( ခိုင်အောင်ကျော်)
(“တပိုင်းကတော့ ဥပဒေနဲ့ မညီညွတ်ဘဲနဲ့ ဥပဒေဘောင်ပြင်ပ ရောက်နေတဲ့သူတွေနဲ့ ပတ်သက်ပြီး တော့လည်း ပဲ သူတို့အနေနဲ့
သီးခြား မြန်မာနိုင်ငံနဲ့ပတ်သက်ပြီးတော့ထိတွေ့လိုတယ်၊ ပြန်လည်ပြီးတော့
နိုင်ငံသားကောင်းတယောက်အနေနဲ့ပြန်လည်ဆောင်ရွက်ချင်တဲ့ ဆန္ဒတွေ ရှိတယ်ဆိုရင်
တဦးချင်းအနေနဲ့ မိမိဆန္ဒကို ထုတ်ဖော်ပြီးတဲ့အခါမှာ ဆက်သွယ်လာလို့ ရှိရင် ကျနော်တို့အနေနဲ့ တဦးချင်း တဦးချင်း
case by case စဉ်းစားပြီးတော့ ဆောင်ရွက်ပေး သွားမယ့် အနေအထားလည်း ရှိပါတယ်။ ဆောင်ရွက်လည်းဆောင်ရွက်ပေးနေတယ်။
ဒါကတော့ ပြည်ပရောက်နိုင်ငံသားတွေ အားလုံးအတွက် ဖြစ်ပါတယ်။
“အဲဒီတော့ နိုင်ငံတော်ရဲ့ တည်ဆဲ ဥပဒေတွေကို ချိုးဖောက်ထားတဲ့ သူတွေ အနေနဲ့ကတော့ မိမိတို့ရဲ့ ချိုးဖောက် ထားတဲ့ ဥပဒေ၊ ပုဒ်မ
အနေအထားတွေပေါ်မှာ မူတည်ပြီးတော့ ဒီကိစ္စရပ်တွေနဲ့အပေါ်မှာ မူတည်ပြီး မိမိရဲ့ဆန္ဒကို ကိုယ်တိုင်ကိုယ်ကျ ဖော်ပြပြီးတော့
လျှောက်ထားလာကြမယ် ဆိုလို့ရှိရင်တော့လည်း ကျနော်တို့ အနေနဲ့ ဆင့်ကဲ ဆင့်ကဲ ဆက်လက် တင်ပြပေးသွားဖို့ ရှိပါတယ်။”
အထက်ပါစကားကို မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်က ဗွီအိုအေနှင့် အင်တာဗျူးမှာ ပြောဆိုသွားခြင်းဖြစ်သည် ။ )
ပထမအပိုင်းကို ပြန်ကြည့်မည်ဆိုပါက ဥပဒေနှင့် မညီညွတ်သည့် ဥပဒေဘောင်ဘက်ကို ရောက်နေသောသူများဟုပြောဆိုသုံးနုံးထားသည်
ကို သတိထားဖြစ်သည် ။ယခုဖြေရှင်းချက်မှာ မြန်မာနိုင်ငံကို ပြန်လာလိုလွန်း၍ ပြန်လာချင်လွန်း၍ တင်ပြခြင်းမဟုတ်သည်ကို
သိစေလိုပါသည် ။ ဖြေရှင်းချက်ဆိုပြီးနောက် ဦးဝဏ္ဍမောင်လွင်၏ မှာနေသောအတွေးအခေါ် သို့ မဟုတ် သမ္မတဦးသိန်းစိန်အစိုးရ၏
လွှဲမှားနေသော နိုင်ငံရေးဝေါဟာရကို ပြန်လည်ပြုပြင်စေရန် ဖြေရှင်းချက်သာဖြစ်သည် ။ပြောရလျှင် ဥပဒေဘောင်ပြင်ပဆိုသောစကားရပ်မှာ
လွန်စွာလေးနက်စွာ ဖြေရှင်းရမည့်အပိုင်း ဖြစ်နေသည် ။ ၁၉၈၈- ခုနှစ်မတိုင်ခင်နှင့် ၈၈ အပြီး ထွက်ခွါလာကြသော နိုင်ငံတကာရောက်
မြန်မာနိုင်ငံသားးများမှာ ဥပဒေဘောင်ပြင်ပ ကို ရောက်ရှိလာကြသူများမဟုတ် ။ နိုင်ငံတကာကို ရောက်ရှိလာသူများသာဖြစ်သည်။
သူတို့ ရောက်ရှိလာသည့်အချိန်တွင် မြန်မာနိုင်ငံအတွင်း၌ အုပ်ချုပ်နေသူစစ်အစိုးရက တရားဥပဒေမဲ့ စွာ ပြုမူဆက်ဆံ ညှင်းပမ်းသတ်ဖြတ်
လူ့ အခွင့်အရေးချိုးဖေါက်မှုများစွာကို လွန်ကျူးနေသောကြောင့် သူတို့ ၏ အသက်စည်းစိမ်ကို စိုးရိမ်ထိတ်လန့် ကာ နယ်စပ်ဒေသသို့ 
ဖိနပ်မပါငွေမပါ လိပ်စာမပါ သားကွဲ မယားကွဲ -မိဖကွဲ အိမ်ထောင်ကွဲကာ ရောက်ရှိလာသူများသာဖြစ်သည် ။ ထို့ ကြောင့်စစ်အစိုးရသည်သာ
ဥပဒေမဲ့ ပြုလုပ်သော အဖွဲ့ အစည်းဖြစ်၍ ဥပဒေဘောင်ပြင်ဖက်က သူများမှာ နိုင်ငံတကာကိုရောက်နေသူများမဟုတ် ။
စစ်အစိုးရသာဖြစ်သည် ။
case by case စဉ်းစားပြီးတော့ ဆောင်ရွက်သွားမယ် ဆိုသည့် စကားမှာ နိုင်ငံတကာသို့ ထွက်ခွာလာသောသူများအားစစ်ဆေးသည်ထက်
နိုင်ငံတကာကို ရောက်ရှိလာသူများက တင်ပြမည့်အချက်အလက်များကို စစ်ဆေးမည်လားဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်လာသည် ။
၈၈-အရေးအခင်းပြီးနောက် နိုင်ငံတကာကို ရောက်ရှိလာသူများမှာ သူတို့ ၏ မျက်စိအောက်ရှေ့မှောက်တွင် သူတို့ ၏ မိသားစုများ -ဆွေမျိုး
သားချင်းများ-သူတို့ ၏ နေအိမ်အဆောက်အဦများ -သူတို့ ၏ ကိုးကွယ်ဆည်းကပ်ရာ ဘုးရားပုထိုး ကျောင်းကန်များနှင့် ရဟန်းသင်္ဃာတော်
များ -သတ်ဖြတ်ခံရခြင်း၊ ဖျက်ဆီးခံရခြင်း ၊ပျက်စီးသွားရခြင်း -ရွာလုံကျွတ်မီးရို့  ခံရခြင်း -မုဒိမ်းကျင့်ခံရခြင်း၊လူသတ်ပြီး
အလောင်းဖျောက်ခံရခြင်း စသောအချက်အလက်များ မြောက်မြားစွာ ရှိပါသည် ။
ယင်းအချက်များကို case by case တခုချင်းတခုချင်း တရားဥပဒေအတိုင်း အမှန်တရား ဖြစ်ပေါ်အောင် ပြည်သူလူထု၏ လိုအင်ဆန္ဒနှင့်
အညီ ပြန်လည်စစ်ဆေးမည်လားဆိုသည်မှာ မေးခွန်းမေးစရာဖြစ်နေသည် ။အဘယ့်ကြောင့်ဆိုသော် သူတို့ ၏ နှစ်ပေါင်း( ၂၀ )
ကြွေးကြော်ခဲ့ ကြသော ဒီမိုကရေစီနှင့် လူ့ အခွင့်အရေးဆိုသည်မှာ ယင်းကဲ့ သို့  လူမဆန်သည့် လူ့ အခွင့်အရေးချိုးဖေါက်မှုများကို
ပပျောက်လိုစေ၍ ယခုအချိန်ထိ စစ်မှန်သော နိုင်ငံရေးစနစ်ကို ဖန်တီးဆောင်ရွက်နေသူများသာဖြစ်သည် ။ ထို့ ကြောင့် -case by case
-တခုချင်း တခုချင်း စစ်ဆေးမည် ဆိုသောစကားမှာ နိုင်ငံတကာက ပြန်လာလိုသော သူများက တင်ပြသောအကြောင်းအရာများထဲက
အဖြစ်အပျက်များ၏ တရားခံများကို စစ်ဆေးပေးမည်လား ဆိုခြင်းက ပြသနာတရပ်ကြီးဖြစ်နေသည် ။
တချိန်တည်းမှာပင် နိုင်ငံတော်၏ တည်ဆဲဥပဒေတွေကို ချိုးဖေါက်သူများဟု သုံးနုံးသွားသည်မှာ နိုင်ငံတကာရောက်
ဒီမိုကရေစီအရေးကို ဆောင်ရွက်သူများအား လှပစွာ စော်ကားမော်ကား ပြောဆိုသတ်မှတ်လိုက်ခြင်းဖြစ်သည် ။ ယင်းအချိန်က နိုင်ငံမှာ
စစ်အာဏာရှင်စနစ်ဖြင့် အုပ်ချုပ်နေရာ မည်သူက တည်ဆဲ ဥပဒေကို ချိုးဖေါက်လေသနည်း ဆိုသည်က ပြောစရာ ဖြစ်သည် ။ စစ်အစိုးရမို့ 
စစ်ဥပဒေဖြင့် အုပ်ချုပ်နေရာ လူသားတို့ ၏ အသက်တချောင်းကို သစ်ရွက်သစ်ခြောက်လို တန်ဖိုး မထားသော စစ်အာဏာရှင်တို့ သည်
ယင်းအချိန်က ကမ္ဘာ့ကုလမသ၈္ဂအပါအ၀င် ပြောယူရလောက်အောင်အထိ နိုင်ငံတကာ ဥပဒေတွေကို ချိုးဖေါက်ကာ လူ့ အခွင့်အရေးကို
ချိုးဖေါက်သောသူများဖြစ်သည် ။ဗိုလ်ချုပ်ကြီးစောမောင်သည် ၈၈-အရေးအခင်းတွင် စစ်အစိုးရကို ဦးဆောင်သော်လည်း သူက -၁၉၉၀-ခု
ရွေးကောက်ပွဲကို ပြုလုပ်ပေးခဲ့ သည် ။ သို့ သော် သူ့ ထက် စစ်အာဏာရှင်စနစ်ကို လက်သံပြောင်ပြောင်နှင့် ဖန်တီးရှင်သန်ခဲ့စေသော
ဗိုလ်ခင်ညွန့် ကြောင့် သူ့ ခမြာသက်ဆိုး မရှည်ခဲ့ ရ ။ ဗိုလ်ခင်ညွန့် မှာ ဗိုလ်သန်းရွှေင့် ပေါင်းကာ စစ်အာဏာရှင်စနစ်ကို အကောင်းဆုံး
တည်တန့် စေသူဖြစ်ခဲ့ ရာ ယခုအချိန်ထိ ဗိုလ်သန်းရွှေ၏ စစ်အာဏာရှင်စနစ်မှာ ဆက်လက်တည်တန့် နေမြဲ အတိုင်း ရှိနေသည် ။
ထုံးစံအတိုင်း ဗိုလ်ခင်ညွန့် သည်လည်း စစ်အာဏာရှင်စနစ်အတိုင်း သူလည်းပြာကျသွားရသည် ။
တိတိကျကျ ပြောချင်သည်မှာ မည်သူက တည်ဆဲ ဥပဒေကို ချိုးဖေါက်လေသနည်းဆိုသည်ကို ပြောလိုခြင်းဖြစ်သည်။ လက်နက်မဲ့
ပြည်သူလူထုများမှာ စစ်အစိုးရ၏ လက်နက်မျိုးစုံအောက်တွင် ပြားပြားမှောက်နေရသူများဖြစ်သည် ။
ယင်းလူထုလူတန်းစားများမှာ မည်သည့်စစ်ဖက်အရာရှိ တဦးတလေ- စစ်သားတယောက်-ရဲတယောက်ကိုမျှ- ဒါး-တုတ်-လှံ - စသည်တို့ ဖြင့်
သေစေလောက်အောင် ပြုလုပ်ခဲ့ သည်ဟု မြန်မာနိုင်ငံတရားရုံးတခုခုတွင် မကြားဖူဖူး ။ တကယ်သတ်ဖြတ်နေသူများက စစ်ဖက်ဆိုင်ရာ
-ရဲဖက်ဆိုင်ရာ လက်နက်ကိုင်သူများဖြစ်သည် ။ ထပ်၍ပြောရလျှင် ကြံ့ ဖွံ့ ပါတီ၏ စွမ်းအားရှင်တို့ တောင်မှ ၀ါးရင်းတုတ်ဖြင့် ဒီပဲယင်းမှာ
ရိုက်သတ်ခဲ့ စေခြင်းသည်ပင် မည်သူက တည်ဆဲ ဥပဒေများကို ချိုးဖေါက်လေသနည်းဆိုသည်က အဖြေပေါ်နေပြီးဖြစ်သည် ။
ယင်းကဲ့ သို့ ဖြစ်ပွါးရခြင်းမှာ စစ်အာဏာရှင်စနစ်၏ ဥပဒေများအတိုင်း မဲမဲမြင်၍ မထင်လျှင် ပစ်သတ်နိုင်သည်ဆိုသော မာရှယ်လော
ဥပဒေကြောင့်သာဖြစ်သည် ။ ထို့ ကြောင့် စစ်အစိုးရ၏ တည်ဆဲ ဥပဒေကို ချိုးဖေါက်သူများမှာ လက်နက်မဲ့  ပြည်သူများ တနည်းအားဖြင့်
နိုင်ငံတကာရောက် ပုဂ္ဂိုလ်များနှင့် နယ်စပ်ဒေသရှိ ဒုက္ခသည်များ မဟုတ်ချေ။
ထို့ ကြောင့် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်၏ မြန်မာနိုင်ငံသားတွေကို ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ခေါ်စေလိုသော
သမ္မတကြီး ဦးသိန်းစိန်၏ စေတနာကို လေးစားစွာဖြင့် ထုတ်ဖေါ်ခြင်းကို ကြိုဆိုသည် ။ သို့ သော် ယခုလို ရာဇ၀တ်သားကောင်တွေလို
နိုင်ငံတကာရောက် ဒီမိုကရေစီအတိုက်အခံ နိုင်ငံရေးသမားတေ့ကို ပြောဆိုသုံးနှုံးခြင်းများအား ချက်ချင်း ရုပ်သိမ်းပေးရန်လိုသည် ။
သင်ပုန်းချေပြီး လူကြီးလူကောင်း ဆန်ဆန် နိုင်ငံကို ပြန်လည် တည်ဆောက်လိုသူများဆိုလျှင် ယင်းကဲ့ သို့  စကားရပ်ကို မပြောမိဖို့ လိုသည်
။ အပြစ်အနာအဆာတွေ တပုံကြီး ရှိနေသော မြန်မာနိုင်ငံက အုပ်ချုပ်သူ အစိုးရ၏ အတိတ်က အခြေအနေများမှာ ခုအချိန်ထိ အရိပ်သဘွယ်
ထမင်းလုံးတစ္ဆေ ( Nightmare ) အခြောက်ခံထားလျှက် ရှိနေသေးသည်ကို သိစေချင်သည် ။ ဒေါ်မာမာအေးလို ပြောစရာတွေ တပုံကြီး
ရှိနေသေးသည်ဆိုသည်ကို မမေ့ဖို့ လိုသည် ။
ကျွန်တော်ပြောလိုသည်မှာ သင်ပုန်းချေမည်လား -လက်စားချေ ပြောကြဆိုကြမည်လား ဆိုသည်ကို ပြောလိုခြင်းမဟုတ်၊ အဓိကမှာ တဦးကို
တဦး မလိမ်တမ်းမညာတမ်း ပြောဆိုဆက်ဆံတတ်ဖို့ လိုသည် ။သို့ မှသာ ယုံကြည်မှုတည်ဆောက်နေသည့် အချိန်တွင် ယခုလိုတဖက်စီးနင်း
ပြောလို့ ကတာ့ မည်သည့်နည်းနှင့်မျှ အဆင်ပြေကြမည်မထင် ။ အဘယ့်ကြောင့်ဆိုသော် နိုင်ငံတကာရောက် ဒီမိုကရေစီအတိုက်အခံ တို့ မှာ
ယခုသမ္မတကြီး ဦးသိန်းစိန်အစိုးရကို အသိအမှတ် မပြုကြသလို-၂၀၀၈-ခုနှစ် ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပေးကိုလည်းလက်ခံသူများမဟုတ်။
ပြောရလျှင် သွားချင်သည့်သူများက နောက်ဖေးပေါက်ကဘဲ ၀င်ဝင် ခွေးတိုးပေါက်ကဘဲဝင်ဝင် ၀င်သည့်သူများက ၀င်သွားကြမည်
ဖြစ်သော်လည်း နိုင်ငံတနိုင်ငံ၏ ဒိမိုကရေစီအခွင့်အရေးဆိုသည်မှာ ဘာလဲ ဆိုသည်ကို သိထားနှင့်နေပြီ ဖြစ်သော
ဒီမိုကရေစီအတိုက်အခံသမားတို့ မှာကား လျှော့တွက်၍ ရမည့်သူများ မဟုတ်ကြောင်း ။
No comments:
Post a Comment
wwwwnyinyi@gmail.com