Sunday, June 10, 2012

ရခိုင်ပြည် စီးရိုးကို ကာကွယ်ပါ။

Rakhine Muslim riot
မြန်မာနိုင်ငံတိုင်းဒေသကြီးတခုဖြစ်သည့်ရခိုင်ပြည်တွင် အကြမ်းဖက်မှု့များဖြစ်ပေါ်နေသည်။လက်ရှိ ဖြစ်ပေါ်နေသော သတင်းများအပေါ်အခြေခံပြီး ခံစားမှု့များ၊ဒေါသဖြစ်မှု့များ၊ တုန့်ပြန်ချင်စိတ်များ ၊ ကိုယ့်တိုင်းပြည် ကိုယ့်လူမျိုးစုများအပေါ်စာနာ ကိုယ်ချင်းစာစိတ် များဖြစ်ပေါ်ပေမည်။ ရခိုင် တိုင်းရင်းသားများသာမက အခြားတိုင်းရင်းသားညီအကိုများ၊
ဓမ္မဒိဌာန်ကြကြ စဉ်းစားလျှင် မည်သူမဆို မတရားမှု့ စော်ကားမှု့ အနိုင်ကျင့်မှု့ကို လက်ခံနိုင်မည်မဟုတ်ပါ။

    သို့သော် ပြဿနာတခု အပေါ် မိမိတို့ တိုင်းပြည်အခြေအနေများနှင့် အတွေ့အကြုံဟောင်းများအရ၊
သွေးဆူစွာ မတုန့်ပြန်ရန် နှင့် တိုင်းရင်းသားညီအကိုများ လိမ်မာပါးနပ်ရန်လိုကြောင်း ၊သတိပေးလိုပါတယ်။
    ယခုပြသနာသည် အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်များ ပဋိပက္ခမဟုတ်ပါ လို့တွေးခေါ်ယူဆစေလိုပါတယ်။ပြသနာကိုတဆင့်ခြင်း ရှင်းလိုပါတယ်။ ထိုပြသနာအစ နှင့် ပြသနာအကြောင်းယင်းများ နောက်ကွယ်မှရှည်လျှားပါတယ်။
ကိုယ့်မိသားစုနှင့် အခြားမိသားစု ခိုက်ရန်ဖြစ်လျှင် ကိုယ့်မိသားစုကိုယ်ကာကွယ်ကြပေမည်။
ရခိုင်အမျိုးသမီးတဦးကို စော်ကားသတ်ဖြတ်လိုက်ခြင်းကြောင့် ရန်သူကိုရခိုင်အမျိုးသားများက ပြန်လည်တုန့်ပြန်ပေမည်။ ထိုနည်းတူပင် ကုလားများဖြစ်သည့် ဘင်္ဂလီကုလားများကလည်း ပြန်လည်လက်စားချေမည်။ ( အပေါ်ယံကြည့်လျှင် သမာရိုးကျဖြစ်စဉ်ဟုပြောနိုင်သည်)
   မြန်မာပြည် အချုပ်အချာ အာဏာသည် မိမိတိုင်းပြည် နယ်နိမိတ် အစအဆုံးကို လုံခြုံစွာ နဂိုကတည်းက
လုံခြုံစွာထိမ်းသိမ်းဖို့လိုသည်။ယခင်ကမလုပ်နိုင်လျှင် ယခုဖြစ်သောအခြေအနေများကို ကြည့်ကာ
 ရခိုင်ဒေသတိုင်းရင်းသားများလုံခြုံရေး ၊တည်ငြိမ်အေးချမ်းစွာနေထိုင်နိုင်ရေးအတွက်၊
  ကျုးကျော်ဝင်ရောက်နေထိုင်မှု့များ၊ နယ်စပ်လုံခြုံမှု့များ၊ခေတ်အဆက်ဆက် စည်းကမ်းပျက်ခဲ့သည့်
(လဝက ) ၏လုပ်ငန်းစဉ်များကို ပြောင်းလည်းသင့်ပြီ။
   လတ်တလောဖြစ်ပေါ်နေသော အခြေအနေများကို အရေးယူဆောင်ရွက်နေရုံနှင့် ထိုပြသနာသည် အဆုံးသတ်သွားမည်မဟုတ်ပါ။ မာရှယ်လောထုတ်ခြင်း၊ လုံခြုံရေးချခြင်း၊ ပစ်မိန့်ပေးဆောင်ရွက်ခြင်းများသည်
   အသိမဲ့သူတဦး၏ မိမိ နှာစေးချောင်းဆိုးဖြစ်နေတာကိုပေါ့ဆမိသောကြောင့် အဆုတ်နာရောဂါဖြစ်မှဆေးရုံ
တင်ကုသရလိုပင်။မလုပ်လို့မဖြစ်တော့သည့်အခြေအနေရောက်မှ ကုစားခြင်းဖြစ်သည်။
   ပြသနာများ မကြီးထွားခင် ဖြေရှင်းမည့်နည်းလမ်းများကိုကြံဆောင်သင့်ပါတယ်။
တပ်မတော်သည် ပြည်သူများ၏အသက်အိုးအိမ်နှင့် တိုင်းပြည်ကိုကာကွယ်စောင့်ရှောက်ရမည်မှာ တပ်မတော်၏ဂုဏ်သိက္ခာတခုဖြစ်ပေသည်။
ယခုဖြစ်ပေါ်နေသောအခြေအနေသည် မိမိတိုင်းပြည်တွင်း ကျူးကျော်ဝင်ရောက်နေထိုင်မှု့များမှ လူမျိုးခြားများ ပြန့်ပွားလာပြီးအင်အားကြီးလာခြင်း နှင့်ထိုအင်အားကြီးမားလာခြင်းနောက်တွင် ဘာသာတခုကိုနာမည်ခံထားပြီးတုန့်ပြန်နေခြင်းဖြစ်သည်။ လူသားတိုင်းလွတ်လပ်ခွင့်အရမည်သည့်ဘာသာကိုမဆို
လွတ်လပ်စွာကိုးကွယ်ပိုင်ခွင့်ရှိသော်လည်း ဘာသာဝင်တဦးဦး၏ မှားယွင်းမှု့ကို (အနည်းစု၏မှားယွင်းမှု့ကို)ငါတို့ အစ္စလာမ်ဘာသာဝင်တွေကို နှိမ်တယ်၊စော်ကားတယ်လို့ ဘာသာရေးခေါင်းစဉ်တပ်လိုက်ခြင်းနှင့် ရှိသမျှမူစလင်များကမခံမရပ်ဖြစ်ခြင်းသည် မှန်ကန်သောတွေးခေါ်မှု့မဟုတ်ပေ။ ထို့အတူ အခြားဘာသာဝင်များမှလည်း တဦးတစ်ယောက်မကောင်းခြင်းကို အားလုံးသိမ်းကြုံးမသတ်မှတ်ဖို့ ၊ မှန်ကန်စွာတွေးခေါ်ဖို့လိုပါတယ်။
     ဒါတွေအားလုံးကို လုံခြုံမှု့ပေးနိုင်ရန် မိမိတို့ တိုင်းပြည်စည်းရိုးအတွင်းတရားဝင် နေထိုင်သူများအား မိမိတို့တိုင်းပြည် ဥပဒေဆောင်ရွက်ချက်များ မှန်ကန်ထိရောက်ဖို့လိုပါတယ်။တိကျဖို့လိုပါတယ်။
မိမိတိုင်းပြည်စည်းရိုးအတွင်းတရားဝင် လာရောက်နေထိုင်သူများ သည် ထိုအိမ်ရှင်တိုင်းပြည်၏ တည်ဆဲဥပဒေများနှင့် ဆောင်ရွက်ချက်များကို လက်ခံလိုက်နာရန်လိုပါတယ်။ အစတည်းက ထိုအိမ်ရဲ့စည်းကမ်းစည်းမျဉ်းများကို လက်မခံနိုင်လျှင် ထိုတိုင်းပြည်၊မှာသွားရောက်မနေထိုင်ရန်သာရှိပေသည်။
  အစိုးရအနေနှင့် နယ်စပ်တိုင်းရင်းသားဒေသများဖွံ့ဖြိုးတိုးတက်ဖို့  တော တောင်ထဲနေထိုင်ရတဲ့ဘဝ၊အမှောင်ထဲ နေထိုင်ရတဲ့ဘဝ၊ဥပဒေနဲ့ အလှမ်းဝေးနေထိုင်ရတဲ့ဘဝတွေ ပပျောက်အောင်ဆောင်ရွက်ဖို့၊ တည်ငြိမ်တဲ့ဥပဒေ အရိပ်အောက်မှာ
ပြည်သူပြည်သားတွေနေထိုင်နိုင်အောင်လုပ်ရမှာ အစိုးရဲ့ အရည်အချင်းများဖြစ်ပါတယ်။
         ဒါတွေကိုတုန့်ဆိုင်းမနေပဲ လုပ်သင့်တာတွေကို အမြန်ဦးစားပေးဆောင်ရွက်သင့်ကြောင်းနဲ့၊
ရခိုင်ဒေသရှိ ရခိုင်တိုင်းရင်းသားညီအကိုများ ဘေးကင်းရန်ကွာနေရန်၊ကာကွယ်စောင့်ရှောက်သင့်သည်။
   လူမျိုးရေးပြသနာမဟုတ်ပဲ၊စည်းကမ်းမဲ့နေထိုင်ခြင်းများကြောင့်၊ဥပဒေ စိုးမိုးခြင်းမရမှု့များကြောင့်သာ
ဖြစ်ခဲ့ရသည့်အနေအထားဖြစ်သည်။ထိုအခြေအနေဆိုးများကိုသာ အမြန်ဆုံးပြုပြင်ဆောင်ရွက် စီစစ်ရှင်းလင်းလိုက်လျှင် ရခိုင်တိုင်းရင်းသားဒေသသည် သာယာအေးချမ်းသွားလိမ့်မည်။( ပြည်သူ့အော်သံ)

No comments:

Post a Comment

wwwwnyinyi@gmail.com