Sunday, May 6, 2012

ကြွေးမြီ ကန်ဒေါ်လာ သန်း၅၀၀ နီးပါးပြန်ဆပ်မှသာ အပြည်.အ၀ ဘဏ္ဍာရေးအကူအညီ ပြန်လည်ပေးအပ်ရန် ကူညီနိုင်မည်ဖြစ်ကြောင်း အာရှဖွံ.ဖြိုးရေးဘဏ်ဥက္ကဋ္ဌပြောကြား


မြန်မာနိုင်ငံဖွံ.ဖြိုးတိုးဆက်ရေးအတွက် အပြည်.အ၀ ဘဏ္ဍာရေးအကူအညီ ပြန်လည်ပေးအပ်ရန်စီစဉ်နေသော်လည်း မြန်မာ အစိုးရက ပေးဆပ်ရန်ကျန်ရှိနေသည့် ကြွေးမြီ ကန်ဒေါ်လာ သန်း၅၀၀နီးပါးပြန်လည်ပေးဆပ်မှသာ ရာနှုန်းပြည့်ကူညီနိုင်ဖွယ်ရှိကြောင်း အာရှဖွံ.ဖြိုးရေးဘဏ်ဥက္ကဋ္ဌ မစ္စတာဟာယူဟီကိုကိုရိုဒါကပြောကြားသည်။
အစိုးရအသစ်အနေဖြင့် သိသာထင်ရှားသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများလုပ်ဆောင်ခဲ့ပြီး နောက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ.ဖြိုးတိုးတက်မှု အတွက်ကူညီရန်
မနီလာမြို.အခြေစိုက် အာရှဖွံ.ဖြိုးရေးဘဏ်(ADB)ကအဆင်သင့်ရှိနေကြောင်း၊သို.ရာတွင် ဘဏ္ဍာရေးအကူအညီအသစ် မစတင်မီ မြန်မာအစိုးရအနေဖြင့် ADBသို.ပေးဆပ်ရန်ကျန်ရှိနေသေးသည့် ကြွေးမြီပြသနာကိုဖြေရှင်းရမည်ဖြစ်ကြောင်း အဆိုပါ ဥက္ကဋ္ဌကပြောကြားသည်။
“ဒီအဆင့်မှာ ကြီးမားတဲ့ အတားအဆီးတစ်ခုရှိပါတယ်။ဒါဟာ ADB အတွက်သာမက ကမ္ဘာ. ဘဏ်နှင့်အခြားအလှူရှင်တွေက ဘဏ္ဍာရေးအကူအညီတွေ ပြန်လည်ပံ့ပိုးပေးဖို. အတွက်ဝန်ထုတ်ဝန်ပိုးတစ်ခု အသွင်ဖြစ်နေပါတယ်”ဟု ADB ဥက္ကဋ္ဌကပြောကြားသည်။
ADB ၏အပြည်.အ၀ပြန်လည်ကူညီပေးမှု မစတင်မီ မြန်မာအစိုးရကကြွေးမြီကိစ္စကို ပြေလည်အောင်ဖြေရှင်းပေးရမည်ဖြစ်ကြောင်း ADB ၏ချေးငွေချထားပေးမှုနှင့်ပတ်သတ်၍ အကန်.အသန်များရှီသဖြင့် ကြွေးမြီပြသနာများကို အပြည်.အ၀ပြန်လည်လျှော်ပစ်ရန် ယင်းဘဏ်အနေဖြင့်လုံလောက်သည့် flexbilty မရှိကြောင်း။ကြွေးမြီပြသနာဖြေရှင်းရန် မြန်မာနိုင်ငံနှင့်ဖြစ်နိုင်သည့်ညှိုနှိုင်းဆွေးနွေးမှု အစီအစဉ်ပြုလုပ်ရန်သာ ADB ကတံခါးဖွင့်ထားကြောင်း တံခါးဖွင့်ထားကြောင်း မစ္စတာကူယူဒါက ဆက်လက်ပြောကြားသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com