Sunday, May 20, 2012

မဟာချိုင် လူမှောင်ခိုလက်က ကယ်တင်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားများ (ရုပ်သံ)

မိမိတိုင်းပြည်မှ လူငယ်များ၊ မိမိလူမျိုးများ တဖက်နိုင်ငံတွင် ဒုက္ခရောက်နေရခြင်းသည်၊ မိမိတို့တိုင်းပြည်ဂုဏ်သိက္ခာ ကိုကျဆင်းစေသည်။ မိမိတိုင်းပြည် ၏စီးပွားရေး၊လူမှု့ရေးများနှင့် ပြည်သူများအပေါ် ကာကွယ်စောက်ရှောက်မပေးနိုင်ခြင်းသည် အစိုးရအဆက်ဆက်၏ အားနည်းချက်များဖြစ်သည်။

အုပ်ချုပ်ရေးနှင့် အစိုးရအဖွဲ့အစည်းများ၏ ညံ့ဖျင်းဆောင်ရွက်မှု့များကြောင့်
ယခုမြင်တွေ့ရသည် မြန်မာအလုပ်သမားများတဖက်တိုင်းပြည်တွင် ကျေးကျွန်သဖွယ်လုပ်အားဆုံးရုံးသည်သာမက
ထိုင်းနိုင်ငံသည် မြန်မာ့ ပင်လယ်ပြင်သို့ တရားမဝင် ရေထွက်ပစ္စည်များဝင်ရောက်ဖမ်းဆီးခြင်းများ၊ အစိုးရအာဏာပိုင်များနှင့် လာဒ်ပေးလာဒ်ယူလုပ် ၍ ငါး၊ပုဇွန်များကို မြန်မာရေပိုင်နက်အတွင်းဝင်ရောက်ဖမ်းဆီးပြီး၊ ထိုင်းမြန်မာနယ်စပ်များ အနီးရှိ ရေထွက်ထုတ်ကုန်ပစ္စည်းများထုတ်လုပ်သည့်စက်ရုံများ မှ made in thailand ၊product by thai ဟု နိုင်ငံတကာကိုထုတ်လုပ်ရောင်းချ ပြီးကမ္ဘာ ကသိလျှက်ရှိနေသည်။
နောက်ကွယ်အမှန်မှာ မြန်မာတိုင်းပြည်မှထွက်သည့် ငါး၊ပုဇွန်များပါဝင်သည်သာဖြစ်သည်။ မြန်မာပြည်မှထွက်သည့်ငါး၊ပုဇွန်များကို တဖက်နိုင်ငံကို တရားမဝင်ရောင်းချခြင်းသည် ဝင်ငွေပိုရခြင်း၊ မိမိအစိုးရထံပြန်လည်ရောင်းချခြင်းသည် ဝင်ငွေနည်းပါးခြင်း၊ငါးဖမ်းလုပ်သားများနစ်နာမှု့များ၊အပေါ်အစိုးရ၏ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှု့အားနည်းခြင်းများ
၏နောက်ဆက်ပြဿနာများဖြစ်လာရခြင်းအကြောင်းများဖြစ်ပါသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com