မကြာသေးခင်က ပြည်ခိုင်ဖြိုးအသင်းဝင်ဟောင်းများက ပြည်ထဲရေးဝန်ကြီးဌာန၏မြို့ပြဥပဒေကြောင့်စွမ်းအားရှင်အမည်တပ်ခံရကာ
ပြည်သူလူထုကြားတွင်ဆက်ဆံရေးနစ်နာဆုံးရသည်ဟုအသံကောင်းဟစ်ကာကြံ့ဖွံ့ ဒုဥက္ကဌသူရရွှေမန်းထံစာပေးပို့ခဲ့ကြောင်းသိရပါတယ်။
ကြံ့ဖွံ့ပဲခေါ်ခေါ်စွမ်းအားရှင်ပဲပြောင်းပြောင်း ပြည်သူ့ချဉ်ဖတ်ဟာပြည်သူ့ချဉ်ဖတ်ပါပဲ။ဘာကြောင့်ဒီလိုဖြစ်ရသလဲ။
ကိုယ့်ဟာကိုယ်သုံးသပ်ဖို့လိုပါတယ်။ပြည်သူလူထုဟာ ဆင်းရဲကျပ်တည်းလာမှု့တွေ၊ လိုအပ်ချက်တွေကို ထုတ်ဖော်ပြောဆိုပိုင်ခွင့်ရှိသင့်တယ်။ထိုပြောဆိုခွင့်တွေကို သက်ဆိုင်ရာဌာနတွေကို ယခင်ကရောယခုရောတင်ပြတောင်းဆိုတယ်။ ဥပမာ။ ။ မိမိအိမ် လျှပ်စစ်မီးဝါတွေဟောင်နွမ်းနေတယ်။သက်ဆိုင်ရာ ရပ်ကွက်၊မြို့နယ်တွေကို စာရေးတင်ပြတယ်။ရပ်ကွက်တွင်းရေမလာ၊မီးမလာ တင်ပြတောင်းဆိုတယ်။ နှစ်တွေသာပြောင်းအချိန်တွေကုန်သွားတယ် ဘာမှဖြစ်မလာဘူး။စားသောက်ကုန်ဈေးနှုံးတွေ တက်လာတယ်။အခြေခံလစာတွေနဲ့ဘယ်လိုမှမလုံလောက်ဘူး။ကုန်ဈေးနှုံးကျဆင်းရေးတင်ပြတယ်။ဘာမှဖြစ်မလာဘူး။ကြာတော့ပြည်သူလူထုက ဘယ်သူကိုအဖေခေါ်ရမှန်းမသိတော့ လမ်းမပေါ်ထွက်အော်လာရတယ်။ဒါကိုထွက်အော်ရကောင်းလား ဆိုဖမ်းဆီးရိုက်နှက်တယ်။ အာဏာပိုင်အဖွဲ့အစည်းဝတ်စုံနဲ့၊ ရဲဝတ်စုံ ဆိုယင်ရဲအပြစ်ဖြစ်မှာစိုးတော့ ဘာကောင်မှန်းမသိတဲ့ကောင်တွေကို လွယ်အိတ်တလုံးပေး၊ထမင်းတနပ်ကြွေးခိုင်းတယ်။၊ထောက်လှမ်းရေးယောင်ယောင်၊ နယ်ထိမ်းရဲယောင်ယောင် လုပ်တယ်။ပြည်သူတွေကို ဟောက်စားလုပ်တယ်။အကြမ်းဖက်တယ်။နောက်တော့ အခြေအနေတွေဆိုးသထက်ဆိုးလာတယ်။လုပ်လို့ရမလားလို့လုပ်ခဲ့တယ်။ အခုနောက်ဆုံးလုပ်လို့မရမှန်းသိတော့ ပြည်သူလူထုကို လိမ်ဖို့ကြိုးစားနေပြန်ပြီ။လူမှု့ရေးလုပ်ငန်းတွေနဲ့ တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်းတွေကို အားတက်သရောလုပ်ခဲ့ပါတယ်တဲ့။မရှက်မကြောက်နဲ့ ရီစရာပြော၊တတ်လည်းတတ်နိုင်ပါပေတယ်။ပြည်ထဲရေးဝန်ကြီးဌာနက အထင်လွဲအောင်လုပ်ခဲ့တာပါတဲ့။စွမ်းအားရှင်အမည်ပြောင်းလိုက်လို့ ပြည်သူကအထင်လွဲမှားရပါတယ်။ပြည်သူကိုနားလှည့်ပါးရိုက်လုပ်ဖို့ ကြိုးစားနေပြန်ပြီ။အမှားကိုအမှားပြည်သူကို ဝန်ခံဖို့မကြိုးစား။ပြည်သူကိုတောင်းပန်ဖို့မစဉ်းစား။အပြစ်အကြွေးတွေကိုချွေးနဲ့ပြန်ဆပ်မယ်ဆိုတာမျိုးတွေ မရှိတဲ့ သာယာကူးတွေ၊စိတ်ဓါတ်တွေပြောင်းလည်းဖို့လိုအပ်ပြီ။ဒါတွေကိုမပြုပြင်သေးသ၍ လူ့အသိုင်းအဝိုင်းအပြင်ကိုရောက်နေရအုန်းမှာပဲ။အပြစ်တွေလည်းကြေနိုင်မယ်မထင်ဘူး။
စွမ်းအားရှင် စာရင်း ရှင်းမယ်

ပြည်ထောင်စုကြံ့ခိုင်ရေး
နှင့် ဖွ့ံဖြိုးရေးပါတီ အဖွဲ့ ဝင်ဟောင်းများကနေ သူရဦးရွှေမန်းသို
့”စွမ်းအားရှင်” ကိစ္စဖြေရှင်းရန် စာပေးပို့ ။
သို့ 
သူရဦးရွှေမန်း
ဒုတိယဥက္ကဌ
ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွ့ံဖြိုးရေးပါတီ
နေပြည်တော်၊ ဌာနချုပ် ။
ရက်စွဲ ။ ၂၀၁၂ ခုနှစ် ၊ ဇန္န၀ါရီလ ၊ ( ၁၅ ) ရက်။
အကြောင်းအရာ။ ။ စွမ်းအားရှင်ဟု ပြည်သူလူထု အမြင်လွဲမှားအောင် ဆောင်ရွက်ထားမှုအား ဖြေရှင်းပေးရန်။
၁။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ ဖြိုးရေးအသင်း လက်ထက်ကတည်းက
လူမှုရေးလုပ်ငန်းများ နှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများကို
အားတက်သရော ဆောင်ရွက်ခဲ့ကြသည့် လူငယ်များမှ ပြည်ထဲရေးဝန်ကြီးဌာန၏ မြို့ 
ပြဥပဒေကြောင့် “စွမ်းအားရှင်” အမည်တပ်ခံရပြီး လူမှုပတ်ဝန်းကျင်
ပေါင်းသင်းဆက်ဆံရေးတွင် နစ်နာဆုံးရှုံးနေမှုများအား ဖြေရှင်းပေးရန်
တောင်းဆိုလိုက်သည်။
၂။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ အရေးအခင်းတွင် မြို့ ပြဥပဒေအရ ဒေသဆိုင်ရာ
အာဏာပိုင် (တိုင်း/ခရိုင်/မြို့ နယ်) များက ဒေသအတွင်းရှိ မည်သူ့ ကို မဆို
စွမ်းအားရှင်အဖြစ် ခေါ်ယူအသုံးပြုနိုင်သည်ဟု ပြဌာန်းချက်ပါအတိုင်း
ဆောင်ရွက်ရာတွင် အစိုးရ၀န်ထမ်းများက ပြည်ထဲရေးဝန်ကြီးဌာန၏ အမိန့် အရ
ဆောင်ရွက်သည်ကို ဖုံးကွယ်နိုင်ရန်အတွက် ပြည်ခိုင်ဖြိုး အသင်းဝင်များကို
စွမ်းအားရှင်များဟု ၀ါဒဖြန့် ခဲ့ကြသည်။
၃။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့ နယ် အသီးသီးမှ ပြည်ခိုင်ဖြိုး
အသင်းဝင် လူငယ်များကလည်း ငါတော့ မဟုတ်ဘူး / သူ့ မြို့ နယ်
ဟုတ်နိုးနိုးများဖြင့် ဖြေရှင်းခြင်း မရှိခဲ့ကြပဲ ပြည်သူလူထုစွပ်စွဲသော
ဘုန်းကြီးရိုက်တယ်/ သံဃာရိုက်တယ် ပြောဆိုမှုများကို ရေငုံနုတ်ပိတ်
နေထိုင်ခဲ့ကြသည်။
၎။
ဗိုလ်ချုပ်အောင်ဆန်းသမိုင်းအကြောင်း ဖြန့် ဝေသည့် ဗီစီဒီအခွေများတွင်၂၀၀၇
ခုနှစ် စက်တင်ဘာအရေးအခင်း နှိမ်နင်းမှုပြကွက်များမှ ဘုန်းကြီး/သံဃာကို
ရိုက်သည်ဆိုသော ပြကွက်များတွင် ပြည်ခိုင်ဖြိုး တစ်ဦးတစ်ယောက်ကိုမျှ မတွေ
့ရပဲ စစ်သား/ ရဲ / ဆိုသည်များကို သာတွေ့ ရသည့်အတွက် ပြည်ခိုင်ဖြိုး
လူငယ်များ စွပ်စွဲခံနေရသည့် သံဃာရိုက်/ ဘုန်းကြီး ရိုက် သူများ
မဟုတ်ကြောင်း သက်သေခံလျှက်ရှိပါသည်။
၅။
၂၀၀၇ ခုနှစ်၊ စက်တင်ဘာအရေးအခင်းကာလတွင် ပြည်ထဲရေးဝန်ကြီးအဖြစ်
တာဝန်ထမ်းဆောင်ခဲ့ပြီး၊ လက်ရှိ ပြည်ခိုင်ဖြိုးပါတီတွင်
ဗဟိုအလုပ်အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်နေသူ ဦးမောင်ဦးမှ မြို့ ပြအက်ဥပဒေအရ
“စွမ်းအားရှင်” လူတန်းစား သတ်မှတ်ချက်ကို
ဖေါ်ထုတ်ပြောကြားပေးနိုင်ပါရန်နှင့် ပြည်ခိုင်ဖြိုးအသင်းတွင်
တာဝန်မရှိခဲ့ကြောင်း သက်သေထူပေးစေလိုပါသည်။
၆။
ယင်းသို့ သက်သေထူပြောဆိုပေးခြင်းများမရှိပါက ၁၉၉၆ ခုနှစ်က
ပြည်ခိုင်ဖြိုးအသင်း အတွင်းရေးမှူးများမှ တစ်ဆင့် အနိုင်ကျင့် အမိန့် ပေး
အကြပ်ကိုင် စေခိုင်းခဲ့မှုများကို ဆက်လက်ဖေါ်ထုတ်သွားမည်။
ပြည်ခိုင်ဖြိုးအသင်းဝင်ဟောင်းများ
ရန်ကုန်တိုင်းဒေသကြီး






No comments:
Post a Comment
wwwwnyinyi@gmail.com