Tuesday, April 10, 2012

မြန်မာပြည်တောင်သူလယ်သမားများအတွက် ရွှေရောင်အိပ်မက်(ဆောင်းပါး)

by Aye Aye Khin on Friday, February 3, 2012 at 6:13am ·
ဒီနေ့ နည်းနည်းလောက် Share လုပ်ချင်လို့ စာလေးနည်းနည်းလောက်ရေးလိုက်ပါတယ်။ ကြိုးစားပြီးဖတ်ပေးရင် လည်းကျေးဇူးပါဘဲ။ ညကတော်တော်နဲ့မအိပ်ဖြစ်တာနဲ့ မြန်မာပြည်သတင်းတွေ ဖတ်နေရာကနေ ............

ထိုင်းနိုင်ငံမှာ မနှစ်က ရေကြီးတဲ့အတွက် ဒီနှစ်ပြည်တွင်းအတွက် ဆန်စပါးဖူလုံအောင်တောင် မနည်းလုပ်ယူရမယ်။ ဒါကြောင့် ဒီနှစ်ဆန်ကို မြန်မာပြည်ကနေ ၀ယ်မယ်ဆိုတဲ့အကြောင်း၊ နောက်ပြီး သတင်းတစ်ပုဒ်က .........
မြန်မာ့ဆန် တန်ချိန် နှစ်သိန်း အင်ဒိုနီးရှားကို ရောင်းရန် သဘောတူ
နှင့် မြန်မာနိုင်ငံသည် နောက်လာမည့်အနာဂတ်မှာ World Wide ဆန်စပါးတင်ပို့မှု အများဆုံးနိုင်ငံဖြစ် လာနိုင်တယ်ပေါ့လေ................


ဖတ်ရတဲ့သတင်းတွေဟာ မြန်မာနိုင်ငံဆန်စပါးအတွက် အတော်ကိုအားရကျေနပ်ဖို့ကောင်းပါတယ်။ ခက်တာက မြန်မာနိုင်ငံမှာ ဆန်စိုက်နေသော လယ်သမားတွေ ဆင်းရဲနေကြတယ်။ လယ်စိုက်ပြီး လယ်ယာပိုင်ဆိုင်ခွင့်မ၇တာတို့၊ လယ်သမားတို့ရဲ့မြေယာတွေကို သိမ်းဆည်းထားတာတို့၊ လယ်သမားတွေမှာ အကြွေးတွေနဲ့ပိနေတာတို့၊ တစ်ချို့ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ် နဲ့တစ်ခြားမြို့နယ်တွေမှာ လယ်ယာမြေတွေ၇ှိပြီး မြေယာတွေက လစ်ဟာနေပြီး၊ မြေအလွတ်တွေကြီးဘဲ ကျန်ခဲ့ပြီး ဆန်စိုက်မဲ့ လယ်သမားတွေ မ၇ှိဘဲဖြစ်နေတာတို့၊ ဒေသခံတွေ တစ်ချိန်လုံး ပြည်တွင်းစစ်ပွဲတွေပဲဖြစ်နေလို့ တစ်ချို့ဒေသတွေမှာ  မြေယာတွေထားခဲ့ရပြီး ထွက်ပြေးနေရတာတို့၊ ထိုင်းနိုင်ငံဘက် ကူးပြီး မိသားစုအားလုံး အလုပ်သွားလုပ်နေရတာတို့ ဖြစ်နေတဲ့အတွက် လက်၇ှိမြန်မာနိုင်ငံရဲ့ ဆန်စပါးစိုက်ပျိုးရေးသည် တိုးတက်မှု နေနေသာသာ၊ မြန်မာဆန်စပါးစိုက်ပျိုးတိုးတက်မှု လက်၇ှိအခြေအနေသည် နိုင်ငံတကာကို  လှမ်းနိုင်ဘို့ဆိုတာ ကျွန်မအမြင်မှာတော့ အဲ့ဒါတွေအရင် တိုးတက်ကောင်းမွန်မှု၇ှိအောင် အရင်လုပ်ရအုန်းမယ်လို့ ထင်ပါတယ်။
ဥပမာ- ဖိလစ်ပိုင်၊ မလေး၇ှားနှင့် ထိုင်းမှာ လယ်သမားတွေ မိမိစိုက်တဲ့ လယ်ကွင်းအထိ သယ်ယူပို့ဆောင်ရေး ကောင်းမွန်တဲ့အတွက် ကားနဲ့သွားနိုင်တယ်။ လယ်ကွင်းထဲမှာ အင်တာနက်နဲ့  မိမိထွက်ကုန်ဈေးနှုန်း နေ့စဉ်ဘယ်လောက်၇ှိသလဲ ကြည့်နိုင်တယ်။ Hand Phone နဲ့လယ်ကွင်းထဲကနေ World Wide ကို လှမ်းပြီးဆက်သွယ်နိုင်တယ်။

မြန်မာပြည်ရဲ့အိမ်နီးချင်းနိုင်ငံတွေလည်းဖြစ်၊ World အင်အားကြီးနိုင်ငံတွေလည်းဖြစ်တဲ့ တရုတ်၊ အိနိယ နိုင်ငံနှင့် တစ်ခြားအိမ်နီးချင်းနိုင်ငံတွေဟာ အဓိက ဆန်စားတဲ့နိုင်ငံတွေဖြစ်ပါတယ်။ မြန်မာနိုင်ငံကို တစ်ခြားတိုးတက်မှုတွေ လုပ်ဘို့ခဏထားပြီး အောက်ခြေက ဆန်စပါးစိုက်ပျိုးတိုးတက်မှုကို အမြော်အမြင်၇ှိ၇ှိနဲ့ နိုင်ငံတော်အစိုးရက စပြီး စဉ်းစားပြီး လုပ်နိုင်မယ်ဆိုရင် တောင်သူလယ်သမားတွေ အတော်အဆင်ပြေမယ်လို့ ထင်ပါတယ်။ မြန်မာနိုင်ငံမှာက မြို့နေနဲ့ တောနေ လူတန်းစားမှာ တောနေလူတန်းစားက ပိုများတော့ ဆန်စိုက်ပြီး လူတိုင်းအဆင်ပြေနေရင် ဘယ်သူမှ မလေး၇ှားမှာ၊ ထိုင်းမှာလည်း လာအလုပ်လုပ်မှာမဟုတ်တော့ဘူး။ ကိုယ့်နိုင်ငံမှာဘဲ ကိုယ်ပြန်ဆန်စိုက် စားနေမှာပေါ့နော်။ အခုတော့ ဆန်စိုက်တဲ့လူတွေမှန်သမျှ မွဲ၊ အဆင်မပြေ၊ ဆင်းရဲ။ တကယ်က ဒါကြီးက ကျွန်မတို့နိုင်ငံ၇ဲ့ တကယ့်စီးပွားရေး ဈေးကွက်ကြီး။ တောင်သူလယ်သမားတွေကို အတတ်ပညာ အသိပညာတွေ တစ်ဆင့်ပြီးတစ်ဆင့်ပေးပြီး တိုးတက်အောင်နှင့် နိုင်ငံရဲ့စီးပွားရေးကို အဲ့ဒီမှာ အခြေခံပြီးတိုးတက်အောင်လုပ်ရမှာ။ အခုဆိုရင် မလေး၇ှားမှာ လာအလုပ်လုပ်တဲ့လူအများစုက ပညာတတ်လူတန်းစားတွေထက် တောကနေ စပါးမစိုက်တော့ဘဲ လာအလုပ်လုပ်တဲ့လူတွေပိုများနေတယ်။

မြန်မာနိုင်ငံကြီးတိုးတက်ပြောင်းလဲမှုတွေ စနေပြီးဆိုပေမဲ့ အခြေခံ ဆန်တစ်အိတ်ကို မြန်မာပြည်မှာ ဘယ်လောက်လဲ။ ၀န်ထမ်းတွေ၊ ပြည်သူတွေ တစ်ယောက်ချင်းဝင်ငွေနဲ့ ဆန်တစ်အိတ်ကို ဈေးပေါပေါနဲ့ဝယ်စားနိုင်ပြီလား။ ဥပမာ ဆန်တစ်တင်းခွဲတစ်အိတ်ကို ငွေ၁၀၀ ကျပ်လား၊ ၁၀၀၀ ကျပ်နဲ့လား ၀ယ်စားနိုင်ပြီလား။ ရတဲ့လစာနဲ့ လောက်ငှစွာ ဆန်တစ်အိတ်ကို ကျေကျေနပ်နပ် ၀ယ်စားနိုင်ပြီလား။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မတို့နိုင်ငံရဲ့စီးပွားရေးက ဆန်စပါးကို အဓိက အခြေခံတဲ့ စီးပွားရေး။ ဆန်တစ်အိတ်ရဲ့ဈေးနှုန်းကဈေးမကျဘဲနဲ့ အောက်ခြေလူတန်းစားတွေ အဆင်ပြေပြေနဲ့ သက်သာစွာ မ၀ယ်စားနိုင်သေးဘဲနဲ့ မြန်မာနိုင်ငံကြီးတိုးတက်နေပြီလို့ပြော လို့မရသေးပါဘူး။

ဒါကတော့ မည်သည့်အစိုးရတက်တက်၊ မည်သည့်အစိုးရပါတီအာဏာရရ၊ ဒါအရင်ဆုံးလုပ်ရမဲ့အလုပ်ပဲ။ အန်တီစုက အပေါ်ထပ်အဆောက်အအုံကို ပြောင်းလဲနိုင်ဘို့ကြိုးစားနေသလို အခြေခံ အဆောက်အအုံ ကို ပြောင်းလဲအောင် လုပ်နိုင်ဘို့ တာဝန်ရှိတဲ့လူတွေ၊ ပါဝါအာဏာရှိတဲ့လူတွေ၊ လုပ်နိုင်တဲ့လူတွေ လုပ်သင့်နေပြီလို့၊ အဲ့ဒီအချက်ကို စဉ်းစားဘို့သင့်နေပြီ ထင်လို့ ဒီစာလေးကို ရေးလိုက်ရတာပါ။  အန်တီစု တစ်ယောက်ထဲလုပ်၊ ကျန်တဲ့လူတွေက အန်တီစုလုပ်တာစောင့်နေမယ် ဆိုရင်တော့ မြန်မာနိုင်ငံကြီး တိုးတက်ဘို့ အများကြီးလိုသေးတယ်လို့။

မြန်မာပြည်မှာလည်း ဘယ်လောက်အသိပညာတတ်တတ်၊ ပါဝါအာဏာမရှိရင် ဘာမှလုပ်လို့မရတာ အားလုံးလည်းသိကြပါတယ်။  တစ်ချို့ပညာတတ်တွေ နိုင်ငံခြားမှာ ပညာသင်ပြီးပြန်လာ၊ ဒေါက်တာဘွဲ့၊ ပါရဂူဘွဲ့တွေ ယူပြီးပြန်လာ၊ ချောင်ထိုးခံရ၊ ကိုယ့်တတ်တဲ့ပညာနဲ့ တိုင်းပြည်အတွက်ပြန်လည်အသုံးချခွင့်မရ၊ လက်၇ှိမြန်မာပြည်တွင်းမှာရှိတဲ့ ပညာတတ်တွေကျတော့ မြန်မာပြည်အတွက် ဘာမှအသုံးမ၀င်သလိုဖြစ်နေ၊ ကိုယ်တတ်တဲ့ပညာကို နေရာမှန်လူမှန်အသုံးချခွင့်မရ၊ အချို့က ကိုယ်တတ်တဲ့ပညာကို ပြန်လည်အသုံးမချ။ ဥပမာ- ဆရာဝန်က အဆိုတော်ဖြစ်၊ စာရေးဆ၇ာဖြစ်၊ အင်ဂျင်နီယာက သတင်းထောက်ဖြစ်၊ သတင်းသမားဖြစ်။ ကြီးကြီးကျယ်ကျယ်ပြောရရင် Brain Drain တွေဖြစ်နေတယ်ပေါ့။

ဒါပေမဲ့ ဥပမာ မလေး၇ှားနိုင်ငံတစ်ခုထဲဘဲကြည့်ရင် ဆရာဝန်ဖြစ်ဘို့ အနည်းဆုံး ၆ နှစ်မှ ၇နှစ်ပညာတွေသင်၊ ငွေတွေ၊ အချိန်တွေကုန်။ ဒါပေမဲ့ သူတို့က ကျောင်းပြီးရင် ဆရာဝန်က ဆရာဝန်အလုပ်ဘဲလုပ်တယ်။ အင်ဂျင်နီယာက အင်ဂျင်နီယာအလုပ်မှာဘဲ လုပ်တယ်။ ကျွန်မတို့ တကသိုလ်က ဆရာပါမောက်ခတွေ ဆိုရင် Undergraduate ကျောင်းပြီးတာ ၁၉၆၆၊ အဲ့ဒီထဲက တကသိုလ်မှာ အလုပ်လုပ်တာ၊ ပြီးတော့ U.S.A မှာ Master နှင့် ဒေါက်တာပါရဂူဘွဲ့ရ၊ ပြီးတော့ တကသိုလ်မှာဘဲပြန်ပြီး အလုပ်လုပ်နေတာ အခုထိဘဲ။ လုပ်သက်ကမနည်းတော့ဘူး။ သူတို့ဆိုရင် စိုက်ပျိုးစီးပွားရေးနဲ့ပတ်သက်ပြီး ဘာမေးမေး၊ ဘာလုပ်လုပ်၊  အတွေ့အကြုံကအပြည့်။ အမြဲတမ်းသူတို့ကိုကြည့်ရင် အင်တာနက်ကြည့်၊ World News နေ့စဉ်ဖတ်၊ သူတို့မှာ အမြဲအလုပ်ရှုပ်နေ တယ်။ ပြီးတော့ အေးဆေး တည်ငြိမ်နေတာဘဲ။ ကျွန်မအမြင်မှာတော့ အဲ့ဒီအလုပ်က သူတို့မိသားစုအတွက် ၀င်ငွေလုံလောက်ယုံတင်မက သူ့အနာဂတ်အတွက် စိတ်ချယုံကြည်ရပြီး၊ အခြားအခွင့် အလမ်းတွေပါ ဖန်တီးပေးနေလို့ဘဲ။ နိုင်ငံတစ်နိုင်ငံတိုးတက်ဘို့ဆိုတာလည်း လူတွေရဲ့ Man Power, Human Capital Management, Human Capital Resources and Human Capital Allocative Efficiency ဟာလည်း အရမ်းအရေးကြီးတဲ့အကြောင်းပါတွဲပြီး စဉ်းစားကြည့်မိတယ်။ ငါတို့နိုင်ငံမှာလည်း အဲ့လိုမျိုးဖြစ်ရင် သိပ်ကောင်းမှာဘဲလို့................

မဆိုင်လား ဆိုင်လားတော့မသိဘူး၊ စိုက်ပျိုးရေးနဲ့ ဒေါက်တာဘွဲ့တွေရပြီးသားတွေ အခုချိန်မှာ များပြားနေတဲ့ အချိန်မှာ ကျွန်မတို့ရဲ့ အတွေ့အကြုံများပြီး လေးစားရတဲ့ဆရာကြီးဆရာမကြီးများထဲက သို့မဟုတ် စိုက်ပျိုးရေးဒေါက်တာ တစ်ယောက်ယောက်များ လွှတ်တော်ထဲဝင်အရွေးခံပြီး၊ စိုက်ပျိုးရေးဝန်ကြီးဖြစ်ပြီး လယ်သမားများအရေး၊ မြေယာအရေး၊ ကိုယ့်မြေယာကို လွတ်လပ်စွာ စိုက်ပျိုးနိုင်ခွင့်၊ ပိုင်ဆိုင်ခွင့်ကို ကူညီစဉ်းစားပေးပြီး ယခုဆန်စပါးစိုက်၊ ထွက်လာရင် ယခုချက်ချင်းနိုင်ငံခြားနဲ့ချိပ်ဆက်ပြီး ဆန်စပါးတင်ပို့မှု ကို တောင်သူလယ်သမားများ ကိုယ်တိုင်ကိုယ်ကျ လုပ်နိုင်၊ ကိုယ်စိုက်ပြီး ကိုယ်တိုင်နိုင်ငံခြားကို တင်ပို့နိုင်တဲ့ မြန်မာပြည်ရဲ့ တောင်သူ လယ်သမားများ အတွက်ေ၇ွှရောင်အိပ်မက်တွေ၊ ပြည်သူတွေ အားလုံးအတွက် ရွှေရောင်အိပ်မက်တွေ၊ ဖြစ်လာမယ်ဆို၇င်၊ အမြန်ဆုံးဖြစ်လာပါစေလို့လဲ ဆုတောင်းရင်း နဲ့..................

Best Regards,
Dr. Aye Aye Khin (PhD, UPM)

No comments:

Post a Comment

wwwwnyinyi@gmail.com