Saturday, May 26, 2012

မြောင်းတကာ သံမဏိစက်ရုံ အစာငတ်ခံ ဆန္ဒပြ


(Photos: ASH)
၂၅ မေ ၂၀၁၂။ အခုလ ၁၈ ရက်နေ့က စတင်ဆန္ဒပြနေကြတဲ့ မှော်ဘီ မြောင်းတကာသံမဏိစက်ရုံ အလုပ်သမားတွေဟာ သူတို့ရဲ့ရပိုင်ခွင့်တွေအတွက် ၆ ရက်မြောက် ဒီကနေ့မှာ စတင် အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

ဒီနေ့မနက် ၉ နာရီကစပြီး သံမဏိစက်ရုံ အလုပ်သမားတွေထဲက ၂၅ ယောက်ဟာ သူတို့တောင်းဆို တဲ့ အခြေခံလစာ ရပိုင်ခွင့်တွေကို မရမချင်း အစာငတ်ခံဆန္ဒပြသွားမယ်လို့ ဆိုပါတယ်။
 အစာငတ်ခံ ဆန္ဒပြအလုပ်သမားတွေဟာ အခုလိုဆန္ဒပြတာနဲ့ပတ်သတ်ပြီး သူတို့ရဲ့စက်ရုံတစ်ရုံတည်းရဲ့ အလုပ်သမားတွေအတွက်မဟုတ်ပဲ အဖိနှိပ်ခံနေရတဲ့ မြန်မာတနိုင်ငံလုံးက အလုပ်သမားတွေအတွက် ရည်ရွယ်တယ်လို့ဆိုပါတယ်။

 အဲဒီအစာငတ်ခံဆန္ဒပြတဲ့ဆီကို ၈၈ မျိုးဆက်ကျောင်းသား အလုပ်သမားရေးရာတာဝ်ယူဆောင်ရွက်နေတဲ့ ကိုအောက်သူရောက်လာပြီး အလုပ်သမားတွေနဲ့တွေ့ဆုံသွားခဲ့ပါတယ်။
ဒီဗွီဘီ

No comments:

Post a Comment

wwwwnyinyi@gmail.com