ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင်
လွှတ်ပေးလိုက်ပြီဟုကြားသိရ၍ ကလောNLDလူငယ်များကသွားရောက်တွေ့
ဆုံရာ မတွေ့ရှိခဲ့ရပဲ တပ်သား ကျော်ဇင်ဝင်းအား အင်းကောင်းအမြောက်တပ်၏မြေအောက် ခန်းထဲတွင် ပြောင်းရွှေ့ချုပ်နှောင်ခံထားရြ ပီးအသက်အန္တရာယ်ပါစိုးရိမ်ရသည့် အခြေအနေဖြစ်နေသည်ဟု စုံစမ်းသိရှိခဲ့ရသည်ဟု YPI သို့ပြောပါသည်။
အင်းကောင်း အမြောက်တပ်သည် ပြည်ခိုင်ဖြိုးကိုယ်စားလှယ်လောင်း
ဗိုလ်ချုပ်ဟောင်း ဦးမြ၀င်း တပ်ရင်းမှူးလုပ်ခဲ့သည့် တပ်ဖြစ်သည်။ ယခုလ ၆ ရက်က တပ်သားကျော်ဇင်ဝင်းလွတ်မြောက်လာ သည်ဟု သတင်းရသောကြောင့် NLD အဖွဲ့ဝင်များက လိုအပ်သည်များကူညီဖြည့်ဆည်းပေး ရန် သွားရောက်တွေ့ဆုံခွင့်တောင်းရာ တွေ့ခွင့်မရခဲ့ဘဲ မြေအောက်ခန်းထဲတွင်ချုပ်နှောင် ထားသည်ကို သိရှိခဲ့ရကြောင်း တောင်ကြီးမြို့ NLD အဖွဲ့ဝင်တစ်ဦးကပြောသည်။
ဗိုလ်ချုပ်မြ၀င်းဖြစ်ပြီးလာမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးအမတ်လောင်းတစ်ဦး ဖြစ်သည်ဟုသိရှိရသည်။ တပ်သားကျော်ဇင်ဝင်းအားဖမ်းဆီးချုပ်နှောင်ထားသည့်ကိစ္စအားကန့်ကွ က်ကြောင်းနှင့် ထိုကိစ္စနှင့်ပါတ်သက်၍ဖြေရှင်းေ ပးပါရန်၊ အမှန်တကယ်ဖမ်းဆီးထားခြင်းမဟုတ် ပါကလည်း တွေ့ဆုံခွင့်ပေးပါရန် ကလောNLDလူငယ်များကပြည်နယ်ကော် မရှင်ရုံးသို့စာတင်မည်ဖြစ်ကြော င်းသိရှိရပါသည်။Yangon Press International
No comments:
Post a Comment
wwwwnyinyi@gmail.com