ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း (၃) ခုဖွင့်လှစ်ပြီး ကူညီစောင့်ရှောက်မှုပေးလျက်ရှိ ဆေးဝန်ထမ်းများ ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်
နေပြည်တော် ဇွန် ၉
ယမန်နေ့က ရခိုင်ပြည်နယ် မောင်တောမြို့၌ ဖြစ်ပွားပေါ်ပေါက်ခဲ့သည့်
ဆူပူအကြမ်းဖက်မှုများအပေါ်စနစ်တကျ ထိန်းသိမ်း ဆောင်ရွက်နိုင်ခဲ့သည်
ဖြစ်သည့်အတွက် ယနေ့ နံနက်ပိုင်းမှစ၍ အခြေအနေများ မူလအတိုင်း
ပြန်လည်တည်ငြိမ် အေးချမ်းလျက် ရှိပြီဖြစ်သည်။ အဆိုပါဖြစ်စဉ်များ၌
နေအိမ်များ မီးလောင်ဆုံးရှုံးခဲ့ပြီး လတ်တလော ဒုက္ခရောက်နေကြသည့်
ဒေသခံပြည်သူများအတွက် မောင်တောမြို့တွင် ပရဟိတကျောင်း၊ အောင်မြေ
ဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေးစခန်း (၃) ခု ဖွင့်လှစ်ပြီး
ကူညီစောင့်ရှောက်မှုပေးလျက်ရှိကြောင်း၊ အဆိုပါ ကယ်ဆယ်ရေးစခန်းများအတွက်
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ
တောက်ပံ့ရေးပစ္စည်း (၃.၃)တန်နှင့် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဘေထုပ် (၅၀)
(စုစုပေါင်း ၂ တန်ကျော်) ပေးပို့ပြီးဖြစ်ကြောင်းနှင့်
ထောက်ပံ့ရေးပစ္စည်းများ ဆက်လက်ပေးပို့သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ထိခိုင်ဒဏ်ရာရသူများနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ကာကွယ်ရေးဝန်ကြီးဌာနမှ ဆေးဝန်ထမ်း (၃၂) ဦးနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ အဖွဲ့ဝင် (၁၀) ဦးပါ ဆေးကုသရေးအဖွဲ့ (၁) ဖွဲ့တို့ ယနေ့ရောက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုများ စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်းလည်း သိရှိရသည်။မောင်တောမြို့၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုအခြေအနေကောင်းများအား ဆက်လက်ထိန်းသိမ်းဆောင်ရွက်ရန်နှင့် ဒေသခံပြည်သူများအား လိုအပ်သည့် ကူညီပံ့ပိုးစောင့်ရှောက်မှုများ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးလှမင်း၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှုး ဗိုလ်မှူးချုပ်ကိုကိုနိုင်၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖုန်းဆွေတို့ မောင်တောမြို့သို့ ရောက်ရှိကွပ်ကဲလျက်ရှိကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)

No comments:
Post a Comment
wwwwnyinyi@gmail.com