
ပုလဲ၊ စံပယ်ပွင့်၊ YJ၊ အာရှနှင်းဆီ အထည်ချုပ် စက်ရုံ လေးရုံနှင့် Miss Style ဖိနပ် စက်ရုံတို့မှ အလုပ်သမား ပြဿနာများ ပြေလည် သွားပြီ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရှိရသည်။
ပုလဲ အထည်ချုပ် စက်ရုံနှင့် စံပယ်ပွင့် အထည်ချုပ် စက်ရုံတို့မှ အလုပ်သမားများမှာ ရှားပါး စရိတ် ထောက်ပံ့ကြေး သုံးသောင်း တောင်းဆိုထားရာ နှစ်သောင်းကျပ်ဖြင့် အလုပ်ရှင် အလုပ်သမား ပြေလည်မှု ရရှိသွားခြင်း ဖြစ်ကြောင်း၊ အခြေခံ လစာကို အချိန်ပို မပါ ၅၆၈၀၀ ကျပ်ပေးပြီး ရက်မှန်ကြေးကို နှစ်ထောင် ထပ်မံ တိုးပေးလိုက်ကြောင်း ယင်းစက်ရုံများမှ အလုပ်သမားများက ပြောကြားသည်။
“အဆင်ပြေသွားပြီ။ တစ်သောင်းကျော်လောက် ထပ်တိုးသွားတာပေါ့” ဟု ပုလဲ အထည်ချုပ် စက်ရုံမှ အလုပ်သမား ကိုယ်စားလှယ် တစ်ဦးက ရှင်းပြသည်။
YJ အထည်ချုပ် စက်ရုံမှ အလုပ်သမားများမှာ အခြေခံလစာကို သုံးသောင်း တောင်းဆိုထားရာ ၂၅၀၀၀ ကျပ်ဖြင့် ပြေလည်သွားပြီ ဖြစ်ကြောင်း၊ အာရှနှင်းဆီ စက်ရုံနှင့် Miss Style တို့တွင်လည်း အလုပ်ရှင်ဘက်က လိုက်လျောမှု များကြောင့် ပြေလည်သွားပြီ ဖြစ်ကြောင်း အလုပ်သမား အရေး ဆောင်ရွက်သူများ ထံမှ သိရသည်။
လှိုင်သာယာ စက်မှုဇုန်တွင် မေလ လဝက်အတွင်း စက်ရုံ ၂၀ ကျော်မှ အလုပ်သမားများ လုပ်ခလစာ တိုးမြှင့်ပေးရန် အလုပ် မဆင်းဘဲ ဆန္ဒပြ တောင်းဆိုခဲ့ ကြသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com