် သူတယောက်ထဲကျန်နေခဲ့တယ်။ သူတယောက်တည်းကျန်နေခဲ့တယ်ဆိုတော့ ဦးဇင်းတို့လွတ်လာတဲ့သူက ဆံ့ တငင်ငင်နဲ့ ဘယ်လိုမှစိတ်ချမ်းသာစရာမတွေ့ရသေးးပါဘူး။ ဒါကြောင်မို့လို့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပတ်သက်လို့ ဒီတခေါက်ဘယ်လိုခံ စားရလည်းဆိုရင် အဲဒီလိုတွေဘဲခံစားနေရပါတယ်လို့ ဆရာတော် အရှင်ပဏ္ဍဝံသက ရှည်လျားစွာမိန့်ကြားသွားပါတယ်။ ဆရာတော်ဟာရှစ် လေးလုံးအရေးအခင်းကာလနဲ့ ၁၉၉၀ ပတ္တနိကုဇ္ဇနကံဆောင်ပွဲမှာ ပါဝင်လှုပ်ရှားခဲ့တာကြောင့် န၀တစစ်အစိုးရရဲ့ ဖမ်းဆီးထိမ်းသိမ်းခြင်းကိုခံရပြီး ထောင်ချခံရဘူးကြောင်းသိရပါတယ်။ အခုဒီစာကိုရေးနေတဲ့အချိန်မှာဘဲ အကျဉ်းထောင်ကပြန်လည်လွတ်မြောက်လာတဲ့ မဂ္ဂင် ကျောင်းမှာ သီတင်းသုံးနေတဲ့ ၂၀၀၇ သံဃာ့တပ်ပေါင်းစုခေါင်းဆောင်ဆရာတော် အရှင်ဂမ္ဘီရနဲ့ ဦးဣန္ဒက၊ ခြောက်ထပ်ကြီး သာသနာ့ဂုဏ် ရည်ကျောင်းက ဦးဝိသုဒ္ဓ၊ သံလျင်ဗောဓိကျောင်းဆရာတော် ဦးပညာသီဟ၊ အရှင်ပဏ္ဍဝံသ (ဦးပြည်ကျော်) တို့ကို မဟနဆရာတော်တွေကဆင့်ခေါ်စာပို့ထားကြောင်း၊ချိပ်ပိတ်ထားတဲ့မဂ္ဂင်ကျောင်းနဲ့အခြားကျောင်းများကို မိမိသဘောနဲ့ဖွင့်တာ အပြစ်ရှိကြောင်း ရန်ကုန်တိုင်းဒေသ ကြီး အစိုးရကတိုင်ကြားတဲ့အတွက်မ ဟနဆရာတော်များထံသွားရောက်ဖြေရှင်းရမှာဖြစ်ကြောင်း သိရပါတယ်။ သံဃာတော်တွေအနေနဲ့ ဓမ္မစက်ရဲ့အကာအကွယ်ကို ရ/မရဆိုတာကတော့ စောင့်ကြည့်ရအုံးမှာဖြစ်ပါကြောင်း။ ။

" လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လို ပေးကြမလဲ "


ပြည်သူ့ခေတ် ဂျာနယ်က စီစဉ်သည့် တရားရုံးချုပ် ရှေ့နေ မောင်ကိုနီ ၏ " လာမယ့် ရွေးကောက်ပွဲမှာ မဲဘယ်လို ပေးကြမလဲ " စာအုပ် မိတ်ဆက်ပွဲနှင့် လှူဒါန်းပွဲ အခမ်းအနားကို ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၁၁ နာရီက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံး၌ ပြုလုပ်ခဲ့ပြီး အဆိုပါ အခမ်းအနားသို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် ဇန်နဝါရီလ ၃၁ ရက်နေ့ (မနက်ဖြန်) တွင် ပခုက္ကူသို့ နေ့ချင်းပြန် ခရီးစဉ် သွားရောက်မည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီလ ၃၁ ရက်နေ့ (မနက်ဖြန်) တွင် ပခုက္ကူသို့ နေ့ချင်းပြန် ခရီးစဉ် သွားရောက်မည် ဖြစ်ကြောင်း သတင်းရရှိသည်။ အဆိုပါ ခရီးစဉ်သို့ ပြည်တွင်း ပြည်ပမီဒီယာများ တစ်ပါတည်း လိုက်ပါ သတင်းရယူမည် ဖြစ်သည်

Monday, January 30, 2012

ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွ့ံဖြိုးရေးပါတီ အဖွဲ့ ဝင်ဟောင်းများကနေ သူရဦးရွှေမန်းသို့ ”စွမ်းအားရှင်” ကိစ္စဖြေရှင်းရန် စာပေးပို့ ။

သို့ 

သူရဦးရွှေမန်း
ဒုတိယဥက္ကဌ
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွ့ံဖြိုးရေးပါတီ
နေပြည်တော်၊ ဌာနချုပ် ။

ရက်စွဲ ။ ၂၀၁၂ ခုနှစ် ၊ ဇန္န၀ါရီလ ၊ ( ၁၅ ) ရက်။

အကြောင်းအရာ။ ။ စွမ်းအားရှင်ဟု ပြည်သူလူထု အမြင်လွဲမှားအောင် ဆောင်ရွက်ထားမှုအား ဖြေရှင်းပေးရန်။

၁။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်း လက်ထက်ကတည်းက လူမှုရေးလုပ်ငန်းများ နှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို အားတက်သရော ဆောင်ရွက်ခဲ့ကြသည့် လူငယ်များမှ ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့  ပြဥပဒေကြောင့် “စွမ်းအားရှင်” အမည်တပ်ခံရပြီး လူမှုပတ်ဝန်းကျင် ပေါင်းသင်းဆက်ဆံရေးတွင် နစ်နာဆုံးရှုံးနေမှုများအား ဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။

၂။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ အရေးအခင်းတွင် မြို့ ပြဥပဒေအရ ဒေသဆိုင်ရာ အာဏာပိုင် (တိုင်း/ခရိုင်/မြို့ နယ်) များက ဒေသအတွင်းရှိ မည်သူ့ ကို မဆို စွမ်းအားရှင်အဖြစ် ခေါ်ယူအသုံးပြုနိုင်သည်ဟု ပြဌာန်းချက်ပါအတိုင်း ဆောင်ရွက်ရာတွင် အစိုးရ၀န်ထမ်းများက ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် အရ ဆောင်ရွက်သည်ကို ဖုံးကွယ်နိုင်ရန်အတွက် ပြည်ခိုင်ဖြိုး အသင်းဝင်များကို စွမ်းအားရှင်များဟု ၀ါဒဖြန့် ခဲ့ကြသည်။

၃။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် အသီးသီးမှ ပြည်ခိုင်ဖြိုး အသင်းဝင် လူငယ်များကလည်း ငါတော့ မဟုတ်ဘူး / သူ့ မြို့ နယ် ဟုတ်နိုးနိုးများဖြင့် ဖြေရှင်းခြင်း မရှိခဲ့ကြပဲ ပြည်သူလူထုစွပ်စွဲသော ဘုန်းကြီးရိုက်တယ်/ သံဃာရိုက်တယ် ပြောဆိုမှုများကို ရေငုံနုတ်ပိတ် နေထိုင်ခဲ့ကြသည်။

၎။ ဗိုလ်ချုပ်အောင်ဆန်းသမိုင်းအကြောင်း ဖြန့် ဝေသည့် ဗီစီဒီအခွေများတွင်၂၀၀၇ ခုနှစ် စက်တင်ဘာအရေးအခင်း နှိမ်နင်းမှုပြကွက်များမှ ဘုန်းကြီး/သံဃာကို ရိုက်သည်ဆိုသော ပြကွက်များတွင် ပြည်ခိုင်ဖြိုး တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ ရပဲ စစ်သား/ ရဲ / ဆိုသည်များကို သာတွေ့ ရသည့်အတွက် ပြည်ခိုင်ဖြိုး လူငယ်များ စွပ်စွဲခံနေရသည့် သံဃာရိုက်/ ဘုန်းကြီး ရိုက် သူများ မဟုတ်ကြောင်း သက်သေခံလျှက်ရှိပါသည်။

၅။ ၂၀၀၇ ခုနှစ်၊ စက်တင်ဘာအရေးအခင်းကာလတွင် ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိ ပြည်ခိုင်ဖြိုးပါတီတွင် ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးမောင်ဦးမှ မြို့ ပြအက်ဥပဒေအရ “စွမ်းအားရှင်” လူတန်းစား သတ်မှတ်ချက်ကို ဖေါ်ထုတ်ပြောကြားပေးနိုင်ပါရန်နှင့် ပြည်ခိုင်ဖြိုးအသင်းတွင် တာဝန်မရှိခဲ့ကြောင်း သက်သေထူပေးစေလိုပါသည်။

၆။ ယင်းသို့ သက်သေထူပြောဆိုပေးခြင်းများမရှိပါက ၁၉၉၆ ခုနှစ်က ပြည်ခိုင်ဖြိုးအသင်း အတွင်းရေးမှူးများမှ တစ်ဆင့် အနိုင်ကျင့် အမိန့် ပေး အကြပ်ကိုင် စေခိုင်းခဲ့မှုများကို ဆက်လက်ဖေါ်ထုတ်သွားမည်။

ပြည်ခိုင်ဖြိုးအသင်းဝင်ဟောင်းများ

ရန်ကုန်တိုင်းဒေသကြီး။

ပင်လုံ စိတ်ဓါတ် အရင်း ခံရန် ပြည်ထောင်စု အဆင့် ဆွေးနွေး ပွဲ၌ သဘောတူ

သျှမ်းသံတော်ဆင့်


ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲမှ ပင်လုံစိတ်ဓါတ်ကိုအရင်းခံသည့် ပြည်ထောင်စုမပြိုကွဲအောင် ပူးပေါင်းတည်ဆောက်ရေး ပါသည့် အ ချက် ၅ ချက်ကို မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့ နှင့်အတူ သဘောတူညီလက်မှတ်ရေး ထိုးခဲ့သည်ဟု သျှမ်းပြည် တပ် မတော်ပြောခွင့်ရ က ပြောသည်။

“ပြည်ထောင်စုအဆင့်ဆွေးနွေးပွဲကနေ သဘောတူညီချက် ၅ ချက်ထဲက ဒုတိယအချက်မှာလေ (ဒို့တာဝန်အရေးသုံးပါးမှာ) ပင်လုံ စိတ် ဓါတ်အရင်းခံ၍ ဆိုတာမပါရင်၊ ဒီအချက်ကို နိုင်ငံရေးဆွေးနွေးတဲ့အဆင့်ကျမှ ဆွေးနွေးဖို့ ကျနော်တို့ဘက်က ပြောတယ်။ အဲတာနဲ့ သူတို့က - ပြည်ထောင်စုအဆင့်ထဲမှာ ဒီ ဒို့တာဝန်အရေးသုံးပါးက မပါလို့မရဘူး။ အဓိက အနှစ်သာရ ဖြစ်နေတယ် ဆိုတော့ ဒီလိုဆိုရင် ပင်လုံ စိတ်ဓါတ်ကိုအရင်းခံ၍ ပြည်ထောင်စုကို ပူးပေါင်းတည်ဆောက်ရန် လို့ရေးလိုက် မယ်ဆိုပြီး ဆွေးနွေးသဘောတူလိုက်တာဖြစ်တယ် ” - SSPP/ SSA ပြောခွင့်ရဗိုလ်မှူးစိုင်းလက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

ယခုလ ၂၈ ရက် စနေနေ့က ဦးအောင်သောင်းဦးဆောင်သော မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် သျှမ်း ပြည်တပ်မတော် SSPP/ SSA မှ စဝ်ခေးတိုင်းဦးဆောင်သော အဖွဲ့တို့ သျှမ်းပြည်မြို့တော် တောင်ကြီးရှိ ပြည်နယ်အစိုးရ ရုံး၌တွေ့ဆုံ ဆွေးနွေး ခဲ့ကြခြင်း ဖြစ်သည်။



“ကျနော်တို့ ပဏာမအဆင့် ဆွေးနွေးပွဲကနေ ပြည်နယ်အဆင့်ရော ပြည်ထောင်စုအဆင့်ပါ ဆွေးနွေးနိုင်ခဲ့တယ်။ ပြည်နယ် အဆင့်မှာ အချက် ၅ ချက် ပြည်ထောင်စုအဆင့်မှာ အချက် ၅ ချက် ဆွေးနွေးသဘောတူလက်မှတ်ရေးထိုးခဲ့တယ်။ နောက် ပြီး ကျနော်တို့ဖက်က တင်ပြထားတဲ့ အချက် ၇ ချက်ကိုတော့ အစိုးရကိုယ်စားလှယ်ဖက်က သဘာဝကျတယ်။ ဖြစ်နိုင်ချေ ရှိတယ်ဆိုပြီး ထပ်မံဆွေးနွေးဖို့ လက်ခံထားတယ်” - ဟူ၍ ဆက်လက်ပြောပြပါသည်။

သျှမ်းပြည်တိုးတက်ရေးပါတီမှ - မြန်မာနိုင်ငံအတွင်းရှိ လူတန်းစား လူ့အလွှာ အသီးသီးမှ တိုင်းရင်းသား လူမျိုးပေါင်း စုံကို ကိုယ်စား ပြု နိုင်သော ထာဝရငြိမ်းချမ်းရေးတည်ဆောက်ရေးကော်မတီအား ကျယ်ပြန့်စွာ ဖွဲ့စည်းအကောင်အထည်ဖေါ်သွား ရန်၊ အကျဉ်းကျ ခံနေရ ဆဲ နိုင်ငံရေးအကျဉ်းသား အားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်၊ တရား ဥပဒေ စိုးမိုးရေးသည်မရှိ မဖြစ် လိုအပ်သဖြင့် လွတ်လပ်ပြီး တရားမျှတသော တရားရေးမဏ္ဍိုင်တည်ဆောက် အကောင်အထည်ဖော်သွားရန်၊ အမျိုး သား သွေးစည်းညီညွတ်ရေး အတွက် တန်းတူ ရေး နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို အာမခံနိုင်သော စစ်မှန်သည့် ဖက်ဒရယ် ပြည် ထောင်စုစနစ်ကို တည်ဆောက်သွားရန်၊ စစ်ဒဏ်ကြောင့် အလဟဿ မြေဇာပင် ဖြစ်ပြီးတော့မှ သေကြေဒဏ်ရာရ၊ ပစ္စည်း ဥစ္စာ ပျက်စီးဆုံးရှုံးသွားရသည့် ရဟန်း ရှင်လူ ပြည်သူလူထု၊ စစ်ပြေး ဒုက္ခသည်များအား လူသားချင်းစာနာမှုဖြင့် နိုင်ငံတော် အစိုးရမှ ပြန်လည်ကူညီပံ့ပိုးပေးသွားရန် အစရှိသော အချက်များပါသည့် အချက် ၇ ချက်ကို တောင်းဆိုခဲ့ကြောင်း ဗိုလ်မှူးစိုင်းလ ကပြောသည်။

ပြည်ထောင်စုအဆင့်ဒုတိယအကြိမ်ဆွေးနွေးမှုအတွက် ရက်မသတ်မှတ်ရသေးဟုလည်း ဗိုလ်မှူးစိုင်းလ က ဆက်လက် ပြောပြသည်။

ဆွေးနွေးပွဲအပြီး သမ္မတက ပေးပို့လိုက်သော ဆန်အိတ် ၅၀၀၊ ဆိုလာဓါတ်ရောင်ခြည်ပြား ၅၀ စုံ နှင့် Sky Net ရုပ်သံ ဖမ်းစက် အစုံ ၂၀ တို့ကို ဦးအောင်သောင်းနှင့် ဦးသိန်းဇော်တို့က စဝ်ခေးတိုင်း နှင့် စဝ်ခွန်ဆိုင်ထံသို့ ပေးလိုက်ကြောင်း မြန်မာ့ အလင်း သတင်း စာ၌လည်း ဖော်ပြထားသည်။

အိမ်နီးချင်းနိုင်ငံများကို လေ့လာ၍ မြန်မာ့ မီဒီယာ ဥပဒေကြမ်း ရေးဆွဲပြီးပြီ

ခင်ဦးသာ on January 30, 2012


မီဒီယာ များနှင့် သက်ဆိုင်သည့် ဥပဒေ ကြမ်းတ ခုအား အိမ်နီးချင်း နိုင်ငံ များ၏ မီဒီယာ ဥပဒေ များကို လေ့လာ၍ ရေးဆွဲပြီး ဖြစ် ကြောင်း မြန်မာ နိုင်ငံ စာပေ စိစစ်နှင့် မှတ် ပုံတင် ဌာန၏ ဒု-ညွန်ကြား ရေးမှူး ချုပ် ဦးတင့်ဆွေက ယနေ့ ပြောလိုက် သည်။

ထိုဥပဒေကို လွှတ်တော်အစည်းအဝေးများ၌ မကြာမီ တင်သွင်းမည်ဟု ရန်ကုန်မြို့ အင်လျားလိတ်ဟိုတယ်တွင် ယနေ့ကျင်းပသော မီဒီ ယာ အလုပ်ရုံ ဆွေးနွေးပွဲ၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဥပဒေဖြစ်မြောက်ရေးအတွက် ပြည်ထောင်စုအဆင့် ၀န်ကြီးနှင့် ၇ ကြိမ်၊ ဌာနအတွင်း အကြိမ် ၂၀ ဆွေးနွေးပြီးမှ ရေးဆွဲ ခဲ့ ကြောင်း၊ ထိုဥပဒေသည် ပုံနှိပ်မီဒီယာ တခုအတွက်သာ ဖြစ်ကြောင်း၊ အွန်လိုင်းနှင့် ရုပ်သံမီဒီယာတို့ အတွက် မဟုတ် ကြောင်းလည်း ၎င်း က ရှင်းပြခဲ့သည်။

လွှတ်တော်၌ ယင်းဥပဒေ အတည်ပြုပြီးပါက မီဒီယာဆင်ဆာ လျော့နည်းသွားမည်ဟု ဦးတင့်ဆွေက ဆွေးနွေးပွဲ တက်ရောက် လာသူ များအား ပြောခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတက်ရောက်လာသည့် ပြည်တွင်းဂျာနယ်တခုမှ အယ်ဒီတာတဦးက “ဒီ ဥပဒေ အတည်ဖြစ်သွားရင်တော့ မီဒီယာ သမားတွေ ပိုပြီး လွတ်လွတ်လပ်လပ် လုပ်လာနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်” ဟု ပြောသည်။

ထိုဥပဒေ၌ အခန်း ၁၀ ခန်းပါဝင်ပြီး စာရေးသူများ၊ စာနယ်ဇင်းသမားများ၏ ရပိုင်ခွင့်များ၊ တာဝန်များနှင့် ကျင့်ဝတ်များ၊ စာပေ လွတ်လပ် ခွင့်နှင့် ကျင့်ဝတ်များ အကောင်အထည် ဖော်ရေးအတွက် စာနယ်ဇင်း ကော်မတီ၊ ပြည်တွင်း ပြည်ပ ထုတ်ဝေဖြန့်ချိခြင်း၊ ပြစ်ဒဏ်များ စ သည်ဖြင့် ပါဝင်သည်။

ဆွေးနွေးပွဲအား Media Development in Democratic society ဟုအမည်ပေးထားပြီး ပြည်တွင်း၊ ပြည်ပ မီဒီယာသမားများ တက်ရောက် ၍ စာတမ်းများ ဖတ်ခြင်း၊ ဆွေးနွေးခြင်းတို့ လုပ်ဆောင်ခဲ့ကြပြီး ပထမဆုံးသော မီဒီယာ အလုပ်ရုံဆွေးနွေးပွဲ တခု လည်း ဖြစ်သည်။

ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ သီရိလင်္ကာ စသည့်နိုင်ငံများက စာတမ်းများ ဖတ်ခဲ့ပြီး VOA မြန်မာပိုင်း ဌာနမှူး ဦးသန်းလွင် ထွန်း၊ The Voice ဂျာနယ်တို့မှလည်း လက်ရှိပြည်တွင်း မီဒီယာ အခြေအနေများနှင့် ပိုမိုလွတ်လပ်ခွင့် ရရှိရေး ကိစ္စများအကြောင်း စာ တမ်းများ ဖတ်ကြားခဲ့သည်ဟု သိရသည်။

ထိုအလုပ်ရုံ ဆွေးနွေးပွဲအား မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့နှင့် စင်္ကာပူနိုင်ငံမှ Asia Media Information Centre တို့က ပူးပေါင်း ကျင်းပခြင်း ဖြစ်ပြီး မနက်ဖြန်တွင် ပြီးဆုံးမည် ဖြစ်သည်။

မီဒီယာအလုပ်ရုံ ဆွေးနွေးပွဲသို့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူများ၊ ပြည်တွင်းအခြေစိုက် မီဒီယာများအပြင်၊ ပြည်ပအခြေစိုက် မြန် မာ သတင်းဌာနများ ဖြစ်သည့် BBC (မြန်မာပိုင်း) ဌာနမှူး ဒေါ်တင်ထားဆွေ၊ မဇ္စျိမ သတင်းဌာနမှ တာဝန်ရှိသူများ အစ ရှိသူတို့လည်း တက်ရောက် ကြကြောင်းသိရသည်။

Sunday, January 29, 2012

လွှတ်တော်ထဲ ရောက်ပါက မတရားဥပဒေ ဖျက်သိမ်းရေး NLD ကြိုးပမ်းမည်


  

နယူးဒေလီ (မဇ္ဈိမ)။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အနေဖြင့် လွှတ်တော်ထဲ ရောက်ပါက အများအကျိုး ထိခိုက်စေသည့် ဥပဒေများအား ဖျက်သိမ်းသွားမည်ဟု ပါတီနာယက ဦးတင်ဦးက ပြောသည်။

၁၉၉၈ ခုနှစ်က NLD ဦးဆောင်ပါဝင်ဖွဲ့စည်းခဲ့သည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ကြေညာထားသည့်အတိုင်း တရားဥပဒေ စိုးမိုးရေးအတွက် ပြည်သူလူထုအား ချုပ်ချယ်သည့်ဥပဒေများအား ဖျက်သိမ်းမည်ဟု NLD ဥပဒေရေးရာကော်မတီ ခေါင်းဆောင်လည်း ဖြစ်သည့် ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

“တစ် ၁၉၅၀ ခုနှစ်က အရေးပေါ်စီမံချက် ဥပဒေ၊ (၅) ည တို့ဘာတို့ပေါ့ဗျာ၊ အဲဒါကို ဖျက်သိမ်းမယ်။ ပထမဆုံးလုပ်မယ့် အလုပ်က အဲဒီဥပဒေကို ပယ်ဖျက်ဖို့။ နောက်ဒုတိယက သိပ်ပြီးတော့ ဆိုးဝါးတဲ့ တရားရုံးမတင်ဘဲ စစ်ဆေးပြီးတော့ ၅ နှစ်ကြာ ချုပ်ထားတဲ့ဟာပေါ့။ နိုင်ငံတော် နှောက်ယှက်သူများ ဘေးအန္တရာယ်မှ ကာကွယ်တဲ့ ဥပဒေပေါ့။ အဲဒါတွေကို ဖျက်ပစ်မယ်ဆိုတဲ့ သဘောထား ဒီနေ့အထိရှိတယ်။ ပြည်သူလူထုနဲ့ အများအကျိုး ထိခိုက်တဲ့ ဥပဒေတွေ အားလုံးကို ဖျက်ပစ်မယ်။ ပြင်မယ်” ဟု ပြောသည်။

ထို့ပြင် အင်္ဂလိပ် ကိုလိုနီအစိုးရက ပြဋ္ဌာန်းထားခဲ့ပြီး ခေတ်အဆက်ဆက် အုပ်ချုပ်သူများ ဆက်ခံကျင့်သုံးခဲ့ကြသည့် ဥပဒေများမှာလည်း ပြင်ဆင်မှု၊ ဖျက်သိမ်းမှုများ ပြုလုပ်ရန် လိုပြီဟု ဆိုသည်။

“ပြည်သူလူထုမှာ ထိခိုက်နစ်နာ ချုပ်ချယ်တာတွေ ဖြစ်တယ်။ ဒီဥစ္စာတွေက အင်္ဂလိပ် ကိုလိုနီလက်ထက်က ၁၈၉၀ လောက်က ရေးသွားတဲ့ ဥပဒေတွေဗျ။ ကျနော်တို့ မြန်မာနိုင်ငံတော်အတွက် တချို့အချက်တွေက မသင့်လျော်ဘူး” ဟု ပြောသည်။

၂၀၁၁ စက်တင်္ဘာလအတွင်းက ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော် ဒုတိယအကြိမ် အစည်းအဝေးတွင် အတိုက်အခံပါတီတခုဖြစ်သည့် အမျိုးသားဒီမိုကရေစီပါတီသစ်မှ အဆိုပါဥပဒေပြင်ဆင်မှုနှင့်ပတ်သက်၍ အဆိုတင်သွင်းခဲ့ဖူးကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က မဇ္ဈိမကို ပြောသည်။

“ကျနော်အနေနဲ့တော့  ပြီးခဲ့တဲ့ အပါတ်ကပဲ ၁၉၅၀ ပြည့်အရေးပေါ်စီမံချက် ဥပဒေရုတ်ပေးဖို့ တင်ခဲ့တယ်။ အကျဉ်းသား လွှတ်ပေးဖို့ တင်ခဲ့တယ်။ လွှတ်ငြိမ်းချမ်းသာခွင့် တင်ခဲ့တယ်။ ကျနော် အဲတုန်းက ၈ မဲပဲ ရတယ်” ဟု ၎င်း၏ အတွေ့အကြုံအား ပြန်ပြောင်း ပြောပြသည်။

လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် အာဏာရ ကြံ့ခိုင်ရေးပါတီနှင့် တပ်မတော် ကိုယ်စားလှယ်များ ပေါင်းပါက ၈၀ ရာခိုင်နှုန်းကျော် ရှိနေပြီး NLD အနေဖြင့် ပြည်ထောင်စု လွှတ်တော်အတွက် ယှဉ်ပြိုင်မှုအားလုံး အနိုင်ရပါက ၄၆ နေရာ ရရှိမည်ဖြစ်ကာ ရာခိုင်နှုန်းအားဖြင့် ၁၀ ရာခိုင်နှုန်းစွန်းစွန်း ရရှိမည်ဖြစ်သည်။

“ပြည်သူလူထုကို ဖိနှိပ်တဲ့ ဥပဒေ၊ ဒီမိုကရေစီ စံနှုန်းမပြည့်မှီတဲ့ ဥပဒေ၊ လူ့အခွင့်အရေးစံနဲ့ မကိုက်ညီတဲ့ဥပဒေကို ပယ်ဖျက်ဖို့၊ မူနဲ့ညီတဲ့အလုပ်တွေ အားလုံး ကျနော်ပူးပေါင်းလုပ်မှာပါ” ဟု ဦးသိန်းညွန့်က ပြောသည်။

လွှတ်တော်တွင်း ပူးပေါင်းဆောင်ရွက်ရေးကိစ္စနှင့်ပတ်သက်၍ ဦးသိန်းညွန့်တို့ပါတီအား NLD ဘက်မှ ပြောဆိုကမ်းလှမ်းမှု မရှိသေးကြောင်း သိရသည်။

အပြောင်းအလဲ များလှသော မြန်မာ့ပညာရေး စနစ်

Written by အဖေ့သား
_လက်ရှိ ကျင့်သုံးနေသော မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် ၁၀ တန်းအောင်ပြီးမှ တက္ကသိုလ် တက်ရောက်သင်ကြား နိုင်မည့်အဆင့်မှ ၁၂ တန်း အောင်မှသာ တက္ကသိုလ်ကိုတက်ရောက် သင်ကြားနိုင်မည့် “A level” ပညာရေး စနစ်သို့ ပြန်ပြောင်းရန် စီစဉ်လျက် ရှိကြောင်း ပြည်နယ် ပညာရေးမှူးများထံမှ သိရှိရပါသည်။ တနည်းအားဖြင့် (၁၉၈၀) ခုနှစ်က ချမှတ်ခဲ့ဘူးသည့် (၁၀) တန်းအောင်ပြီးရင် ၊ ဒေသကောလိပ် တက်ရမည် ပြီးမှ တက္ကသိုလ်ဝင်ခွင့် ပေးသည့် စနစ်ကို ပြန်လည် ကျင့်သုံးရန် စီစဉ်နေခြင်းဖြစ်ပါသည်။
အဆိုပါ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကိုသီးသန့် သတ်မှတ်သည့် ပုံစံနှင့် ပတ်သက်၍ ပညာရေး သုတေသီ တစ်ဦးဖြစ် သူ ဒေါက်တာ စိုးဝင်းဦးက “ကမ္ဘာမှာ လက်ရှိ ကျင့်သုံးနေတဲ့ ပညာရေး စနစ်က Grade 12 system နဲ့ သွားပါတယ်။ Grade “10” အထိကို “O level” လို့ ခေါ်ပြီး Grade 12 အထိကို “A Level” လို့ သတ်မှတ် ခေါ်ဆိုပါတယ်။ နိုင်ငံတကာ အဆင့်မှာ “A Level” အောင်မြင်ပြီးမှ တက္ကသိုလ် ပညာကို တက်ရောက် သင်ကြားခွင့်ရှိတယ်။ Grade 12 system ပညာရေး စနစ်မှာတော့ သူငယ်တန်း အောင်မြင်ပြီးမှ Grade 1 ကို တက်ရောက် သင်ကြားနိုင်မှာ ဖြစ်တယ်”လို့ ရှင်းပြ ပါသည်။
ဟုတ်ပါသည်။ ယခုမှ ဒီစကားမျိုးပြောလာသည်မှာ အဆန်း မဟုတ်တော့ပေ။ မြန်မာပြည်၌ တိကျသော ပညာရေးစနစ် ခိုင်မာမှု မရှိခဲ့သည့်အတွက် အစမ်းသပ်ခံဘ၀နှင့် သင်ကြား လာခဲ့သည်မှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် က တည်းကဖြစ်ပါသည်။ ဤသို့ ကြောင့် ပညာရေး ဇတ်လမ်းများ တ၀ဲလည်လည်ဖြစ်ခဲ့ရပါသည်။ ထိုခေတ်တွင် ပညာရေး အဆင့်အတန်း နိမ့်ကျသဖြင့် (၁၉၈၈) အရေးတော်ပုံနှင့်ပင် ပြောင်းလဲခဲ့ရပါသည်။ အနှစ် (၂၀) ကျော်လာသည့်အခါ “O level”၊ ကနေ“A level” ဆိုသည့် အသုံးအနှုန်း သစ်များပြောပြီး မူဟောင်းကို တဖန်ပြန်လည် စီစဉ်ခြင်းဖြစ်သည်ဟု ယူ ဆပါသည်။
မြန်မာနိုင်ငံသည် ယူနီဆက် (UNICEF) က ကောက်ယူခဲ့သည့် စစ်တမ်းများအရ (၁၅) နှစ် နှင့် (၂၄) နှစ် ကြား အမျိုးသားများ၏ စာတတ်မြောက်မှုနှုန်းမှာ ၁၀၀ လျှင် ၉၆ ရာခိုင်နှုန်းရှိပြီး၊ အမျိုးသမီးများမှာ ၁၀၀ လျှင် ၉၅ ရာခိုင်နှုန်း ရှိ သည်ဟု သိရပါသည်။ သို့သော် အရှေ့တောင်အာရှနိုင်ငံ များ၌ ရှိသော အကောင်းဆုံး စာရင်းဝင် တက္ကသိုက် (၅၀) ထဲ တွင် အိမ်နီးချင်း ထိုင်းနိုင်ငံမှ တက္ကသိုလ် (၁၉) ခုထိ ပါဝင်သော်လည်း မြန်မာနိုင်ငံမှ တက္ကသိုလ်များ ပါဝင်ခြင်းမရှိပေ။ ဤတက္ကသိုလ်များထဲ၌ နံပါတ်(၁) နေရာရရှိသည့် တက္ကသိုလ်မှာ National university of Singapore ကဖြစ်ပါသည်။
13436_169622583186_169620583186_2718077_7921490_n
မြန်မာနိုင်ငံ အခြေခံပညာ အထက်တန်းကျောင်း တစ်ခုပုံ (ဓါတ်ပုံ - အင်တာနက်)
“ဒီစာမေးပွဲကတော့ အခြေခံပညာ အတန်းနဲ့ မဆိုင်ပါဘူး။ ဖြစ်သင့် တာကတော့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကို သီး သန့် သတ်မှတ်ပြီး ကျောင်းသား တစ်ဦးချင်းစီ ဝါသနာပါ သင်ယူလိုတဲ့ မေဂျာ အလိုက် အဓိကကျတဲ့ ဘာသာရပ်တွေ ကို လေ့လာသင်ယူ ဖြေဆိုနိုင်ဖို့နဲ့ ဖြေဆိုအောင်မြင်ပြီးမှ မေဂျာရွေးချယ်မှုအလိုက် သက်ဆိုင်ရာ တက္ကသိုလ်တွေကို တက်ခွင့်ရရှိကြမှာပါ။ ဒီလို စနစ်တွေ ဖြစ်လာဖို့တော့ ရည်ရွယ်ချက် ရှိပါတယ်”ဟု ပညာရေးစီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးကပြောပါသည်။
ဟုတ်ပါသည်။ ဖြစ်နိုင်လျှင် အကောင်းဆုံးဖြစ်ပါသည်။ ပညာရေး စနစ်တခုသည် နိုင်ငံရေး အသုံးချမှု မပါလျှင် အကောင်း ဆုံးဖြစ်ပါသည်။ မြန်မာပြည်၏ ပညာရေး သမိုင်းကြောင်းသည် (၂၆) နှစ် အုပ်ချုပ်လာခဲ့သည့် မြန်မာ့ ဆိုရှယ်လစ် ပါတီကြောင့် ခေတ်နောက်ခဲ့ရသလို၊ (၁၉၈၈) နောက်ပိုင်း အနှစ်(၂၀)ကျော် စစ်အုပ်ချုပ်ရေးကြောင့်လည်း ယနေ့ အထိနလံမထူနိုင် ဆဲရှိပါသည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး အနှစ်(၅၀)လောက်တွင် ခိုင်မာသောမြန်မာ့ပညာရေးစနစ် မရှိသေးဘူး လို့ သာဆိုရမှာဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ လက်ရှိ အနေအထားအရ အသက်ပြည့် ကလေးများ ရာခိုင်နှုန်းပြည့် ကျောင်းမနေနိုင်သေးခြင်း အခြေ အနေမျိုး မဟုတ်သေးပေ။ ဝေးလံ သီခေါင်သည့် ဒေသများ၌ ဆရာဆရာမ မလုံလောက်ခြင်းနှင့် တိုင်းရင်းသား ဒေသများတွင် တိုင်းရင်းသား ဘာသာစကား သင်ကြားခွင့် မရှိသေးခြင်းများသာ ရှိပါသည်။  လက်ရှိကျင့်သုံးနေသည့် သင်ရိုး ညွှန်းတမ်းကို သုံးသပ် လျှင်လည်း နိုင်ငံတကာ စံနှုန်းမှီ သင်ရိုးညွှန်းတမ်း အဖြစ် ပြန်လည်ရေးဆွဲ ချမှတ်နိုင်ခြင်း မရှိ သေးပါ။ ဤသို့ ကြောင့် ထိုကိစ္စရပ် များအားလုံး လုပ်ဆောင်နိုင်ရန် နိုင်ငံတော်အစိုးရမှ ပညာရေး ဆိုင်ရာ မူဒါဝများကို ပြန်လည်သုံးသပ် ပြင်ဆင်သင့်ကြောင်းလည်း ပညာရေး သုတေသီတို့က အကြံပြုနေကြပါသည်။
နိုင်ငံ့ပညာရေး တိုးတက်ရေးရဲ့ အရေးကြီးဆုံးပြသနာတရပ်မှာ ကျောင်းဆရာ/ ဆရာမများကို အလုပ်ဂုဏ်သိက္ခာနဲ့ ဘ ဝရပ်တည်မှု အာမခံချက်ရှိရေးတွင် နိုင်ငံအစိုးရက တိကျသော အစီအစဉ်များချပေးရန် လိုအပ်နေပါသည်။
“ကျွန်တော်တို့ နိုင်ငံက ကျောင်းသား အများစုတွေ နိုင်ငံခြားမှာ သွားရောက် ပညာဆည်းပူးနေရတယ်ဆိုတဲ့ အချက်ကို ကြည့်ရင် ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေး စနစ်ဟာ နိုင်ငံ တကာနဲ့ တော်တော်ကို နောက်ကျ ကျန်နေခဲ့တာ မြင်သာပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ သူငယ်တန်းကို Grade 1 လို့ သတ်မှတ်ထားတာ အရမ်း မှားယွင်း ပါတယ်။ ပြင်လဲ ပြင်သင့်ပါတယ်။
“လက်ရှိ လာဘ်စားမှု ကြီးထွားနေတဲ့ ပညာရေး စနစ်ကနေ၊ နောက်ထပ် နှစ်တန်း ထပ်တိုး လိုက်ရုံနဲ့ နိုင်ငံတကာ အဆင့်မှီလာမယ်လို့ ဆိုတာ နောက်မှာ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။ (၁၁) တန်းနဲ့ (၁၂) တန်း မှာကတော့ အသက်မွေးဝမ်းကျောင်း ပညာရပ်နဲ့  Academic ပညာရပ်တွေကို ပိုပြီး အားဖြည့် ပုံဖော်ပေးတဲ့ ပုံစံမျိုး ဖြစ်သင့်ပါတယ်။ လက်ရှိ တိုင်းပြည် အနေအထား အရ အသက်မွေး ဝမ်းကျောင်း ပညာရပ်ကို ရာခိုင်နှုန်း တော်တော်များများ လိုအပ်မှာပါ၊ ဒေသတွင်းမှာရှိတဲ့ စက်မှုလက်မှု လုပ်ငန်းတွေနဲ့ လိုက်လျောညီထွေ အသက်မွေး ဝမ်းကျောင်း ပညာရပ်တွေကို ဖန်းတီးရမှာပါ၊ နောက် ကျောင်းဆရာ/ဆရာမ တွေရဲ့ အရည်အချင်းတွေ မြှင့်တင်ဖို့ အရမ်း လိုအပ်နေပါပြီ”ဟု နယ်စပ်ဒေသတွင် ပညာရေး လုပ်ငန်းများ လုပ်ဆောင်နေသူ၊ မောက္ခ ပညာရေး မဂ္ဂဇင်း၏ အယ်ဒီတာ တစ်ဦးဖြစ်သူ ကိုသိန်းနိုင်မှ ပြောကြားသွားပါသည်။
19119-students
အဖြူအစိမ်း ဝတ်ဆင်ထားသည့် မြန်မာနိုင်ငံမှ အခြေခံပညာ ကျောင်းသားများ ကျောင်းသွားနေစဉ် (ဓါတ်ပုံ - အင်တာနက်)
ရာစုနှစ်ဝက်ခန့် တာဝန်မကြေလာခဲ့သည့် စစ်အစိုးရတို့သည်၊ ယနေ့အထိ တိကျသော ပညာရေးစနစ် တရပ် မရှိသေး သည်မှာထင်ရှားလှပါသည်။ ပြုပြင်ရန် ဆိုသည်မှာလည်း ယခုအချိန်၌ ပညာရှင် အဆင့် အကြံပေးချက်သာ ရှိနေသေး ကြောင်းသိရပါသည်။ မြန်မာ့ ပညာရေးစနစ် စတင်ပျက်စီးလာခဲ့သည်မှာ စစ်အာဏာရှင်စနစ် စတင်ထွန်းကားလာသည့် (၁၉၆၂)ခုနှစ် ဗိုလ် ချုပ်ကြီးနေ၀င်း အာဏာ စသိမ်းစဉ်က စလာခဲ့သည်ဟု ပြောရမည်ဖြစ်ပါသည်။ စစ်အာဏာရှင်များသည် အာဏာသိမ်းစတွင် ၄င်းတို့ အာဏာသိမ်းမှုအား ဆန့်ကျင်သည့် တက္ကသိုလ်ကျောင်း သားများကို ပစ်သတ်ခြင်း၊ ကျောင်းသား သမဂ္ဂ အဆောက်အဦးအား ဗုံးခွဲဖျက်ဆီးခြင်း၊ ဦးသန့် အရေးအခင်းတွင် ကျောင်းသားများကို ပစ်သတ် ခြင်းမှသည် ယနေ့ အချိန်အထိ ကျောင်း သားခေါင်းဆောင်များကို နှစ်ရှည်လများ ထောင်သွင်း အကျဉ်းချနေဆဲအထိ ညှင်းပမ်း နေဆဲဖြစ်ပါသည်။ ဤသို့သော စိတ်ထားများ၏ သရုပ်သည် ယနေ့ အချိန်အထိရှိနေ ဆဲဖြစ်သည့် အတွက် မြန်မာ့ပညာရေးစနစ် ကောင်းမွန်အောင် စစ်အာဏာရှင်တို့ က စဉ်းစားပေးနိုင်မည်မှာ မဟုတ်သေးချေ။
၁၉၉၇ ခုနှစ်တွင် မြန်မာနိုင်ငံသည် အရှေ့တောင် အာရှ အသင်းဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်လာပြီးနောက်  ရန်ကုန် တက္ကသိုလ်နှင့် ရန်ကုန် စီးပွားရေး တက္ကသိုလ်တို့သည် အရှေ့တောင် အာရှ အသင်းဝင်  Asean University Network (AUN) တွင် အဖွဲ့ဝင် တက္ကသိုလ်အဖြစ် ပါဝင်ခွင့်ရခဲ့ပါသည်။ သို့သော် ၁၉၅၀-၁၉၆၀ ခုနှစ် ပါလီမာန် ဒီမိုကရေစီ အစိုးရ အုပ်စိုးစဉ်နှစ်များ အတွင်းက ပညာရေး အခြေအနေနှင့် မတူသေးပေ။ ထိုစဉ်က ရန်ကုန် တက္ကသိုလ်သည် အိမ်နီးချင်း နိုင်ငံများမှ ကျောင်းသားများ လာရောက် ပညာဆည်းပူးကြရသည့် အရှေ့တောင် အာရှနိုင်ငံများ၏ ထိပ်တန်းစာရင်းဝင် တက္ကသိုလ်တစ်ခု ဖြစ်ခဲ့ပါသည်။

Saturday, January 28, 2012

မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော ရင်ထဲလာတဲ့ ကာတွန်းများ




“အို… ဟဲ့.. ဟဲ့.. မောင်လေး… သွားမကိုင်နဲ့ အီလက်ထနစ်ပုဒ်မနဲ့ ငြိနေဦးမယ်..” ကာတွန်း အောင်မော်

“ကျုပ်တို့နိုင်ငံက အရင်းအမြစ် အတော်ပေါတဲ့ နိုင်ငံပဲနော်” ကာတွန်း AtH (မော်လမြိုင်)

“ဘောလုံးနတ်” ကာတွန်း မုဒုံဆက်နေ

” ဘာဗျ! ကျူပ်ရဲ့ ရည်ရွယ်ချက် ကိုက လည်ဖို့ဗျ .. “ ကာတွန်း အော်ပီကျယ်

“မရှင်းပါရစေနဲ့ဗျာ …” ကာတွန်း ဟတ်ကော့

“လွတ်လွတ်လပ်လပ်.. ကြိုက်တာ.. ပြော.. နော်..” ကာတွန်း ကျော်သူရိန်

“အမေကိုချည်းပဲ .. အားကိုးမနေကြနဲ့.. အုံး” ကာတွန်း စည်သူကျော်

“သူပြောမှလား” ကာတွန်း ဂျိစံ

“ဂွင်ရယ်.. လမ်းကြောင်းရယ်.. အထာရယ်ပဲ သင်ပေးပါ” ကာတွန်း အိုပါး

“လူကြီးမင်းကိုယ်တိုင် နမူနာအရင်လုပ်ပြပါလား ဟင်” ကာတွန်း ပေတလူ

“ဟုတ်ဟုတ် မဟုတ်ဟုတ် ခဏတော့ သက်သာတာပေါ့ …” ကာတွန်း ပံသုအောင် (မန်း)


ခင်ဗျားက ကျတော့ရောဗျ ? ကာတွန်း ဟန်ထွေးနိုင် (မန္တလေး)

“ကိုယ့်အိမ်မှာ ကိုယ်ကပ်တာပဲကွာ ဘယ်အရပ်လူကြီးရဲ့ ခွင့်ပြုချက်မှ မလိုလောက်ပါဘူး” ကာတွန်း ဟာဂျူလီ(ကသာ)
မန္တလေးတိုင်းဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကြီးမှူးကျင်းပသော မြန်မာကာတွန်းဆရာများ၏ ကာတွန်းပြပွဲ
Posted by ညိုကြီး ဖေ့စ်ဘွခ်မှ ကူးယူဖေါ်ပြပါသည်။

သူ့အလှည့် ကိုယ့်အလှည့် (ကဗျာရှင် နေရဲနီ)



ဓာတ်ပုံ  Messenger News Journal

 သူ့အလှည့် ကိုယ့်အလှည့်
(ကဗျာရှင် နေရဲနီ)

ဒုတိယကမ္ဘာ စစ်ပြီးတော့
နူရင်ဘတ်စစ်ခုံရုံးက
နာဇီတွေကို
ထိုသူများသည် စစ်ရှုံးသောကြောင့် မဟုတ်ဘဲ
စစ်ဖြစ်စေရန် ဖန်တီးခဲ့သောကြောင့် ဆိုတဲ့
အကြောင်းပြချက်နဲ့ သေဒဏ်ပေးခဲ့ကြတယ်။

ကြိုးမိန့်ကို အတည်ပြုဘို့ လက်မှတ်ထိုးပေးရတဲ့အတွက်
ဘယ်တော့မှ နောင်တမရဘူးလို့ ၀င်စတန်ချာချီ ကပြောခဲ့တယ်။

နာဇီတွေ ကြိုးစင်ပေါ်တက်တဲ့အခါ
သေရတော့မယ် ဆိုတာသိထားလေတော့
တချို့က ပြော့ခွေယိုင်နဲ့လို့
ကြိုးစင်ပေါ်ကို တွဲတင်ရတယ်
တချို့က ရုန်းကန်တွန်းထိုးလို့
အတင်းချုပ်ပြီး ဆွဲတင်ရတယ်
တချို့က ရူးသွပ်အော်ဟစ်လို့
ခုန်ပေါက်ကန်ကြောက်ပြီး တက်သွားကြတယ်။

ဒါပေမဲ့နာဇီတွေ တန်ခိုးထွားစဉ်အခါက
သူတို့ကြိုးပေးခဲ့တဲ့ တော်လှန်ရေးသမားတွေလိုမျိုး
ကြိုးစဉ်ကိုခေါင်းမော့ ရင်ကော့ပြီး တက်သွားတဲ့ လူတစ်ယောက်မှ မပါဘူး။
တော်လှန်ရေးသမားတွေရဲ့ တောက်ခေါက်သံဟာ
ယနေ့ထက်တိုင် လွင့်ပျံ့နေဆဲ။

ဆက်ဒန်ဟူစိန်ကြီးကိုမိတော့ သူ့လက်ထဲမှာ
ကျည်အပြည့်နဲ့ ပစ္စတိုတစ်လက်
အာဏာအတွက် သားမက်ကိုတောင် အရှင်မထားခဲ့တဲ့လူက
တိုက်ပွဲမှာ သေနတ်ကျည်ဆန်နဲ့
ရဲရဲဝံ့ဝံ့ ဂုဏ်အသရေရှိစွာ မကျဆုံးရဲလေတော့
ကြိုးစင်ထက်မှာ မချိမဆန့် အသက်ထွက်ရရှာတယ်။

အာဇာနည်အဖြစ် ရဲရဲဝံ့ဝံ့ အသေခံသွားမယ်လို့ ပြောခဲ့တဲ့ မိုမာကဒါဖီ
ရေဆိုးထုတ်တဲ့ ပြွန်ခေါင်းထဲကနေ
လေးဘက် ထောက်ထွက်လာပြီး
ရွှေသေနတ်လေးကမ်းပေးလို့ သူ့ကိုမပစ်ဘို့ကပြောသတဲ့
တော်လှန်ရေးသမားတွေ ၀ိုင်းရိုက်လိုက်ကြတာ
သွေးသံရဲရဲနဲ့ ခွေးသေ၀က်သေ သေရတယ်။
၂၀၀၃ခုနှစ်ဇန္နဝါရီလ ၁၅ရက် တရုတ်ပြည် ခရီးစဉ် ညာအစွန်မှ ဗိုလ်ချုပ်ခင်ညွန့်ဇနီး ဒေါ်ခင်ဝင်းရွှေ

ဦးကြည်မောင် ခင်ဗျားတိုင်းပြည်ကို ဘယ်လောက်ချစ်သလဲ
ကျုပ်က ခင်ဗျားထက် ပိုချစ်တယ်လို့ပြောခဲ့တဲ့
တချိန်တုန်းက အတွင်းရေးမှူးတစ်
နောက်တော့ ၀န်ကြီးချုပ်
ဦးတဲ့သူဆော် လျင်တဲ့သူစား
ဘက်တူရင် ဗိုလ်မထား
ခွက်စောင်းခုတ်တဲ့ အာဏာလုပွဲမှာ
သူ့ရွာကို မြေလှန်ခံရတော့
တောခွေးတွေ ယုန်သူငယ်ဘ၀ ရောက်သလို
သူ့တပည့်တပန်း အပေါင်းလည်း
တချို့လည်း ထောင်ထဲမှာသေ
တချို့လည်း ဘ၀တွေပျက်
ဟိုအတန်း မီးလောင်သလို
အုံးအုံးကြွက်ကြွက်ညံလို့
သူလည်း နရသိန်ဘုံနန်းမှာ
မဟေသီနဲ့ အတူစံရပေမဲ့
သိပ်မကြာပါဘူး ဇာတိသရုပ် ပေါ်လာတယ်။

ခလေးတွေရဲ့ပညာရေး
မိသားစုရဲ့ စားဝတ်နေရေး
ဟိုအရေး ဒီအရေးတွေ
စတာတွေအတွက် တနိုင်တပိုင်
သစ်ခွပန်းရောင်းလို့ ဖြေရှင်းနေရပါတယ်။
ထို့အတွက် ထောက်ထားညှာတာသင့်ပါသည့် အကြောင်း
မနှစ်ကတော့ သဲ့သဲ့ ကြားလိုက်မိပါရဲ့။
ဦးခင်ညွန့် ခြံထဲမှာတွေ့ရတဲ့ ဇေကမ္ဘာခင်ရွှေ

ခုတဖန် လွတ်လာပြန်တော့လည်း
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်တဲ့။
ဟိုအရင် တန်ခိုးထွားစဉ်က
ပုလင်းတူဘူးဆို့ ဆရာအရှင်နဲ့ပေါင်းပြီး
ဒေါ်စုကြည်ဆိုတဲ့ အသုံးအနှုန်းနဲ့
NLD ကိုချောင်ပိတ်ကြိုးတုပ်ပြီး 
နွံအတွင်းဇွတ်အတင်း ဆွဲနှစ်ခဲ့ပေမဲ့
နွံကိုထိုးဖောက် ထွက်လာတဲ့ ပတ္တမြားအရောင်က
ပွတ်လေပြောင်လေဖြစ်ပြီး အရောင်ပိုတောက်ခဲ့တယ်။

ခွပ်ဒေါင်းတွေကို ယှဉ်ပြိုင်ဘို့အတွက်
သူ့ကိုယ်သူ တိုက်ကြက်လို ကြိုးပမ်းခဲ့ပေမဲ့
ဆရာသမားနဲ့မှ ခွပ်လတ်ချမိလေတော့
တိုက်ကြက်မဖြစ်ဘဲ အသားစားကြက် ဖြစ်ရရှာတယ်။
(၂၀၁၂ခုနှစ် ဇန္နဝါရီလ ၁၃ရက်နေ့က ဦးခင်ညွန့်နှင့် ဇနီးဒေါ်ခင်းဝင်းရွှေ)
(ဓာတ်ပုံ Messenger News Journal) 

သူပို့ခဲ့တဲ့ တော်လှန်ရေးသမား ခွပ်ဒေါင်းတွေ
တန်ခိုးအနန္တထွားပါတဲ့ ပုဒ်မ ၅(ည) နဲ့အတူ
မဆုံးနိုင်တဲ့ အကာလ ညများစွာကို ယုံကြည်ချက်ပြင်းစွာ ကျော်ဖြတ်ရင်း
စစ်ခွေးတိုက်ကို ပို့မလား
အစာငတ်ခံ ဆန္ဒပြရမှာလား
မတရားမှုကို ဆန့်ကျင် အံတုပြီး
မြန်မာပြည်ဒီမိုကရေစီအတွက်
ခွပ်ဒေါင်းတို့ရဲ့ သွေးဟာ ရဲရဲနီနေတုန်း
အတောင်တွေက တဖျပ်ဖျပ်ခတ်နေဆဲ
နှုတ်သီးဖျားက ချွန်မြထက်နေမြဲ
ကမ္ဘာမကြေဘူးဟေ့ သီချင်းသံ မိုးယံတိုင်နေဆဲ။

ကြွေတလှည့် ကြက်တခုန် နိုင်ငံရေးဇာတ်ခုံပေါ်မှာ
အတုံ့အလှည့် ဝဋ်လည်တယ်ဆိုတာ ဒါပါဘဲ။
ပတ္တမြားမစစ်လို့ နွံနစ်ခဲ့တာ 
အချိန်ကာလက စကားပြောခဲ့တယ်
အာဃာတကင်းစွာနဲ့ သူ့စကားကိုကြိုဆိုပါတယ်။

နေရဲနီ

ဒေါ်အောင်ဆန်းစုကြည် မနက်ဖြန် ထားဝယ်မှာ ဘာတွေလုပ်မလဲ


၂၈-၀၁-၂၀၁၂

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ မနက်ဖြန် -တနင်္ဂနွေနေ့ မနက်ပိုင်းမှာ အစောဆုံးလေယဉ်နဲ့ ထားဝယ်မြိုဆီ ရောက်လာမယ်လို့မျော်လင့် ထားကြောင်း ထားဝယ်နဲ့ လောင်းလုံးရှိ NLD ပါတီဝင်တွေကပြောပါတယ်။

 ဒေါ်အောင်ဆန်းစုကြည် ပါတီဝင်တွေနဲ့တွေ့ဆုံမဲ့ ထားဝယ်မြိုက ပါတီ တိုင်းရုံး

ထားဝယ်ကိုရောက်ရောက်ချင်း ထားဝယ်မြိုရှိ ပါတီ-တိုင်းရုံးဆီ အယင်ဆုံးဝင်ပီး အဲဒီမှာ တိုင်းဥက္ကဌ ဦးလှမင်း အပါဝင် တိုင်းကော်မီတီဝင်တွေ။ ထားဝယ်။ လောင်းလုံး။ သရက်ချောင်းနဲ့ ရေဖြူမြိုနယ်က ပါတီဝင်တွေနဲ ပထမ-ဆုံးတွေ့ဆုံဆွေးနွေးမယ်လို့သိရပါတယ်။

ပါတီဝင်တွေနဲ့ဆွေးနွေးပီးတဲ့အခါမှာတော့ ပြည်လူထုစည်းရုံးရေးခရီးစဉ်အဖြစ် ကြားဖြတ်ရွေးကောက်ပွဲ မှာ NLD ပါတီက ၀င်ပြိုင်ဖို့စာရင်းပေးထားတဲ့ ထားဝယ်နဲ့ တနာရီခန့် ကားမောင်းရ တဲ့ လောင်းလုံးမြိုဆီ သွားပီး လောင်းလုံးမြိုနယ် ပါတီရုံးရှေ့မှာ လူထုဟောပြောပွဲလုပ်မယ်လို့ သိရပါတယ်။
လောင်းလုံးကဟောပြောပွဲပီးတာနဲ့ နောက်ထပ် မီနစ် ၃၀- ခန့်ကားမောင်းရတဲ့ အောက်ရေဖြူ ရွာမှာ လူထုဟောပြောပွဲနောက်တခုထပ်လုပ်မယ်လို့သိရပါတယ်။

အဲဒီဟောပြောပွဲပီးရင်တော့ အောက်ရေဖြူကနေ ထားဝယ်ဖက်ကိုပြန်လာပီး ကမြောကင်းတံတားအနီး သို့မဟုတ် ထားဝယ်တက္ကသိုလ်အနီးရှိ သောကြာပြင် လမ်းဆုံမှာ နောက်ထပ်လူထုဟောပြောပွဲတခုလုပ် မယ်လို့သိရပါတယ်။ အဲဒီပွဲပီးရင် မောင်းမကန်ကမ်းခြေကိုဆက်သွားမှာဖြစ်ပီး အဲဒီမှာ လူထုဟောပြောပွဲ
တခုထပ်လုပ်မယ်လို့သိရပါတယ်။

မောင်းမကန်ကဟောပြောပွဲပီးတာနဲ့ လောင်းလုံးမြိုနယ်က ဟောပြောမှုအားလုံးကို ရပ်တန့်ပြီး ထားဝယ်မြို ဆီတန်းပြန်မယ်လို့သိရပါတယ်။ ထားဝယ်မြိုကအထွက် လေယဉ်ကွင်း မသွားခင်လေးမှာ တော်ဝင်ဦး စတိုး ရှေ့မှာ ထားဝယ်လူထုကို ဟောပြောပွဲတခုလုပ်ပေးဖို့စိစဉ် ထားတယ်လို့ ထားဝယ်နဲ့ လောင်းလုံးရှိ ပါတီ ၀င်လူငယ်တွေဆီကနေသိရပါတယ်။

ဒါဟာ သူတို့ဖက်က စီစဉ်ထားတဲ့အစီစဉ်တွေသာဖြစ်ပီး ဒေါ်အောင်ဆန်းစုကြည်ရောက်လာမဲ့ အချိန်။ လေယဉ် အချိန်ဇယား။ ရာသီဥတုနဲ့ တခြားအခြေနေတွေပေါ်မူတည်ပြီး ဟောပွဲပြောပွဲ အစီစဉ် တွေ ပြောင်းလဲတာမျိုး ရှိကောင်းရှိနိုင်တယ်လို့လဲ သူတို့ကဆိုပါတယ်။

ဒီခရီးစဉ်ဟာ ၁၉၉၀-ရွေးကောက်ပွဲအကြိုကာလ မဲဆွယ်မှုနောက် ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမ-ဆုံး ထားဝယ်ဒေသခရီးစဉ်ဖြစ်ပါတယ်။ အခုခရီးစဉ်ဟာ ပါတီ စည်းရုံးရေးကိစ္စသာဖြစ်ပီး မဲဆွယ် တဲ့ခရီးစဉ်မဟုတ်သေးဘူးလို့ ပါတီ-ဗဟိုတာဝန်ရှိသူတွေကပြောထားပါတယ်။

 လောင်းလုံးနဲ့ ကျွန်းစုမြိုနယ်တွေမှာဝင်ပြိုင်မဲ့ NLD အမတ်လောင်း ဦးအောင်စိုးနဲ့ ဒေါ်တင်တင်ရီ

ဧပြီလ ၁-ရက်နေ့မှာကျင်းပမဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈-နေရာစလုံးအတွက် NLD ပါတီက ၀င်ရောက်ယှဉ်ပြိုင်မယ်လို့စာရင်းပေးထားပီး အဲဒီထဲမှာ တနသာင်္ရီတိုင်းရှိ လောင်းလုံးမြိုနယ် နဲ့ ကျွန်းစုမြိုနယ်တို့ပါဝင်ပါတယ်။ လောင်းလုံးမြိုနယ် အတွက် NLD အမတ်လောင်းကတော့ ဦးအောင်စိုး ဖြစ်ပီး ကျွန်းစုမြိုနယ်အတွက် ကတော့ ဒေါ်တင်တင်ရီ-ဖြစ်ပါတယ်။

အခု ထားဝယ်ခရီးစဉ်ဟာ ကြားဖြတ်ရွေးကောက်ပွဲနဲ့ပါတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပထမ-ဆုံး ရန်ကုန်မြိုပြင်ခရီးစဉ်ဖြစ်ပီး ထားဝယ်ခရီးစဉ်ပြီးရင် မန္တလေးဖက်ကို ဆက်သွားမယ်လို့ ပါတီဝင်တွေဆီကနေ သိရှိရပါတယ်။ ။

ကျင့်​ဝတ်​စောင့်​ထိန်း​သည့်​ ရင်း​နှီး​မြှုပ်နှံမှုများ​အတွက် အ​ခြေအ​နေဖန်တီး​မည်ဟု ​ဒေါ်​အောင်ဆန်း​စုကြည်​ပြော

နေသွင်

ဆွစ်ဇာလန် နိုင်ငံမှာ ဒါဗို့​စ် မြို့​မှာ ကျင်း​ပ ​နေတဲ့​ ကမ္ဘာ့​ စီး​ပွား​ရေး​ ညီလာခံ အတွက် ​ပေး​ပို့​တဲ့​ ဗွီဒီယို မိန့်​ခွန်း​မှာ ​ဒေါ်​အောင်ဆန်း​ စုကြည်က မြန်မာ ပြည်မှာ ကျင့်​ဝတ် ထိန်း​သိမ်း​တဲ့​ ရင်း​နှီး​မြှုပ်နှံ မှု​တွေ ဝင်​ရောက် လာမယ့်​ အ​ခြေ အ​နေ​တွေ ဖန်တီး​ဖို့​ ဆန္ဒရှိ တယ်လို့​ ​ပြောကြား​ လိုက်ပါ တယ်။

စီး​ပွား​ရေး ​ဖွံ့​ဖြိုး​ တိုး​တက် မှုဟာ နိုင်ငံ တကာ​ ငွေ​ကြေး​ ဆိုင်ရာ အဖွဲ့​ အစည်း ​တွေက ​ဖော်ပြ​ နေတဲ့​ ကိန်း​ဂဏန်း​ တွေ​လောက်နဲ့​ မလုံ​လောက်ဘဲ တရား ​ဥပ​ဒေ စိုး​မိုး​မှု ရှိဖို့​လည်း​ လိုအပ် တယ်လို့​ ​ဒေါ်​အောင်ဆန်း ​စုကြည်က ​ပြောပါ တယ်။

“စီး ​ပွား​ရေး ​တိုး​တက်မှု ဆိုတာ နိုင်ငံ တကာ ​ငွေ​ကြေး​ ဆိုင်ရာ အဖွဲ့​အစည်း​ တွေက ​ဖော်ပြတဲ့​ ကိန်း​ဂဏန်း​ တွေအ​ပေါ် မှာပဲ မှီခို​နေတာ မဟုတ် ပါဘူး​။ တရား ​စီရင်​ရေး​ စနစ် ပြုပြင်​ ပြောင်း​လဲမှု၊​ ဥပ​ဒေ ပြုမှု ကဏ္ဍမှာ ပြုပြင်​ ပြောင်း​လဲမှု​ တွေနဲ့​ အား​ဖြည့်​ ပေး​ဖို့​ လိုအပ် ပါ တယ်။ ဒါမှ စိတ်ချ ရတဲ့​ အ​ခြေအ​နေ ရှိပြီး​ ဥပ​ဒေ​ တွေလည်း​ မျှမျှ တတနှင့်​ အပြည့်​ အဝ သက်​ရောက် နိုင်မှာ ဖြစ်ပါ တယ်။ မြန်မာ ပြည်ကို ကျင့်​ဝတ်​ စောင့်​ထိန်း​ပြီး​ တီထွင် ဆန်း​သစ် မှုကို အား​ပေး​တဲ့​ ရင်း​နှီး ​မြှုပ်နှံ မှု​တွေ ဝင်​ရောက် လာဖို့​ နိုင်ငံ​ရေး​ အရ၊​ လူမှု​ရေး​ အရ၊​ သဘာဝ ပတ်ဝန်း​ကျင်မျိုး​ကို ဖန်တီး​ဖို့​ ကျမတို့​မှာ ဆန္ဒ ရှိပါတယ်။”

ပြီး ​ခဲ့​တဲ့​နှစ်ကလည်း​ အလား​တူ ဒါဗို့​စ် ကမ္ဘာ့​စီး​ပွား​ရေး​ ထိပ်သီး​ညီလာခံကို ​ဒေါ်​အောင်ဆန်း​စုကြည်က မိန့်​ခွန်း​ပြောကြား​ခဲ့​ပါတယ်။ ဒီနှစ် မြန်မာပြည် အ​ခြေအ​နေဟာ မနှစ်ကထက် တိုး​တက်မှု​တွေ ရှိ​နေပြီလို့​ ​ဒေါ်​အောင်ဆန်း​စုကြည်က ​ပြောပါတယ်။

“မနှစ်တုန်း​က မြန်မာပြည်မှာ နိုင်ငံ​ရေး​တည်ငြိမ်မှု၊​ အမျိုး​သား​ ပြန်လည်သင့်​မြတ်​ရေး​၊​ တရား​ဥပ​ဒေစိုး​မိုး​မှု​တွေ လိုအပ်တဲ့​ အ​ကြောင်း​ ​ပြော ခဲ့​ပါတယ်။ ဒါ​တွေရှိမှ စစ်မှန်တဲ့​ ဒီမိုက​ရေစီအသွင်ကူး​ပြောင်း​ရေး​၊​ လူသား​ဖွံ့​ဖြိုး​မှု၊​ စီး​ပွား​ရေး​တိုး​တက်မှု​တွေ ရရှိနိုင်မယ်လို့​ ​ပြောခဲ့​ပါတယ်။ မြန်မာပြည်သူ​တွေရဲ့​ ဆန္ဒကလည်း​ ပိုပြီး​ လုံခြုံပြီး​ ​ပျော်ရွှင်စရာ​ကောင်း​တဲ့​ ကမ္ဘာကြီး​ဖြစ်လာဖို့​ ကိုယ်တတ်နိုင်တဲ့​အပိုင်း​က ဝိုင်း​ဝန်း​လုပ်​ဆောင်ဖို့​ ဖြစ်ပါတယ်။ တနှစ်ကြာတဲ့​ အချိန်မှာ ကျမအ​နေနဲ့​ ​ပြောနိုင်တာက ကျမတို့​ အဲဒီ စိန်​ခေါ်ချက်​တွေကို ဖြည့်​ဆည်း​နိုင်ဖို့​ ​ရှေ့​ကို ခရီး​ဆက်နိုင်ခဲ့​ပါပြီ။ ကြီး​မား​တဲ့​ အ​ပြောင်း​အလဲ အ​ခြေအ​နေကို မ​ရောက်​သေး​ပေမယ့်​ အဲဒီအ​ခြေအ​နေကို တက်လှမ်း​နိုင်ဖို့​ ရှား​ရှား​ပါး​ပါး​၊​ အဖိုး​တန်တဲ့​ အခွင့်​အလမ်း​တွေ ရှိ​နေပါပြီ။”

ဒီနှစ် ညီလာခံကို နိုင်ငံ​ပေါင်း​ ၄၀ ဝန်း​ကျင်က နိုင်ငံ​ခေါင်း​ဆောင်​တွေနဲ့​ ကမ္ဘာ့​စီး​ပွား​ရေး​ ကုမ္ပဏီကြီး​တွေက ကိုယ်စား​လှယ်​တွေ စုစု​ပေါင်း​ ၁,၆၀၀ နီး​ပါး​ တက်​ရောက်ခဲ့​ကြပြီး​ မြန်မာ အစိုး​ရကိုယ်စား​ စက်မှုဝန်ကြီး​ ဦး​စိုး​သိန်း​က တက်​ရောက်ပါတယ်။

စီး​ပွား​ရေး​ညီလာခံကို ​ပေး​ပို့​တဲ့​ မိန့်​ခွန်း​မှာ ​ဒေါ်​အောင်ဆန်း​စုကြည်က ဧပြီလ ကြား​ဖြတ် ​ရွေး​ကောက်ပွဲအတွက် အလုပ်များ​နေတဲ့​အတွက် ဒီနှစ်မှာ မတက်​ရောက်နိုင်​ပေမယ့်​ တချိန်မှာ တက်​ရောက်နိုင်ဖို့​ ​မျှော်လင့်​တယ်လို့​ ထည့်​ပြောသွား​ပါတယ်။

အန်အယ်ဒီပါတီဝင် ရရှိမှု နှောင့်နှေး

ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ ပါတီဝင်လက်ခံသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပါတီဝင်အသစ်များ ရရှိရန် နှောင့်နှေး ကြန့်ကြာ နေကြောင်း ယင်းပါတီ၏ ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ဝင်တစ်ဦးက ထုတ်ဖော်ပြောကြားသည်။
ပါတီတစ်ခုလျှင် ပါတီဝင် တစ်ထောင်ရှိရမည် ဆိုသည့်အချက်ကို ကျော်လွန်မည်ဖြစ်သော်လည်း တစ်နိုင်ငံလုံး အတိုင်းအတာနှင့်စာလျှင်မှု ပါတီဝင်ရရှိမှုမှာ အားနည်းနေကြောင်း ယင်းက ဆက်လက်ပြောကြားသည်။
“တစ်မြို့နယ်ကို ၂၀၀၀ ထောင်လောက်ရအောင် မနည်းစုနေရတယ်။ ဒါတောင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမယ့်နေရာတွေကို ဦးစားပေး ရွေးချယ်နေတာ။ ဒီအတိုင်းဆိုရင်တော့ မလွယ်လှဘူး”ဟု ယင်း ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးက ပြောကြားသည်။
၁၉၉၀ ရွေးကောက်ပွဲတွင် မဲဆန္ဒနယ် အများဆုံးအနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ၂၀၁၂ ဧပြီတွင် ကျင်းပမည့် ကြားဖြတ် ရွေးကောက်ပွဲ အနိုင်ရရေးအတွက် စိုးရိမ်ကြောင့်ကြမှုများ ရှိနေသည်။
“ပြည်ခိုင်ဖြိုးက လူအား၊ ငွေအား တောင့်တင်းနေတာကြောင့် ကျွန်တော်တို့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် နည်းနည်းပူပန်နေရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်မှ ရွေးကောက်ပွဲအောင်နိုင်ရေး ကော်မတီဝင်တစ်ဦး ကပြောကြားသည်။
“မဖြူတို့က အခုထိ အောင်နိုင်ရေးအဖွဲ့အတွက် အခန်းတောင် ဌားဖို့ အဆင်မပြေသေးဘူး။ ကြံ့ခိုင်ရေးက တော်တော်ကို အလုပ်ဖြစ်နေပြီ”ဟု ယင်းက ဆိုသည်။
အန်အယ်ဒီပါတီဝင် လျှောက်လွှာများကို တစ်သန်းရိုက် နှိပ်ထားပြီး ဖြစ်သော်လည်း ယခုအချိန်ထိ  ၃သိန်းကျော်သာ ရောင်းချပြီးသည့် စာရင်းဝင် နေကြောင်း သိရသည်။
“၉၀ ကထက်စာရင် နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ ပါတီ နိုင်ငံရေးကို အထောက်အကူပြုလိုသူတွေ တော်တော်နည်းသွားပြီဗျာ”ဟု ဦးဥာဏ်ဝင်းက ပြောကြားသည်။

ကြံ့ဖွံ့ ကကြားဖြတ်ရွေးကောက်ပွဲဝင်ခြင်းထက် ပါတီကိုဖျက်သိမ်းသင့်

အောက်တွင်ဖေါ်ပြပါ သတင်းဓါတ်ပုံ ရိုက်ကူးသူ စိတ်ကူးအလွန်ကောင်းမွန်ကြောင်း ကွန်မင်းများတွင်ရေးသားထားကြောင်းတွေ့ရသဖြင့်ထပ်ဆင့်ဖြန့်ဝေလိုက်ပါတယ်။
  မိမိအမြင်ကိုတင်ပြရလျှင်  ''မဆလ ''တစ်ပါတီ ဥက္ကဌ ဗိုလ်နေဝင်းလက်ထက်(၁၉၆၂)မှ စ၍ ၁၉၈၈ အထိပြည်သူလူထုတရပ်လုံးကို အကြိမ်ကြိမ် စစ်တပ်အာဏာဖြင့် လက်နက်အားကို နှိမ်နင်းသတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်များကို အချိန်ဆွဲ ပြေလျှော့အောင် ၄င်းသမတ သက်တမ်းကို၊သူ၏လူ့သက်တမ်း ကုန်ဆုံးသည်အထိ အချိန်ဆွဲနေသွားနိုင်ရန် ကာကွယ်ရေးဦးစီးချုပ်မှကာကွယ်စောက်ရှောက်ပေးခဲ့သည်။ သေဆုံးခါနီးဆဲဆဲလောက်မှသာ အရေးယူ
သလိုမိသားစုကိုအားလုံးအပြစ်ပေးသလို သိသိသာသာမဟုတ်သော သတင်းမျိုးထုတ်ပြန်ခဲ့တယ်။
အရှင်းပြောရလျှင် ပြည်သူလူထုကို အနိုင်ကျင့်အုပ်ချုပ်ခြင်းအပေါ် ဦးနေဝင်းအားအရေးယူဆောင်ရွက်ခြင်းမျိုးမဟုတ်ပဲ စစ်အုပ်စု အတွင်းနေရာရလိုမှု့မျိုးများကြောင့်သာမိသားစုအသိုင်းအဝန်းကိုဖယ်ရှားခြင်းမျိုးဖြစ်တယ်။
နောက်ဆက်လက်ပြီး သန်းရွှေက စစ်တပ်အာဏာသိမ်းတိုင်းပြည်ကို အုပ်ချုပ်တယ် ပြည်သူလူထုသာမက
ရဟန်း၊သံဃာများပါ မချန်ရိုက်နှက် သတ်ဖြတ်၊ ဘုန်းကြီးကျောင်းများကို ဖျက်ဆီးရိုက်ဖျက်၊ အကျမ်းဖက်မှု့များ ကို ဗြောင်လုပ် ဗြောင်လိမ်။ဗြောင်ခိုး လုပ်ပြီး။ယခု သေခါနီး မှာမသိမသာ လက်ရှောင်
ပေးပြီး နောက်စစ်တပ်အသိုင်းအဝိုင်း မှ သိန်းစိန်သမတမှ တိုင်းပြည်တိုးတက်ရေး၊ပြည်သူများ ဆင်းရဲ၊ငတ်မှု့များ၊ အလုပ်လက်မဲ့နှင့် ဝင်ငွေ မမျှတမှု့များ။တိုင်းပြည်တည်ဆောက်ရေးများ လုပ်ပေးလိုခြင်းထက် တိုင်းပြည်ဦးဆောင်စီးပွားရေးလုပ်ငန်းကြီးများကို လုပ်ဆောင်နေသော နိုင်ငံတော် အသိုင်းအဝိုင်း စစ်ဦးစီးချုပ် များအသိုင်းအဝိုင်းများနှင့် ဆက်နွယ်နေသော စီးပွားရေး ရင်းနှီးမြှုတ်နှံနေသူများ၏ လုပ်ကွက်များ ရင်းနှီးငွေများ ခက်ခဲလာခြင်းကြောင့် အတိုက်အခံများ၊ ပြည်သူခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲဆောင်ရွက်မှု့များလုပ်ဆောင်လာရသည်။ တွေ့ဆုံမှု့တွေ လုပ်လာရသည်။နောက်ဆက်တွဲများက အပြန်အလှန်ဆွေးနွေးဆောင်ရွက် မှု့များ၊အပေးအယူများရှိလာကာ နိုင်ငံရေးအကျဉ်းသားများပြန်လည်လွတ်မြောက်လာရသလို၊ပြည်ပ အသိုင်းအဝိုင်း ဝင်ထွက်မှု့များကို လည်းခွင့်ပြုလာရသည်။တွေ့ဆုံမေးမြန်းမှု့များကို လက်ခံလာရသည်။
ယခု အချိန်အခါသည် စီးပွားရေးအခြေအနေလုပ်ပိုင်ခွင့်များနှင့်ပြည်ပထောက်ပံ့ကူညီမှု့များပြန်လည်ရရှိလာ
ရေးအဓိကဖြစ်လို။မကြာခင် အလှည့်ကြ အာစီယံဥက္ကဌ နေရာရေးနှင့် ဒေသတွင်း မှာလူရာဝင်လာရေးအတွက်ပြန်လည်လုပ်ဆောင်ရန်လိုအပ်နေသည်။ ထိုသို့လုပ်ပြသွားယင်းအချိန်အတိုင်းအတာလည်းတစစကုန်ဆုံးသွားမည်။တိုင်းပြည်လည်းအထိုက်အလျှောက်တိုးတက်လာသယောင်
ယောင်ရှိလာမည်။ ပြည်ပနိုင်ငံများအမြင်မှာလည်းမြန်မာပြည်ပြုပြင်ပြောင်းလဲမှု့လမ်းကြောင်းပေါ်ရောက်နေပြီ
လို့မြင်မယ်။
အမှန်တကယ်တိုးတက်လာခြင်းဟုတော့မမြင်ပါ။(ဘာကြောင့်လည်း၊တိုင်းပြည်မှ သဘာဝရင်းမြစ်များကိုရောင်းစား၊ပစ္စည်းပေးပြီးကိုယ်တိုင်မလုပ်တတ်တာများကိုဝယ်ယူနေသောကြောင့်ပါ။)
ပေးစရာမရှိတဲ့တနေ့ ပိုလို့ပိုလို့ဆင်းရဲတွင်းနက်လာဖို့ပဲရှိပါတယ်။အဲလိုအချိန်တွေကြားမှာ ပြည်သူတွေအပေါ်ဆိုးညစ်ခဲ့တဲ့ မင်းးဆိုးမင်းယုတ်များကို တရားဝင်ပြည်သူများအတွက်အရေးယူဆောင်ရွက်ပေးခြင်းမျိုးရရှိနိုင်ပါ့မလား။
ဒီလိုယုတ်မာခဲ့တဲ့လူမဆန်ခဲ့တဲ့ စစ်ခေါင်းဆောင်သန်းရွှေလက်ထက် တည်ထောင်ထားတဲ့ အောက်ပါခွေးခြသေ့င်္အဖွဲ့အားဖျက်သိမ်းသင့်ပါပြီ။
မဖျက်သိမ်းဘူးဆိုယင်ပြည်သူလူထုနဲ့ သဟဇာတမဖြစ်ပဲ၊ဘေးရောက်ကာ
အဆိုပါဓါတ်ပုံပါခွေး အိုကြီးကိုတော့အားနာပါတယ်။ကြံဖွံလည်းမကြာခင် အဲဒီခွေးအိုလို ခွေးမှိုင်မှိုင်ရတဲ့အဖြစ်ကိုကြုံရပါလိမ့်မယ်။(ပြည်သူ့အော်သံ)

ဓါတ်ပုံ-Google Images
ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့အတွက် ၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကပြောသည်။

ကော့မှုးမြို့နယ်အတွက် ဒေါက်တာ စိုးမင်း ၊ မင်္ဂလာတောင်ညွန့် မြို့နယ် အတွက် ဒေါ်လဲ့လဲ့အေး ၊ သုံးခွမြို့နယ်အတွက် ဦးအောင်ကျော်မင်း၊ လှည်းကူးမြို့နယ်အတွက် ဒေါက်တာ အောင်မြတ်သူ၊ မရမ်းကုန်းမြို့နယ်အတွက် ဦးရဲထွဋ် နှင့် ဒဂုံမြို့ သစ်ဆိပ် ကမ်းမြို့နယ်အတွက် ဦးအောင်ဝင်းတို့ကို ဝင်ရောက်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး၌  ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကပြောသည်။
ရန်ကုန်တိုင်းမ်

ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဒေသရှိ ဒေသခံများ ထိုင်းနိုင်ငံသို့ ထွက်ခွာ

ဗထူးလေး


ဒေသအတွင်း လုပ်ငန်း အဆင်မပြေမှုများကြောင့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းဒေသရှိ ကျေးရွာများမှ ဒေသခံ ထားဝယ်လူမျိုး အများအပြား ထိုင်းနိုင်ငံအတွင်းသို့ အလုပ်လုပ်ကိုင်ရန် ဝင်ရောက်လျက် ရှိသည်။

ထိုင်း-မြန်မာနယ်စပ် နတ်အိမ်တောင်ဒေသ ပင်စီ-ပင်ဟမ်းလမ်းမှတဆင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်ရာတွင် အသက် ၁၈ အောက် ကလေးများလည်း ပါဝင်သည်။

“ကျနော်တို့ ရွာမှာက အလုပ်အကိုင် ရှားပါးတယ်။ ဥယျာဉ်-ခြံမြေဆိုတာတွေလည်း ကျနော်တို့ပိုင် ဆိုပေမဲ့ တံဆိပ်တပ်ထားတယ် ဆိုတော့ ဘယ်လိုမှ လုပ်ကိုင်စားသောက်လို့ အဆင်မပြေတဲ့အဆုံး အဖေနဲ့အတူ ဒီကို ထွက်လာတာပဲ” ဟု ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ထိုင်းနိုင်ငံ သို့ ရောက်ရှိလာသူ (၂၃) ဦးအနက် ထိန်ကြီးကျေးရွာမှ အသက် ၁၄ နှစ်အရွယ် မောင်ရဲလင်းထွန်းက ပြောသည်။

၎င်းတို့အုပ်စုထဲတွင် အသက် (၁၄-၅ဝ) နှစ် အရွယ်ထိ ပါဝင်ပြီး အချို့မှာ ထိုင်းနိုင်ငံ မြို့ကြီးအချို့ရေလွှမ်းမိုးစဉ် ကာလက နေရပ်သို့ ပြန် သွားခဲ့ကြပြီး ယခုကဲ့သို့ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။

ပညာအရည်အချင်း ရှိသူများကိုသာ ခန့်အပ်သည့် စီမံကိန်းတွင် ဝင်ရောက်လုပ်ကိုင်ရန် လက်လှမ်းမမီခြင်းကြောင့် ယခုကဲ့သို့ ထိုင်း နိုင်ငံ သို့ ထွက်ခွာရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ရွာမှာ ရှိတဲ့ အလုပ်နဲ့ ကျနော်တို့နဲ့က မကိုက်သလို ဖြစ်နေတယ်။ စီမံကိန်းမှာ ဝင်လုပ်မယ်ဆိုလည်း တော်ရုံတန်ရုံနဲ့ မရဘူး။ လူကပ်ရှိမှ ရတယ်။ ငွေလေး အနည်းအကျဉ်း ကုန်သေးတယ်။ ဒါပေမဲ့ လူတိုင်း မရဘူး။ ရွာမှာ ရှာတဲ့ငွေနဲ့ ရွာမှာ သုံးလို့ မလောက်ဘူး။ ဒါ့ကြောင့် ဒီကို ထွက်လာတာ” ဟု ထိုင်းနိုင်ငံသို့ ပြန်ဝင်လာသည့် မူးဒူးကျေးရွာသား ကိုစိုးနိုင်က ပြောသည်။

ထိုင်းနိုင်ငံသို့ ထွက်ခွာလာသူများမှာ အဓိကအားဖြင့် စီမံကိန်းဒေသတွင် ပါဝင်သည့် ဗျင်းဂီး (မြင်းကြီး)၊ ဘွာ၊ မူးဒူး၊ ထိန်ကြီး၊ လွဲရှောင် ကျေးရွာများမှ ဒေသခံများ ဖြစ်သည်။

အမည်မဖော်လိုသည့် လူကယ်ရီသမားတဦးကလည်း “အရင်တုန်းက တလမှာဆို အလွန်ဆုံး (၁ဝ-၂ဝ) လောက်ပဲ ဒီလမ်းက အဝင်အ ထွက် ရှိတယ်။ အခု (၁-၂) လ အတွင်းမှာ အဝင်အထွက် အရမ်းများလာတယ်။ အဓိကကတော့ ရေနက်ဆိပ်ကမ်း စီမံကိန်းခွင်ထဲမှာ ပါတဲ့ ရွာတွေကပဲ။ တခြားဒေသက မရှိဘူး” ဟု ပြောသည်။

၂ဝ၁၁ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂ဝ၁၂ ဇန်နဝါရီလအတွင်း ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဒေသအတွင်းရှိ ကျေးရွာများမှ ဒေသခံ ထား ဝယ်လူမျိုး (၁ဝဝ) ကျော် ထိုင်းနိုင်ငံအတွင်းပိုင်း မြို့များသို့ တနင်္သာရီတိုင်း၊ နတ်အိမ်တောင် (ပင်စီ-ပင်ဟမ်း) လမ်း၊ မောတောင် ကြား လမ်းနှင့် ကော့သောင်း-ရနောင်းလမ်းများမှတဆင့် ဝင်ရောက်ခဲ့ကြပြီး၊ မလေးရှားနိုင်ငံသို့လည်း ဒေသခံ လူငယ် အများအပြား ထွက်ခွာ သွားခဲ့ကြသည်။

ပြည်သူတွေကို နှိပ်စက်လျင် ကြံ့ဖွံ့ပါတီဝင်တွေ အရေးယူ ခံရတော့မည်


Bi Weekly Eleven သတင်းဂျာနယ်
၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၂၇) ရက်နေ့ ထုတ်ဝေသော Bi Weekly Eleven သတင်းဂျာနယ် စာမျက်နှာ (၃) တွင် “ပြည်သူများအား အနိုင့်အထက် ပြုကျင့်ခြင်း၊
မောက်မာ စော်ကားခြင်း ပြုလုပ်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များအား ဒဏ်ခတ် အရေးယူမှုများ ရှိလာနိုင်သည်ဟု ပါတီ ဒုတိယ ဥက္ကဌ
သူရရွှေမန်း ပြောကြား“ ဟူသော သတင်း ခေါင်းစဉ်ဖြင့် ဇန်န၀ါရီလ (၂၁) ရက်နေ့က ကျင်းပခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထူး အစည်း
အဝေး အကြောင်း သတင်း ပါရှိသည်။ ၄င်းသတင်း ဖော်ပြချက်နှင့် ပတ်သက်၍ ရန်ကုန်တိုင်း အတွင်းရှိ ပြည်သူအချို့နှင့် လူငယ်အချို့က ယနေ့ ၂၇.၁.၂၀၁၂
ရက်နေ့တွင် Bi Weekly Eleven သတင်းဂျာနယ်၊ စာမျက်နှာ ၃ မူရင်းအတိုင်း မိတ္တူများ ကူးယူလျက် လူထုကြား ဖြန့်ဝေခဲ့ကြောင်းနှင့် နောက်နောင်တွင် ကြံ့ခိုင်း
ရေး ပါတီဝင်များက ပြည်သူများအပေါ် အနိုင့် အထက် ပြုကျင့် စော်ကားလာလျှင် သည်းခံ မနေကြတော့ရန် ဆွေးနွေး ပြောဆိုခဲ့ကြောင်း သတင်း ရရှိသည်။
၎င်းသတင်းတွင် သူရဦးရွှေမန်း ပြောကြားခဲ့သော အမှာစကားကို ဖော်ပြထားရာတွင် “ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင်များ အနေဖြင့် ပြည်သူများ
အား အနိုင့် အထက် ပြုကျင့်ခြင်း၊ မောက်မာ စော်ကားခြင်း၊ စည်းကမ်း ပျက်ခြင်း၊ ပါတီတွင်း ဒီမိုကရေစီ ဖော်ဆောင်မှုကို အနှောက်အယှက် ပြုသူများအား
ပါတီတွင် နေရာရှိမှာ မဟုတ်သကဲ့သို့ ဒဏ်ခတ် အရေးယူမှုများ ရှိလာနိုင်ကြောင်း“ သတိပေးချက် ပါရှိသည်ကို တွေ့ရပါသည်။

ဗိုလ်ချုပ်သရုပ်ဆောင် တစ်လအတွင်း စီစဉ်မည်

ဗိုလ်ချုပ်အောင်ဆန်း သရုပ်ဆောင်ရန် လျှောက်ထားသူ တဦးကိုတွေ့ရစဉ်။ Photo: ပြည်မြန်မာဂျာနယ်
Modern News Journal — ဗိုလ်ချုပ်အတ္ထုပ္ပတ္ထိဇာတ်ကားမှာ ဗိုလ်ချုပ်နေရာကနေ ပါဝင်သရုပ်ဆောင်ဖို့ လျှောက်လွှာလက်ခံရေးကို တစ်လအတွင်းပြု လုပ် မယ်လို့ သိရပါတယ်။
ဒါရိုက်တာကြည်ဖြူရှင်က “ဗိုလ်ချုပ်နဲ့ပတ်သက်ပြီး လျှောက်လွှာတွေလက်ခံတော့မှာပါ ။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ပစ္စည်းတွေ၊ ဓာတ်ပုံတွေရှိရင် လာရောက် လှူလို့ရပါတယ်။ ကော်မတီရုံးခန်းဖွင့်ပြီးတာနဲ့ တစ်လအတွင်းမှာ ဗိုလ်ချုပ်နဲ့တူတဲ့လူ ရွေးချယ်ဖို့ လျှောက်လွှာတွေစတင်လက်ခံတော့မှာပါ” လို့ပြောပြပါတယ်။
ဗိုလ်ချုပ်နေရာမှာ သရုပ်ဆောင်ဖို့ လျှောက်လွှာတင်သူတွေကို တစ်လသတ်မှတ်ပေးထားမှာဖြစ်ပါတယ်။ လျှောက်လွှာကိုရောင်းချမှာမဟုတ်
ဘဲ၊
ဂျာနယ်တို့ သတင်းစာတို့မှာကြေငြာပြီး၊ လျှောက်ချင်တဲ့သူတွေက အဲဒီလျှောက်လွှာပုံစံကို လက်ရေးမူနဲ့ကူးယူပြီး၊ ကော်မတီရုံးခန်းကိုလာရောက်လျှောက် ထားရမှာဖြစ်ပါတယ်။
 
ပန်းမြတ်ဇော်( မော်ဒန်သတင်းဂျာနယ်)

Friday, January 27, 2012

ပိတ်ဆို့အရေးယူမှုအပေါ် အစိုးရအတွင်း အငြင်းပွား

  January 27, 2012


မြန်မာ နိုင်ငံအပေါ် အနောက် နိုင်ငံ များ၏ ပိတ်ဆို့ အရေး ယူမှု၊ ယင်း ပိတ်ဆို့ မှုများ လျှော့ချ၊ ရုပ်သိမ်း ရာတွင် ဒေါ်အောင်ဆန်း စုကြည် ၏ အခန်း ကဏ္ဍ တို့နှင့် ပတ်သက်၍ နေပြည်တော် ထိပ်ပိုင်း ခေါင်းဆောင်များ အတွင်း အပြင်း အထန် ဆွေးနွေး ငြင်းခုန် နေကြကြောင်း နီးစပ်သည့် အသိုင်း အဝန်း များမှ သိရှိ ရသည်။

အမေရိကန် အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်း၏ ခရီးစဉ်မတိုင်မီနှင့် ခရီးစဉ်အပြီး ကာလနှစ်ခုစလုံးတွင် အဖွဲ့ဝင် ၁၁ ဦးပါ အမျိုး သား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (NDSC) အတွင်း အငြင်းပွားမှုများ ပေါ်ပေါက်နေခြင်းဖြစ်သည်။

NDSC တွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတများဖြစ်သော ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောက်ခမ်း၊ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၊ ဒု ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း၊ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ် လှမင်း၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ ပြည်ထဲရေးဝန်ကြီး ဒုဗိုလ်ချုပ်ကြီး ကိုကိုနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်ချုပ် သိန်းဌေးတို့ ပါဝင်သည်။

ယင်းအဖွဲ့က နိုင်ငံတော်၏ ထိပ်တန်းဦးစားပေး ကိစ္စရပ်များ၊ နိုင်ငံတော် လုံခြုံရေး၊ စီးပွားရေးနှင့် ဒီမိုကရေစီ အသွင်ပြောင်းရေး ကိစ္စများ ကို အဆုံးအဖြတ်ပေးသည်။

ပိတ်ဆို့အရေးယူမှုကို ထောက်ခံခဲ့သူ မစ္စတာ မက်ကိန်းက အမေရိကန်၏ ပိတ်ဆို့မှု ရုပ်သိမ်းရေး စဉ်းစားမှုကို လာမည့် ဧပြီ ကြားဖြတ် ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိအထိ စောင့်ကြည့်ရန် မကြာသေးမီက မြန်မာပြည် ခရီးစဉ်အတွင်း ပြောဆိုခဲ့သည်။

“လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်မယ်ဆိုရင် ပိတ်ဆို့မှု ရုပ်သိမ်းရေး တခြားနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ ပြဿနာ မရှိ နိုင်ပါဘူး” ဟု မစ္စတာ မက်ကိန်းက ပြောဆိုခဲ့သည်။

သို့သော် ၎င်းအနေဖြင့် ဒွိဟအနည်းငယ်ရှိနေကြောင်းနှင့် ဖြစ်စဉ်တလျှောက် အပြုသဘောဖြင့် စောင့်ကြည့်ရန် ကြိုးစား သွားမည်ဖြစ် ကြောင်းလည်း ပြောသည်။

သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် အမတ်နေရာ ၄၈ နေရာစလုံး၌ ဝင်ရောက်ယှဉ်ပြိုင်မည့် ကြားဖြတ်ရွေးကောက်ပွဲ၌ နိုင်ငံတကာ လေ့လာစောင့်ကြည့်သူများကို ခွင့်ပြုရန် တိုက်တွန်းခဲ့ကြောင်း၊ သမ္မတ ဦးသိန်းစိန်က တစုံတရာ မှတ်ချက်ပေးခြင်း မရှိကြောင်း ဇန်နဝါရီလ ၂၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မစ္စတာ မက်ကိန်းက ပြောသွားသည်။

မစ္စတာ မက်ကိန်းက ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန်နှင့် နိုင်ငံတကာကြက်ခြေနီအဖွဲ့ကို အကျဉ်းထောင် များသို့ ဝင်ရောက်စစ်ဆေးခွင့်ပြုရန်လည်း သမ္မတ ဦးသိန်းစိန် အစိုးရကို တိုက်တွန်းခဲ့သည်။

“အံ့သြလောက် စရာတွေ ဖြစ်လာဖို့ ကျနော်တို့ မမျှော်လင့် ပါဘူး။ လမ်းကြောင်း မှန်အတိုင်း တိုးတက်ဖြစ် ထွန်းနေ ဖို့ပဲ ကျနော်တို့ မျှော် လင့် ပါတယ်” ဟု မစ္စတာ မက်ကိန်းက သတင်းစာ ရှင်းလင်း ပွဲတွင် ပြောသည်။

မြန်မာ နိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူ မှုများ ဖြေလျှော့ ပေးစေ လိုပြီး တဖြည်းဖြည်း ရုပ်သိမ်း သွားစေ လိုကြောင်း သမ္မတ ဦးသိန်းစိန်က မကြာ သေးမီက ဝါရှင်တန် ပို့စ် သတင်း စာနှင့် တွေ့ဆုံ မေးမြန်း ခန်းတွင် ပြောဆို ခဲ့သည်။

“ပိတ်ဆို့ အရေးယူ မှုတွေ ဆိုတာ အစိုးရကို ထိသွား စေဖို့ ရည်ရွယ် တာပဲ။ တကယ် မှာက ပြည်သူ့ အကျိုး စီးပွား ကိုသာ သွားထိတယ်။ အရင် အစိုးရ အပေါ် ဘာမှ သက်ရောက်မှု မရှိခဲ့ဘူး။ လမ်းပြ မြေပုံ အဆင့်ဆင့် ကြောင့်သာ နိုင်ငံ အတွက် ဒီမိုကရေစီ စနစ်ကို လွှဲပြောင်း ပေးနိုင် ခဲ့တယ်” ဟု သမ္မတ ဦးသိန်းစိန်က ဝါရှင်တန် ပို့စ်သို့ ဖြေကြား သွားသည်။

မစ္စတာ မက်ကိန်း ခရီးစဉ်တွင် လိုက်ပါ လာသူ အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျိုးဇက် လီဘာမန်က ဒေါ်အောင်ဆန်း စုကြည်၏ တုံ့ပြန် မှုသည် မြန်မာ နိုင်ငံနှင့် ပတ်သက်၍ ၎င်းတို့၏ လုပ်ဆောင်ချက် အပေါ် များစွာ အကျိုး သက်ရောက်မှု ရှိနိုင်ကြောင်း၊ သို့သော် ယုံကြည် သောကြောင့် ဒေါ်အောင်ဆန်း စုကြည်ကို အစစ အရာရာ အလုံးစုံ ဆုံးဖြတ်ခွင့် ပေးနေ သည်ဟု မဆို လိုကြောင်း၊ မြန်မာ ပြည်တွင် ပြောင်းလဲ မှုများ ဖြစ်ပေါ် လာသည်ဟု ၎င်းတို့ ယုံကြည်လာ သောအခါ ရလဒ် အနေဖြင့် ပိတ်ဆို့မှု များကို ဖယ်ရှားပြီး မြန်မာ အစိုးရ နှင့် ပိုမို နီးစပ် လာမည်ဖြစ်ကြောင်း ပြောသည်။

ဝါရှင်တန်ပို့စ် သတင်း စာနှင့် တွေ့ဆုံ မေးမြန်း ခန်းတွင် ဒေါ်အောင်ဆန်း စုကြည် ကလည်း အမေရိကန်က ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့ မှုများ ရုပ်သိမ်း ရေးသည် တောင်းဆို ထားသော အချက် အလက်များ ဖြစ်ပေါ်လာလျှင် အလို အလျောက် ရုပ်သိမ်း သွားမည် ဖြစ်ကြောင်း မှတ်ချက် ပေးထား သည်။

“အချိန်ကျတယ်လို့ သူတို့ (အမေရိကန် အစိုးရ) က ယူဆရင် ပိတ်ဆို့အရေးယူမှုတွေ ရုပ်သွားပါလိမ့်မယ်။ ပိတ်ဆို့အရေးယူမှု ဖယ်ရှားဖို့ ဘာတွေလုပ်ဆောင်ပေးဖို့ လိုတယ်ဆိုတာကို အမေရိကန်က သေချာ ရှင်းရှင်းလင်းလင်း ချမှတ်ပြီးသား ဖြစ်ပါတယ်။ ဒီ (သမ္မတ ဦးသိန်း စိန်) အစိုးရအနေနဲ့ ပိတ်ဆို့မှု ရုပ်သိမ်းစေချင်ရင် သူတို့က ကြိုးစားပြီးတော့ လုပ်စရာရှိတာတွေ လုပ်ပြဖို့ လိုပါလိမ့်မယ်” ဟု ဒေါ်အောင် ဆန်းစုကြည်က ပြောသည်။

ယင်းသို့ ဒေါ်အောင်ဆန်း စုကြည်၏ ပြောကြား ချက်ကြောင့် နေပြည်တော်အသိုင်းအဝန်းတွင် သံသယနှင့် စိုးရိမ်မှုများ တိုးမြင့် လာခြင်း ဖြစ်ကြောင်း နေပြည်တော်နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ဆိုသည်။ NDSC အဖွဲ့ဝင်တချို့က အဆိုပါ ပြောဆိုချက်များကို ကိုးကား၍ ဒေါ်အောင်ဆန်းစုကြည်ကို အပြောင်းအလဲမရှိသူ၊ မယုံရသူဟု ဝေဖန်နေပြီး သမ္မတဦးသိန်းစိန်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ယ မန် နှစ် သြဂုတ်လက နေပြည်တော်၌ တွေ့ဆုံခဲ့သည့် အပေါ် ဝေဖန်နေကြောင်း သိရရှိသည်။

ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုမှာမူ အမေရိကန်လောက် မတင်းကျပ်ဘဲ ယခုအခါတွင် ပထမအဆင့်အနေဖြင့် သမ္မတ ဦးသိန်းစိန်နှင့် အစိုးရအဖွဲ့ကို ခရီးသွားလာခွင့် ဖွင့်ပေးခဲ့ပြီးဖြစ်သည်။ ဂျာမနီ၊ ပြင်သစ်တို့ကဲ့သို့သော ဥရောပသမဂ္ဂဝင် နိုင်ငံတချို့သည် မြန်မာ နိုင်ငံ အ ပေါ် ပိတ်ဆို့အရေးယူမှုနှင့်ပတ်သက်၍ သဘောထား ပျော့ပြောင်းသည့် နိုင်ငံများဖြစ်သည်။

နေပြည်တော် အစိုးရအသိုင်းအဝန်းမှလာသော သတင်းများအရ သမ္မတ ဦးသိန်းစိန်အစိုးရသည် ဥရောပသမဂ္ဂ၏ ပိတ်ဆို့အရေးယူမှုများ တဖြည်းဖြည်းမှ ရုပ်သိမ်းနိုင်မည်ဆိုသည့် မူဝါဒသဘောကို နားလည်ကြောင်း၊ သို့သော် ခရီးသွားလာခွင့် ပြန်လည်ဖွင့်ပေးခြင်းသည် ၎င်း တို့ အလိုရှိသော ဦးစားပေး ကိစ္စမျိုး မဟုတ်ကြောင်း၊ မြန်မာပြည်တွင် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မည့်အပေါ် ကန့်သတ်ချက်များ၊ အ နောက် နိုင်ငံ များမှ ငွေလွှဲပြောင်းမှုများအပေါ် ထိန်းချုပ်မှုများကသာ သမ္မတဦးသိန်းစိန်အစိုးရ၏ ဦးစားပေးလိုလားသည့်ကိစ္စဖြစ်ကြောင်း သိရှိရသည်။