Thursday, May 10, 2012

ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲကာလ သုံးစွဲငွေစာရင်းကို သွားရောက်တင်ပြ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိတိုင်းပြည်၏ အခြေခံဥပဒေကိုလေးစားလိုက်နာဆောင်ရွက်သည့်အပြင်
တိကျစွာ ရွေးကောက်ပွဲ နှင့်ဆိုင်ရာသုံးစွဲကုန်ကျငွေစာရင်းရှင်းတမ်းကို သတ်မှတ်ထားသည့်အချိန်အတွင်း အုပ်ချုပ်ရေးခရိုင်ရုံးသို့သွားရာက်ရှင်းလင်းခဲ့ပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီများနှင့် အခြားရွေးကောက်ပွဲကိုယ်စားလှယ်များ၏ ကုန်ကျစာရိတ် တင်ပြမှု့ကိုမူ ပြည်သူများ ထံတိတိကျကျဖေါ်ထုတ်တင်ပြခြင်းမရှိပါ။
အောက်မှာဖေါ်ပြထားတာကတော့ပြည်သူတစ်ဦးရဲ့ ကွန်မင့်ရေးသားထားတာဖြစ်ပါတယ်။
အမေရယ်တိကျလှချည်လား? စည်းကမ်းရှိလှချည်လား?
စံနမူနာဖြစ်လှချည်လား? ပြည်သူတစ်ယောက်အနေနဲ့ 
ဘယ်လိုခံစားရမလဲတောင်မသိတော့ဘူး။ ပြည်သူတွေ
ဌာနဆိုင်ရာတွေရဲ့ စံပြဟာအမေပဲ။ သဘာဝဓာတ်ရောင်း
ရတာဘယ်လောက်လဲ? ကျောက်စိမ်းကရတာဘယ်လောက်
လဲ ?ကျွန်းသစ်ကရတာဘယ်လောက်လဲ? ဘယ်တော့မှမရှင်း
ဘူး။တစ်သက်လုံးမရှင်းဘူး။စာရင်းရှင်းတမ်းဆိုတာမရှိဘူး။
ခိုးဖို့ ဘဲသိတယ်။ခြောက်ကျပ်နဲ့ လဲပြီးအိပ်ထဲထည့်ဖို့ ဘဲသိ
တယ်။စာရင်းရှင်းတမ်းဆိုတာတစ်ကမ္ဘာလုံးမှာရှိတယ်။မြန်မာ
ပြည်မှာလိုစစ်တပ်ကသူခိုးတွေကျတော့ရှင်းတမ်းဆိုတာဘယ်
တော့မှမရှိဘူး။အခုအမေစုသွားရှင်းပြီအဲဒါစံပြပဲ။အတုယူကြ
ပါသူခိုးတွေ။
  
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကော့မှူးမြို့နယ်အမတ် ဒေါ်အောင်ဆန်းစုကြည်ဟာ ရန်ကုန် တောင်ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးရုံးမှာ ရွေးကောက်ပွဲကာလ သုံးစွဲငွေစာရင်းကို သွားရောက်တင်ပြခဲ့ပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com