မြန်မာနိုင်ငံဆိုင်ရာ
ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်အိုဟေး ကင်တာနားနှင့် ၈၈
မျိုးဆက်ကျောင်းအဖွဲ့နှင့်ပတ်သက်ပြီး လက်ရှိဖြစ်ပေါ်ပြောင်းလဲမှု့များကို
လေ့လာပြီး ၄င်း တို့၏ သဘောထားအမြင်များအား သက်ဆိုင်ရာသို့ အစီရင်ခံရမည်
ဖြစ်ကြောင်း သိရှိရသည်။

“နောက်ဆုံးကျန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသားတွေအားလုံး
လွတ်မြောက်ဖို့ရယ် ပြည်တွင်းငြိမ်းချမ်းရေး အာမခံချက်ရဖို့ ပြည်တွင်းမှာ
ပြင်ဆင် ပြောင်းလဲရမယ့် ဥပဒေတွေရယ် သတင်း မီဒီယာလွတ်လပ်ခွင့်
ကျောင်းသားသမဂ္ဂ ကိစ္စတွေကို ပြောဖြစ်ခဲ့တယ်” ဟု ကိုမင်းကိုနိုင်မှ ပြောသည်။
အဆိုပါ
တွေဆုံမှု့တွင် ကျန်ရှိနေသော နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေး၊
ပြည်တွင်းငြိမ်းချမ်းရေး အတွက် အာမခံချက်ရရေး၊ ပြည်တွင်း၌ ပြင်ဆင်
ပြောင်းလဲရမည့် ဥပဒေရေး၊ သတင်းမီဒီယာလွတ်လပ်ခွင့် နှင့်
ကျောင်းသားသမဂ္ဂကိစ္စများကို ဆွေးနွေးခဲ့ကြောင်း ၈၈မျိုးဆက်ကျောင်းသားများ
ထံမှ သိရှိရသည်။
“မြန်မာနိုင်ငံ
ပြုပြင်ပြောင်းလဲရေးအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်း တွေရဲ့
စိုးရိမ်ချက်တွေကို လျှော့ပေါ့ပြီးတော့ အမြန်ဆုံးပြုပြင်ပြောင်းလဲနိုင်ဖို့
လိုပါတယ်။ နိုင်ငံတကာနဲ့ ပူးပေါင်းရွက်မယ် ဆိုရင် မစ္စတာ
ကင်တာနားရဲ့ထင်မြင်ချက် ယူဆချက်တွေ တင်ပြချက်တွေကအရေး ပါပါတယ်”ဟု မစ္စတာ
ကင်တာနားနှင့် ပတ်သတ်၍ ကိုဋ္ဌေးကြွယ်မှ သူ၏အမြင်ကို ပြောခဲ့သည်။
မစ္စတာ
ကင်တာနားသည် မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးအတွက်
ဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံသို့ (၅)ကြိမ်မြောက်
ခရီးစဉ်ဖြစ်ကြောင်းသိရှိရသည်။
၈၈မျိုးဆက်ကျောင်သားများနှင့်
မတွေ့ဆုံမှီ မစ္စတာ ကင်တာနားသည် ဒေါ်အောင်ဆန်းစုကြည် နှင့် ညနေ ၄း၃၀ နာရီ
အချိန်တွင်တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
အောင်ကိုကိုလတ်၊ ထွန်းနေအောင်(ရွှေမြစ်မခ)
No comments:
Post a Comment
wwwwnyinyi@gmail.com