Wednesday, April 18, 2012
အမေ့အတွက်ဖြစ်စေချင်တာ
ယခုကျင်းပပြီးစီးခဲ့တဲ့ မြန်မာပြည်နှစ်ကူးအတာသင်္ကြန်သည်လွန်ခဲ့သောဆယ်စုနှစ်များအတွင်းကျင်းပပြီးစီးခဲ့
သည့်သင်္ကြန်များအနက် ပျော်ရွှင်စရာအကောင်းဆုံး သင်္ကြန်ဖြစ်လိမ့်မည်ဟုယုံကြည်ပါတယ်။   
အားလုံးလည်းပျော်ရွှင်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်။
ယခုနှစ်သင်္ကြန်ပွဲတော်လည်းယခင်နှစ်များနဲ့မတူ အထူးစည်းကားပျော်ရွှင်နေတာကိုကမ္ဘာအရပ်ရပ်ရှိ
မြန်မာများကလည်းအွန်လိုင်းမှမြင်တွေ့ခဲ့ကြရပါတယ်။
ယခုနှစ် မြန်မာပြည်သင်္ကြန်သည်ကျွန်တော်တို့တမျိုးသားလုံးလေးစားချစ်မြတ်နိုးရသော အမျိုးသားခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပါဝင်ဆင်နွှဲနိုင်ခြင်းကြောင့် ယခုနှစ်မြန်မာပြည်၏အခါသင်္ကြန်သည်ပိုမိုပြည့်စုံသော မဟာသင်္ကြန်ဖြစ်ခဲ့ရပါသည်။
အွန်လိုင်းရဲ့ပုံရိပ်တွေ၊
ဓါတ်ပုံ၊ဗီဒီယိုများမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူများနှင့် မကွာအတူပျော်ရွှင်နေသောမျက်နှာကိုမြင်တွေ့ရသောအခါစိတ်မှာ အလွန်ပင်ကြည်နူးမိပါတယ်။
        ထို့အတူနှစ်ပေါင်းများစွာပျောက်ဆုံးနေသော သင်္ကြန်နှင့်အတူရှိနေတတ်တဲ့ ပြည်သူတွေရဲ့ဘဝကိုထင်ဟပ်ဖေါ်ပြတတ်တဲ့ သံချပ်ဟာလည်းယခုနှစ်မှာ
လွတ်လပ်စွာပြန်လည်ထုတ်ဖေါ်ပြသလာနိုင်ခြင်းသည်ထူးခြားသောမြန်မာပြည်၏ကောင်းသော
လဏ္ခာပင်မဟုတ်ပါလား။မကောင်းတာတွေကြားကကောင်းတာလေးတွေ တွေးပြီးမြင်လိုက်မိတာပါ။
     အဲလိုအွန်လိုင်းမှာ မြန်မာပြည်အလွမ်းကိုခံစားနေယင်း The Lady ရုပ်ရှင်ကိုကြည့်ဖြစ်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့မိသားစုဖြစ်စဉ်မြန်မာနိုင်ငံရေးရဲ့၁၉၈၈ပတ်ဝန်းကျင်ကနေယနေ့ထိဆက်စပ်
လာတာတွေကိုအနီးစပ်ဆုံးဖေါ်ပြရိုက်ကူးထားတဲ့  ရုပ်ရှင်ဇတ်ကားဖြစ်ပြီး ဇာတ်ကားရိုက်ကူးခဲ့တာက ပြင်သစ် ဒါရိုက်တာ Luc Bessonဖြစ်ပါတယ်။
  ကိုယ်နဲ့နီးနီးစပ်စပ်ရှိသူများထံမှလည်းဝေဖန်ပြောဆိုသံကိုကြားရပါတယ်။ များသောအားဖြင့်လူအများပြောကြတာကို သုံးသပ်ကြည့်ရင်
ဥပမာ။ ဗိုလ်ချုပ်အောင်ဆန်းအတွင်းဝင်ရုံးမှာအစည်းအဝေးလုပ်နေစဉ် ဝင်ရောက်လုပ်ကြံတာ ပစ်စတိုနဲ့မဟုတ်ဘူး၊စသည်ဖြင့်
ဆိုတာမျိုး၊ဒေါ်အောင်ဆန်းစုကြည်နေရာမှာ သရုပ်ဆောင်သူ ဟောလိဝုဒ် မင်းသမီး မီရှဲလ်ယိုး ပြည်သူတွေကို
မိန့်ခွန်းပြောတာတရုပ်သံနဲ့မြန်မာစကားကောင်းမွန်အောင်ပြောဆိုနိုင်ခြင်းမရှိဘူးစသည်ဖြင့်။
တချို့ကြတော့်လည်း ဒီလိုရုပ်ရှင်ကားက တိုင်းပြည်ကိုနိုင်ငံရေးလှုပ်ဆော်ထားတာ တဖက်စောင်းနင်းနိုင်တယ်၊ 
စစ်တပ်ဟာဒီလိုမဟုတ်ဘူး၊ဒီလိုလုပ်ခဲ့တာတွေဖေါ်ပြထားတာတွေမမှန်ကန်ဘူးစသည်ဖြင့်အသံပေါင်းစုံကြားခဲ့ရပါတယ်။
အဲဒါတွေကိုမခံစားနိုင်ခဲ့ပါဘူး။ အဓိကထိုရုပ်ရှင်၏ဆိုလိုချက်၊ရည်ရွယ်ချက်ဖေါ်ပြချက်ကတော့ မှန်တယ်လို့မြင်ပါတယ်။မှန်တာမှားတာ သဘာဝကျခြင်းမကျခြင်းထက် အဓိကပြောချင်တာက
ဒီဇတ်ကားကိုကြည့်ပြီးရင်ထဲမှာဖြစ်ပေါ်လာတဲ့
မိမိဆန္ဒတခုက ပြောချင်တာပါ။ 
      ကျွန်တော်တို့ ချစ်တဲ့ခေါင်းဆောင်အမေစုလို့ ချစ်စနိုးခေါ်နေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ
လက်ရှိ အသက်အရွယ်အရ ခုနှစ်ဆယ်ဆိုတဲ့ အနားကိုကပ်လာပါပြီ။ တိုင်းပြည်ရဲ့အရေးကိစ္စတွေကို မြန်မာပြည်ပြန်ရောက်ထဲက အိမ်တွင်းအိမ်ပြင်မရပ်မနားဦးဆောင်လှုပ်ရှားနေခဲ့ပါတယ်။ယခုထိတိုင်ပါပဲ။ တိုင်းပြည်ရဲ့အရေးကိစ္စကလည်း အခုမှစရမဲ့အခြေအနေပါ။ အခုမှလွှတ်တော်ဝင်လို့ရမဲ့အခွင့်အရေးရယူခါစ
တိုင်းပြည်ပြောင်းလည်းရေးတွေအတွက်ဆွေးနွေးမှု့ပေါင်းများစွာကိုဖြတ်သန်းရအုံးမှာ
ဖြစ်ပါတယ်။တိုင်းရင်းသားတွေနဲ့ငြိမ်းချမ်းရေးကို အမေ့အင်အားနဲ့ပြန်လည်တည်ဆောက်ရအုံးမှာ။ နောက်ထပ်ဘယ်လောက်ဆိုတာမဝေးလှပေမဲ့ အမေကိုသာ ကျွန်တော်တို့တွေကဝိုင်းပြီးလုပ်ပါအုန်းအမေရယ်လို့ တပူစာစာလုပ်နေခဲ့ကြတာပါ။အမေ့ကိုချစ်တယ်လို့ဝိုင်းအော်နေကြတာပါ။ထိထိရောက်ရောက်အမေလိုပေါက်ပေါက်
ရောက်ရောက် က လုပ်နိုင်သူတွေမရှိတာလားကိုယ်ကပဲမသိတာလား။
ဒီရုပ်ရှင်လေးကြည့်လိုက်မိတော့
အမေဟာပြည့်ဝရင့်ကျက်တယ်။စိတ်ဓါတ်ခိုင်မာပြတ်သားတယ် ဆိုပေမဲ့ အမေလည်းလူသားတဦးပဲ အမေ့မှာလည်း နှလုံးသားနဲ့ပဲ အမေလည်းလွမ်းတာဆွေးတာပျော်တာဆိုတဲ့ခံစားမှု့တွေရှိမှာပဲဆိုတာ
သတိထားမိလိုက်တယ်။ အမေ့ရဲ့မိသားစုပျော်ရွှင်မှု့ကိုဥပက္ခာပြုထားချိန်တွေ ကိုယ်ချင်းမစာနိုင်ခဲ့မိဘူး။
ကျွန်တော်တို့ကသာ အတ္တတွေနဲ့ အမေ့အတွက် ဘာတခုမှမလုပ်ပေးနိုင်တဲ့သားဆိုးတွေလိုပါလားလို့တွေးမိတယ်။
    ခင်ပွန်းဖြစ်သူနဲ့ ပထမရှင်ကွဲ၊ခဲ့ပြီးနောက်တော့အပြီးလမ်းခွဲလိုက်ရပြီ။သားသမီးကိုလည်းအမေလွမ်းရှာမှာပေါ့။ အမေဟာတိရစ္ဆာန်  ချစ်တတ်မှန်းသိသာတယ်။အမေဟာသူခွေးလေးကိုချစ်ပုံရတယ်။ဒါကိုကြည့်ခြင်းနဲ့
သူ့သားလေးတွေ ဆို သူဘယ်လောက်ချစ်လိမ့်မလဲပေါ့။ သူအနားမှာ ထားချင်ရှာမှာပေါ့။ အမေဒေါ်စုဟာ အရမ်းကိုရင့်ကျက်သူပါ။သာမာန်အဆင့်ကိုကျော်လွန်ခံနိုင်ရည်ရှိသူပါ။
ဒါကိုအမျိုးသမီးမိခင်တွေကပိုသိကြမှာပါ။
 ဒီတော့ ပြည်သူတွေအနေနဲ့ အရွယ်ရောက်နေပြီ ဖြစ်တဲ့အမေ့ကိုချဉ်းအားကိုမနေပဲ အမေဖြစ်စေချင်နေတာတွေ အမေ့လမ်းညွှန်ပြမှု့တွေ၊ အမေ့ရဲ့ စွမ်းရည်နမူနာတွေကိုအတုယူပြီး ကိုယ်တိုင်တဦးချင်းကြိုးစားဖို့တိုက်တွန်းချင်ပါတယ်။ အမေဒေါ်စုရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် မိသားစုအသိုင်း
အဝိုင်းနဲ့တွေ့ဆုံနိုင်အောင် ပြည်သူများမှ ဆောင်ရွက်ပေးနိုင်ရန်အကြံပြုလိုပါတယ်။ အမေစု
ကတော့ကိုယ်တိုင်သေသည်အထိ ထုတ်ပြောမှာမဟုတ်သလိုဒီအခွင့်အရေးကို တောင်းဆိုမှာမဟုတ်တော့
ပတ်ဝန်ကျင်အနီးကပ်နေသူများက အမေ့ကိုမိသားတွေ့ဆုံနိုင်ခွင့်ကြိုးစားပေးလိုကြောင်း။
 အမေဒေါ်အောင်ဆန်းစုကြည်ရဲ့ကိုယ်ပိုင်မိသားစုပျော်ရွှင်ခွင့်လေးတွေကို ဖန်တီးဆောင်ရွက်ပေးစေလိုပါတယ်။
    အမေ့လိုပြောင်မြောက်တဲ့သားကောင်းသမီးကောင်းတွေပေါ်ထွန်းလာအောင်ကျိုးစားဘို့။
အမေ့လို ကိုယ့်တိုင်းပြည်ရဲ့ ဝတ်စားဆင်ယင်မှု့ကို တန်ဖိုးထားမြတ်နိုးတတ်တဲ့အမျိုးကောင်းသမီးတွေဖြစ်လာအောင်ကျိုးစားပါလို့ပြောချင်ပါတယ်။ 
                                         (ပြည်သူ့အော်သံ)
1 comment:
  1. မဂ်လာပါ ။
    ပြည်သူအော်သံတဲ့ ကြားဖူးတာတွေက လူတွေကတော့ လူဖြစ်ပါလျှက်စကား
    တော့ပြောကြမှာပါ ။ ကမ္ဘာပေါ်မှာ ပြည်သူပိုင်ဆိုတာ ဒုတိယကမ္ဘာစစ်တွင်း
    က အဟီး သချိုင်းကိုခေါ်တယ်လို့ သမိုင်းမှာသင်ရပါတယ် နော်မန်ဒီ ။
    ပြည်သူပိုင်တာက ဂျပန်မှာရှိပါတယ် ။
    ပြညသူတွေအော်တာတွေက အေးဒီနေရာတွေနှင့်တူပါတယ် ။
    မဂ်လာပါ ။
    ReplyDelete
wwwwnyinyi@gmail.com