Tuesday, April 3, 2012

ဒေါ်အောင်ဆန်းစုကြည် ပြည်သူလူထုကို ကျေးဇူးတင်စကားပြောကြား

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်ရဲ့  လွှတ်တော်ကိုယ်စားလှယ်လောင်းတွေကို အနိုင်ရအောင်မဲပေးခဲ့ကြတဲ့ ပြည်သူ လူထုကို ဒေါ်အောင်ဆန်းစုကြည်က ကျေးဇူးတင်စကား ပြောကြားလိုက်ပါတယ်။
ဒီကနေ့မနက်က ရန်ကုန်မြို့ အန်အယ်လ်ဒီ ဌာနချုပ်မှာ  (၅)မိနစ်ကြာမိန့်ခွန်း ပြောကြားရာမှာ  ပြည်သူ လူထုတွေ ထောက်ခံအားပေးတဲ့အတွက် အနိုင်ရရှိတာဖြစ်တဲ့ အကြောင်း အောင်ပွဲခံနေရုံနဲ့ မပြီးသေးဘဲ ရှေ့ဆက်ပြီး ဒီထက်ပိုပြီးလုပ်ဆောင်စရာတွေ ရှိသေးတယ်လို့ ပြောပါတယ်။ မနေ့က ကျင်းပခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ (၄၄)နေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ( ၄၃) နေရာမှာ အနိုင်ရတယ်လို့  အန်အယ်လ်ဒီက ကြေညာထားပါတယ်။  ရှမ်းပြည်မြောက်ပိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၃) မှာတော့ မဲစာရင်းတွေ အပြည့်အစုံမရသေးလို့ ရလဒ်မသိရသေးပါဘူး။

ဒီဗွီဘီ

No comments:

Post a Comment

wwwwnyinyi@gmail.com