Saturday, February 18, 2012

ထိုင်း မီဒီယာကုမ္ပဏီ MRTV-4 ရုပ်သံ ရှယ်ယာ ထက်ဝက်နီးပါးဝယ်ယူ

by The Voice Weekly on Friday, 17 February 2012 at 20:00 ·
ထိုင်းနိုင်ငံ၏ ထိပ်တန်း မီဒီယာ ကုမ္ပဏီ တစ်ခုဖြစ်သည့် BEC-Tero သည် MRTV-4 ၏ ရုပ်မြင်သံကြားအစီအစဉ်၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ၀ယ်ယူလိုက်ပြီဖြစ်ကြောင်း Bangkok Post သတင်း အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်။
ကျန်ရှိသော ရှယ်ယာများကို MRTV-4 မှ ပိုင်ဆိုင်မည်ဖြစ်ပြီး ယခုနှစ်အတွင်း အမေရိကန်ဒေါ်လာ ၉၇ သန်းအထိ ၀င်ငွေရရှိနိုင်ရန် BEC-Tero ကမျှော်မှန်းထားကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။
ရှယ်ယာကိစ္စကို အတည်ပြုပြောဆိုနိုင်ခြင်းမရှိသေးသော်လည်း MRTV-4 မှထုတ်လွှင့်မည့် Channel-7 အတွက် ရုပ်သံအစီအစဉ်များကို လာရောက်ရိုက်ကူးပေးမည်ဖြစ်ကြောင်း  MRTV-4 ရုံးချုပ် မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက The Voice Weekly  ကိုပြောကြားသည်။
 “MRTV-4 ရဲ့  Channel-7 အတွက် Program တွေကို BEC-Tero က နေလာရိုက်ပေးမှာပါ” ဟု ၄င်းကဆက်လက်ပြောဆိုသည်။
BEC-Tero သည် ယခုနှစ် ဧပြီလ လယ်ပိုင်း တွင် အထက်ပါအစီအစဉ်များ စတင်ပြီး ရိုက်ကူးမည်ဟု ခန့်မှန်းထား ပြီး ယင်း Channel-7 အတွက် မေတ္တာဖွဲ့ဇာတ်လမ်းများ၊ မနက်ပိုင်းသတင်းအစီစဉ်များ စသည်တို့ကို BEC-Tero က ဦးစီးပြီး ရိုက်ကူးပေးသွားမည်ဖြစ်ကြောင်း Bangkok Posts သတင်း၏ ဖော်ပြချက်အရ သိရသည်။
 အဆိုပါ BEC-Tero မှ မြန်မာနိုင်ငံအတွင်း J-Rock Band L’Arc-en-Ciel, Elton John , Jason Mraz , Earth , Wind & Fire နှင့် Titanic ပြခန်းများ စသည့် တို့ကိုပါ တင်ဆက်သွားမည်ဖြစ်သည်။
Forever Group ကုမ္ပဏီ သည် နိုင်ငံအတွင်း တွင် MRTV-4, For Channel စသည်တို့ကို ထုတ်လွှင့်လျက်ရှိသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com