လက်ရှိအစိုးရလက်ထက်တွင်ရပ်ဆိုင်းထားသော်လည်း မည်သည့်အစိုးရလက်ထက်တွင်မဆိုပြန်လည်ဆောင်ရွက်နိုင်သောအခြေအနေများကြောင့်
မြစ်ဆုံဆည်တည်ဆောက်ခြင်းသည် မည်သို့ပင်ဖြစ်စေခါမူလုံးဝဖျက်သိမ်းပစ်ရန်လိုအပ်သည်။
ဤသို့ တိကျပြတ်သားမှု့မရှိသောဆောင်ရွက်ချက်များသည်တိုင်းပြည်တခုလုံးအတွက်
အနှောက်အယှက်ဖြစ်အောင်ပြုလုပ်ခြင်းများနှင့်အတူတူဖြစ်သလိုနောင်
တက်လာမည့်အစိုးရသစ်အတွက်လည်း ပြဿနာကို လက်ဆင့်ကမ်းဆောင်ရွက်ခြင်းပင်ဖြစ်သည်။(ပြည်သူ့အော်သံ)
မြစ်ဆုံဆည်တည်ဆောက်ရေးကိုလက်ရှိ အစိုးရလက်ထက် ရပ်နားထားမည်ဖြစ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီး ထပ်မံပြောကြား
ဧပြီ ၆ ရက်၊ ၂၀၁၂ ခုနှစ်၊ (YPI)
ဧရာဝတီမြစ်ဆုံဆည် တည်ဆောက်ရေး လုပ်ငန်းများ ပြန်လည်စတင်နေပြီဆိုသည့်
သတင်းများ ယခုတလော ထွက်ပေါ်လျှက်ရှိရာ မြစ်ဆုံဆည်တည်ဆောက်ရေး
လုပ်ငန်းများလက်ရှိ အစိုးရလက်ထက်တွင် ရပ်နားထားမည်ဖြစ်သည်ဟု
ယနေ့ပြုလုပ်သည့် ကေအန်ယူနှင့် အစိုးရ အကြားငြိမ်းချမ်းရေးဆွေးနွေးပွဲ
သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တဦး၏ အမေးကို လျှပ်စစ်စွမ်းအား ၀န်ကြီးဋ္ဌာန
ပြည်ထောင်စုဝန်ကြီး ဦးဇော်မင်းက ပြောကြားလိုက်သည်။
No comments:
Post a Comment
wwwwnyinyi@gmail.com