Sunday, June 24, 2012

ကျပ်မပြည့်(သို့) ဦးဏှောက် ပုံမှန် မဟုတ်သော ဝန်ကြီးများ အစိုးရအဖွဲ့မှ အမြန်ဆုံးရှင်းလင်းဖယ်ရှားသင့်

မြန်မာပြည်ပြောင်းလည်းရေးကို ဦးသိန်းစိန် အစိုးရ နှင့် ပြည်သူ့ခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ညှိနှိုင်းဆောင်ရွက်ပြီးနောက်ပိုင်း၊

 ပြောင်းလည်းရေး လမ်းစ ကိုရှောက်လှမ်းနေပြီဖြစ်သော်လည်း အစိုးရ၏ ဝန်ကြီးအဖွဲ့တွင် လျှပ်စစ်များပိုလျှံနေသည်ဟု တွက်ချက်ခါ လျှပ်စစ်များရောင်းစားခြင်း၊ လျှပ်စစ်ကို ကွန်တိန်နာဖြင့် တင်ပို့ရောင်းစားမရကြောင်းရှင်းလင်းပြောဆိုခြင်း။

မြန်မာပြည် အထက်အောက်အရပ်ထိ ကုန်စည် စီးဆင်းမှု့ ၊ဆက်သွယ်မှု့ သဘာဝလမ်းကြောင်းတခုဖြစ်သော ဧရာဝတီ ကို ရှင်းလင်းပြင်စဉ်ခြင်းများ၊ ကာကွယ်စောင့်ရှောက်ခြင်းများနှင့် တိုးတက်သာယာကောင်းမွန်အောင် မဆောင်ရွက်၊မကြံစည်နိုင် သည့်အပြင်၊ မြစ်ဆုံကို ပိတ်ဆို့ လျှက်

တရုပ်ကို မျက်နှာလုပ် အားကိုး လျှပ်စစ်ကိုရောင်းချခြင်း၊

လျှပ်စစ်မရှိလို့ မီးမလင်းရင် ဆန္ဒပြနေစရာမလို၊ တောင်းဆိုနေစရာမလို မီးပိတ်ပြီး ဖယောင်းတိုင်ထွန်းနေရန် အကြံဥာဏ်ပေးခြင်း၊

 ယခုတခါ ရခိုင်ဒေသတွင် တရားမဝင် လာရောက်နေထိုင်သူများ တစစ လူဦးရေတိုးပွားလျှက် ကိုယ့် တိုင်းရင်းသားရင်းခြာကို ကာကွယ်မှု့မပေး နိုင်၊ တိုင်းပြည်စည်းရိုးကို လုံခြုံအောင် မကာကွယ် ၊ စည်းကမ်းပျက် ဥပဒေလာဒ်စားခြင်းများကြောင့် ဖြေရှင်းရခက်လာသော လူမျိုးရေးပြသနာကို မည်သို့ရှင်းလင်းရမည်၊

ယခုပြသနာသည်မည်မျှ တိုင်းပြည်အတွက်အရေးကြီးသည်ကို မတွက်ဆနိုင်သော ပေါ့ပျက်သော စကား၊အတွေးအခေါ် အမြှော်အမြင်နည်းပါးသော ခေါင်းဆောင်များမှ ဒိုင်လူကြီးလုပ် ပေးမည်ဟုပြောဆိုခြင်း။

မြန်မာ့ လူမျိုးတဦးဦး ဟာကမ္ဘာသိ ကျော်ကြားနေသော်လည်း

(ဥပမာ)

ဦးသန့် (ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်)

ဒေါ်အောင်ဆန်းစုကြည်

နိုင်ငံတကာ လူအမျိုးပေါင်းများစွာမှ ချီကျူးဂုဏ်ပြု နေသော်လည်း မြန်မာ့ အစိုးရ အဖွဲ့အစည်းများတွင် စစ်ခေါင်းဆောင် အသိုင်းအဝိုင်းများအဆက်ဆက်သည် မနာလိုစိတ်၊ မိမိထက် သာလွန်သော နာမည်ကျော်ကြားမှု့ကို မနှစ်မြို့ ၊ နှိမ်ချ ဖိနှပ်မှု့များ ကို အမျိုးမျိုးလှည့်ပတ်ပြောဆို လုပ်ဆောင်နေသော အစိုးရအဖွဲ့ဝင်များ ကိုရှင်းလင်းဖယ်ရှားလိုက်လျှင် မြန်မာပြည် ဒီမိုကရေစီ လမ်းသည်ယခုထက် ပိုမိုမြန်ဆန်ကောင်းမွန်လာရန်

အထောက်အကူဖြစ်လာနိုင်သည်။

ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုပါ။ နေရာပေးထိုက်သူကို နေရာပေးပါ။ပူဇော်ထိုက်သူကိုပူဇော်ပါ။(သံဃာတော်များကိုရိုက်နှက်ခြင်းမပြုရန်) ထိုအရာများသည်မင်္ဂလာတရားနှင့်ပြည့်စုံ

ကြောင်း ကျပ်မပြည့် ခေါင်းဆောင်များအားပြောကြားချင်ပါတယ်။(ပြည်သူ့အော်သံ) 

ရခိုင်အရေးတွင် အစိုးရက ဒိုင်လူကြီးလုပ်မည်ဟု ကယ်ဆယ် ဒုဝန်ကြီး ပြောကြား

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဇွန်လ ၁၉ ရက်နေ့က ပြုလုပ်ခဲ့သော အစည်းအဝေးတွင်ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒု ၀န်ကြီး ဘုန်းဆွေက အစိုးရ အနေဖြင့် ယခု ရခိုင်အရေးတွင် ဒိုင်လူကြီး လုပ်မည်ဟု ပြောကြားခဲ့သည်ဟု သိရသည်။

ရခိုင်ပြည်နယ် လွှတ်တော် ခန်းမ

စစ်တွေမြို့ ရခိုင်ပြည်နယ် လွှတ်တော်ရုံးခန်းမတွင် ဇွန်လ ၁၉ ရက် နေ့လည် (၁) နာရီတွင် ပြုလုပ်သော မြို့တော် သန့်ရှင်းရေးနှင့် လှပရေး အစည်းအဝေး ပြုလုပ်စဉ် ထိုသို့ ဒုဝန်ကြီး ဘုန်းဆွေက ပြောကြားလိုက်ခြင်း  ဖြစ်သည်။

အဆိုပါ အစည်းအဝေးတွင် ရခိုင် ပြည်နယ် ၀န်ကြီးချုပ် အပါအ၀င် ပြည်နယ် အဆင့် တာဝန်ရှိသူများ၊ ရတပ ပါတီမှ တာဝန် ရှိသူများ၊ မြို့မိမြို့ဖများ တက်ရောက်ခဲ့သည်ဟု သိရသည်။

ထိုသို့ပြောကြားလိုက်ခြင်းမှာ အစိုးရအဖွဲ့ဝင် ၀န်ကြီး တစ်ဦး အနေဖြင့် မပြောသင့် မပြောထိုက်သော စကားဖြစ်ပြီး တာဝန်မဲ့ရာ ကျလွန်းသည်ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ လွှတ်တော်ကိုယ်စား လှယ် တစ်ဦးက ပြောသည်။

၎င်းပြင် အစည်းအဝေးတွင်လည်း ရခိုင်ကုန်သည်ကြီးများအသင်း ဥက္ကဌ ဦးရွှေထွန်းအောင်မှ အစိုးရ အနေဖြင့် ဒိုင်လူကြီး မလုပ်ဘဲ ပြည်ထောင်စု အရေးနှင့် အချုပ်အချာ ပိုင်စိုးမူအတွက် အသေအချာ စဉ်းစား လုပ်ဆောင်ရန် လိုအပ်ကြောင်း အကြံပြု ပြောကြားခဲ့သည်ဟု ဆိုသည်။

“ ဦးရွှေထွန်းအောင်က ဘယ်လိုတင်ပြသလဲဆိုရင် ယခုအချိန်တွင် တိုင်းရင်းသား၊ နိုင်ငံခြားသားကို ခွဲခြားရမည့် အချိန်ဖြစ်ပါကြောင်း၊ အစိုးရ အနေဖြင့် ဒိုင်လူကြီးမလုပ်ဘဲ ပြည်ထောင်စုကြီးနဲ့ အချုပ် အချာ ပိုင်စိုးမူ အတွက် ပြတ်သားစွာ ဆုံးဖြတ်ရမည့် အချိန်အခါကောင်းဖြစ်ကြောင်း၊ တိုင်းရင်းသား များမှာ အမိမဲ့သား ရေနည်းငါး ပမာ အားကိုးရာမဲ့ ဖြစ်နေကြရသည်ကို စဉ်းစားပေးရန် သင့်ပါကြောင်း တင်ပြခဲ့ပါတယ်” ဟု အစည်းအဝေးသို့ တက်ရောက်ခဲ့သူ တစ်ဦးက ပြောသည်။

နောက်ပိုင်းတွင် ဒုဝန်ကြီး ဦးဘုန်းဆွေ မိမိက ထိုသို့ ပြောလိုခြင်းမဟုတ်ကြောင်း  ပြန်လည် ပြောဆို ခဲ့သည်ဟု ဆိုသည်။

ယခုအခါ ဒုဝန်ကြီး ဘုန်းဆွေ၏ ပြောစကားမှာ လူထုအတွင်း ကျယ်ပြန့်စွာ ရောက်ရှိသွားပြီး ယခု ရခိုင် ဆူပူအကြမ်းဖက်မူ အရေးအခင်းတွင် အစိုးရမှ ဒိုင်လူကြီးလုပ်မည်ဟု ပြောဆိုသဖြင့် အစိုး ရကိုယ်တိုင်က ဒိုင်လုပ်လို၍ ယခုအရေးအခင်းကို ဖန်တီးသလားဟု ဆိုကာ မေးခွန်းများလည်း ထွက်ပေါ်နေကြောင်း  သိရသည်။

ယခုကဲ့သို့ အစိုးရ ထိပ်တန်း တာဝန်ရှိသူ တစ်ဦးဖြစ်ပါလျှက် တာဝန်မဲ့ စကားပြောကြားသော ကယ် ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဒုဝန်ကြီး ဘုန်းဆွေကို အစိုးရမှ အနီကပ်ပြကာ  တာဝန်မှ ထုတ်ပယ်သင့်ကြောင်း လူအများက ပြောဆို ဝေဖန်လျှက် ရှိကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

wwwwnyinyi@gmail.com