အောက်တွင်ဖေါ်ပြပါ သတင်းဓါတ်ပုံ ရိုက်ကူးသူ စိတ်ကူးအလွန်ကောင်းမွန်ကြောင်း ကွန်မင်းများတွင်ရေးသားထားကြောင်းတွေ့ရသဖြင့်ထပ်ဆင့်ဖြန့်ဝေလိုက်ပါတယ်။
မိမိအမြင်ကိုတင်ပြရလျှင် ''မဆလ ''တစ်ပါတီ ဥက္ကဌ ဗိုလ်နေဝင်းလက်ထက်(၁၉၆၂)မှ စ၍ ၁၉၈၈ အထိပြည်သူလူထုတရပ်လုံးကို အကြိမ်ကြိမ် စစ်တပ်အာဏာဖြင့် လက်နက်အားကို နှိမ်နင်းသတ်ဖြတ်ခဲ့သည့် ဖြစ်ရပ်များကို အချိန်ဆွဲ ပြေလျှော့အောင် ၄င်းသမတ သက်တမ်းကို၊သူ၏လူ့သက်တမ်း ကုန်ဆုံးသည်အထိ အချိန်ဆွဲနေသွားနိုင်ရန် ကာကွယ်ရေးဦးစီးချုပ်မှကာကွယ်စောက်ရှောက်ပေးခဲ့သည်။ သေဆုံးခါနီးဆဲဆဲလောက်မှသာ အရေးယူ
သလိုမိသားစုကိုအားလုံးအပြစ်ပေးသလို သိသိသာသာမဟုတ်သော သတင်းမျိုးထုတ်ပြန်ခဲ့တယ်။
အရှင်းပြောရလျှင် ပြည်သူလူထုကို အနိုင်ကျင့်အုပ်ချုပ်ခြင်းအပေါ် ဦးနေဝင်းအားအရေးယူဆောင်ရွက်ခြင်းမျိုးမဟုတ်ပဲ စစ်အုပ်စု အတွင်းနေရာရလိုမှု့မျိုးများကြောင့်သာမိသားစုအသိုင်းအဝန်းကိုဖယ်ရှားခြင်းမျိုးဖြစ်တယ်။
နောက်ဆက်လက်ပြီး သန်းရွှေက စစ်တပ်အာဏာသိမ်းတိုင်းပြည်ကို အုပ်ချုပ်တယ် ပြည်သူလူထုသာမက
ရဟန်း၊သံဃာများပါ မချန်ရိုက်နှက် သတ်ဖြတ်၊ ဘုန်းကြီးကျောင်းများကို ဖျက်ဆီးရိုက်ဖျက်၊ အကျမ်းဖက်မှု့များ ကို ဗြောင်လုပ် ဗြောင်လိမ်။ဗြောင်ခိုး လုပ်ပြီး။ယခု သေခါနီး မှာမသိမသာ လက်ရှောင်
ပေးပြီး နောက်စစ်တပ်အသိုင်းအဝိုင်း မှ သိန်းစိန်သမတမှ တိုင်းပြည်တိုးတက်ရေး၊ပြည်သူများ ဆင်းရဲ၊ငတ်မှု့များ၊ အလုပ်လက်မဲ့နှင့် ဝင်ငွေ မမျှတမှု့များ။တိုင်းပြည်တည်ဆောက်ရေးများ လုပ်ပေးလိုခြင်းထက် တိုင်းပြည်ဦးဆောင်စီးပွားရေးလုပ်ငန်းကြီးများကို လုပ်ဆောင်နေသော နိုင်ငံတော် အသိုင်းအဝိုင်း စစ်ဦးစီးချုပ် များအသိုင်းအဝိုင်းများနှင့် ဆက်နွယ်နေသော စီးပွားရေး ရင်းနှီးမြှုတ်နှံနေသူများ၏ လုပ်ကွက်များ ရင်းနှီးငွေများ ခက်ခဲလာခြင်းကြောင့် အတိုက်အခံများ၊ ပြည်သူခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် လက်တွဲဆောင်ရွက်မှု့များလုပ်ဆောင်လာရသည်။ တွေ့ဆုံမှု့တွေ လုပ်လာရသည်။နောက်ဆက်တွဲများက အပြန်အလှန်ဆွေးနွေးဆောင်ရွက် မှု့များ၊အပေးအယူများရှိလာကာ နိုင်ငံရေးအကျဉ်းသားများပြန်လည်လွတ်မြောက်လာရသလို၊ပြည်ပ အသိုင်းအဝိုင်း ဝင်ထွက်မှု့များကို လည်းခွင့်ပြုလာရသည်။တွေ့ဆုံမေးမြန်းမှု့များကို လက်ခံလာရသည်။
ယခု အချိန်အခါသည် စီးပွားရေးအခြေအနေလုပ်ပိုင်ခွင့်များနှင့်ပြည်ပထောက်ပံ့ကူညီမှု့များပြန်လည်ရရှိလာ
ရေးအဓိကဖြစ်လို။မကြာခင် အလှည့်ကြ အာစီယံဥက္ကဌ နေရာရေးနှင့် ဒေသတွင်း မှာလူရာဝင်လာရေးအတွက်ပြန်လည်လုပ်ဆောင်ရန်လိုအပ်နေသည်။ ထိုသို့လုပ်ပြသွားယင်းအချိန်အတိုင်းအတာလည်းတစစကုန်ဆုံးသွားမည်။တိုင်းပြည်လည်းအထိုက်အလျှောက်တိုးတက်လာသယောင်
ယောင်ရှိလာမည်။ ပြည်ပနိုင်ငံများအမြင်မှာလည်းမြန်မာပြည်ပြုပြင်ပြောင်းလဲမှု့လမ်းကြောင်းပေါ်ရောက်နေပြီ
လို့မြင်မယ်။
အမှန်တကယ်တိုးတက်လာခြင်းဟုတော့မမြင်ပါ။(ဘာကြောင့်လည်း၊တိုင်းပြည်မှ သဘာဝရင်းမြစ်များကိုရောင်းစား၊ပစ္စည်းပေးပြီးကိုယ်တိုင်မလုပ်တတ်တာများကိုဝယ်ယူနေသောကြောင့်ပါ။)
ပေးစရာမရှိတဲ့တနေ့ ပိုလို့ပိုလို့ဆင်းရဲတွင်းနက်လာဖို့ပဲရှိပါတယ်။အဲလိုအချိန်တွေကြားမှာ ပြည်သူတွေအပေါ်ဆိုးညစ်ခဲ့တဲ့ မင်းးဆိုးမင်းယုတ်များကို တရားဝင်ပြည်သူများအတွက်အရေးယူဆောင်ရွက်ပေးခြင်းမျိုးရရှိနိုင်ပါ့မလား။
ဒီလိုယုတ်မာခဲ့တဲ့လူမဆန်ခဲ့တဲ့ စစ်ခေါင်းဆောင်သန်းရွှေလက်ထက် တည်ထောင်ထားတဲ့ အောက်ပါခွေးခြသေ့င်္အဖွဲ့အားဖျက်သိမ်းသင့်ပါပြီ။
မဖျက်သိမ်းဘူးဆိုယင်ပြည်သူလူထုနဲ့ သဟဇာတမဖြစ်ပဲ၊ဘေးရောက်ကာ
အဆိုပါဓါတ်ပုံပါခွေး အိုကြီးကိုတော့အားနာပါတယ်။ကြံဖွံလည်းမကြာခင် အဲဒီခွေးအိုလို ခွေးမှိုင်မှိုင်ရတဲ့အဖြစ်ကိုကြုံရပါလိမ့်မယ်။(ပြည်သူ့အော်သံ)
ကြားဖြတ်ရွေးကောက်ပွဲတွင် ရန်ကုန်မြို့အတွက် ၆ နေရာ
ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စုကြံ့ခိုင်ရေး နှင့်
ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကပြောသည်။
ကော့မှုးမြို့နယ်အတွက် ဒေါက်တာ စိုးမင်း ၊ မင်္ဂလာတောင်ညွန့် မြို့နယ် အတွက် ဒေါ်လဲ့လဲ့အေး ၊ သုံးခွမြို့နယ်အတွက် ဦးအောင်ကျော်မင်း၊ လှည်းကူးမြို့နယ်အတွက် ဒေါက်တာ အောင်မြတ်သူ၊ မရမ်းကုန်းမြို့နယ်အတွက် ဦးရဲထွဋ် နှင့် ဒဂုံမြို့ သစ်ဆိပ် ကမ်းမြို့နယ်အတွက် ဦးအောင်ဝင်းတို့ကို ဝင်ရောက်ယှဉ်ပြိုင်စေမည် ဖြစ်ကြောင်း ဇန်နဝါရီ ၂၆ ရက်နေ့က ပြုလုပ်သည့် ပထမအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန် အစည်းအဝေး၌ ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ဗဟို အလုပ်အမှုဆောင် ဦးအောင်သိန်းလင်းကပြောသည်။
ရန်ကုန်တိုင်းမ်

![]() |
ဓါတ်ပုံ-Google Images |

No comments:
Post a Comment
wwwwnyinyi@gmail.com