Saturday, March 31, 2012

ဧရာဝတီမြစ်ဆုံစီမံကိန်းအမှန်တကယ် ရပ်တန့်ပါပြီလော.။

နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်လွှတ်တော်သို့ ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းရန် အချက်(၁၀)ပါရှိသော သဏ်လွှာကိုအောက်ပါအတိုင်းစာအမှတ်နေ့စွဲဖြင့်ပေးပို့ခဲ့သည်။

( ပြည်ထောင်စုသမ္မတနိုင်ငံတော် နိုင်ငံတော်သမ္မတရုံး စာအမှတ်  ၁၅၁(၂)/၈/၃ဖြင့် လွှတ်တော်သို့ ပေးပို့ခဲ့သည့် (၂၉-၉-၂၀၁၁)နေ့စွဲပါ  နိုင်ငံတော်သမ္မတ၏ အချက် (၁၀) ချက်........)
သို့သော်ယနေ့ထိတိုင် ဧရာဝတီ မြစ်ဆုံ ဆည်စီမံကိန်းနှင့်ပတ်သက်နောက်ဆက်တွဲသတင်းများသေချာစွာ
အစိုးရအဖွဲ့အစည်းများမှ ဆက်လက်ထုတ်ပြန်ကြေငြာခြင်းမရှိချေ။ သတင်းမီဒီယာများတွင်လည်းရေးသားဖေါ်ပြခြင်းမရှိချေ။  လောလောဆယ်အများ၏ အာရုံသည်
      ဧပြီလတွင်ကျင်းပမည့်ကြားဖြတ်ရွေးကောက်ပွဲ နှင့်ပတ်သက်သောလှုပ်ရှားမှု့များတွင် အာရုံစိုက်နေကြရသည်။
ရွေးကောက်ပွဲတွင်လည်း ပြည်သူများအနေနှင့် သတိလက်လွတ်လို့မရ၊ တိုင်းပြည်သည် အဖက်ဖက်မှ စိတ်ချရသောအခြေအနေများမရှိသေးချေ။
  

သတင်း အချက်အလက်များကို စုဆောင်းနေကြသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ
၈၈ မျိုးဆက်ကျောင်းသားများရဲ့ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး ကွန်ယက်က ဧပြီလ ၁ ရက်နေ့မှာ ကျင်းပတော့မယ့် ကြားဖြတ်ရွေးကောက်ပွဲကိုအာရုံစိုက်နေကြရသည်။
  ထိုသို့အများကကြားဖြတ်ရွေးကောက်ပွဲ တွင်အာရုံရောက်နေစဉ် ဧရာဝတီမြစ်ဆုံ စီမံကိန်းသည် ဆက်လက်လုပ်ဆောင်နေသော သတင်းအထောက်အထားတချို့ထွက်ပေါ်နေလျှက်ရှိသည်။
ထိုကြောင့် ဧရာဝတီမြစ်ဆုံနှင့်ပတ်သက်သော၊ခိုင်လုံသောအစိုးရသတင်းထုတ်ပြန်ချက်များကို   ပြည်သူများအနေနှင့် သတိလက်မလွတ်စေရန်နှင့်ယခုလ (မတ်)အတွင်း ဧရာဝတီမြစ်ဆုံစီမံကိန်းလှုပ်ရှားနေမှု့  သတင်းဓါတ်ပုံများဖေါ်ပြထားသည့်သတင်းအား link လုပ်၍ဖေါ်ပြလိုက်ပါတယ်။မတ်လအတွင်းဧရာဝတီမြစ်ဆုံစီမံကိန်းလှုပ်ရှားမှု့များ (ကလစ်နှိပ်ပါ)

No comments:

Post a Comment

wwwwnyinyi@gmail.com