Saturday, March 3, 2012

ဂရုလ်မေးထဲမှ ဘုန်းကြီးတွေနိုင်ငံရေးလုပ်သင့်သလား နှင့်ပတ်သက်သောပြန်စာ

ပထမဦးစွာ
ဘုန်းကြီးတွေနိုင်ငံရေးလုပ်သင့်သလား လို့မေးခြင်းထက် ၊ဘုန်းကြီးတွေဘာကြောင့် နိုင်ငံရေးလုပ်လာ၇သလည်းဆိုတာ ပထမစဉ်းစားဖို့လိုပါတယ်။
မလုပ်သင့်ဘူးလို့ထင်တဲ့သူကထင်သလို၊ လုပ်သင့်တဲ့အခြေအနေကိုရောက်လာလို့ လုပ်တယ်လို့မြင်တဲ့လူကလည်းမြင်မှာပါပဲ။
တိုင်းပြည်တခု တည်ငြိမ်ငြိမ်းချမ်းမှု့မရှိတော့ဘူး၊ တိုင်းပြည်တခုတည်းနေအခြင်းခြင်းသတ်ဖြတ်၊သွေးချောင်းစီးအောင်ဖြစ်ခဲ့ရတယ် ဆိုတာကို လက်ခံပါသလား။၁၉၈၈၊၂၀၀၇ ။ခုနှစ်တွေ အနီးဆုံးနဲ့နောက်ဆုံးဖြစ်ခဲ့တဲ့တိုင်းပြည်ပြဿနာတွေဟာ
ဘာကြောင့်ဒီလိုအခြေအနေတွေ တိုင်းပြည်မှာ ဖြစ်ပေါ်လာရသလည်း။ပြဿနာအစ ဘယ်လိုပင်စစ
တိုင်းပြည်တခုတွင် အုံကြွဆူပူမှု့တွေဖြစ်လာတယ်၊ အများစုက လက်မခံဆန့်ကျင်တယ်ဆိုတာဟာ ထိုတိုင်းပြည်ရဲ့ အုပ်ချုပ်မှု့၊စီးပွားရေး၊လူမှု့ရေး ကျပ်တည်းဆင်းရဲမှု့တခုခုကို အခြေခံဖြစ်ပေါ်လာရတယ်လို့
ပြောဆိုနိုင်ပါတယ်။သာသနာဟာ သာသနာသီးသန့်မရပ်တည်နိုင်အောင် နိုင်ငံတော်သံဃာ့နာယက လို့ဖွဲ့
စည်း တိုင်းပြည်အာဏာပိုင်များက အုပ်ချုပ်မှု့လုပ်ထားပါတယ်။
သံဃာတော်တွေလမ်းပေါ်ထွက်လျှောက်၊ပြည်သူတွေသွေးထွက်သံယိုဖြစ်မှု့တွေဟာ ဖြစ်ချင်လို့ဖြစ်လာရတာတွေ
မဟုတ်သလို၊ တိုင်းပြည်အုပ်ချုပ်မှု့တွေ တဖက်စောင်းနင်းအောက်မှာ အောက်ခြေလူတန်းစားတွေပြည်သူလူထုအများစုဟာ ရုံးကန်လို့မရလောက်အောင်ခက်ခဲလာလို့ ပြဿနာတွေ ပွင့်ထွက်လာရတာပါ။ဒါကို အရှင်းဆုံးပြောရယင်
တိုင်းပြည်အုပ်ချုပ်ရေး၊စီးပွားရေး၊တရားရေးတွေမှာ အသိပညာနဲ့ တည်ငြိမ်အောင်မထိမ်းသိမ်းတတ်တော့၊ပညာမဲ့နည်းနဲ့ လက်နက်နဲ့ ထိမ်းသိမ်း၊အာဏာနဲ့ ချုပ်ကိုင်လာလို့
ပြည်သူတွေနဲ့တင်မလုံလောက်၊သံဃာတော်တွေပါ ပါဝင်လာရတာပါ။
ဘယ်ဘုန်းကြီးကမှ လောကီကိစ္စကိုဝင်ပါချင်မှာ မဟုတ်ပါဘူး၊မပါချင်လို့မှ ဘုန်းကြီးဝတ်တာပါ။
တိုင်းပြည်အနေအထားအရ ၊အခြေအနေတွေအရ မလုပ်ချင်မရတော့တွေအခြေအနေတွေ ဖန်တီးလာယင်
မိန်မတွေလည်း စစ်တိုက်လာရသလို၊ သဃာတွေလည်း လွတ်လပ်ရေးကို တိုက်ယူစဉ်က ပါဝင်ခဲ့ရပါတယ်။
ဒါဟာ တိုင်းပြည်မှာ သာသနာတည်မြဲရေး၊ယဉ်ကျေးမှု့ ရှိရေး၊ လူမျိုးရှိရေးအတွက်ပါဝင်ဆက်စပ်နေတယ်ဆိုယင်မှားမယ်မထင်ပါ။
အောက်တွင်ပါရှိသော ဓါတ်ပုံနှင့်ဝေဖန်ရေးသားချက်ကိုအွန်လိုင်းမေးအုပ်စုမှ ''သံဃာတွေ နိုင်ငံရေးလုပ်သင့်သလား''ဝေဖန်မှု့အား 

(မှတ်ချက်) စာဖတ်ပရိတ်သတ်များမှလည်းအောက်ဖေါ်ပြပါဝေဖန်ချက်နဲ့ပတ်သက်မှု့ကို
စာဖတ်သူများ၏ထင်မြင်ချက်များကိုလွတ်လပ်စွာ ကွန်မင်းရေးသားစေလိုပါတယ်။
 
အွန်လိုင်းတွင်ရေးသားထားသောအောက်တွင်ဖေါ်ပြထားသောစာ
ဘုန်းကြီးတွေ နိုင်ငံရေး လုပ်သင့်သလား ???
ဘုန်းကြီးတွေ နိုင်ငံရေးလုပ် သင့် သလားလို့မေးရင် ဘုန်းကြီး နဲ့ နိုင်ငံရေး က လားလားမျှ မအပ်စပ်ဘူး။
Inline image 1

Inline image 2
Inline image 3
Inline image 4

ဘုန်းကြီး ဆိုတာ ပဗ္ဗဇ္ဇ-လောက ကို စွန့်ထားခဲ့ပြီ မို့ လောက နဲ့ စပ်သမျှ ကို ပတ်သက်စရာ မလိုတော့ တာအမှန်။

ဘုန်းကြီး တွေ လုပ်ရမှာ (၄) ခုပဲ။
...
(၁) ၀ိနည်းလေးစား လိုက်နာ ကျင့်သုံးရမယ်။
(၂) ပရိယတ် လေ့လာသင်ကြားရမယ်။
(၃) ပဋိပတ် ကျင့်ကြံအားထုတ်ရ မယ်၊
(၄) မိမိ သိအပ်သော သီလ သမာဓိ ပညာ တရားအသိတွေ ကို လောကသားတွေ ကို ဆုံးမသွန်သင် ပေးရမယ်။

ဒီလေးခုပဲ။ တစ်ခု ကို ၂၅ မှတ်ပေး မယ်..၄ ခုလုံး ပြည့်စုံရင်တော့ အမှတ် ၁၀၀ ပဲ။ဘုန်းကြီးတွေ ဒီလေးခုထက် ပိုလုပ်ရမယ့် အရာတွေ ရှိတယ် ထင်ရင် ညွှန်ပြတော်မူကြပါ။

ဒီလို ရဟန်းကောင်း ရဟန်းမြတ်တွေ ပဲ လိုချင်တယ်။

နိုင်ငံရေး ကို လုံးဝ လုံးဝ မလုပ်ရပါ။

အာဏာစက် နဲ့ ပေါင်းရိုက်တဲ့ နိုင်ငံရေး လဲ မလုပ်ရပါ။

သာသနာသန့်စင်ရေးဆိုင်ဘုတ်တပ်တဲ့ နိုင်ငံရေးလဲ မလုပ်ရပါ။

အတိုက်အခံ နိုင်ငံရေးလဲ မလုပ်ရပါ။

ပါတီနိုင်ငံရေးလဲ မလုပ်ရပါ။

အမျိုး ဘာသာ သာသနာ နိုင်ငံရေးလဲ မလုပ်ရပါ။

ရဟန်းဆိုတာ နိဗ္ဗာနဂါမိနီပဋိပဒါ ကို အားထုတ်သူတွေ ဖြစ်သော ကြောင့် မဂ်ဖိုလ်မှ ဖီလာ ဖြစ်သော ကိစ္စများ မှ ဝေါင်ဝေါင်ရှေး ဝေးဝေးရှောင်ကြပါရန်တိုက်တွန်း လိုက်ပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com