
ကချင်ပြည် နယ်မှာ ထိုးစစ် ဆင်နေတဲ့ အစိုးရ တပ်တွေ အရင် နေရာ တွေမှာပဲ ရှိနေ တယ်လို့ ကချင် လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)က ဒုတိယ စစ်ဦး စီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က ပြောပါတယ်။
“ကချင်ပြည် နယ်ကနေ ဆုတ်သွား တာတော့ မရှိ သးဘူးဗျ။ အဲဒါက သတင်း မှားတာပဲ ဖြစ်ပါ လိမ့်မယ်။ ထိုးစစ် ဆင်နေတဲ့ အစိုးရ တပ် တွေက အရင် နေရာ မှာပဲ အကုန်ရှိ နေတုန်း ပါပဲ။ ဆုတ် သွားတာ မရှိ သေးပါဘူး။ ၉၉ က နည်းဗျူဟာ တခုက အစ ကတည်းက ပြန်ဖို့ လုပ်နေ တာလေ။ အရင် သူတို့ လဲတဲ့ တပ်တွေ ရှိနေပြီး သားဆိုတော့ အရင်က ၉၉ တပ်တွေ ပြန်သွား တာပဲ ရှိတယ်။ တခြား သီးသန့်ပြန် သွားတဲ့ တပ်တွေ မရှိ သေးဘူး။”
ကေအိုင်အေနဲ့ အစိုးရကိုယ်စားလှယ်တွေကလည်း လာမယ့် ၁၀ ရက်နေ့ တွေ့ဆုံဖို့ ရှိပေမယ့် တိကျတဲ့ရက်နဲ့ နေရာကို ညှိနှိုင်းနေဆဲ ဖြစ်တယ်လို့လည်း သူက ရှင်းပြပါတယ်။
“၁၀ ရက်နေ့မှာ စပြီး တွေ့ကြဖို့ အချင်းချင်း အပြန်အလှန် ရက်ကို ညှိနေတုန်းပါပဲ။ ၁၀ ရက်နေ့မှာ စတွေ့ဖို့ တိုင်ပင်နေကြပါတယ်။ ဒီတ ခါတော့ ပြည်တွင်းနေရာမှာ ဖြစ်ပါလိမ့်မယ်။ နေရာကိုလည်း ကျနော်တို့ ညှိနှိုင်းနေဆဲပါပဲ။ ပြည်တွင်းဘက်မှာ တွေ့ဖို့ ကျနော်တို့ ဘက်က နေ ဘယ်နေရာမှာ တွေ့ချင်တယ် ဆိုတာကို အဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ ဦးအောင်သောင်းဆီကို စာနဲ့ တင်ပြထားတာ ရှိပါတယ်။”
ကချင်မှာ တိုက်ပွဲတွေ နည်းပါးသွားပေမယ့် အစိုးရတပ်တွေက အမြဲတမ်း ပုံမှန် လှုပ်ရှားနေတယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ရိက္ခာ ထောက်တွေ၊ ကားတွေကတော့ ပုံမှန်ရောက်နေတာတွေလည်း တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကချင်ပြည် နယ်မှာ ဇွန်လ ကတည်းက အစိုးရ တပ်နဲ့ ကေအိုင်အေ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာကြောင့် ဒုက္ခသည် ၇ သောင်းလောက် တရုတ် - မြန်မာနယ်စပ်တွေမှာ ခိုလှုံနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com