Sunday, May 27, 2012

ပြည်မြို့ ဖယောင်းတိုင် လှုပ်ရှားသူများအား အကြမ်းဖက်ခဲ့သည် မြင်ကွင်း (ရုပ်သံ)

ပြည်မြို့တွင် လျှပ်စစ်မီးရရှိရေး အတွက် မေ ၂၅ ရက်က ဆန္ဒပြ တောင်းဆိုသူအချို့အား အာဏာပိုင်အဖွဲ့အစည်းများမှ အဓမ္မ အင်အားသုံး အကြမ်းဖက်ဆောင်ရွက်ခဲ့တာ ကိုဖေါ်ပြပါ ဗီဒီယိုဖိုင်တွင်မြင်တွေ့ရမှာဖြစ်ပါတယ်။
  လက်ရှိ တိုင်းပြည်ပြောင်းလဲရေးများနှင့် ပြုပြင်နေဆဲကာလမှာ ဦးသိန်းစိန်အစိုးရ အဖွဲ့သည် ပြည်သူလူထု၏ ယုံကြည်လာမှု့ကို ပြန်လည်တည်ဆောက်နေသည့်အချိန်လည်းဖြစ်သင့်သည်။
ယခင်အချိန်များစွာကပင်တိုင်းပြည်ပြည်သူလူထုအပေါ် အုပ်ချုပ်ရေးအာဏာပိုင်များသည် အာဏာဖြင့် လုပ်ချင်တာကို ဇွတ်အတင်းလုပ်အနိုင်ကျင့်ခဲ့သည်ကို ယခုအချိန်တွင် ပြောင်းလဲသင့်ပေသည်။အဖက်ဖက်ကတိုင်းပြည်ချွတ်ချုံကျနေခြင်းသည် ထိုသို့သောအကြမ်းဖက် အုပ်ချုပ်မှု့များကြောင့် ဆိုလျှင်မှားမည်မထင်ပါ။ရဲ ၊လုံထိမ်းစသော အာဏာပိုင်များကို ဖွဲ့စည်းထားသော သူများသည်မည်သူများပါသနည်း။
၎င်းအဖွဲ့အစည်းများကို မည်သူက ထိုသို့ဆောင်ရွက်ရန် အမိန့်ပေးထားပါသနည်း။
ထိုအဖွဲ့အစည်းများကို ဖွဲ့စည်းထားသူများ၊ အုပ်ချုပ်အမိန့်ပေးနေသူများသည် တွေးခေါ်ဆင်ခြင်နိုင်အားနည်းသူများ၊ အသိဥာဏ်နည်းသူများ၊ ပြသနာကို ကိုင်တွယ်မဖြေရှင်းတတ်သူများ၊ ကအုပ်ချုပ်နေခြင်းကြောင့်၊ နည်းလမ်းကျဆောင်ရွက်တတ်သော စနစ်ကို မသိရှိခြင်းကြောင့်များသာ ယခုကဲ့သို့ အကြမ်းဖက်ဖြေရှင်းခြင်းများကိုသာ လုပ်ဆောင်နေခြင်းဖြစ်သည်။အတိုချုပ်ပြောလျှင် ပညာအသိဥာဏ် နှင့်
နိုင်ငံတကာ အသိုင်းအဝိုင်းများနှင့် တန်းတူမဆက်ဆံနိုင်ခြင်း အသိဥာဏ် နောက်ကျနေသူများတိုင်းပြည်ကို
အုပ်ချုပ်မင်းလုပ်နေခဲ့ကြခြင်းကြောင့်ဖြစ်သည်ဟုသုံးသပ်ရပေမည်။( ပြည်သူ့အော်သံ)

No comments:

Post a Comment

wwwwnyinyi@gmail.com