Saturday, March 3, 2012

တပ်မတော်သာလျှင်အမိ၊ တပ်မတော်သာလျှင်အဖ မှ အပြောအဆိုပြောင်းလဲလာသည့်သမ္မတသိန်းစိန်

Friday, March 2, 2012


နိုင်ငံတော်သမ္မတမိန့်ခွန်း ကောက်နုတ်ချက်များမှ ပြည်သူများကို မိဘပြည်သူများလို့

နုတ်ချိုစွာသုံးနှုံး၊ စစ်အစိုးရ မှပြောင်းလဲလာသော ဦးသိန်းစိန်အစိုးရ သဘောထားအမှန်?

မိန့်ခွန်းတခုလုံးကို ခြုံငုံပြီးတော့ပြောမယ်ဆိုရင်တော့၊ သိပ်မဆိုးပါဘူး။ အပြောကတော့ရွှေမန်းဘဲ
လို့ပြောလို့ရနိုင်ပါတယ်။ ဘာလို့လဲဆိုတော့၊ အသံနေအသံထားကအစ ငိုသံလေးပါ ထည့်ထားပြီး၊
အသုံးအနှုံးမှာလည်း၊ ပြည်သူလူထုအစား၊ မိဘပြည်သူဆိုပြီးသုံးနှုံးထားတယ်ဆိုတော့၊ သူ့ရဲ့မိန့်
ခွန်းကိုနားထောင်ဖြစ်မယ်ဆိုလျှင်၊ မငိုလိုက်ပါနဲ့လို့အကြံပြုပါရစေ။

သိန်းစိန်အပြောကောင်းတာကို၊ ကာကွယ်နိုင်ဖို့အတွက်၊ အောက်ပါအချက်တွေကိုခေါင်းထဲမှာထည့်
ထားပြီးနားထောင်မယ်ဆိုရင်တော့၊ နဲနဲသက်သာရာရနိုင်မယ်လို့တော့ထင်တယ်။
(၁) ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သည် စစ်အာဏာရှင်စနစ် ထာဝစဉ်တည်ရှိရေးအတွက်သာရည်
ရွယ်ပြီး၊ ထိုဖွဲ့စည်းပုံဖြင့်၊ ဒီမိုကရေစီစနစ်ကို မတည်ဆောက်နိုင်သလို၊ အုတ်မြစ်ချရန်လည်းမဖြစ်နို
င်ပေ။
(၂) သိန်းစိန် နှင့်အတူ၊ ၎င်းရဲ့အစိုးရတွင်ပါဝင်သော အမတ်ဆိုသူများသည်၊ မဲခိုးမဲလိမ်ခြင်းဖြင့်အနို
င်ရရှိထားတာကြောင့်၊ ပြည်သူ့ကိုယ်စားလှယ်များမဟုတ်ကြပါ။

အဓိကအချက်တွေအဖြင့်၊ လတ်တလော ရေပန်းစားနေတဲ့ဝန်ထမ်းတွေလစာတိုး မတိုး။ သူ့အပြော
အရလောလောဆယ်မဖြစ်နိုင်သေးပါ။ မြန်မာပြည်မှာဝန်ထမ်း အရေအတွက်၊ ၃.၃ ရာနှုံးရှိတဲ့အပေါ်
လစာတိုးလို့ကုန်ဈေးနှုံးတက်လာခြင်းအပေါ်၇၆.၇ ရာနှုံးသောပြည်သူလူထု ရဲ့မျက်နှာကိုထောက်
ထားသောအားဖြင့်၊ လစာမတိုးပေးနိုင်သေးပါလို့ဆိုတယ်။

ပြီးတော့နောက်ရေပန်းစားနေတဲ့ကိစ္စတခု ဖြစ်တဲ့ ၅၀၀၀ တန်ဖုန်း တွေ ရောင်းချနိုင်ဖို့အတွက်လို
အပ်တဲ့အဆောက်အဦးတွေကို ယခုမှဘဲဆောက်နေသေးတယ်ဆိုတော့၊ နောက်တကြိမ် သမတရွေး
ချယ်ပွဲလောက်ကျမှ ချပေးလိမ့်မယ်ထင်တယ်။

ကျန်းမာရေးကို ယခင်ကထက် ၄ဆတိုး၊ ပညာရေးကိုယခင်ကထက် ၂ဆတိုးပြီးလုပ်ဆောင်ဖို့လျှာ
ထားတယ်ဆိုတဲ့အကောင်းလေးတွေထုတ်ပြီးပြောပြနိုင်တာတော့ သိပ်တော်တယ်လို့ပြောလို့ရ
တယ်။ စစ်ရေးနဲ့ အခြားမလိုအပ်တဲ့အသုံးစရိတ်တွေကိုတော့ထိန်ချန်ထားတယ်။

အလွန်ထူးဆန်းတဲ့ကိစ္စကတော့၊ တရားဥပဒေစိုးမိုးရေး နဲ့ အဂတိလိုက်စားမှု့ပပြောက်အောင်လုပ်
ဆောင်နေတယ်ဆိုတာကို ပြောလာတာအံ့သြဖို့ကောင်းလှတယ်။ လက်ရှိအခြေအနေတွေအရ၊ အဲ
ဒီအဓိကပြသနာတွေကို၊ ဖြေရှင်းနေတဲ့ပုံ လုံးဝမတွေ့ရဘူး။ ဒီပြသနာတွေကို ပြေလည်အောင်နဲ့တိုင်း
ပြည်တိုးတက်အောင်ပြုလုပ်မယ်ဆိုရင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကိုချက်ချင်းပြင်မှရမယ်ဆိုတာသ
ဘောမပေါက်သရွေ့၊ အပြောကတော့ဖြင့်ရွှေမန်းဘဲလို့သာအသိအမှတ်ပြုခံရလိမ့်မယ်လို့မြင်ပါတ
ယ်။

နောက်ဆုံးမှတ်သားစရာတခုကတော့၊ ၎င်းရဲ့အစိုးရအနေနဲ့အမှားများလုပ်မိခဲ့ပါလျှင်မိဘပြည်သူ
များအနေနဲ့ထိန်းကျောင်းတည့်မတ်ပေးဖို့နဲ့၊ ၎င်းရဲ့အစိုးရအဖွဲ့ဝင်များအနေနှင့် တိုင်းပြည်အတွက်
အသက်နဲ့ခန္ဓာ ပေးဆပ်ထားသူများ ဖြစ်တာကြောင့်၊ အရိုးကြေကြေ၊ အရည်ခန်းခန်း ဆောင်ရွက်
သွားကြမယ်ဆိုတော့..........???????????????




လက်နက်ကိုင်ခဲ့တဲ့ ကျွန်တော်တို့ တိုင်းရင်းသားလူငယ်တွေ လက်ပ်တော့ကိုင်နိုင်ပြီး ထည်ထည်ဝါ၀ါ ရပ်တည်နိုင်ဖို့ ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းကြိုးပမ်း သွားကြမှာဖြစ်ပါတယ်။”



“ ပြည်သူကြားမှာ စိတ်ဝင်စားမှု အထူးပဲမြင့်တက်နေတဲ့ မိုဘိုင်းဖုန်းကိစ္စနဲ့ ပတ်သက်ပြီး လောလောဆယ်မှာ ကျွန်တော်တို့ တည်ဆောက်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး ဒီလုပ်ငန်းတွေ ကျွန်တော်တို့ ပြီးတာနဲ့အမျှ ပြည်သူတွေရဲ့ဆန္ဒနဲ့အညီ နိုင်ငံတကာရဲ့ နှုန်းထားနဲ့အညီ ဆောင်ရွက်ပေးနိုင်အောင် နည်းလမ်းများရှာပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”
“ ကျွန်တော်တို့ အစိုးရဟာ အများပြောကြသလို ခေါင်းမာဂိုဏ်းနဲ့ အပျော့ဂိုဏ်းဆိုပြီး ကွဲပြား နေတာမရှိပါဘူး။ လူတစ်ဦးချင်းဆီရဲ့ ဗီဇစရိုက် အမူအကျင့်ပေါ်မှာ မူတည်ပြီး စီမံခန့်ခွဲမှုကွဲပြားခြားနားတာကလွဲလို့ ကျွန်တော်တို့ အစိုးရအဖွဲ့ရဲ့ မူဝါဒကို ကျွန်တော်တို့အားလုံး မမှိတ်မသုန် ယုံကြည် စွာဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။”
“ မြန်မာတစ်နိုင်ငံလုံး မှာ အစိုးရ၀န်ထမ်း အရေအတွက်က စုစုပေါင်း တစ်နိုင်ငံလုံး လူဦးရေရဲ့ ၃ ဒသမ ၃ ရာခိုင်နှုန်းသာရှိတဲ့အတွက် ကျွန်တော်တို့ဟာ ပြည်သူ့အစိုးရဖြစ်တာနဲ့ အညီ အစိုးရ၀န်ထမ်း မဟုတ်သော သာမန် လက်လုပ်လက်စား ၉၆ ဒသမ ၇ ရာခိုင်နှုန်းကိုလည်း ပြန်လည်ငဲ့ကွက်ဖို့လိုပါတယ်။ အခုဆိုရင် လစာတိုးပေးရေး ဆွေးနွေးမှု တွေကြောင့် အရပ်ရပ်ကုန်ဈေးနှုန်းတွေ ရုတ်တရက် တက်လာတာကိုလည်း တွေ့ရှိရပါတယ်။ ကျွန်တော်တို့ဝန်ထမ်းတွေ လစာတိုးမြှင့်ပေးလိုက်လို့ ခံသာပေမယ့် အစိုးရ၀န်ထမ်းမဟုတ်တဲ့ ၅၈ သန်းသော ပြည်သူတွေဟာ ဒီနောက် ဆက်တွဲအကျိုးဆက်ကို ကိုယ်တိုင်ကိုယ်ကျ ကြုံတွေ့ရမှာဖြစ်ပါတယ်။ ”
“ ကျွန်တော်တို့ နိုင်ငံမှာ ၂၆ ရာခိုင်နှုန်းရှိနေတဲ့ ဆင်း ရဲနွမ်းပါးမှုနှုန်းထားကို ၂၀၁၅ ခုနှစ်ရောက်ရင် ၁၆ ရာခိုင်နှုန်းထိ လျှော့ချနိုင်ဖို့ အဆင်းရဲဆုံး LDC နိုင်ငံဘ၀က ရုန်းထွက်နိုင်ဖို့ ကြိုးပမ်း ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒီ ၂၆ ရာခိုင်နှုန်းသော ပြည်သူများရဲ့ အခြေခံကျန်းမာရေး စောင့်ရှောက်မှုအတွက် ပုဂ္ဂလိက အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး ယူနီဗာဆယ်ကျန်းမာရေး အာမခံစနစ်သစ်တစ်ရပ် ပေါ်ထွန်းလာဖို့ အတွက်လည်း ဆောင် ရွက်နေပြီဖြစ်ပါတယ်။ ”
“ နိုင်ငံတော်သမ္မတအပါအ၀င် နိုင်ငံ သားအားလုံး အခွန်ပေးဆောင်ရေးကို ဦးတည်ကြိုးပမ်း ဆောင်ရွက်သွားမှာဖြစ် ပါတယ်။”



“ ကျွန်တော်တို့ လူ့အဖွဲ့အစည်းကြီးတစ်ခုလုံး Rule of Law နဲ့အညီ ဆောင်ရွက်နိုင်ပြီဆိုရင် လူ့အခွင့် အရေး၊ လွတ်လပ်ခွင့်၊ ဒီမိုကရေစီဆိုတာတွေဟာလည်း အလိုအလျောက် ထွန်းကားရှင်သန်လာမှာ ဖြစ်တဲ့အတွက် နိုင်ငံ တည်ဆောက်ရေးအဆင့်ဆင့် ခိုင်မာရေးဟာ Rule of Law အပေါ်မှာ မူတည်နေပါတယ်။ ဒီတာဝန်ကြီးကိုလည်း ကျွန်တော်တို့အားလုံး ညီညီညွတ်ညွတ် စုပေါင်းဆောင်ရွက်သွား ကြရမှာဖြစ်ပါတယ်။ ”



“ မိဘပြည်သူများကလည်း ကျွန်တော်တို့ အစိုးရကို ထိန်း ကျောင်းတည့်မတ်ပေးကြပါ။ ”

ပြည်သူတွေကို မိဘလို့သိတတ်လာတာ ကောင်းတဲ့လက္ခဏာပဲ ။

1 comment:

  1. မိဘပြည်သူက အစိုးရကို ဘယ်လိုထိမ်းကျောင်းရမှာလည်း။ မီဒီယာနဲ့ပဲ ပြောလို့ရမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရမပြောနဲ့ မြို့နယ်အုပ်ရေးမှူး အဆင့်တောင် မှားနေလို့သွားပြောမိရင် ဖမ်းချုပ်မှာပါပဲ။ ဘယ်လိုနည်းနဲ့ အစိုးရကို ထိန်းကျောင်းရမှာလည်း ပြောပြပါခင်ဗျာ။

    ReplyDelete

wwwwnyinyi@gmail.com