Tuesday, March 20, 2012

ခလေးစစ်သားများသွေးဆောင်လှည့်ဖျား စုဆောင်းနေဆဲ

 

ခလေးစစ်သားတွေ လက်ခံနေဆဲ မြန်မာစစ်တပ်

ခလေးစစ်သား မောင်အောင်မျိုးဦး၏ မိခင်
ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ်က အသက် ၁၅ နှစ်အရွယ်ရှိတဲ့ မောင်အောင်မျိုးဦးဟာ ရေစကြို စစ်သား စုစောင်းရေးတပ်မှာ ခလေးစစ်သား အဖြစ် စုစောင်းခံ ခဲ့ရပါတယ်။ ဧရာဝတီတိုင်း ကန်ကြီးတောင်မြို့နယ်
ပေပင်လေး ကျေးရွာအုပ်စုက မောင်အောင်မျိုးဦးဟာ မန္တလေးတိုင်း အမရပူရမြို့ ဆည်တဲရပ်ကွက်မှာ အလုပ်သွားရောက်လုပ်ကိုင်ရင်း သူအလုပ်လုပ်တဲ့ နေရာက မောင်တင်နိုင်နဲ့ မောင်သန်းနိုင်ဝင်းက
ငွေကျပ် ၃၀၀၀၀ ဆန် ၈ ပြည်နဲ့ စစ်သား စုစောင်းရေးတပ်ထဲကို ပို့လိုက်တာပါ။ အမှတ် (၈) စစ်အခြေခံ လေ့ကျင့်ရေးတပ် အမှတ် (၃) တပ်ခွဲမှာ သင်တန်းဆင်းနေတဲ့ မောင်အောင်မျိုးဦးဟာ စစ်ထဲမှာ
မနေချင်တော့တာကြောင့် တပ်ထဲက ထွက်ပြေးလာခဲ့ပေမယ့် တပ်က လာရောက်ဖမ်းဆီးပြီး စစ်အကျဉ်းထောင်မှာ ထောင်ဒဏ် ၆ လ ကျခံခဲ့ ရပါတယ်။ အခုလည်း တပ်ထဲမှာ မနေချင်ကြောင်း သူ့၏
မိဘတွေကို ပြောခဲ့တယ်လို့ သူ့ရဲ့မိခင်က Burma VJ Media ကို ပြောပါတယ်။
ဗီဒီယိုဖိုင်ကို အောက်တွင်ကြည့်နိုင်ပါသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com