မဲပြားပေါ်တွင် ဖယောင်းသုတ်ခြင်း ကိစ္စအား ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က စစ်ဆေးမည်
ရန်ကုန်၊ ဧပြီ ၆
မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော
ကြားဖြတ်ရွေးကောက်ပွဲ၌ မဲဆန္ဒနယ် အချို့၌ ဖြစ်ပွားခဲ့သည့်
ဆန္ဒမဲလက်မှတ်ပေါ်တွင် ဖယောင်းများ သုတ်ထားသည့် ကိစ္စကို ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးသွားမည် ဖြစ်ကြောင်း ရွေးကောက်ပွဲဝင်
နိုင်ငံရေးပါတီ ကိုယ်စားလှယ်လောင်းများ ထံမှ သိရသည်။ ဆန္ဒမဲ
လက်မှတ်များပေါ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီကို ဆန္ဒပြုရမည့်
နေရာများတွင် ဖယောင်းများ သုတ်လိမ်းထားခြင်းကို အရေးယူပေးပါရန် အမျိုးသား
ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီက တိုင်ကြားလာသည့် အတွက် ပြည်ထောင်စု
ရွေးကောက်ပွဲ ကော်မရှင်က စုံစမ်းစစ်ဆေးရေး အဖွဲ့ ဖွဲ့စည်း၍ စစ်ဆေးသွားရန်
ရန်ကုန်တိုင်း ဒေသကြီး ကော်မရှင်အဖွဲ့ခွဲသို့ ဧပြီလ ၄ ရက်နေ့
ရက်စွဲပါစာဖြင့် ညွှန်ကြားခဲ့ကြောင်း ကြားဖြတ် ရွေးကောက်ပွဲတွင်
ဝင်ရောက်ယှဉ်ပြိုင် ခဲ့သည့် အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ
ကိုယ်စားလှယ်လောင်း တစ်ဦးက ပြောကြားသည်။
ရန်ကုန်တိုင်း
ဒေသကြီးအတွင်းရှိ မင်္ဂလာတောင်ညွန့် မြို့နယ်၊ ကော့မှူးမြို့နယ်၊
မရမ်းကုန်းမြို့နယ်နှင့် ဒဂုံဆိပ်ကမ်းမြို့နယ် မဲဆန္ဒနယ်များ၌
ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော ကိုယ်စားလှယ်လောင်းများနှင့် လွှတ်တော်
ကိုယ်စားလောင်းများကို စတင်ခေါ်ယူ မေးမြန်းသွားမည် ဖြစ်ပြီး အထက်ပါ ကိစ္စ
ဟုတ်မှန်ခြင်း ရှိပါက မည့်သည့် ရပ်ကွက် ကျေးရွာ အုပ်စုတွင် ဖြစ်ခဲ့သည်ကို
မေးမြန်း၍ ၎င်းမဲရုံများရှိ ဆန္ဒမဲများကို ပြန်လည် ဖွင့်ဖောက် စစ်ဆေးသွားရန်
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ညွှန်ကြားချက်တွင် ပါရှိသည်။
အဆိုပါ မြို့နယ်များမှ ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော
ကိုယ်စားလှယ်လောင်းများအား သက်ဆိုင်ရာ မြို့နယ် ကော်မရှင်ရုံးများသို့
ဧပြီလ ၁၀ ရက်နေ့ (အင်္ဂါနေ့) နံနက် ၁၀ နာရီ အရောက် စေလွှတ်ပေးပါရန်
နိုင်ငံရေးပါတီများသို့ အကြောင်းကြား ထားကြောင်း အမျိုးသား ဒီမိုကရေစီ
အဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်တစ်ဦးက ဆိုသည်။
The Voice Weekly
No comments:
Post a Comment
wwwwnyinyi@gmail.com