Sunday, June 24, 2012

ပညာရေး မြှင့်တင်ဖို့ စီစဉ်ထားဟု ဒေါ်အောင်ဆန်းစုကြည်ပြော


မြန်မာနိုင်ငံရဲ့ပညာရေးကို မြှင့်တင်ရာမှာ ကျောင်းဆရာ၊ ဆရာမတွေဟာ အဓိက အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဇွန်လ ၂၂ ရက်နေ့က ပြောဆို
လိုက်ပါတယ်။ ဗြိတိန်နိုင်ငံ လန်ဒန်မြို့ royal festival hall မှာ နံနက် ၁၀ နာရီကနေ ၁၂ နာရီအထိ ပြုလုပ်တဲ့ ဗြိတိန်ရောက် မြန်မာ ကွန်မျူနီတီတွေနဲ့ သူမတို့

တွေ့ဆုံစဉ် ၁၅ မိနစ် အကြာ မိန့်ခွန်းပြောအပြီး  ပြည်ပရောက် မြန်မာနိုင်ငံသား တစ်ဦးရဲ့မေးခွန်းကို သူက အဲဒီလို ပြန်လည် ဖြေဆိုသွားတာပါ။ တဆက်ထဲမှာ
အရည်အချင်းမှီတဲ့ ကျောင်းဆရာ၊ ဆရာမတွေကို သွန်သင် လေးကျင့်ပေးဖို့ အဓိကထား စီစဉ်ထားတယ် ဆိုတာကိုလည်း သူက အသိပေး ပြောဆို သွားခဲ့ပါတယ်။
ပြည်ပရောက် မြန်မာနိုင်ငံသားတွေအနေနဲ့  မြန်မာနိုင်ငံကို ဘယ်တော့မှ မမေ့ဖို့ လက်ရှိကိုယ်နေတဲ့ နိုင်ငံအပေါ်မှာလည်း ကျေးဇူးသိဖို့ မေတ္တာတရားထားရှိဖို့
သူက တိုက်တွန်း သွားပါတယ်။ ဒီ တွေ့ဆုံပွဲ အခမ်းအနားကို ပြည်ပရောက် မြန်မာနိုင်ငံသား ၂၅၀၀ ကျော် တက်ရောက်ခဲ့ပြီး အားလုံးနီးပါး မြန်မာ ဝတ်စုံတွေကို
ဝတ်ဆင်ပြီး တက်ရောက် လာခဲ့ကြသလို ဒေါ်မာမာအေးကလည်း မြန်မာ့ ဆိုင်းဝိုင်းနဲ့အတူ ကိုဇာဂနာ ရေးစပ်ထားတဲ့ တေးသီချင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
သီဆို ဖျော်ဖြေ သွားခဲ့ပါတယ်။ အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး Burma VJ ၊ BBC ၊ VOA ၊ RFA ၊ DVB စတဲ့ သတင်း
ဌာနတွေကို မေးခွန်း တစ်ခုစီ မေးခွင့် ပြုခဲ့ပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com