လူငယ်တွေနဲ့ ဖွဲ့ စည်းထားတဲ့ (GW)ခေါ် မျိုးဆက်သစ်လူငယ်အဖွဲ့ က
တိုင်းရင်သားတွေ အချင်းချင်းကြားဖြစ်ပွားနေတဲ့ လက်နက်ကိုင်
ပဌိပက္ခရပ်ဆိုင်းပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေးရရှိဖို့ ‘ထာဝရ
ငြိမ်းချမ်းရေး ၆၇ ’ ဆိုတဲ့ လှုပ်ရှားမှုကို ဒီကနေ့ စတင်လိုက်တာပါတယ်။
ဒီလှုပ်ရှားမှုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီစားသောက်ဆိုင်ရဲ့ သိရိခန်းမမှာ ဒီကနေ့ ဖွင့်ပွဲ အခန်းအနားပြုလုပ်ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ လက်မှတ်ထိုးလှုပ်ရှားမှုတွေ ပြုလုပ်သွား မှာဖြစ်ပါတယ်။ငြိမ်းချမ်းရေး နိုဘယ် ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည်မွေးနေ့ကို၇ည်ညွန်းပြီး လက်မှတ် ပေါင်း 676767 ခြောက်သိန်းခုသောင်းခြောက်ထောင်ခုနှစ်ရာခြောက်ဆယ်ခုနှစ်အထိ ရရှိအောင်စုဆောင်းမှာဖြစ်ပြီး ရရှိလာတဲ့ လက်မှတ်တွေကို ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်မယ့် ဒ်ါအောင်ဆန်းစုကြည်ရဲ့ ၆၇ နှစ်ပြည်မွေးနေ့မှာ ပေးအပ်မှာဖြစ်သလို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တိုင်းရင်း သားခေါင်းဆောင်တွေဆီကို ပေးပို့သွားမယ်လို့ သိရပါတယ်။
အဆိုပါ အခန်းအနားကို ၈၈ မျိုးဆက်ခေါင်းဆောင် ကိုမင်းကိုနိုင် ၊ ကိုဌေးကြွယ်၊ ကိုလှမျိုးနောင် ၊ မမီးမီးတို့လည်း တတ်ရောက်ကြတယ်။NLD လွတ်တော်အမတ်ထဲကဆို ကိုဖြိုးဇေယျာသော် လည်းတတ်ရောက်ပါတယ်။ လူမှုရေးအသင်းတွေက ဒေါ်သန်းမြင့်အောင်တို့ ကိုဆောင်ဦးလှိုင်တို့လည်း တတ်ရောက်ကြတယ်။ ကိုရဲလွင် တို့အဖွဲ့ကလည်း ငြိမ်းချမ်းရေးသီးချင်းတွေနဲ့ ဧည့်ခံဖျော်ဖြေပေးသွားကြပြီး တတ်ရောက်လာတဲ့ ပရိတ်သတ်ကတော့ (၂၀၀)နှစ်ရာကျော်လောက်ရှိတယ်လို့ သိရပါတယ်။
Myanmar News Now
ဓါတ်ပုံများကို မေမေ့သား လင်းဆက် မှာ ရိုက်ကူးပေးပို့ ထားတာပါ။

No comments:
Post a Comment
wwwwnyinyi@gmail.com