Tuesday, March 20, 2012

နိုင်ငံ တကာ အဆင့်မီ အိမ်နှင့်ရုံး Tower နှစ်ခု ပေါ်ထွက်လာမည်

15 Mar 2012  |
 နိုင်ငံတကာအဆင့်မီ အိမ်နှင့်ရုံး Tower နှစ်ခု ပေါ်ထွက်လာမည်ရန်ကုန်မြို့၊ အနော်ရထာလမ်းနှင့် ဆူးလေ ဘုရား လမ်းထောင့် နှစ်နေရာ တွင် နိုင်ငံတကာအဆင့်မီ Resident နှင့် Office Tower နှစ်ခု ပေါ်ထွက် လာမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုမှ ၇-၃-၂၀၁၂ ရက်တွင် သိရသည်။
ထို Resident နှင့် Office Tower နှစ်ခုကို ဂျပန်နိုင်ငံ JKS က ဒီဇိုင်းထုတ်၍ ဆောက်လုပ်ရေးပိုင်းကို ဂျပန်နှင့် မြန်မာမှ Naing Group တို့ ပူးပေါင်း ဆောက်လုပ်မည်ဖြစ်ကြောင်း၊ မြေကွက်အကျယ် ၁၁၅ ပေ x ပေ ၁၀၀ တွင် ၁၂ ထပ်အမြင့်ရှိ Towerနှစ်ခုကို တစ်ပြိုင်တည်း ဆောက်လုပ် မည်ဖြစ်ကြောင်း၊ ထို Tower ကို Naing Resident Tower နှင့် Naing Office Tower ဟု အမည်ပေးထားကြောင်း သိရသည်။
“အခုဆောက်မယ့် Tower နှစ်ခုမှာ တစ်ခုက Myanmar Shopping Mall နဲ့ ကပ်လျက် မြေကွက်မှာ ဆောက်မယ်။ နောက်တစ်ခုက ဆူးလေ ခုံးကျော်တံတားထောင့်က မြေကွက်မှာ ဆောက်မယ်။ Tower နှစ်ခုစလုံးကတော့ ပုံစံဆင်တူတွေ ဆောက်မှာပါ။ Naing Group အနေနဲ့ အရင်က စင်ကာပူနဲ့ ပူးပေါင်းပြီး စင်ကာပုံစံမျိုးတွေ ဆောက်ခဲ့ပါတယ်။ အခုတော့ ဂျပန်နဲ့ ပထမဆုံး ပူးပေါင်းတာပါ။ ဂျပန် ဆောက်လုပ်ရေး ပညာရှင်တွေနဲ့ ပူးပေါင်း ဆောက်လုပ်မှာပါ” ဟု Naing Group မှ တာ ဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထိုဆောက်လုပ်မည့် ၁၂ ထပ် Tower တွင် Basement နှစ်ထပ် ပါဝင်မည်ဖြစ်ကြောင်း၊ ထိုသို့ Basement နှစ်ထပ်ပါဝင်ရခြင်းမှာ မြို့တွင်း၌ ကားပါကင် အခက်အခဲများ ရှိခြင်းကြောင့် Basement နှစ်ထပ်စလုံးကို ကားပါကင်အတွက် အသုံးပြုမည်ဖြစ်ကြောင်း မြေညီထပ်မှ သုံးလွှာအထိကို မူလပိုင်ရှင်များအား ပြန်လည် အခန်းပေးအပ်မည်ဖြစ်ကြောင်း၊ Resident Tower မှာ လူနေသီးသန့်ဖြစ်ပြီး၊ Office Tower မှာ ရုံးခန်းများ သီးသန့်ပါဝင်မည်ဖြစ်မှာ ရုံးခန်းများ သီးသန့်ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
Resident Tower တွင် နေထိုင်သူများအတွက် ချွေးထုတ်ခန်း၊ အားကစားလေ့ကျင့်ခန်း၊ ရေကူးကန်၊ Coffe Shop နှင့် အခြားလိုအပ်သည်များ ပြည့်စုံစွာ ထည့်သွင်း ဆောက်လုပ်မည်ဖြစ်ကြောင်း၊ Office Tower တွင်လည်း Resident Tower ကဲ့သို့ ပါဝင်သင့်သည်များအားလုံး ပါဝင်မည်ဖြစ်ပြီး စားသောက်ဆိုင်တန်းလည်း ပါဝင်မည်ဖြစ်ကြောင်း၊ Tower နှစ်ခုစလုံး၏ အပေါ်ဆုံးထပ်တွင် Sky Restaurant နှင့် Sky Garden များ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
နှင်းနုဝေ

No comments:

Post a Comment

wwwwnyinyi@gmail.com