February 8, 2012 by ဒီဗွီဘီ

စီအိုင်အေ
ညွှန်ကြားရေးမှူး အကြီးအကဲက မြန်မာနိုင်ငံကို
သွားရောက်လည်ပတ်နိုင်ဖွယ်ရှိတဲ့ အကြောင်းကို တနင်္လာနေ့က
တွေ့ဆုံရာမှာ ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး
ဆူရာပေါင် တိုဝီချပ်ချိုင်းကူးက ထိုင်းသတင်းဌာနတွေကို ပြောပါတယ်။
စီအိုင်အေ အကြီးအကဲ မစ္စတာပီထရပ်စ်ကလည်း မြန်မာနိုင်ငံ သွားမှာသေချာတဲ့အကြောင်း ပြောကြားခဲ့တယ်လို့လည်း သူက ဆိုပါတယ်။
အလားတူ
ဘန်ကောက်မှာရှိတဲ့ အမေရိကန် အရာရှိတွေကလည်း မစ္စတာ ပီထရပ်စ်ကို
နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်က ယခုနှစ် နှောင်းပိုင်းမှာ
မြန်မာပြည်ကို သွားရောက်လည်ပတ်ဖို့ ပြောဆိုခဲ့တယ်လို့လည်း သတင်းမှာ
အတည်ပြု ပြောကြားခဲ့ပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com