Sunday, June 17, 2012

ရခိုင်ပြည်နယ် ပြဿနာတွေအပေါ် ဦးဝင်းတင်ရဲ့သဘောထား အမြင်


ဦးဝင်းတင် (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်-သဘာပတိ အဖွဲ့ဝင်)
အစိုးရ အနေနဲ့ ရပ်တည်ဖို့ ဆိုတာဟာ ဒီပြဿနာတွေ အခုမှ ဖြစ်တာမဟုတ်ဘဲ ဟိုးအရင် နှစ်ပေါင်း ၆၀ လောက်ကတည်းက ဒီမိုကရေစီ အစိုးရ
အုပ်ချုပ်စဉ်ကလဲ ရှိခဲ့သလို ဦးနေဝင်း လက်ထက်တုန်းကလဲ ရှိခဲ့တာပါပဲ။ အခု ပြဿနာဟာ နယ်စပ်ကနေ ခိုးဝင်လာတဲ့ ပြဿနာ မဟုတ်တော့ဘဲ အခြေတကျ ဝင်ပြီးတော၊့ နေရာစိုက်ထူပြီး ကိုယ့်အရပ် ကိုယ့်ရွာ ကိုယ့်တိုင်းပြည်လို တောင်းဆိုတာတွေ ရပ်တည်လာတာတွေ ဖြစ်လာတဲ့ အနေ
အထား ဖြစ်ပါတယ်။
နောက်ဆုံး အဆင့်အနေနဲ့ သူတို့ကိုယ် သူတို့ မြန်မာ လူမျိုးပါ မြန်မာ တိုင်းရင်းသား ဖြစ်တယ် အဲဒါကြောင့် သူတို့ကို အခွင့်
အရေးတွေ ပေးရမယ်။ အဲဒီကနေ တဆင့် ပြည်နယ်တောင်းတဲ့ အဆင့် တပြည်လုံးမှာ ပြည်နယ်ခွဲထွက်တဲ့ အဆင့်တွေတောင် ရောက်နိုင်တဲ့
အနေအထားတွေ ဖြစ်သွား နိုင်ပါတယ်။ အချို့လူတွေက ဒီပြဿနာကို အန်အယ်ဒီက ဖြေရှင်းပေးပါ၊ ဒေါ်အောင်ဆန်းစုကြည် လာရောက် ဖြေရှင်းဖို့
နိုင်ငံခြား ခရီးစဉ်တွေ မသွားဘဲ လာရောက် ဖြေရှင်းပေးဖို့ ပြောနေ ကြပါတယ်။ ပထမဦးဆုံး အနေနဲ့ အန်အယ်ဒီဆိုတာက အစိုးရ မဟုတ်ဘူး
ဒါကြောင့်လဲ စစ်တပ်၊ ရဲတပ်ဖွဲ့တွေကို မခိုင်းနိုင်ဘူး ပြည်သူတွေကိုလဲ မသွားရ မလာရဘူးလို့ အမိန့် မပေးနိုင်ပါဘူး။ ကျနော်တို့အနေနဲ့ လုပ်နိုင်တာ
မေတ္တာရပ်ခံတာပဲ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ စကားနဲ့ ပက်သက်ပြီး ပြဿနာ တတ်တယ်လို့ ပြောနေကြတယ်။ လူနည်းစုတွေကို
လူများစုတွေက ညှာတာဖို့ လိုတယ်ဆိုတာက မွတ်စလင်ဘက်က လိုက်ပြောခြင်း မဟုတ်ပါဘူး။ ပြဿနာဖြစ်တဲ့ ပတ်ဝန်းကျင်ကို မူတည်ပြီးတော့
ပြောချင်းသာ ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် သဘာပတိ အဖွဲ့ဝင် ဦးဝင်းတင်က အခုလို ရှင်းပြ ထားပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com