ပြည်သူတွေကို မသိတရား လွှမ်းမိုးအောင် လုပ်တာဟာ မြန်မာနိုင်ငံကို
နွံထဲနစ်အောင် လုပ်နေတာ ဖြစ်တယ်လို့ သူ့အနေနဲ့ မြင်ကြောင်း
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောဆို လိုက်ပါတယ်။ မေလ ၇ ရက်နေ့က ရန်ကုန်မြို့လမ်းမတော်မြို့နယ် NLD ရုံး ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က
အခုလို ပြောဆိုသွားတာ ဖြစ်ပြီး တဆက်ထဲမှာလည်း ကျောင်းပညာရေးဟာ အရေးကြီးသလို အသက်မွေးဝမ်းကျောင်း ပညာရပ်ဟာလည်း မြန်မာပြည်သူတွေ အတွက် ပိုပြီး
အရေးကြီးကြောင်း သူက ပြောဆို ခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ဘွဲ့ရပြီး အလုပ်လက်မဲ့ ဖြစ်နေတဲ့သူတွေ အများကြီး ရှိနေသေးတယ် ဆိုတာကိုလည်း သူက ထောက်ပြ
သွားပါတယ်။ ဒီ ဆိုင်းဘုတ်တင်ပွဲ အခမ်းအနားကို အဖွဲ့ချုပ် နာယက ဦးတင်ဦး သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်တို့လည်း တက်ရောက် လာခဲ့ပြီး ထောင်နဲ့ချီတဲ့ ဒေသခံ ပြည်သူ
လူထုက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးတင်ဦးတို့ ပြောကြားတဲ့ မိန့်ခွန်းတွေကို မိုးရွာနေတဲ့ ကြားထဲကပဲ လာရောက် နားထောင် ခဲ့ကြပါတယ်။

No comments:
Post a Comment
wwwwnyinyi@gmail.com