Sunday, July 8, 2012

အစိုးရ၏ မယောင်ရာ ဆီလူးခြင်း

ပြည်ပရောက်ကျွန်တော် ပဲခူးသားလေးအမြင်ပါ။
တောင်းဆိုမှု့တွေ ကနေညှိနှိုင်းဆောင်ရွက်မှု့တွေ၊ ပြုပြင်ပြောင်းလဲမှု့တွေ၊ အစိုးရနှင့်ပြည်သူနားလည်မှု့တွေ
ရလာတော့မယ်ဆိုတဲ့မျှော်လင့်ချက်တွေ ဟာ ၇ ဇူလိုင် နေ့ကျောင်းသားခေါင်းဆောင်တချို့ကို ထိမ်းသိမ်းလိုက်ခြင်း နှင့် ပြန်လည်လွတ်မြောက်လာခြင်း သတင်းကိုဖတ်လိုက် ရသည့်အချိန် မှာ တိုင်းပြည်အတွက် ကောင်းသောမျှော်လင့်ချက်များ ၊ယုံကြည်ချက်များ လျှော့ကြသွားခဲ့ရပါတယ်။
   အစိုးရသည် ကျောင်းသား ပြည်သူများအပေါ် ယုံကြည်မှု့မရှိသေးသည်မှာ ထင်ရှားသိသာနေခြင်းကြောင့်ပါ။

   အကယ်၍များ အဲဒီနေ့မှာ အစိုးရအာဏာပိုင်များက ထိုကျောင်းသားခေါင်းဆောင်များကို မထိမ်းသိမ်းပဲ မသိချင်ယောင်ဆောင်နေလိုက်လျှင် မည်သို့ဖြစ်လာနိုင်မည်နည်း။
    အစိုးရအာဏာ ပိုင်များအပေါ် ခြိမ်းခြောက်မှု့ တစုံတရာ၊ သို့တည်းမဟုတ် တိုင်းပြည်တည်ငြိမ် ရေးကို ပြင်းထန်စွာ ထိခိုက်နိုင်မည်လော။ တခုခုပေါ့လေ
လက်တွေ့ကျကျ ဘာတွေဖြစ်လာနိုင်လို့ ဒီလိုထိမ်းသိမ်းခြင်းကို လုပ်လိုက်ရတာလည်း။
    အခုလို လက်တွေ့မကျသည့်စိုးရိမ်မှု့ တခုကို အကောင်အထည်ဖေါ် လုပ်လိုက်ခြင်းကြောင့်သာ
လက်ရှိအစိုးရ မှ ကျောင်းသား၊ပြည်သူများအပေါ် ထားသည့်သဘောထားကို ကွင်းကွင်းကွက်ကွက် မြင်လိုက်ရသလို ထိုလုပ်ရပ်ကြောင့် အမျိုးသားပြန်လည်စီးရုံးရေးကို များစွာထိခိုက် သွားသည်ကို အစိုးရအနေဖြင့် သတိထားမိစေလိုသည်။
  အမှန်တကယ် လက်တွေ့ကျကျ စိုးရိမ်သင့်သည်မှာ ကျွန်တော်တို့ တိုင်းပြည်အတွင်း နှစ်ပေါင်းများစွာ
ကပင် စည်းမရှိ ကမ်းမရှိ ကျူးကျော်ဝင်ရောက်နေထိုင် လာကြသည့် တဖက်နိုင်ငံမျိုးနွယ်စုများဖြစ်သည့်
ဘင်္ဂလီ ပြသနာပင်ဖြစ်သည်။
မိမိတိုင်းပြည်၏ တိုင်းရင်းသားမျိုးနွယ်စုများမှ မည်သည့်တိုင်းရင်းသားများနှင့်မှ ဆက်စပ်ခြင်းမရှိသည့်
မျက်နှာ၊အရောင်အဆင်း ၊အကျင့်စရိုက်များကွဲပြားနေသူများသည် တိုင်းရင်းသားတောင်းဆိုနေခြင်း။နေရာတောင်းဆိုနေခြင်း။ မိမိတိုင်းရင်းသား လူမျိုးစုရခိုင်တိုင်းရင်းသားများကို စတင်အကြမ်းဖက်ရာမှ ဖြစ်ပေါ်လာသောပြသနာကို ဘာသာရေးအသွင်ပြောင်းလည်း ပြီး ရှိသမျှ မူစလင်များပါဝင်လာအောင် လှုံ့ဆော်နေခြင်း၊ မိမိတို့တိုင်းပြည်တွင်း ငြိမ်းချမ်းစွာ လက်ရည်တပြင်တည်းနေထိုင်နေကြသောမူစလင် ဘာသာဝင်များနှင့်ပါ
စိတ်ဝမ်းကွဲပြားမှု့များဖြစ်ပေါ်လာစေရန်ရည်ရွယ်သည့်သွေးထိုးလှုံ့ဆော်မှု့များပြုလုပ်နေခြင်း။ ထိုမှတဆင့် တိုင်းပြည်တွင်းဘာသာရေးအဓိဂရုဏ်းဖြစ်ပေါ်လာပြီးနောက် တဖက်တိုင်းပြည်မှ ကျူးကျော်ဝင်ရောက်သူများ အနေဖြင့် အခွင့်အရေးတခု ရလာစေရန် ကြိုးပမ်းနေခြင်းသည်
မိမိ တိုင်းပြည်လူမျိုးများ ၏လုံခြုံရေး၊ ငြိမ်းချမ်းရေး ကို ချိန်းခြောက်နေခြင်းဖြစ်သည်။
  ထိုသို့လုပ်ဆောင်နေသူများကို အရေးယူဆောင်ရွက်ခြင်းများ။ သိသာသော သတိပေးတားမြစ်ခြင်းများ။
မပြုလုပ်ပဲ ၊ ၇ ဇူလိုင်ကျောင်းသားကိစ္စကို ကိုင်တွယ်ခြင်းသည် မယောင်ရာဆီလူးသည့် စကားရပ်လို
လုပ်သင့်လုပ်ထိုက်သည့်တိုင်းပြည်လုံခြုံရေးကို ထိရောက်စွာ လုပ်ရန် ပဲခူးသာအမြင်ကိုရေးသားတင်ပြလိုက်ပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com