Thursday, December 29, 2011

ဧရာဝတီ နှင့် ဒီဗွီဘီ ဒေါ်အောင်ဆန်းစုကြည် ကြောင့် ရန်ပုံငွေ ဖြတ်တောက်ခံရတယ်လို့ ဆို

     ယခုသတင်းနဲ့ပတ်သက်ပြီးမှန်ကန်တိကျတယ်ဆိုယင်ပြည်သူ့အော်သံအနေနဲ့ နိုင်ငံရေးကိုအကြောင်းပြုစီးပွားရှာ

နေတယ်လို့ပဲအသိမ်မွေ့ဆုံးပြောချင်ပါတယ်။ဒါပေမဲ့သတင်းရင်းမြစ်ကဖေ့ဘုတ်ဖြစ်တဲ့(By:Freedom Person (Facebook စာမျက်နှာမှကူးယူဖော်ပြသည်)လို့ပါနေပါတယ်။ ဧရာဝတီ သတင်းကဖေါ်ပြထားတာကို မူရင်းမတွေ့တော့ သတင်းမတိကျသလိုဖြစ်နေသေးတဲ့အတွက်သိပ်မဝေဖန်ချင်ပါ။

သို့သော်လည်းနိုင်ငံရေးရပ်တည်ချက်နဲ့ ပြည်သူတွေအတွက် အားကိုးအားထားသတင်းမီဒီယာကိုအကြောင်းပြုပြီးထောက်ပံ့ငွေကြေးများနဲ့ အသက်ရှင်နေရပ်တည်နေတဲ့ သတင်းမီဒီယာများသည်တနည်းအားဖြင့် အခကြေးငွေ(သို့)လစာ ၊တခုသောသတ်မှတ်ထားသည့်ဝင်ငွေပေါ်လက်ခံပြီးနိုင်ငံရေး၊မြန်မာပြည်နိုင်ငံရေးပြောင်းလဲရေးကို

လုပ်ဆောင်နေခြင်းသည် ပြည်သူလူထုအမြင်အရ လုပ်ငန်းတခုထူထောင်လုပ်စားနေခြင်းဟုမြင်ပေသည်။

လက်ရှိမြန်မာပြည်အခြေအနေသည် အကောင်းဘက်ကို လုံးလုံးရောက်ရှိသည်ဟုမဆိုသာသော်လည်း၊

ယခင်အချိန်များနဲ့နိုင်းယှဉ်လျှင် ပြည်သူများ၊အခြေခံလူတန်းစားများအတွက်၊ တိုင်းရင်းသားဒေသခံများ၊နယ်စပ်တိုင်းရင်းသားများ ၊စီးပွားရေးပွင့်လင်းလာနိုင်မည့်အခြေအနေများ၊ စသည်တို့ကို ဒေါ်အောင်ဆန်းစုကြည် ခွန်အားဖြင့်မျှော်လင့်ဖွယ်ရာများအခြေအနေများရှိနေပေသည်။

ထိုသို့အခြေအနေများဖြစ်လာစေရန်စစ်တပ်မှ အရပ်သားအစိုးရဖြစ်သောဦးသိန်းစိန်အစိုးရ ကို ဒေါ်အောင်ဆန်းစုကြည်သည်လိုက်လျှောညီထွေ ဆက်ဆံပြီး နိုင်ငံသူနိုင်ငံသားများအရေးအတွက်ကြိုးစား ဆောင်ရွက်လျှက်ရှိသည်ဟုယုံကြည်သည်။

ထိုသို့နိုင်ငံရေးလုပ်ဆောင်မှု့အခြေအနေပြောင်းလဲသွားခြင်းကြောင့် ယခင် ၈၈ နှင့်ပတ်သက်ပြီးပြည်ပရောက်နေသူများ၊ နိုင်ငံရေးကြောင့်အမှန်တကယ်သော်လည်းကောင်း၊ နံမည်ခံ၍သော်လည်းကောင်း ပြည်ပမှ လုပ်ကိုင်စရာ၊နိုင်ငံရေးကိုထောက်ရှု့ပြောကွက်များလျှော့နည်းသွားခြင်း၊ ပြည်တွင်းတွင်ပြေလည်သောအနေအထား

ရောက်သွားလျှင်ပြည်ပတွင်နိုင်ငံရေးဆန့်ကျင်မှု့များကိုအကြောင်းပြနေထိုင်ရပ်တည်ရန်မဖြစ်နိုင်တော့ချေ။

တနည်းအားဖြင့် နိုင်ငံရေးအကြောင်းပြပြီး လူအခွင့်အရေးဆုံးရှုံးနေသည့်ဒုက္ခသည်များကိုကူညီရန်၊ကာကွယ်စောင့်ရှောက်ရန်၊

လူမှု့အဖွဲ့အစည်းများ၊နိုင်ငံရေးအဖွဲ့အစည်းများ၊နိုင်ငံရေးသတင်းဌာနများ၊(အားလုံးဟုမဆိုပါ)

မှဒုက္ခသည်များကူညီငွေများ၊နှင့်ရပ်တည်ခံကာ နိုင်ငံခြားတွင် နေထိုင်နိုင်ခွင့်၊အခွင့်အရေးလျှော့နည်းသွားခြင်းကြောင့် မိမိတဘို့တည်းကြည့်ကာ မြန်မာပြည်တွင်းရေးကို အကောင်းမြင်ပြောဆိုမှု့များ၊ တိုက်တွန်းအားပေးလုပ်ဆောင်မှု့များလျှော့နည်းလာနေခြင်းဖြစ်သည်။လက်ရှိခံစားနေနိုင်သောအခွင့်အရေးများကို

လက်လွတ်ဆုံးရှုံးမှာ စိုးရိမ်နေကြခြင်းဖြစ်သည်။တနည်းအားဖြင့်မြန်မာပြည်တွင်းဒီမိုကရေစီစနစ်ကိုစစ်တပ်ဖက်မှစစ်ခေါင်းဆောင်(သို့)

လက်ရှိသိန်းစိန်အစိုးရဖက်မှပါကြည်ဖြူစွာနှင့်လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်နားလည်မှု့တည်ဆောက်

ကာတိုင်းပြည်အကျိုးကိုကြည့်ပြီးပြည်သူများလိုလားသောအစိုးရတရပ်ကိုရွေးချယ်နိုင်ခဲ့လျှင်ပြည်ပတွင်ရောက်ရှိနေ

သောမြန်မာ့အရေးအတွက်ဒီမိုကရေစီရရေးအတွက်အစွမ်းကုန်ကြိုးစားကုန်သောနိုင်ငံရေးသမားများ

ဘာမှဆက်လုပ်ရန်မလိုအပ်တော့ပေ။

ထို့ကြောင့်အမှန်တရားကို အမှန်မြင်ပြောဆိုခြင်းများဖြင့်နိုင်ငံရေးပြောင်းလည်းမှု့ကိုတည်ဆောက်ရန်နှင့်ပြောင်းလည်းနေသည့်အခြေ

အနေများကိုလည်းလက်ခံပေးနိုင်၇န်လိုပေသည်။(ပြည်သူ့အော်သံ)

ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာချုပ်အောင်ဇော်

ပြီးခဲ့သည့်နှစ် ဒေါ်စုကြည် နေအိမ် အကျယ်ချုပ်မှ လွတ်မြောက်လာခဲ့ချိန်မှ စပြီး ယင်းတို့၏ ရန်ပုံငွေ သုံးပုံ တစ်ပုံခန့် ဖြတ်တောက် ခံခဲ့ရကြောင်း ထိုင်းအခြေစိုက် Irrawaddy Media Group နဲ့ နော်ဝေအခြေစိုက် Democratic Voice of Burma (DVB) က ပြောကြားခဲ့ပါတယ်။ အဲဒီလို ရန်ပုံငွေ ဖြတ်တောက်မှုကြောင့် အဆိုပါ သတင်းဌာနတွေရဲ့ လုပ်ငန်း လည်ပတ်မှုတွေ ထိခိုက် နစ်နာခဲ့ရတယ်လို့လည်း ဆိုကြပါတယ်။


နိုင်ငံတကာ အလှူရှင်များက ၎င်းတို့အတွက် ရန်ပုံငွေတွေ လျှော့ချခြင်းနဲ့ ပတ်သက်ပြီး ဒေါ်စုကြည်နဲ့ NLD တို့ဟာ အဓိက တရားခံတွေ ဖြစ်ကြောင်း ထိုင်းနေ့စဉ်ထုတ် သတင်းစာ Matichon နဲ့ တွေ့ဆုံ မေးမြန်းခန်း တစ်ခုမှ ဧရာဝတီ မီဒီယာ အုပ်စုရဲ့ အယ်ဒီတာချုပ် အောင်ဇော်က ပြောဆိုခဲ့ပါတယ်။ 
ပြည်ပြေး မီဒီယာတွေကို ရန်ပုံငွေ ပေးမယ့်အစား NLD ရဲ့ လူမှု အဖွဲ့အစည်းတွေနဲ့ လူသားချင်း စာနာထောက်ထားတဲ့ အစီအစဉ်တွေအတွက် လှူဒါန်း ပေးကမ်းသင့်တယ်လို့ ဒေါ်စုကြည်ရဲ့ ဆွဲဆောင် တောင်းဆိုမှုတွေကြောင့် ဧရာဝတီ မီဒီယာအနေနဲ့ ၎င်းတို့ နှစ်စဉ် ရနေတဲ့ ရန်ပုံငွေတွေထဲက တစ်သန်းကျော် ဖြတ်တောက်ခံရပြီး DVB အနေနဲ့ ယူရိုငွေ ၅သိန်းခန့် ဖြတ်တောက်ခံရတယ်လို့ ဆိုကြပါတယ်။
By:Freedom Person (Facebook စာမျက်နှာမှကူးယူဖော်ပြသည်)

19 comments:

thura said...
good because the whole world respect to her
that's great for our leader DAW SU
အိုးဝေ said...
အေး နောက် 2015 ဒေါ်စုသမတ ဖြစ်ရင် ခွက်ဆွဲပြီးသာ တောင်းစားပေတော့။မင်းတို့ကို ဘယ်သူမှ မပေးတော့ဘူး။ဘာမှလဲဖြစ်မြောက်အောင် လုပ်တာလဲမဟုတ်ပဲနဲ့။
sai william said...
မှန်တယ်။ ကိုယ့်တိုင်းပြည် မကောင်းပြောတဲ့လူပေးမယ့်အစား ကိုယ့်တိုင်းပြည်က အကူအညီလိုတဲ့လူတွေပေးတာ ၀မ်းတောင်သာရအုံးမှာ။
admin said...
ငါဆံပင်ရှည်ထားတာ ဖြတ်ရောင်းဖို့ကွာ ငါက ကြိုမြင်တယ် အားလုံးကို.... မယုံရင် အောင်မျိုးမင်းကို မေးကြည့်ပါလား.....
admin said...
ငါပြောတာ သိတယ်ဟုတ်
Michael said...
ရတုန်းကတော့ ကြိတ်စားနေတယ်ခုလို အစာမ၀မှ ထဟောင်တာ၊ ခွေးဟောင်လို့ဖုန်မထပါဘူး မင်းတို့ကို ဘယ်သူကမှလည်း မယုံကြည့်တော့ဘူးဟေ့
ven said...
အင်း ဒီလိုလဲ ဖြစ်တတ်သကိုး၊ ဒါတွေက လူ့သဘာဝတွေပါ၊ အပြစ်မမြင် ချစ်ခင်ကြပါနော်။
တောရိုင်းနှင်းဆီ said...
တနေ့ ဒီလိုပြောလာလိမ့်မယ်ဆိုတာ သိထားပြီးသား ... တလျှောက်လုံး လုပ်စားလာတာ ကြာပါကော ... မင်းတို့ကို ပေးမဲ့အတူတူ အထဲက အလုပ်လုပ်တဲ့သူ တကယ်လိုအပ်နေတဲ့သူတွေ တိုက်ရိုက်ပေးတာ မကောင်းဘူးလား ... အေးလေ ဘယ်ကောင်းပ့ါမလဲ ... မင်းတို့ အကျိုးစီးပွါး ထိခိုက်နစ်နာသကိုး ... ဝင်ငွေ မကောင်းဖြစ်တာကိုး ......
zhkk said...
These guys are parasites. They have been living on donations and sucking the blood money of Burmese for a decate. I am really support the DASSK judgment.
Aung said...
ဖြတ်သင့်တာပေါ့
Unknown said...
အော် အခုတော့ ဒီလိုလဲ အပြစ်တင်တတ်တာကိုး ကိုအောင်ဇော် ။ ကျွန်တော် အမြင် ပြောရရင် အဲ့တာက သူများနဲ့ မဆိုင်ဘူး ကိုအောင်ဇော်တိှု့နဲ့ပဲဆိုင်တယ် ။ အဲ့တာလို ပြောလို့ ရန်ပုံငွေ ထောက်ပံ့ မယ့်သူ မရှိဘူး ဆိုရင် ကိုအောင်ဇော်တို့လည်း ပြန်ပြောလေ တခြား အဖွဲ့အစည်းတွေကို မထောက်ပံ့ နဲ့ ဧရာဝတီ ကိုပဲ ထောက်ပံ့လို့
Kha_Laung said...
DVB နဲ့  Irrawaddy က တကယ်ပြောတာ ကောဟုတ်လို့ လား။ သူတို့ တွေက အရူးတွေမှ မဟုတ်တာ။ ချင့်ယုံဗျို့ ။
yein said...
အောင်မာ.....ရာရာစစ......မင်းတို့ပါးစပ်က..စကားတွေအမျိုးမျိုးထွက်
လည်းထွက်နိုင်တယ်...ဒို့ဖခင်ဗိုလ်ချုပ်အောင်ဆန်းကို...ရင့်ရင့်သီးသီး
(အောင်ဆန်း)လို့ရေးခဲ့တဲ့ကောင်တွေ
အမေစုကြောင့်ထောက်ပံ့ကြေးမရတော့လို့ဆိုပဲ
မရတော့ရင် ပြည်တွင်းပြန်လာလေ ဒီမှာလုပ်စရာတွေအများကြီး...
သတ္တိရှိရင် ပြည်တွင်းကနေလုပ် အဝေးကြီးကလှမ်းအော်နေတာရပ်...
Thaw Demo said...
"စကားဆိုတာပြောတိုင်းလည်း မကောင်းပါဘူး ။။ problem အစ ပါးစပ် က "သတိ" ထားပြောလေ" ကိုယ်ပြောတာအားလုံး မှန်တယ်လို့ တော့မထင်လိုက် ပါနဲ့။ ခင်
ဗျား ဘာကိုဆိုလို တာနဲ့ ...စာဖတ်သူ ဘာတွေ ထင်သွားလည်းဆိုတာ ? so,,,,,ခင်ဗျားတို့ တိုင်းပြည်ကို အများကြီးလုပ် ခဲ့ရင် လုပ်ခဲ့မယ် ...BUT စကားကို သတိလေးထားပြီး ပြေစေချင်ပါတယ်။ ခင်ဗျား အဲဒီ လောက် မဆိုးပါဘူး။ မာန်လေးတော့နဲနဲ လျော့ပေါ့။ အမေ့ကို ခင်များ မပုတ်ခက်ပါနဲ့။ အမေက ကျွန်တော်တို့ရဲ့ ''ဘ၀'' ပါ။ အမေ မရှိရင် ...........ခင်များစဉ်းစား??? အားလုံး ခွေး ဖြစ်ကုန်မယ်။ ခင်များရဲ့ personal ကိုစော်ကားတာ မဟုတ်ပါဘူး ။ ဒီမို ကရေစီ စနစ်ဆိုတော့ ခင်များပြောလို့တော့ ရပါတယ် ။ အမေ့ရဲ့ personal ကို တော့မပြောပါနဲ့။။။။ ကျေးဇူးတင်ပါတယ်။။ အခုလက်ရှိ ကျွန်တော့်စိတ်ခံစားချက်။ ။ DVB နဲ့ ခင်များပါ တဲ့ dateline ARRIAWADDY အစီစဉ် တောင် ကျွန်တော် မကြည့်ချင်လောက်အောင် ဖြစ်သွားခဲ့ပါပြီ။
saw said...
This event point out your situation and everyone easy to know that is your associations are spare.No need for current society.
yein said...
ိdhammawadi နှင့် tony tony တို့ရေ မင်းတို့commentကြမ်းကြမ်းတွေ
နဲ့ဆော်ချင်ရင်..ဒီသတောင်းစားခွက်စောင်းခုတ်တွေကိုဆော်ဟေ့
စက်တင်ဘာထာဝရ said...
This post has been removed by the author.
thetswan88 said...
အခုလိုဖြတ်ပစ်တာကိုကြားရတဲ့အတွက် အရမ်းဝမ်းသာကြောင်း၊နောင်လုံးဝ မပေးတော့ရန် ဆုံးဖြတ်လျှင် ပိုမိုပြီးဝမ်းသာကြောင်း.........

Saturday, December 24, 2011

NLD ပါတီ မှတ်ပုံတင် လျှောက်လွှာ တင်သွင်း


ဓာတ်ပုံ ASSOCIATED PRESS
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေပြည်တော် ပါလီမန်အဆောက်အဦးမှာ တွေ့ဆုံနေစဉ်။ (ဒီဇင်ဘာလ ၂၃၊ ၂၀၁၁)
နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်လိုက်ပါပြီ။ NLD ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် နေပြည်တော်ကိုသွားပြီး ဒီနေ့ သောကြာနေ့မှာ ရွေးကောက်ပွဲ ကော်မရှင်မှာ လက်မှတ်ထိုး မှတ်ပုံတင်လိုက်တာ ဖြစ်ပါတယ်။ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ လွှတ်တော်နှစ်ရပ်တို့ရဲ့ ဥက္ကဋ္ဌတွေနဲ့လည်း သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။
လူအများစိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နိုင်ငံရေးပါတီ မှတ်ပုံတင် လျှောက်လွှာကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တင်လိုက်ပါပြီ။ ပါတီမှတ်ပုံတင်ဖို့ ဆောင်ရွက်စရာတွေ ဆောင်ရွက်နေတဲ့ အချိန်တွင်းမှာပဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ NLD ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးဖြစ်တဲ့အကြောင်း ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ခုလိုပြောပြပါတယ်။
“ကော်မရှင်ဥက္ကဋ္ဌအနေနဲ့လည်း တိုင်းပြည်အကျိုးရှိဖို့၊ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖြစ်ဖို့၊ ဒါတွေကို သူ့ရဲ့တာဝန်လည်းဖြစ်တယ်၊ သူ လုပ်မယ် ဆိုတဲ့အကြောင်းလည်း ပြောပါတယ်။ တိုင်းပြည် တိုးတက်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်မှသာ ထိရောက် မြန်ဆန်မယ် ဆိုတဲ့ဟာကိုလည်းပဲ အိုင်ဒီယာကိုလည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပနိုင်မလဲ ဆိုတာရယ်၊ နောင် လိုအပ်တဲ့အခါမှာ မသိတာ၊ မရှင်းလင်းတာတွေကို မေးမြန်းဖို့ တွေ့ဆုံခွင့်၊ ဒါတွေကိုပြောပါတယ်။ ဒါကို ကော်မရှင်ဥက္ကဋ္ဌကလည်း လက်ခံပါတယ်။”
အဲဒီတော့ သူတို့ ရွေးကောက်ပွဲ ဘယ်တော့လုပ်မယ်ဆိုတာကို သူတို့ အန်ကယ်တို့ကို ပြောလိုက်ပါလားရှင့်။ -
“မပြောပါဘူး။ သူ့အနေနဲ့ အဆိုပြုတင်ပြထားတာ ရှိတယ်။ ဒါက အတည်ပြုမှသာ သူ ပြောနိုင်မယ် ဆိုတဲ့အကြောင်း ရှင်းပြပါတယ်။”
ရွေးကောက်ပွဲလုပ်ရင် လွတ်လွတ်လပ်လပ် မျှမျှတတဖြစ်အောင် လုပ်ဖို့ကိုလည်း NLD ဘက်က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကောင်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတယ်လို့ လွှတ်တော်ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မကြာခင် ရက်ပိုင်းကပဲ ပြောထားတာရှိတဲ့အတွက် တွေ့ဆုံတဲ့အခါမှာရော ဘယ်လိုမြင်ရသလဲလို့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။
“လှိုက်လှိုက်လှဲလှဲ ကြိုဆိုတယ်။ အားလုံးစိတ်ထဲ တရားမျှတမှု၊ တိုင်းပြည် တိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ သူ့စိတ်ထဲရှိတာတွေကိုလည်း သူ ရှင်းပြတယ်။”
နေပြည်တော်မှာ ပါတီမှတ်ပုံတင် လျှောက်လွှာတင်တဲ့ခရီးစဉ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ ဦးခင်အောင်မြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်လောက် တွေ့ဆုံမှုအတွင်းမှာ လွှတ်တော်ရဲ့ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် မေးတာတွေကို ဖြေခဲ့တယ်လို့ ဦးခင်အောင်မြင့်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အဓိကလုပ်နေတဲ့ လွှတ်တော်ထဲ ဒေါ်အောင်ဆန်းစုကြည် ရောက်လာရင် ပိုပြီး အားရှိတယ်လို့လည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောပါတယ်။
နေ့ချင်းပြန် နေပြည်တော်သွားတဲ့ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့လည်း သီးခြားတွေ့ဆုံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က တွေ့ဆုံဖို့ စာရေး အကြောင်းကြားတဲ့အတွက် တွေ့တာဖြစ်ပြီး တစ်နာရီကျော်လောက် ဆွေးနွေးဖြစ်ကြတာနဲ့ ပတ်သက်လို့ ဦးရွှေမန်းက သတင်းထောက်တွေကို ခုလို ပြောခဲ့ပါတယ်။
“ဒီနေ့တွေ့ဆုံတဲ့အခါမှာလည်း လွှတ်တော်ရေးရာနဲ့ ပတ်သက်ပြီး သိချင်တဲ့အချက်တွေကို သူ မေးပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဖြေကြားပေးပါတယ်။ အဲဒီနည်းတူပဲ အိန္ဒိယခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မေးတာရှိပါတယ်။ အဲဒါတွေကို ပြန်ပြီးတော့ ရှင်းပြခဲ့ပါတယ်။”
ပြည်သူ့လွှတ်တော် ဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မကြာခင်ကပဲ အိန္ဒိယနိုင်ငံက ပါလီမန်ဒီမိုကရေစီစနစ်၊ အစိုးရအုပ်ချုပ်ရေးစနစ်တွေကို သွားရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် နှစ်ရပ်လုံးက ဥက္ကဋ္ဌတွေ တွေ့ဆုံမှုဟာ ပထမဆုံး တရားဝင်တွေ့ဆုံမှုလို့ ပြောလို့ရပါတယ်။
နေ့လည်ပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်ကြည်၊ ဦးစိုးသိန်းနဲ့ ဦးသိန်းဌေးတို့နဲ့ နေ့လည်စာအတူ စားခဲ့ကြပါတယ်။

လွတ်လပ်ရေးနေ့တွင် စီတန်းသွားလာခွင့်မရ


ကို​ထွေး

ဇန်န၀ါရီ ၄ ရက် လွတ်လပ်ရေးနေ့မှာ ဒီမိုကရက်တစ်ပါတီ (မြန်မာ)က ခေါင်းဆောင်တွေနဲ့ ပါတီဝင်တွေ ပါတီရုံးကနေ စုဝေးစီတန်းပြီး လွတ်လပ်ရေး ကျောက်တိုင် အလေးပြုမယ့်​ အစီအစဉ်ကို သက်ဆိုင်ရာက ခွင့်မပြုဘူးလို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီ ​ ​ခေါင်းဆောင်တဦးဖြစ်တဲ့​ ​ဒေါ်သန်းသန်းနုက “အဲလိုဆိုရင် စီတန်းမသွားဘူး။ ဟိုမှာ တခါ သွားပြီးတော့ ဆုံကြမယ့် ပေါ့။ အဲလို လုပ်ပြန်တော့လည်း၊ လွတ်လပ်ရေးကျောက်တိုင်ရှိတဲ့ ရဲဌာနက တခါခွင့်မပြုဘူး။ သူတို့က ဘာဖြစ်လို့လဲ​ ဆိုတော့ စီတန်း သွားဖို့ ဟာက ဥပဒေက​ ​ပြဋ္ဌာန်း​ ​ပြီးပြီပေါ့။ ဒါ​ပေမယ့် နည်းဥပဒေဆိုတာက ထွက်မလာ​သေးဘူးတဲ့။ ဒါကတော့​ ​အကြောင်းပြချက်​ပေါ့လေ​ ​အဲဒါကြောင့်​ သွားလို့မရဘူး”​ လို့ ပြောပါတယ်။

ဒီမိုကရက်တစ်ပါတီရုံးဟာ မင်္ဂလာတောင်ညွန့်​ ​မြို့နယ်မှာရှိပြီး လွတ်လပ်ရေး​​ကျောက်တိုင်က​ ​ကျောက်တံတားမြို့နယ် မဟာဗန္ဓုလပန်းခြံ​မှာ ရှိတဲ့အတွက် မင်္ဂလာတောင်ညွန့်ရဲစခန်းနဲ့​​ကျောက်တံတားရဲစခန်းကို ခွင့်ပြုချက်​ ​တောင်းတာပါ။

ရဲစခန်းက ခွင့်မပြုတဲ့အတွက် ပါတီရုံးချုပ်ကနေ လွတ်လပ်ရေးပန်းခြံကို စီတန်းမသွားတော့ဘဲ လွတ်လပ်ရေးပန်းခြံမှာလူစုပြီး လွတ်လပ်ရေးနေ့အခမ်းအနားပွဲ ကျင်းပခွင့်ရဖို့ မြို့တော်ဝန်၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်နဲ့ စည်ပင်သာယာကို တင်ထားတယ်လို့​ ​ဒေါ်သန်းသန်းနုက​ ​ပြောပါတယ်။

“စည်ပင်ကလည်း ပြန်လာပြီ၊ အဲဒီရဲဌာနတွေကလည်း ပြန်လာပြီ။ စည်ပင်က ပြန်လာ တယ်ဆိုတာက မြို့တော်ဝန်ဆီက ပြန်လာတာနဲ့ အတူတူပေါ့။ အဲသလိုပဲ ယူဆရတယ်။ အဲဒီထဲကို ၀င်ခွင့်မပေးနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာပေါ့။ ကျမတို့ကလည်း အများပြည်သူထဲပါတာပဲ။ ဒါပေမယ့် ဘယ်လိုထုတ်ခဲ့လိုက်လဲတော့မသိဘူး။ အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာဆိုတော့ ကျမတို့သွားပြီး အလေးပြုဖို့ ပါတီအနေနဲ့ လုပ်လို့မရဘူး” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခွင့်ကို ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံသားတွေရဲ အခွင့်အရေးအဖြစ် ပေးထားပြီး ဖြစ်သလို လက်ရှိအာဏာရ အစိုးရကလည်း ဥပဒေပြဋ္ဌာန်း ခွင့်ပြုခဲ့ပြီး ဖြစ်ပါတယ်။

ဒီဇင်ဘာ ၅ ရက်နေ့တုန်းကလည်း ဒလမြို့နယ်က တသီးပုဂ္ဂလ ကိုယ်စားလှယ် တဦးအဖြစ် ၀င်အရွေးခံခဲ့ဖူးတဲ့ ဦးဝင်းချို ခေါင်းဆောင် တဲ့အဖွဲ့က တင်ပြတဲ့ ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကိုလည်း အာဏာပိုင်တွေက ခွင့်မပြုခဲ့ပါဘူး။

မြန်မာလျှပ်စစ်အကြောင်း ခပ်ပါးပါးလေးပြောပြမယ်

လျှပ်စစ်ဝန်ကြီးဇော်မင်း ဧရာဝတီဆည်စီမံကိန်းကိုတည်ဆောက်ချင်ဇောနဲ့ပြည်သူတွေကိုမြန်မာပြည်မှာလျှပ်စစ်တွေပိုလျှံနေတယ်
လို့လွယ်ကူစွာလိမ်လည်ပြောဆိုခဲ့ပါတယ်။မြန်မာပြည်မှာတိုင်းပြည်နောင်ရေးအရှည်ကိုစဉ်းစားတည်ဆောက်ခဲ့
တဲ့စီမံကိန်းများဟာပြည်သူများနောင်ရေးအတွက်ဖြစ်မလာ၊အကျိုးမရှိပဲ၊လက်ရှိစည်မံကိန်းများကိုတည်ဆောက်
သောတာဝန်ယူသောအသိုင်းအဝိုင်းများက  ပြည်သူပိုင်ငွေကြေးများကိုသာအလွှဲသုံးခဲ့ကြပါတယ်။(ပြည်သူ့အော်သံ)မှတ်ချက်။
လျှပ်စစ်အကြောင်းလေး နည်းနည်း ရေးဦးမယ်။ လက်ရှိမှာ ကျွန်တော်ဟာ လျှပ်စစ်ဌာနက ၀န်ထမ်းဖြစ်ပေမယ့် ပြောရေးဆိုခွင့် ရှိသူတော့ မဟုတ်ပါဘူး။ ဒါကြောင့် ခုရေးမှာက အစိုးရသတင်းစာတွေ ရုပ်သံတွေက တရားဝင်ထုတ်ပြန်ထားတဲ့ အချက်များကိုပဲ ပြောမှာပါ။ လျှပ်စစ် အင်ဂျင်နီယာ မဟုတ်သူများအတွက် ရည်ရွယ်ပါတယ်။

မြန်မာပြည်မှာ လျှပ်စစ် အသုံးဆုံး ဒေသက ရန်ကုန်ဖြစ်ပါတယ်။ 600MW လောက်သုံးပါတယ်။ ဒုတိယ မန္တလေးပါ။ 120MW လောက်သုံး ပါတယ်။နေပြည်တော် 50MW တောင်ကြီး25MW မုံရွာ 15MW စသည်ဖြင့် အခြား မြို့ကြီးတွေလည်း ရှိပါတယ်။ အိမ်ထောင်စု အနေနဲ့ ခွဲပြောရင် ရန်ကုန်တိုင်းဒေသကြီးမှာ သုံးအိမ်မှာ နှစ်အိမ် မီးရပါတယ်။ ၆၆% ဆိုပါတော့။ ဒုတိယက ကယားပြည်နယ်ပါ သူက ၃၅%နှုန်းလောက်ရှိပါတယ်။ နာမည်ကျော် ဘီလူးချောင်းစက်ရုံကြီးကျေးဇူးကြောင့်ပါ။ ပြီးတော့ ပြည်နယ်ကလည်း သေးတော့ မီးရတဲ့ အိမ်များတာပါ။ သူတို့နောက်မှာ အစဉ်လိုက် နေပြည်တော်ဒေသ ၃၄% မန္တလေးတိုင်းဒေသကြီး ၃၃% စသည်ဖြင့်ရှိပါတယ်။ ထူးဆန်းတာ တစ်ခုက တိုင်းနဲ့ ပြည်နယ် ၁၄ခုမှာ မီးအရအနည်းဆုံးက ဧရာဝတီတိုင်းပါ ၁၀%ကျော် လေးပဲရှိပါတယ်။ သူက လူဦးရေများပြီး မြစ်ချောင်း များလို့ ဖြစ်ပါလိမ့်မယ်။ ချင်းပြည်နယ်တောင်မှ ဧရာဝတီရဲ့ အထက်မှာ ရှိပါတယ်။ နောက်တစ်ခု ကြားဖြတ်ကျွန်တော့်အမြင်လေး ပြောရရင် ရှမ်းပြည်နယ်ဟာ အိမ်ထောင်စုတွေရဲ့ ၃၀%လောက်ပဲ မီးရတယ်ဆိုပါတယ်။ သူက ပြည်နယ်တိုင်း၁၄ခုမှာ အဆင့်လေးမှာပါ။ ဒါဟာ ရှမ်းတစ်ပြည်နယ်လုံးကို ပြောထားလို့ ဖြစ်ပါလိမ့်မယ်။ ရှမ်းရှေ့ ရှမ်းတောင် ရှမ်းမြောက် ပြန်ခွဲရင်တော့ ရှမ်းတောင်က ကယားပြည်နယ်ထက် မီးရတဲ့နှုန်းသာမယ် ထင်ပါတယ်။ ဘာလို့လဲ ဆိုတော့ တောင်ကြီးခရိုင်တစ်ကြောမှာ မီးမရတဲ့ရွာနဲ့ မီးရတဲ့ရွာဆိုရင် မီးရတဲ့ရွာက ပိုများပါတယ်။ လွိုင်လင်ခရိုင်ဆိုရင်လည်း မီးရတဲ့နှုန်းမြင့်ပါတယ်။ ကျောက်ဆည်နဲ့ ကပ်ရက် ရွာငံမြို့ဆို မြန်မာပြည်တစ်ပြည်လုံး မီးပျက်တောင် သူက တစ်ခါတစ်လေ မပျက်ပါဘူး။ ကင်းတားစက်ရုံက မီးကို တိုက်ရိုက်ယူထားတာမို့ပါ။ ရှမ်းတောင်နဲ့ ပတ်သက်တဲ့ ကျွန်တော့်အမြင်သက်သက်ပါ။

မြန်မာပြည်လျှပ်စစ်ရဲ့ ၇၀%ကျော်ကို ရေအားကထုတ်ပါတယ်။ ၂၀%နှုန်းလောက်ကို သဘာဝဓာတ်ငွေ့ကထုတ်ပြီးတော့ ၈%က ရေနွေးငွေ့စက်ရုံတွေက ရပါတယ်။ အခြားနည်းတွေက ၁%အောက်မှာပဲ ရှိပါသေးတယ်။ အားနည်းချက်လာပါပြီ။ မီးသုံးပါတယ်ဆိုတဲ့ ရန်ကုန်နား တစ်ဝိုက်မှာ တစ်မြို့လုံးစာကို စက်ရုံတစ်ခုတည်းက နေပေးဖို့ စက်ရုံလောက်လောက်လားလား မရှိပါဘူး။ မန္တလေးဆိုရင် သူ့သုံးတာရဲ့ ငါးဆလောက် ထုတ်ပေးမယ့် ရဲရွာစက်ရုံက မိုင် ၄၀ လောက်မှာ ရှိနေပါတယ်။ တောင်ကြီးဆိုရင် ကျိုင်းတောင်း၊တီကျစ်၊ ဇော်ဂျီ စတဲ့ စက်ရုံတွေ ရှိပါတယ်။ နေပြည်တော်ဆို လည်း သူသုံးတာရဲ့ ငါးဆကျော် ထုတ်နိုင်တဲ့ ပေါင်းလောင်းစက်ရုံက ၁၁မိုင် အကွာမှာ ရှိပါတယ်။ အကြောင်းရင်းကတော့ ရေအားလျှပ်စစ်ရဲ့ သဘာဝအရ တောထဲမှာပဲ ရှိတာပါ။ ဒါကြောင့် တောနက်နက်နဲ့ ဝေးတဲ့ ရန်ကုန်ဟာ မီးရဖို့ အတွက် လိုင်းအရှည်ကြီးတွေ ဆွဲရပါတယ်။ လိုင်းရှည်ရင် ဆုံးရှုံးမှုများတာ ထုံးစံပါပဲ။ ဒါကြောင့် ရန်ကုန်ကို လျှပ်စစ် 100MW ရောက်ဖို့ ကျွန်တော့စိတ်ထင် 125MW လောက်ပို့ပေးမှ ရပါလိမ့်မယ်။ ရန်ကုန်မှာရှိတဲ့ သဘာဝဓာတ်ငွေ့စက်ရုံတွေကလည်း 300MW လောက်ပဲ ထုတ်နိုင်တာပါ။ ရန်ကုန်သုံးတာရဲ့ တစ်ဝက်ပဲ ရှိပါတယ်။ ၀မ်းသာစရာကတော့ ရန်ကုန်နားမှာ သဘာဝဓာတ်ငွေ့ ဓာတ်အားပေးရုံဆောက်ဖို့ ကိုရီးယားက လာပြီးဆွေးနွေးနေတာ သတင်းဖတ်လိုက်ရပါတယ်။ MW 500 ကျော်ရှိပြီး ဒလမှာ ဆောက်မှာ လို့သိရပါတယ်။ နောက်ပြီး ထန်းတပင်မှာလည်း 375MW ရှိတဲ့ ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံဆောက်နေသံ ကြားပါတယ်။

စဉ်းစားစရာတစ်ခုပေါ်လာပါပြီ။ ရန်ကုန်လူဦးရေက ၆သန်းပါ။ လက်ရှိလျှပ်စစ်သုံးနေတာ 600MW။ စင်ကာပူလူဦးရေက ၄သန်းခွဲပါ။ လက်ရှိလျှပ်စစ်သုံးနေတာက 11000MW တောင်ရှိပါတယ်။ အဲတော့ မြန်မာပြည်သာ စီးပွားရေးတိုးတက်လာခဲ့ရင် လျှပ်စစ် အသုံးက ဆတိုးနဲ့ ကိုတက်လာမယ့် သဘောရှိပါတယ်။ စက်မှုလုပ်ငန်းတွေ များလေ လျှပ်စစ်သုံးတာများလေ ဖြစ်လာမှာဆိုတော့။ ရန်ကုန်အတွက် အနည်းဆုံး  MW 10000 လောက် ရအောင် အစီအစဉ်လေး ဘာလေးရှိရင် သိပ်ကောင်းမှာပါ။ ဗြုန်းခနဲ မဟုတ်ဘူး ဆယ်နှစ် (သို့မဟုတ်) ဆယ့်ငါးနှစ် အတွင်းပေါ့။ ထားပါလေ။ ဒါတွေက လူကြီးတွေလုပ်ပါလိမ့်မယ်။

မန္တလေးကတော့ လျှပ်စစ်ကံကောင်းနေပါတယ်။  မန္တလေးနားမှာ ရေမြေသဘာဝ အရ ရဲရွာစက်ရုံလာဆောက်တယ်။ လျှပ်စစ်က 790MW တောင်ထွက်တယ်။ နောက် ဟိုးဖက် မူဆယ်နားမှာ ရွှေလီ-၁ စက်ရုံဆောက်တယ်။ မြန်မာပြည်အောက်ပိုင်းကို ပို့ဖို့ မန္တလေးနားက ဖြတ်သွားရတယ်။ နောက်ပြီး ဆည်တော်ကြီးတို့ ကင်းတားတို့လို စက်ရုံ အသေးလေးတွေ လည်း ရှိသေးတယ်။ နောက်ပြီး ကျွန်တော့်အထင် မန္တလေးက နိုင်ငံတကာ မြို့တော်ဖြစ်ဖို့ သဘာဝက အခြေအနေ မပေးပါဘူး။ မဖြစ်ဖြစ်အောင် လုပ်ရင်တော့ ရပါတယ်။ ဖြစ်လည်း ဖြစ်နိုင်တယ်။ သို့သော် ရန်ကုန်လိုတော့ ပင်လယ်ဆိပ်ကမ်းမရှိပါဘူး။ အဲဒီတော့ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှုတွေ ၀င်လာတယ် ဆိုရင်တောင်မှ ရန်ကုန်တို့ ထားဝယ်တို့ ကျောက်ဖြူတို့ မှာလို ကုန်ထုတ်လုပ်မှုလုပ်ငန်း ကြီးကြီး တွေ မန္တလေးကို ၀င်ဖို့နည်းပါတယ်။ ၀န်ဆောင်မှုလုပ်ငန်းနဲ့ ခရီးသွားလုပ်ငန်းလောက်ပဲ အားကိုးလို့ ရမှာပါ။ ပြောချင်တာက မြန်မာပြည်ကြီး ဗြုန်းခနဲ ဖွံ့ဖြိုးလာရင်တောင်မှ မန္တလေးကတော့ သူ့နှုန်းနဲ့သူ ပဲ တိုးတက်ပါလိမ့်မယ်။ လျှပ်စစ်အသုံးကလည်း တအိအိပဲ တက်လာပါလိမ့်မယ်။ နည်းနည်းပါးပါး တိုးနှုန်းမြန်လာတာတော့ ရှိမှာပေါ့လေ။

ကဲ... မီးဘာကြောင့်ပျက်ရတယ် ဆိုတဲ့ အကြောင်းလေး ပြောပါဦးမယ်။ မီးဘာလို့ ပျက်လဲ ဆိုတော့ မလာလို့ပေါ့ဗျာ။ အဲလို ဖြေတာ အရှင်းဆုံးဖြစ်မယ်ထင်တယ်။ အတည်ပြောပါ့မယ်။ အပေါ်မှာ ပြောခဲ့သလိုပဲ ဓာတ်အားပေးစက်ရုံတွေက တောထဲမှာ။ အဲဒီကနေ မြန်မာပြည်အောက်ပိုင်းကို ပို့နေရတာ။ ဓာတ်အားထုတ်လုပ်မှုရဲ့  ငါးပုံနှစ်ပုံ(၄၀%)က မန္တလေးတိုင်းက ထုတ်တာပါ။ (ရဲရွာ၊ ပေါင်းလောင်း၊ ဆည်တော်ကြီး၊ ကင်းတား) နောက် ၂၀%လောက်ကို ရှမ်းတောင်နဲ့ ကယားက ထုတ်ပါတယ် (လောပိတ၁ နှင့် ၂၊ တီကျစ်၊ ကျိုင်းတောင်း၊ ဇော်ဂျီ ၁နှင့်၂) ရန်ကုန်နားက သဘာဝဓာတ်ငွေ့စက်ရုံတွေက ၂၀%လောက်ထုတ်ပါတယ်။ (အလုံ၊ လှော်ကား၊ ရွာမ၊ သာကေတ) ရှမ်းမြောက်က ၁၅%နှုန်း(ရွှေလီ-၁) နောက်ကျန်တာတွေက ပဲခူး၊ စစ်ကိုင်း၊ မကွေး၊ မွန် စတာတွေမှာ နည်းနည်းစီ ထုတ်ပါတယ်။
လျှပ်စစ်အသုံးကျတော့ ရန်ကုန်က ၄၅%နှုန်း မန္တလေးက ၁၀%ခန့် နေပြည်တော်က ၄%ခန့် သုံးပါတယ်။ အဲတော့ ရန်ကုန်မှာ သုံးဖို့ ဆွဲရတဲ့ လိုင်းတွေက ရွှေလီကနေ ဆို ရွှေလီ-မန်စံ-ရွှေစာရံ(မန္တလေးအနီး) ကနေတဆင့် ဘဲလင်း-သပြေ၀(မိတ္ထီလာအနီး) ဆက်သွား ပြီးတော့မှ သာစည်-ပျဥ်းမနား-တောင်ငူ-ကမာနတ်(ပဲခူးအနီး) ကနေပြီး ရန်ကုန်နားက ခွဲရုံတွေကို ၀င်ရပါတယ်။ ရဲရွာဓာတ်အားက ဘဲလင်းနဲ့ သပြေ၀မှာ လာပေါင်းပါတယ်။ ပေါင်းလောင်းဓာတ်အားက ပျဉ်းမနားမှာ လာပေါင်းပါတယ်။ လောပိတက ထုတ်တဲ့ ဓာတ်အားက သာစည်မှာ လောပိတ-တီကျစ်-ကလော-သာစည် ဓာတ်အားလိုင်းက လည်းကောင်း တောင်ငူမှာ လောပိတ-တောင်ငူဓာတ်အားလိုင်းကလည်းကောင်း တဆင့်လာပေါင်းပါတယ်။ အဲဒီမှာ ဘာရည်ရွယ်ချက်ရှိလို့ ရှိမှန်းမသိတဲ့ ကောင်တွေက လောပိတ-တောင်ငူနဲ့ ရွှေလီ-မန်စံ လိုင်းတွေကို ဖျက်ဆီးလိုက်ပါတယ်။ အဲဒီမှာတင် ထုတ်သမျှလျှပ်စစ်က ရန်ကုန်ကို ဘယ်လိုင်းက စီးလို့ စီးရမှန်းမသိဖြစ်ကုန်ပါတယ်။ လိုင်းတွေရဲ့ သယ်ဆောင်နိုင်အားတွေ အသေးစိတ်ပြောရင် ရှုပ်ကုန်မှာစိုးလို့ မပြောတော့ပါဘူး။ သေချာတာကတော့ အဲဒီ လောပိတ-တောင်ငူနဲ့ ရွှေလီ-မန်စံ လိုင်းတွေ အဖျက်ခံရတဲ့အတွက် ရန်ကုန် မီးမပျက်ဖို့ သေမလောက် လုံးပန်းနေရပါတယ်။ ရန်ကုန်မပျက်တောင် အနည်းဆုံး တောင်ငူနဲ့ ပဲခူးလောက်မှာ ပျက်ပါတယ်။ မန္တလေးတို့လို မြန်မာပြည်အထက်ပိုင်းမှာ ပျက်တာကတော့ ဓာတ်အားလိုင်းခပ်ငယ်ငယ်လေးတွေရဲ့ ယာယီအပြစ်ကြောင့်သာ ဖြစ်ပါလိမ့်မယ်။

မီးအမြဲလာဖို့(လုံးဝမပျက်ဘဲ လာဖို့) ကတော့ ဓာတ်အားပေးစက်ရုံတွေကို တိုးဆောက်ရမယ်။ ရေအားချည်းပဲ ကတော့ မဖြစ်ပါဘူး။ ရေအားပဲ ဆောက်ရင်တော့ ရန်ကုန်မှာ ခုလက်ရှိတောင် မလွယ်တာ။ နောင်လေးငါးနှစ် နှစ်ဆလောက် တက်လာမယ့် အချိန်ဆို လုံးဝ မလွယ်တော့ပါဘူး။ နောက်ဓာတ်အားလိုင်းတွေ သေချာတွက်ပြီးဆွဲရမယ်။ ဆွဲပြီးကာမှ ထုတ်ထားသလောက် မစီးနိုင်ရင် အလကားပါ။ နောက်ပြီး ဓာတ်အားဖြန့်ဖြူးရေး အပိုင်းမှာ သေသေချာချာ လုပ်ရပါမယ်။ သူများနိုင်ငံမှာ Technical Loss ဆိုတဲ့ စက်ပစ္စည်းတွေ ကြောင့်ပဲ ဆုံးရှုံးတာ။ ကျွန်တော်တို့ ဆီမှာ Non-technical Loss ဆိုတဲ့ လူကြောင့် ဆုံးရှုံးတာပါ တော်တော်များနေတယ်လေ။ အဲဒါလေးတွေ သေချာလုပ်ရပါမယ်။ နောက် အရေးကြီးတာတစ်ခုက ဓာတ်အားစနစ် တစ်ခုလုံးကို Frequency and Voltage Control သေချာလုပ်ဖို့လိုပါမယ်။ အရေးပေါ်မှ ဟိုခေါ်ဒီဆက်လုပ်နေရတဲ့ လက်ရှိစနစ်ကနေ ဓာတ်အားစနစ်ကြီး တစ်ခုလုံးကို တစ်နေရာတည်းက မောက်စ်ကလစ်ရုံနဲ့ ထိန်းနိုင်ဖို့ လုပ်နေကြပြီလို့ ထင်ပါတယ်။

ကဲ... ပြီးပါပြီ။ တော်တော်တော့ မျက်စိနောက်သွားမယ်ထင်တယ်။ စိတ်ဝင်စားရင် သေချာဖတ်ကြည့်ဗျာ။ နောက် ကျွန်တော့်ကို မေးပါ။ မသိရင် သိတဲ့သူကို ပြန်မေးပြီး ကျွန်တော်ဖြေပါ့မယ်။

(အပေါ်တွင် ဖော်ပြထားသော အချက်အလက် အများစုမှာ နိုင်ငံပိုင် သတင်းစာ၊ ရုပ်သံများတွင်ဖော်ပြသမျှ အချက်အလက် အများစု ဖြစ်ပါသည်။ အချို့ အချက်အလက် များမှာ ခိုင်မာသော အဖွဲ့အစည်းတို့၏ ကွင်းဆင်းကောက်ယူထားသော အချက်အလက်များ ဖြစ်ပါသည်။ ထိုအချက်အလက်များမှာ သတင်းစာ၊ ရုပ်သံတို့တွင် ပါဝင်သေးခြင်းမရှိပါ။ ထို့ကြောင့် ထိုသို့ အချက်အလက်များကို အတိအကျဖတ်ဖူးသော်လည်း အနည်းငယ် မဆိုသလောက် ခန့်မှန်းချေ သဘောမျိုးသာ ရေးသားထားပါသည်။ သို့သော် ဤစာစုပါ အချက်အလက် များတွင် တက်တက်စင်အောင်လွဲသော အချက်လုံးဝမပါကြောင်း အာမခံပါသည်။)

ပေါက်ကျိုင်း
၂၃.၁၂.၂၀၁၁

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နှင့် ကင်ဂျုံအီ - ဘယ်သူက ပိုတော်သလဲ

ကင်ဂျုံအီ သေဆုံးသွားတာ မျက်မှောက်ခေတ်မှာ ကမ္ဘာ့ အရက်စက်ဆုံး၊ လူထူး လူကြောင်၊ အထီးကျန်ဆန်ဆန်နေထိုင်တဲ့ အာဏာရှင်တယောက် ဇာတ်သိမ်းသွားတာပါပဲ။
မြောက်ကိုရီးယားလည်း မရေမရာ၊ မတည်မငြိမ် အခြေအနေ၊ ကိုရီးယားကျွန်းဆွယ်မှာ တင်းမာမှုတွေ အရင်ထက်ပိုလာနိုင်မလား စိုးရိမ်စရာ အခြေအနေတွေဖြစ်ပေါ်နေပါတယ်။  အာဏာရှင်တွေ ဒယိမ်းဒယိုင် ဖြစ်နေကြတဲ့ နှစ်တနှစ်ရဲ့ အဆုံးသတ်နိမိတ်ပုံလည်းဖြစ်ပါတယ်။
၁၉၈၉ ခုနှစ်ကစလို့ အာဏာရှင်တွေ များများစားစား မြင်ကွင်းကနေ တယောက်ပြီး တယောက် ပျောက်ကွယ်သွားတာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၁ ခုနှစ်မှာတော့ တူနီးရှားက ဘန်အာလီ၊ အီဂျစ်က မူဘာရတ်၊ လစ်ဗျားက ကဒါဖီတို့ရဲ့ ကျဆုံးခန်းတွေကို မြင်တွေ့ခဲ့ရပါတယ်။  ဆီရီးယားနဲ့ ဘာရိန်းမှာလည်း ရက်စက်တဲ့ ဖိနှိပ်မှုတွေကို ရင်ဆိုင်နေတဲ့ လူထုအုံကြွမှုတွေ မြင်ခဲ့ရပါတယ်။
မြန်မာပြည်မှာဆိုရင်လည်း တိုင်းပြည်ကို နှစ်ပေါင်း ၂၀ နီးပါး အုပ်ချုပ်ခဲ့တဲ့ လူကြီး အနားယူသွားပြီး၊ သူ့ကိုဆက်ခံတဲ့ နောက်တယောက်က ပြုပြင်ပြောင်းလဲရေးတွေကို စတင်လုပ်ဆောင်လာပါတယ်၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အနားယူသွားပြီး၊ ဦးသိန်းစိန်ရဲ့ ပြုပြင်ပြောင်းလဲရေး ကနဦး ခြေလှမ်းတွေအပေါ်မှာ အကောင်းမြင်သူတွေရှိသလိုပဲ သတိနဲ့ စောင့်ကြည်သူတွေလည်း ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နာမည်တောင် မကြားချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် ကြားဖြတ်ရွေးကောက်ပွဲဝင်ပြီး၊ လွှတ်တော်ထဲ ၀င်ဖို့ကလည်း လပိုင်းအတွင်းမှာ တကယ်ဖြစ်လာတော့မှာပါ။
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီကို သတ်သွားတာ သတင်းတွေအရဆိုရင် နှလုံးရောဂါဖြစ်ပါတယ်၊ လူထုဆန္ဒပြပွဲတွေမဟုတ်ပါဘူး။ ဒါကြောင့် မြောက်ကိုရီးယားမှာ ချက်ချင်လက်ငင်း ထူးထူးခြားခြားအပြောင်းအလဲဖြစ်လာနိုင်ခြေမရှိပါဘူး။ ဒါပေမယ့် ကင်ဂျုံအီရဲ့ အနိစ္စသဘောကနေ တရားပြနေတာတွေတော့ ရှိပါတယ်။ ဥပမာအနေနဲ့ အာဏာရှင်တွေဟာ အားပျော့နေပြီး၊ ဒယိမ်းဒယိုင်ဖြစ်နေပြီး၊ ထာဝရမြဲတဲ့ အရာမဟုတ်ဘူးဆိုတဲ့ အနိစ္စတရားတွေပါပဲ၊ ဒါကို သံဝေဂယူပြီး အာဏာရှင်တွေအနေနဲ့ အချိန်ရှိတုန်း၊ ကိုယ့်မှာ ရွေးချယ်စရာရှိသေးတဲ့ အခြေအနေမှာ အာဏာကို စွန့်မလား၊ သို့မဟုတ် နိုင်မနိုင်သိမ်းမရဖြစ်ပြီး အာဏာာလက်လွှတ်သွားတာမျိုး အဖြစ်ခံမလား၊ ပထမနည်းလမ်းက ပိုကောင်းပါတယ်လေ။
မြောက်ကိုရီးယားနှင့် မြန်မာပြည်ဟာ အာရှမှာတော့ အပယ်ခံတိုင်းပြည်ချင်း အတူတူပါပဲ။ ကမ္ဘာ့အရက်စက်ဆုံး အစိုးရတွေ အုပ်ချုပ်တာချင်းလည်း တူပါတယ်၊ အစိုးရနှစ်ရပ်စလုံးဟာ ကိုယ့်ပြည်သူတွေအပေါ် လူသားတွေအပေါ် ကျူးလွန်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်တယ်လို့ စွပ်စွဲခံရပါတယ်။ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ကုလသမဂ စုံစမ်းရေးကော်မရှင်ဖွဲ့စည်းဖို့ တိုက်တွန်းထားကြပါတယ်။ မူးယစ်ဆေးဝါးကုန်သွယ်မှု၊ လူတွေကို ကျွန်သဖွယ် ကုန်ကူးမှုတွေမှာလည်း အစိုးရနှစ်ရပ်စလုံးဟာ နက်နက်ရှိုင်းရှိုင်း ပါဝင်ပတ်သက် နေကြပါတယ်၊ နိုင်ငံရပ်ခြားမှာ သူတို့ အပ်နှံ့ထားတဲ့ ဘဏ်စာရင်းတွေလည်း ချိတ်ပိတ် ခံထားရတာချင်းလည်း တူပါတယ်။
စစ်တပ်ကျောထောက်နောက်ခံထားတဲ့ အစိုးရချင်းလည်း တူပါတယ်။ မြောက်ကိုရီယား စစ်တပ်က ကမ္ဘာပေါ်မှာ စတုထ္ထအကြီးဆုံးဖြစ်သလို၊ မြန်မာစစ်တပ်ကလည်း အရှေ့တောင် အာရှမှာ ဒုတိယအကြီးဆုံးဖြစ်ပါတယ်။ မြောက်ကိုရီးယားက နျူးကလီးယား ပိုင်ဆိုင်ထားသလို၊ မြန်မာအစိုးရကလည်း မြောက်ကိုရီးယားအကူအညီနဲ့ နျူးကလီးယား ပိုင်ဆိုင်ဖို့ ကြိုးစားနေပါတယ်။
အစိုးရနှစ်ရပ်စလုံးဟာ တိုင်းပြည်စီးပွားရေးကို ဗုန်းဗုန်းလဲအောင် စီမံခဲ့ပြီး၊ ပြည်သူတွေ ငတ်ပြတ်နေတာကို လက်ပိုက်ကြည့်ခဲ့ကြပါတယ်၊ နိုင်ငံတကာ အကူအညီတွေကို ခြယ်လှယ်ချင်တိုင်း ခြယ်လှယ်ပြီး အုပ်ချုပ်သူတွေကျတော့ မသန့်ရှင်းတဲ့ စည်းစိမ် ချမ်းသာတွေကို စံစားနေကြပါတယ်။ ဒီလို အချက်တွေမှာ မြန်မာနှင့် မြောက်ကိုရီယား တူညီကြပါတယ်။
ဒါပေမယ့် မတူတဲ့ အချက်တွေလည်း ရှိပါတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သူအာဏာယူထားတဲ့ အချိန်မှာ သူ့ကိုယ်သူ အမွှမ်းတင်ဖို့ ၀ါဒဖြန့် ကြိုးစားခဲ့တာတွေရှိခဲ့ပါတယ်၊  ဥပမာအနေနဲ့ သူ့ဓာတ်ပုံကို အစိုးရရုံးတွေမှာ ချိတ်ခိုင်းတာ၊ မင်းနေပြည်တော်လို့ အဓိပ္ပါယ်ရတဲ့ နေပြည်တော် မြို့တော်သစ်ကို တည်ဆောက်ခဲ့တာတွေမျိုးပါ။ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ ကင်ဂျုံအီရဲ့ ခြေဖျားကိုတောင် မမှီခဲ့ပါဘူး။
ဗိုလ်ချုပ်မှူးကြီးရဲ့ သားသမီးတွေ အစိုးရအဖွဲ့ထဲမှာ နေရာရခဲ့ပါတယ်။ သူ့အချစ်တော် မြေးကလေး လမ်းသရဲဂိုဏ်းဆန်းဆန်းနေတာကို ဗိုလ်ချုပ်မှူးကြီးရာထူးက အကာအကွယ် ပေးနိုင်ခဲ့ပါတယ်၊ ဒါတွေဟာ သူ့မိသားစုအပေါ် ဗိုလ်ချုပ်မှူးကြီး ကာကွယ်နိုင်ခဲ့တာတွေသာ ဖြစ်ပါတယ်။
မြန်မာနှင့် မြောက်ကိုရီးယားကြားမှာ အသိသာဆုံးခြားနားချက်ကတော့ နိုင်ငံရေးစနစ်ဖြစ်ပါတယ်။ ကင်ဂျုံအီရဲ့ မြောက်ကိုရီးယားဟာ ကွန်မြူနစ်နိုင်ငံပါလို့ ကြွေးကြော်ပြီး လက်တွေ့မှာ ဘုရင်စနစ်လို အုပ်ချုပ်နေတဲ့ နိုင်ငံပါ၊ လက်တွေ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ၊ ဥပမာ ညှဉ်းပမ်းနှိပ်စက်မှု၊ မုဒိမ်းကျင့်မှု၊ အဓမ္မလုပ်အားပေး၊ သတ်ဖြတ်မှုတွေကတော့ ထူးမခြားပါ။ အစိုးရနှစ်ရပ်စလုံးဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်တာချင်းအတူတူလို့ စွပ်စွဲခံရပါတယ်။
ဒါပေမယ့် ကင်ဂျုံအီ အစိုးရက ဗိုလ်ချုပ်မှူးကြီးသန်းရွှေအစိုးရထက်သာတာက လူတွေရဲ့ အတွေးအခေါ်ကို ထိန်းချုပ်နိုင်တာဖြစ်ပါတယ်၊ ဒီနေရာမှာတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မအောင်မြင်ပေမယ့်၊ ကင်ဂျုံအီက အောင်မြင်ခဲ့ပါတယ်။
မြောက်ကိုရီယားမှာ အတိုက်အခံတွေ ဖွဲ့စည်းခွင့်လည်းမရှိ၊ တရားမ၀င်နည်းလမ်းနဲ့ မရှိပါဘူး၊ လူထုအခြေပြုအဖွဲ့အစည်းတွေမရှိ၊ အတိုက်အခံလည်းမရှိပါဘူး၊ ဒေါ်အောင်ဆန်းစုကြည် လည်းမရှိ၊ အန်အယ်ဒီလည်းမရှိ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့လည်း မရှိပါဘူး၊ မြောက်ကိုရီယားကို သွားမယ်ဆိုရင် သူစိမ်းတွေနဲ့ ရဲရဲတင်းတင်းစကားပြောရဲတဲ့ လူတယောက်ကို ရှာဖွေနိုင်ဖို့ မဖြစ်နိုင်ပါဘူး။ ပုန်လျှိုးဝယ်လျှိုးပြောမယ့် လူလည်းမရှိပါဘူး၊ လူတိုင်းလူတိုင်းဟာ တယောက်ကိုတယောက် အချိန်ပြည့် စောင့်ကြည့်နေကြပါတယ်။
မြောက်ကိုရီးယားကို သွားရင် အစိုးရက တွေ့စေချင်တဲ့ လူတွေနဲ့ တွေ့ရ၊ စကားပြောရမှာ ဖြစ်ပါတယ်။ လမ်းပေါ်က လူတွေကို သူတို့ စိတ်ရင်းတွေကို သိရဖို့ စကားပြောဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။
ဒါပေမယ့် အစိုးရက လိုက်ပို့တဲ့ ကျောင်းတွေ၊ ဆေးရုံတွေဆီကို သွားရင်တော့ ဆရာဝန်ကြီးတွေ၊ ပါမောက္ခတွေက မဟာခေါင်းဆောင်ကြီး ကင်အီဆွန်း၊ နဲ့ ချစ်လှစွာသော သူတို့ခေါင်းဆာင်ကြီး ကင်ဂျုံအီ ကောင်းကြောင်းတွေ ရွှန်းရွှန်းဝေအောင် ပြောတာကို ကြားရမှာဖြစ်ပါတယ်၊ သူတို့ ဓာတ်ပုံတွေက အခန်းတိုင်း၊ နံရံတွေပေါ်ကနေ ခင်ဗျားကို စိမ်းစိမ်းကြိး စိုက်ကြည့်နေပါလိမ့်မယ်၊ သူတို့ နာမည်တွေကိုလည်း စာကြောင်း၊ သုံးကြောင်း၊ လေးကြောင်းတိုင်းမှာ မကြားချင်အဆုံး ကြားရပါလိမ့်မယ်။
ဖျော်ဖြေပွဲတခုကို သူတို့ပြလို့ လိုက်ကြည့်မယ်ဆိုရင်လည်း လယ်ကွင်းတွေ၊ စက်ရုံတွေဆီကို ကင်အီဆွန်နဲ့ ကင်ဂျုံအီတို့ သွားရောက် စစ်ဆေးနေတဲ့ ပုံတွေကို သံစုံတီးဝိုင်းကြီးရဲ့ အနောက်ဘက် ပိတ်ကားပေါ်မှာ အဆက်မပြတ်ပြနေပါလိမ့်မယ်၊ တင့်ကားကြီးတွေ ဖြတ်သွားတဲ့ မြင်ကွင်း၊ ဒုံးကျည်တွေ ပစ်လွှတ်လိုက်တဲ့ ပြကွက်တွေ ဆက်တိုက် ပြနေပါလိမ့်မယ်။ ဒုံးကျည်တချက်ပစ်လိုက်တဲ့ တိုင်းမှာ ပရိတ်သတ်တွေအားလုံးက တခဲနက် လက်ခုပ်တီးအားပေးနေလိုက်ကြတာ ဂျော့အော်ဝဲလ်ရဲ့ ၁၉၈၄ ၀ထ္ထုထဲ ရောက်နေ သလားတောင် အောက်မေ့ရပါတယ်၊
မြန်မာပြည်မှာတော့ ဒါမျိုးမရှိပါဘူး၊ သာမန်လူမပြောနဲ့ အစိုးရထဲက လူတွေတောင် ဘယ်သူမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကောင်းကြောင်း မပြောကြပါဘူး၊ လူတချို့ကတော့ အရင်းအနှီးကြီးကြီးပေးပြီး ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မကောင်းတဲ့အကြောင်းကိုတော့ လူရှေ့သူရှေ့မှာ ပြောကြပါတယ်။ တော်တော်များများကတော့ တိုးတိုတိတ်တိတ်၊ အမြင်ကွယ်ရာမှာ ပြောပြပါတယ်။
မြောက်ကိုရီးယားမှာတော့ ကင်ဂျုံအီ မကောင်းကြောင်း တစွန်းတစဖြစ်ဖြစ် တိုးတိုးစကား၊ ပေါက်ကြားသွားလို့ကတော့ ထောင်ချခံရဖို့ သေချာပါတယ်။ ကံဆိုးရင် သေဒဏ်ပေးခံရနိုင်ပါတယ်။
မြောက်ကိုရီးယားမှာ နိုင်ငံရေးအကျဉ်းသား ၂ သိန်းရှိပါတယ်။ မြန်မာပြည်မှာ ရှိတဲ့ နိုင်ငံရေးအကျဉ်းသားအရေအတွက်ထက် အဆတရာ လောက်ပိုများ ပါတယ်။ မြန်မာပြည်က နိုင်ငံရေးအကျဉ်းသားတွေနဲ့ မတူတာက မြောက်ကိုရီးယားက နိုင်ငံရေးအကျဉ်းသားတွေဟာ အစိုးရကို သိသိသာသာ အတိုက်အခံလုပ်လို့ ထောင်ချခံရတာ မျိုးမဟုတ်ပါဘူး။
ကင်ဂျုံအီရဲ့ ဓာတ်ပုံကို အကြည့်မတော်လို့၊ ဒါမှမဟုတ် တချိန်တုန်းက တောင်ကိုရီးယာနဲ့ အဆက်အသွယ်ရှိခဲ့ဖူးလို့ အစိုးရက ရန်လိုတယ်လို့ သတ်မှတ်ထားတဲ့ မိသားစုအသိုင်းအ၀ိုင်းမှာ လူဖြစ်လာလို့ ၊ ဒါမှမဟုတ် သမ္မာကျမ်းစာကို လက်ဝယ်တွေ့ ရှိလို့ အဖမ်းခံရတဲ့ လူတွေပဲ များပါတယ်။ မြောက်ကိုရီးယားမှာ လူတယောက်အပြစ်ကျူးလွန်မိရင် မျိုးဆက် ၃ ဆက် ဒဏ်ပေးခံရမယ်ဆိုတဲ့ ပေါ်လစီ လည်းရှိပါတယ်၊
အခုတော့ ကင်ဂျုံအီရဲ့ သားဖြစ်တဲ့ ကင်ဂျုံအန်းကို ကြီးမြတ်သော ဆက်ခံသူ Great Successor’ လို့ ခေါ်ဝေါနေကြပါပြီ၊ ဒါပေမယ့် သူရဲ့ အာဏာအခြေခံက အားနည်းပါတယ်။ တကယ်ပဲ သူက ဆုံဖြတ်ချက်ချတဲ့ လူဖြစ်မလား၊ သို့မဟုတ် အာဏာပြိုင်တာတွေဖြစ်မလား၊ မသေချာပါဘူး။
ဒါပေမယ့် အကယ်၍ အခြေအနေ ဖရိုဖရဲဖြစ်ရင် အနာဂတ်ကို ခန့်မှန်းဖို့ ခက်ပါတယ်၊ ကင်ဂျုံအန်းရဲ့ ကံကြမ္မာကလည်း စိတ်ချရတဲ့ အခြေအနေမရှိပါဘူး။ မြောက်ကိုရီးယားကနေ ထွက်ပြေးခဲ့ရသူတွေက ကင်ဂျုံအီ ကို အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုခုံရုံးကို ပို့ဖို့ စည်းရုံးဆော်သြနေကြပါတယ်။ ခုံရုံးမရောက်ခင်မှာပဲ အဖေဖြစ်တဲ့ ကင်ဂျုံအီ ကွယ်လွန်သွားပါတယ်၊ အသက် ၂၈ နှစ်ဝန်းကျင် သားဖြစ်တဲ့ ကင်ဂျုံအန်းအတွက် ကံမကောင်းလှပါဘူး။
ဒီအဖြစ်အပျက်တွေက မြန်မာပြည်အတွက် သင်ခန်းစာကတော့ သင်ခန်းစာတော့ အာဏာရှင်စနစ်ဟာ ရေရှည်မှာ ဘယ်လိုမှ အကျိုးမများနိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ပြည်သူတွေက ဆန့်ကျင်အုံကြွလို့ပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးကြောင့်ဖြစ်ဖြစ်၊ အသက်အရွယ် ကြောင့်ဖြစ်ဖြစ် တခုခုဖြစ်လာရင် အာဏာရှင်တွေနဲ့ သူတို့ မိသားစုလုံခြုံရေးအတွက်လည်း ဘာအာမခံချက်မှ မရှိပါဘူး။
လူထုဆန္ဒကို လိုက်လျှောတဲ့ အာဏာရှင်တွေ၊ အချိန်မလွန်ခင်မှာ အသွင်ကူးပြောင်းရေးအတွက် တွေ့ဆုံဆွေးနွေးပြီး အာဏာလက်လွှတ်ပေးတဲ့ အာဏာရှင်တွေဟာ အသက်နဲ့ကိုယ် အိုးစားမကွဲ၊ သူတို့ မိသားစုတွေ အခြေမပျက်ဘဲ ထွက်တော်မူနန်းက ခွာနိုင်ခဲ့ကြပါတယ်၊ ဥပမာအနေနဲ့ တောင်အာဖရိက ဒီကလက်၊ ဆိုဗီယက်ပြညထောင်စုက ဂိုဘာ့ချော့ဗ်၊ အင်ဒိုနီးရှားက ဆူဟာတိုနှင့် ဟာဘီဘီတို့က ကြည့်ပါ။
ဒါကြောင့် ကင်ဂျုံအီရဲ့ အနိစ္စတရားက မြန်မာပြည်က သမတဦးသိန်းစိန်ကို ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းကို ဆက်လက်အကောင်အထည်ဖော်ဖို့၊ လက်တွေ့ဖြစ်အောင် လုပ်ဖို့ တိုက်တွန်းနေပါတယ်၊
သမိုင်းစာမျက်နှာမှာတော့ ကင်ဂျုံအီဟာ လူသတ်သမား၊ နိုင်ငံတကာ ရာဇ၀တ်ကောင် ဟစ်တလာ၊ စတာလင် တို့နဲ့ တတန်းတည်းနေရာရသွားပါပြီး၊ နောက်ထပ် ထေ့ငေါ့ချင်စရာကောင်းတဲ့ တိုက်ဆိုင်မှု တခုက ကင်ဂျုံအီ သေပြီး နောက်တရက်မှာ ချက်ကိုစလိုဗက်ကီးယားက လွတ်မြောက်ရေး ခေါင်းဆောင် ဗားကလက်ဟာဗယ်လ် အနိစ္စရောက်ပါတယ်၊ ဟာဗယ်လ်က ကင်ဂျုံအီကို ကမ္ဘာ့အဆိုးဆုံးအာဏာရှင်၊ လူသန်းပေါင်းများစွာရဲ့ အသက်ကို သတ်တဲ့ တရားခံ လို့ ပြောခဲ့ဖူးပါတယ်။
မြန်မာပြည်က သမ္မတဦးသိန်းစိန်အနေနဲ့ အာဏာရှင်စနစ်ကို အဆုံးသတ်ပြီး တိုင်းပြည်ကို ဒီမိုကရေစီထွန်းကားအောင် အကူအညီပေးခဲ့တဲ့ ဒီကလက်တို့၊ ဂိုဘာ့ချော့တို့၊ ဟာဗီဗီတို့ အတန်းအစားထဲမှာ ပါချင်သလား၊ သို့မဟုတ် ကင်ဂျုံအီတို့ ဟစ်တလာတို့ လမ်းလိုက်မလား၊ ဘယ်လမ်းရွေးမလဲ ဆိုတာကတော့ ဘယ်လိုလူမျိုးကို အားကျသလဲဆိုတဲ့ အပေါ်မှာပဲ မူတည်ပါတယ်။
ညီစောလွင်

Thursday, December 22, 2011

ခုံးကျော်-မီတာခ-၀န်ကြီး နှင့် ဂျာနယ် အရှုပ်တော်ပုံ


ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၇) အမှတ်(၄၉) တွင် ဖော်ပြထားမှုကို တွေ့ရစဉ်
ခုံးကျော်တံတားများ ဖြတ်သန်းခကောက်ခံမည်ဆိုသည်မှာ မဟုတ်မှန်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ ဦးစိုးသိန်းက ပြောကြားကြောင်း၊ မီတာခ နှစ်ဆတိုးမြှင့်မည်မှာ မဟုတ်မှန်ကြောင်း လျှပ်စစ်(၂) ပြည်ထောင်စုဝန်ကြီးက ပြောကြားကြောင်း သတင်းများအား ရန်ကုန်တိုင်းမ် သတင်းဂျာနယ်တွင် ဖော်ပြထားသည်။

ရန်ကုန်တွင် ခုံးကျော်တံတားကြီးလေးစင်းကို အဆင့်နှစ်ဆင့်ခွဲခြား၍ လေးလအတွင်း အပြီးဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းခုံးကျော် တံတားကြီးများတွင် ဖြတ်သန်းခ ကောက်ခံမည်ဆိုသည်မှာ လုံးဝမဟုတ်မှန်ကြောင်း မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကပြောသည်ဟူ၍ ယခုတစ်ပတ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ် အတွဲ(၇)၊ အမှတ်(၄၉)တွင် ဖော်ပြထားသည်။

ထို့အပြင် လျှပ်စစ်ဓာတ်အား သုံးစွဲခနှုန်းထားကို နှစ်ဆထိ တိုးမြှင့်ကောက်ခံသွားမည်မဟုတ်ကြောင်း အမှတ်(၂) လျှပ်စစ်စွမ်းအား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံစဉ် ထုတ်ဖော်ပြောကြားလိုက်ကြောင်း အဆိုပါ ရန်ကုန်တိုင်းမ်ဂျာနယ် တွင် ဖော်ပြထားသည်။

ရန်ကုန်မြို့တွင် ဆောက်လုပ်မည့် ခုံးကျော်တံတားများထဲမှ ခုံးကျော်တံတားနှစ်ခုအား B.O.T  စနစ်ဖြင့် ဆောက်လုပ်မည်ဖြစ်ကြောင်း မြန်မာ နိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက နိုဝင်ဘာလ ၂၈ ရက်နေ့၌ နေပြည်တော်တွင်ပြုလုပ်ခဲ့သော မီဒီယာများနှင့်တွေ့ဆုံပွဲတွင် ပြောကြားထားခြင်း ဖြစ်သည်။

''လှည်းတန်းခုံးကျော်အတွက် ကမ္ဘောဇဘဏ်က ငွေချေးယူပြီးလုပ်မယ်။ တာမွေ ငါးလမ်းဆုံအတွက် ကျွန်တော်တို့ စက်မှုဘဏ်က ချေးယူပြီးလုပ်မယ်။ ရွှေဂုံတိုင်နဲ့ ဘုရင့်နောင်လမ်းဆုံ ခုံးကျော်တွေအတွက်ကတော့ တာဝန်ယူမယ့်ကုမ္ပဏီက အရင်းစိုက်ထုတ်လုပ်မယ်။ BOT စနစ်နဲ့ လုပ်သွားမှာပါ'' ဟု မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၏  နိုဝင်ဘာလ ၂၈ ရက်နေ့က ပြောကြားချက်ကို Biweekly Eleven Journal တွင် ဖော်ပြခဲ့ပြီးဖြစ်သည်။
ထို့ပြင် နိုဝင်ဘာလ ၂၈ ရက် နေ့မီဒီယာတွေ့ဆုံပွဲအပြီး နောက် ထုတ်ဝေခဲ့သော အပတ်စဉ်ထုတ် သတင်းဂျာနယ်များတွင် ရွှေဂုံတိုင်နှင့် ဘုရင့်နောင်ခုံးကျော်တံတားများကို သက်ဆိုင်ရာဆောက်လုပ်ရေးကုမ္ပဏီ များ၏ရင်းနှီးမြှုပ်နှံမှု (Build, Ope-rating, Transfer- BOT) စနစ်ဖြင့် တည်ဆောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။
b38_09_1
(၁) 7Day News ဂျာနယ်၊ (၂) Popular News ဂျာနယ်နှင့် (၃) မြန်မာတိုင်း(မ်) ဂျာနယ်တို့တွင် ဖော်ပြထားမှုကို တွေ့ရစဉ်
ထို့အပြင် လျှပ်စစ်မီတာခများ အား ဇန်န၀ါရီလ ၁ ရက်နေ့မှစ၍ နှစ်ဆတက်မည်ဟုအမှတ်(၂)လျှပ်စစ် စွမ်းအားဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးအောင်သန်းဦးက ဒီဇင်ဘာလ ၁၁ ရက်နေ့၌ နေပြည်တော်ရှိ အမှတ်(၂) လျပ်စစ်စွမ်းအားဝန်ကြီးဌာနတွင် Weekly Eleven၊ 7Day၊ မြန်မာတိုင်း(မ်)၊ The Voice နှင့် ရန်ကုန်တိုင်းမ် စသည့်ဂျာနယ်များနှင့် တွေ့ဆုံစဉ် ပြောကြားထားခြင်း ဖြစ်သည်။

''ကျွန်တော်တို့အနေနဲ့ တရားဝင်ရရှိတဲ့ သတင်းကိုရေးတာပါ။ လျှပ်စစ်မီတာခ တိုးမယ်ဆိုတာလည်း ဒုဝန်ကြီးကိုယ်တိုင်ပြောတာ ဖြစ်သလို ခုံးကျော်တံတား BOT စနစ် ကျင့်သုံးမယ်ဆိုတာလည်း MIC  ဥက္ကဋ္ဌကိုယ်တိုင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါပဲ။ BOT ဆိုတာ နားလည်တာက ဆောက်ပြီး ငွေပြန်ကောက်တာ။ မလုပ်သင့် မလုပ်ထိုက်တာကိုလည်း စတုတ္ထမဏ္ဍိုင် တစ်ခုဆိုတာနဲ့အညီ ထောက်ပြခဲ့တာပဲဖြစ်တယ်။ ဒါဟာ မဟုတ်မမှန် သတင်း မဟုတ်ပါဘူး။ အခု ရန်ကုန်တိုင်းမ်မှာ  မီတာခနှစ်ဆတိုးမြှင့်မယ်ဆိုတာ မဟုတ်မမှန်ဆိုပြီး ငြင်းထားတယ်လို့ ဆိုထားတယ်။ ပြည်သူအတွက် အ ကျိုးမရှိဘူးဆိုလည်း ပြင်လိုက်ရုံပဲရှိတာပေါ့။ အခု မြန်မာနိုင်ငံစီးပွားရေး အခြေအနေကတော့ အားရစရာ မရှိသေးဘူး။ လာဘ်ပေး၊ လာဘ်ယူက ထူပြောနေတုန်း ရှိသေးတယ်။ လူထုရဲ့စီးပွားရေးအခြေအနေ၊ လူနေမှု အဆင့်အတန်း မြင့်တက်မလာသေးဘူး။ လူတွေ သက်သာချောင်ချိမလာသေးဘူး။ အရင်တုန်းက စီးပွားရေးကို လက်ဝါးကြီးအုပ်ခဲ့တာ လုပ်ငန်းရှင်ကြီး လေး၊ ငါးယောက်။ အခု လေး၊ ငါးယောက်နေရာမှာ ဗမာတိုင်းရင်းသား လုပ်ငန်းရှင်ကြီးနှစ်ယောက်၊ သုံးယောက် လောက်ကို ဖယ်ထုတ်ပြီး ကျန်တဲ့တိုင်းရင်းသားလုပ်ငန်းရှင် အမည်ခံ ၁၄၊ ၁၅ ယောက်က အခု လက်ဝါးကြီးအုပ်ဖို့ ပြင်ဆင်နေတယ်လို့ လူအများစုမြင်နေကြပြီ။ လုပ်ငန်းတွေအားလုံး သူတို့ချည်းပဲရနေတာ။ တချို့ ရင်းနှီးမြှုပ်နှံဖို့ပေးတဲ့ဟာတွေမှာလည်း မီဒီယာကို တရားဝင် Transparency ရှိရှိ ပေးထားတာမျိုးတွေ မရှိဘူး။ အခု အစိုးရသစ်လက်ထက်မှာ ဘယ်စက်ရုံတွေ၊ ဘယ်မြေကွက်တွေကို ဘယ်လို ရောင်းချငှားရမ်းတယ်၊ ဘယ်နှုန်းနဲ့ဆိုတာ မသိရသလို ကြိုတင်ကြေညာတာမျိုးလည်း မရှိဘူး။  ဘယ်စက်ရုံ ဘယ်သူရသွားတယ်ဆိုတာလည်း နောက်ဆုံးစက်ရုံဖွင့်မှ သိရတာမျိုး ဖြစ်နေတယ်။ အရင်အစိုးရနဲ့ အခုအစိုးရက မတူဘူး။ ဒါကြောင့် ဒီမိုကရေစီ အစိုးရ ပီပီသသ Transparency ရှိတာမျိုး မြင်ချင်ပါတယ်။ လာဘ်ပေး လာဘ်ယူရှိရင် တိုင်ကြားနိုင်သည်ဆိုတာ တစ်ခုတည်းနဲ့ မလုံလောက်ပါဘူး။ လက်တွေ့ကျကျ သတင်းထုတ်ပြန်တာမျိုး ဖြစ်စေချင် ပါတယ်။ သတင်းစာရှင်းလင်းပွဲလုပ်မှ မဟုတ်ပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ပြည်သူလူထုက စီးပွားရေးအပေါ်မှာ ယုံကြည်မှုမရှိဘူးလို ဖြစ်နေတယ်။ အခုထက်ထိ လူတော်တော်များများဟာ သူတို့ငွေတွေ အားလုံးကို ငွေရလွယ်တဲ့ အိမ်၊ ခြံ၊ မြေ၊ ကားတွေမှာပဲ ရင်းနှီးမြှုပ်နှံတယ်။ ရေရှည်ရင်းနှီးမြှုပ်နှံမှုတွေက အခုထက်ထိ အားနည်းနေတုန်းပါပဲ။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှုတွေကလည်း အခုထက်ထိ မ၀င်သေးဘူး။ လာဘ်ပေး၊ လာဘ်ယူနှုန်းထားကို မလျော့ချနိုင် ရင်တော့ ရင်းနှီးမြှုပ်နှံတဲ့သူတွေ တော်တော် အခက်အခဲတွေ့လိမ့်မယ်။ အခုလည်း နိုင်ငံတကာပွဲစားတွေ ပြည်တွင်းက သက်ဆိုင်ရာကိုပိုင်တဲ့ ပွဲစားတွေချည်းပဲ၊ ရင်းနှီးမြှုပ်နှံမှုမှာ ခြေရှုပ်နေတယ်။ ပထမဆုံး ရင်းနှီးမြှုပ်နှံဖို့ လာတဲ့သူတွေနဲ့တင် ကျွန်တော်တို့ နာမည်ပျက်သွားလိမ့်မယ်။ တိုင်း ပြည်ရဲ့ရေရှည်အကျိုးစီးပွားအတွက် စတုတ္ထမဏ္ဍိုင်အနေနဲ့ ကျွန်တော်တို့ ထောက်ပြနေတာကို အလေးအနက်ထား စဉ်းစားစေချင်ပါတယ်။ တိုင်းပြည်ကောင်းဖို့ ကျွန်တော်တို့အားလုံး ၀ိုင်းလုပ်ကြဖို့လိုပါတယ်''ဟု Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင်က ပြောကြားခဲ့ပါသည်။

ခုံးကျော်တံတား BOT စနစ် ကျင့်သုံးမယ်ဆိုတာလည်း MIC  ဥက္ကဋ္ဌ ကိုယ်တိုင် သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့တာပါပဲ။ BOT ဆိုတာ နားလည်တာက ဆောက်ပြီး ငွေပြန်ကောက်တာ။ မလုပ်သင့် မလုပ်ထိုက်တာကိုလည်း စတုတ္ထမဏ္ဍိုင်တစ်ခုဆိုတာနဲ့အညီ ထောက်ပြခဲ့တာပဲဖြစ်တယ်။ ဒါဟာ မဟုတ်မမှန် သတင်းမဟုတ်ပါဘူး။
ဒီဇင်ဘာလ ၁၈ ရက် (တနင်္ဂနွေ)နေ့က နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဥက္ကဋ္ဌ၊ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက ခုံးကျော်တံတားဖြတ်သန်းခ ကောက်ခံမည်ဆိုသည်မှာ မဟုတ်မှန်ဟု ပြောကြားခဲ့ကြောင်း ရန်ကုန်တိုင်းမ်ဂျာနယ်တွင် ဖော်ပြထားပြီး အဆိုပါရှင်းလင်းပွဲသို့ တက်ရောက်ရန် Eleven Media Group အား ဖိတ်ကြားခြင်းမပြုခဲ့ပါ။ ထို့အတူ အမှတ်(၂) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက ပြည်တွင်းမီဒီယာများနှင့် တွေ့ဆုံရာတွင် မီတာခနှစ်ဆတိုးမြှင့်မည်မှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်ဟု ရန်ကုန်တိုင်းမ် ဂျာနယ်မှာ ဖော်ပြထားသော် လည်း ပြည်ထောင်စုဝန်ကြီး၏ ပြောကြားချက်ဖော်ပြမှုတွင် မီတာခနှစ်ဆ တိုးမြှင့်မည်မှာ မဟုတ်မှန်ဟူသော တိုက်ရိုက်ပြောဆိုသည့်စကား ပါဝင်ခြင်းမရှိသည်ကို တွေ့ရပါသည်။ ယင်းတွေ့ဆုံပွဲကိုလည်း Eleven Media Group အား အကြောင်းကြား ဖိတ်ကြားခဲ့ခြင်းမရှိပါ။
''ဒီလို သတင်းစာရှင်းလင်းပွဲတွေ မဖိတ်တာမျိုးကအစ ကျွန်တော်တို့အပေါ် မမြင်နိုင်တဲ့ ဖိအားတွေပေးတာ မသင့်တော်ဘူးလို့ပဲ ကျွန်တော်တို့ မြင်တယ်။ လူကျွံဘောဖမ်းကစားတာကို မကြိုက်ဘူး''ဟု Eleven Media Group  ၏ CEO ဒေါက်တာ သန်းထွဋ်အောင်ကပြောကြားခဲ့သည်။  ထပ်မံသိရှိရသော သတင်းများအရ ရွှေဂုံတိုင်နှင့် ဘုရင့်နောင်လမ်းဆုံတို့တွင် တည်ဆောက်မည့် ခုံးကျော်တံတားများကို FMI ကုမ္ပဏီနှင့် လှည်းတန်း လမ်းဆုံ ခုံးကျော်တံတားကို ရွှေတောင်ဆောက်လုပ်ရေးကုမ္ပဏီတို့က တည်ဆောက်ခွင့်ရရှိခဲ့ကြောင်း သိရှိရသည်။

Wednesday, December 21, 2011

မစ္စတာတက်ဆင် ဗိုလ်ချုပ်မှူးကြီးနှင့် တွေ့ဆုံ


thaksin_thanshweထိုင်းနိုင်ငံ ၀န်ကြီးချုပ်ဟောင်း တက်ဆင်ရှင်န၀ပ်သည်၊ ပြီးခဲ့တဲ့ ကြာသပတေးနေ့က မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး သမ္မတ ဦးသိန်းစိန် အပါဝင် အရင်စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့နှင့် လည်း တွေ့ဆုံ ခဲ့သည်ဟု ထိုင်းနိုင်ငံထုတ် ဘန်ကောက်ပို့စ် သတင်းစာက ဖေါ်ပြပါသည်။ မစ္စတာ တက်ဆင်သည် ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်န၀ပ်၏ ခရီးစဉ် ချောမွေ့ အဆင်ပြေ စေရန်နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံနိုင်ရေး ကိစ္စများ အကူအညီပေးရန် အတွက် သွားရောက်ခြင်း ဖြစ်သည်ဟု ဆိုပါသည်။
မစ္စယင်းလပ် ရှင်န၀ပ်သည် စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်မြစ် ဒေသခွဲ နိုင်ငံများ ညီလာခံကို တက်ရောက်ရန် ယခုမြန်မာနိုင်ငံကို ရောက်ရှိနေပါသည်။ မဟာမဲခေါင်မြစ် ဒေသခွဲ နိုင်ငံများဖြစ်သည့်   တရုတ်၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား နဲ့ ဗီယက်နမ် နိုင်ငံတို့၏ ကိုယ်စားလှယ် များလည်း မြန်မာနိုင်ငံသို့ ရာက်ရှိ နေကြပါသည်။ မစ္စတာ တက်ဆင်သည်၊ ၄င်းဝန်ကြီးချုပ်လက်ထက် ၌လည်း မြန်မာနိုင်ငံနှင့် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံ ခဲ့ပါသည်။ မစ္စယင်လပ်၏ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမှုသည်၊ မစ္စယင်လပ်နှင့်  အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စကလင်တန်တို့ တွေ့ဆုံပြီးနောက် ဖြစ်ပေါ်လာသည်ဟု အကဲခတ်များက သုံးသပ် ကြပါသည်။

သက်ဆင်ရဲ့ မြန်မာခရီး ဝေဖန်ခံရ


ရန်ပိုင် on December 20, 2011


ထိုင်း ၀န်ကြီး ချုပ်ဟောင်း မစ္စတာ သက်ဆင် ရှင်နာဝပ် မြန်မာ နိုင်ငံသို့ မကြာသေး မီက သွားရောက်ကာ နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်း များနှင့် ပတ်သက်၍ ညှိနှိုင်း ဆောင်ရွက်ခဲ့ခြင်း သည်ဆင်ခြင်မှု ကင်းမဲ့သည့် လုပ်ရပ် ဖြစ်သည်ဟု ထင်ရှားသည့် ထိုင်း နိုင်ငံရေး သမား တဦးက ပြောကြား လိုက်သည်။

သူ၏ နှမဖြစ်သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် မစ္စ ယင့်လပ် ရှင်နာဝပ်၏ မြန်မာပြည် ခရီးစဉ် ချောမွေ့စေရေး၊ နှစ်နိုင်ငံဆက်ဆံမှု တိုးတက်ရေး၊ စွမ်းအင်ကဏ္ဍ ရင်းနှီးမြုပ်နှံရေး၏တို့အတွက် မစ္စတာ သက်ဆင် ဆောင်ရွက်ခဲ့ခြင်းနှင့် ပတ်သက်ပြီး ယခင် ထိုင်းလွှတ်တော်အမတ် မစ္စတာ ခရိုင်ဆတ် ချူနာဝမ်က ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“သူက ဘာကြောင့် ဘာကြောင့် နာမည်ကောင်း ၀င်ယူရတာလဲ။ ၀န်ကြီးချုပ်ရဲ့ ခရီးစဉ်အတွက် သံတမန်တွေက စီစဉ်ရပေးမှာပါ။ သူ ၀င်ပြီး စီစဉ်ပေးစရာ မလိုပါဘူး” ဟု မစ္စတာ ခရိုင်ဆတ်က ဧရာဝတီကို ပြောသည်။

သူ၏ လုပ်ရပ်သည် မစ္စ ယင့်လပ် ဦးဆောင်သည့် ထိုင်းအစိုးရ၏ ရပ်တည်မှုနှင့် ပုံရိပ်ကို ထိခိုက်စေသည်ဟု မစ္စတာ ခရိုင်ဆတ်က ကောက်ချက်ချသည်။

“ယင့်လပ် ရှင်နာဝပ် နောက်မှာ သူ ရှိမနေဘူးလို့ အရင်တုန်းက သူ ပြောခဲ့တယ်။ အခု ယင့်လပ်ခရီးအတွက် သူက မြန်မာပြည် သွားစီစဉ်ပေးတယ် ဆိုတော့ သူက ယင့်လပ်နောက်မှာ ကြိုးကိုင်နေတယ် ဆိုတာ ပေါ်သွားတာပေါ့” ဟု မစ္စတာ ခရိုင်ဆတ်က ပြောသည်။

လာဘ်စားမှုဖြင့် ၀ရမ်းထုတ်ခြင်းခံထားရသည့် မစ္စတာ သက်ဆင်သည် ပြည်ပတွင် နေထိုင်လျက်ရှိပြီး ကြာသပတေးနေ့က နေပြည်တော်သို့ သွားရောက်ခဲ့သည်။

သူ၏ ခရီးစဉ်အတွင်း သမ္မတဦးသိန်းစိန်နှင့် ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေတို့ကို တွေဆုံခဲ့သည်ဟု သူက ဘန်ကောက်ပို့စ် သတင်းစာကို ပြောပြခဲ့သည်။

ထိုသို့ တွေ့ဆုံရာတွင် သီးခြားစီ တွေ့ဆုံခြင်း ဟုတ်မဟုတ် ဖော်ပြထားခြင်း မရှိပေ။

မစ္စ ယင့်လပ်၏ အောက်တိုဘာလ မြန်မာပြည် ခရီးစဉ် မတိုင်မီကလည်း မစ္စတာ သက်ဆင် နေပြည်တော်သို့ သွားရောက်ပြီး ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေနှင့် တွေ့ဆုံခဲ့သေးကြောင်း သံတမန် သတင်းရပ်ကွက် အဆိုအရ သိရသည်။

ယခုအခါ မစ္စ ယင့်လပ်သည် နေပြည်တော်ရှိ မဲခေါင်ဒေသဆိုင်ရာ ၂ ရက်ကြာ ထိပ်သီးညီလာခံသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တွင် ရောက်ရှိနေကာ ယနေ့ညနေပိုင်းတွင် မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေဆုံလျက်ရှိသည်။

မစ္စ ယင့်လပ်၏ မြန်မာပြည် ဒုတိယ ခရီးစဉ်တွင် စွမ်းအင် ၀န်ကြီး ပီချိုင်နာရစ်သက်ဖန်၊ နိုင်ငံပိုင် PTT စွမ်းအင်ကုမ္ပဏီမှ အမှုဆောင် များလည်း လိုက်ပါသွားကြောင်း သိရသည်။

တနင်္သာရီတိုင်း စီးပွားရေးဇုန်တွင် ရင်းနှီးမြုပ်နှံထားသည့် ထိုင်းနိုင်ငံသည် မုတ္တမပင်လယ်ကွေ့မှ ထွက်ရှိသည့် သဘာဝဓာတ်ငွေ့ကို ၀ယ်ယူလျက်ရှိသည်

လူထုခေါင်းဆောင်ဒေါ်စု နှင့် ထိုင်းဝန်ကြီးချုပ်ရင်လတ် တွေ့ ဆုံပွဲ (ဓါတ်ပုံ)





ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ယင်လတ်ရှင်နာဝါထရာတို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ ထိုင်းနိုင်ငံဆိုင်ရာ သံအမတ်ကြီးရဲ့နေအိမ်မှာ နာရီဝက်ကြာ တွေ့ဆုံ korea Media Report Photo

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်တို့ ရန်ကုန်မြို့၌ တွေ့ဆုံ



yld
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်သို့ ရောက်ရှိလာသော ထိုင်းနိုင်ငံ
ဝန်ကြီးချုပ် ရင်လတ် ယာဉ်တန်းကို တွေ့ရစဉ်
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ် တို့သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နေအိမ်၌ ဒီဇင်ဘာလ ၂၀ ရက်နေ့ ညနေက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီးနေအိမ်သို့ ညနေ ၅ နာရီ ၃၀ မိနစ်တွင် နေပြည်တော်မှ ရောက်ရှိလာခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံ အမတ်ကြီးနေအိမ်သို့ ညနေ ၅ နာရီ ၄၅ မိနစ်တွင် ရောက်ရှိလာခဲ့သည်။
၎င်းတို့၏ တွေ့ဆုံဆွေးနွေးမှုမှာ နာရီဝက်ခန့် ကြာမြင့်ခဲ့ပြီး တွေ့ဆုံ ဆွေးနွေးမှုများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးက မထုတ်ပြန်ခဲ့ပေ။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်က အတွေးအခေါ် အမြင် အယူအဆများကို ဖလှယ်ရန် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံသို့ မလာမီအချိန်က ထိုင်းနိုင်ငံတွင် ပြောကြားထားသည်။
ylb
ဒေါ်အောင်ဆန်းစုကြည် စီးနင်း လိုက်ပါလာသော ကားကို  တွေ့ရစဉ်
မြန်မာနိုင်ငံက နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် စတုတ္ထအကြိမ် မဟာမဲခေါင် ဒေသခွဲထိပ်သီး အစည်းအဝေး (4th GMS Summit) ကို တက်ရောက်ရန် မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် အတွင်း ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်သည် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် နှင့် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးခဲ့မှုကြောင့် ရင်လတ်ရှင်နာဝပ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးသည့် ထိုင်းနိုင်ငံ၏ ပထမဆုံး ၀န်ကြီးချုပ် ဖြစ်လာခဲ့သလို အရှေ့တောင်အာရှနိုင်ငံများထဲမှ ဒေါ်အောင်ဆန်းစုကြည်နှင့် ပထမဆုံး တွေ့ဆုံဆွေးနွေးသည့် ၀န်ကြီးချုပ်လည်း ဖြစ်လာခဲ့သည်။
yla
ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာသော ကား မြန်မာနိုင်ငံဆိုင်ရာ
ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်ထဲသို့ ၀င်ရောက်သွားစဉ်
ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နေအိမ်၌ ပြုလုပ်ခဲ့သော ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ မိနစ်အနည်းငယ် ဓာတ်ပုံရိုက်ကူးခွင့်ကို TBS ၊ AP ၊ Reuters စသည့် နိုင်ငံခြားသတင်း ဌာနများနှင့် မြန်မာတိုင်း(မ်)တို့မှ ရ ရှိခဲ့ပြီး ရိုက်ကူးခွင့်မရခဲ့သော သတင်းထောက်များသည် ရန်ကုန်မြို့ရှိမြန်မာ နိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး နေအိမ်သို့ လာရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်တို့၏ ယာဉ်တန်းများကိုသာ ရိုက်ကူးခဲ့ရသည်။
ထိုင်းနိုင်ငံ ၀န်ကြီးချုပ် ရင်လတ်ရှင်နာဝပ်သည် ၀န်ကြီးချုပ် တာဝန် စတင်ထမ်းဆောင်ပြီးနောက်  ပြီးခဲ့သည့် အောက်တိုဘာလဆန်းပိုင်းကလည်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် ရောက်ရှိလာခဲ့သေးသည်။
ylc
မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံ သံအမတ်ကြီး နေအိမ်
အပြင်ဘက်၌ တွေ့ရသော သတင်းထောက်များ

Tuesday, December 20, 2011

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီလ် သေပြီ


 ကမာ့္ဘတိုင်းပြည်များထဲမှ ပြည်သူများကိုစစ်အုပ်ချုပ်ရေးဖြင့်အုပ်ချုပ်သော ကမ္ဘာ ကျော်မြောက်ကိုးရီးယားစစ်အာဏာရှင်တဦးဖြစ်သည့်အင်ဂျုံအီးလ် သေဆုံးသွားပြီဖြစ်သည်။
 အလားတူမြောက်ကိုးရီးယားနူကလီးယားပိုင်ဆိုင်မှု့ကို အားကျအထင်ကြီးနေသော မြန်မာစစ်အာဏာရှင်ခေါင်းဆောင်ဖြစ်ခဲ့သူ သန်းရွှေမှာလည်းကျမ်းမာရေးကောင်းလှသည်မဟုတ်ပေ။ပြည်သူများပို့သောမေတ္တာကြောင့်အသက်ငင်နေရရှာသည်။
မကြာမှီသေမှာဖြစ်သည်ဟုပြည်သူများဆုတောင်းနေကြသည်။မျှော်လင့်နေကြသည်။

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီသည် ၂၀၁၁ ဒီဇင်ဘာ ၁၇ရက် စနေနေ့ နံနက် ၈ နာရီ ခွဲ အချိန်က အသက် ၆၉ နှစ်အရွယ်တွင် သေဆုံးပြီ ဖြစ်ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင် ရုပ်မြင်သံကြားက တနင်္လာနေ့က ကြေညာခဲ့ကြောင်း သိရသည်။
မြောက်ကိုရီးယား ရုပ်သံသတင်းကြေငြာသူက ခေါင်းဆောင် ကင်သည် ၎င်း၏ ပြည်သူ လူထုအတွက် ဘဝကို မြိုတ်နှံပြီး အလုပ်လုပ်ခဲ့သောကြောင့် အလုပ်ဝန်ပိကာ သေဆုံးရခြင်း ဖြစ်ကြောင်း ကြောင်း ကြေငြာခဲ့သည်။ တောင်ကိုရီးယား သတင်း အေဂျင်စီ Yonhap က ကင်ဂျုံအီသည် ရထားဖြင့် ခရီးသွားစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကြေငြာခဲ့သည်။ တောင်ကိုရီးယား တပ်မတော်အတွင်း ကင်ဂျုံအီ သေဆုံးမှု နှင့် ပါတ်သက်ပြီး အရေးပေါ် သတိပေးချက် ထုတ်ပြန်ထားကြောင်း Yonhap ကဖော်ပြပါသည်။
http://patheincity.com/news//HLIC/97c31c0d186d5b12be691d41a5f6b5ff.jpg
ကင်ဂျုံအီသည် မြောက်ကိုရီးယား ကွန်မြူနစ်နိုင်ငံကို တည်ထောင်သူ ကင်အီဆောင်၏ သားဖြစ်ပြီး ၎င်း၏ ဖခင် အသက် ၈၂ နှစ်အရွယ်တွင် နှလုံးရောဂါဖြင့် ကွယ်လွန်ခဲ့သော ၁၉၉၄ ခုနှစ်မှ စတင်၍ နိုင်ငံ့ အာဏာကို ရယူခဲ့ခြင်းဖြစ်သည်။
  Source:CNN

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် ဖွင့်လှစ်


နေပြည်တော် – ဒီဇင်ဘာ ၁၉ – ၂၀၁၁
မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် ဒီဇင်ဘာလ ၁၉ ရက်နေ့က အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကို ဖွင့်လှစ်ခဲ့ရာ နေပြည်တော် လေဆိပ်သစ်သည် ရန်ကုန်နှင့် မန္တလေး လေဆိပ်များပြီးလျင် မြန်မာနိုင်ငံ၏ တတိယမြောက် အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖြစ်လာကာ တစ်နှစ်လျင် လေယဉ်ပေါင်း ၆၅၀၀၀ ဆင်းတက်နိုင်မည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ လေဆိပ်ကို Asia World ကုမ္ပဏီက စင်္ကာပူ အခြေစိုက် အင်ဂျင်နီယာအဖွဲ့ CPG Consultants Pte ၏ နည်းပညာ အကူအညီဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး စီမံကိန်း ကုန်ကျစရိတ်များကို တရုတ်နိုင်ငံမှ စိုက်ထုတ်ပေးခဲ့သည်ဟု သိရသော်လည်း မည်မျှ ကုန်ကျသည်ကို မသိရှိရပေ။
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် မြင်ကွင်း။
Photo:enchantingmyanmar.com
၎င်းလေဆိပ်သစ်ကို မြန်မာနိုင်ငံက နေပြည်တော်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ပါဝင်သော မဟာမဲခေါင်ဒေသခွဲ (Greater Mekong Sub-region) ၏ စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးညီလာခံနှင့် တိုက်ဆိုင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
လေဆိပ် တည်ဆောက်မှုကို ၂၀၀၇ ခုနှစ် ဧပြီလတွင် စတင်ခဲ့ခြင်း ဖြစ်ပြီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်တွင် ၃.၆ ကီလိုမီတာ ရှည်သော ပြေလမ်း ၊ ၆၉ မီတာ မြင့်မားသော လေကြောင်း ထိမ်းသိမ်းရေး မျှော်စင်နှင့် ခရီသည် အတင်အချ တံတား ၁၀ ခု ပါဝင်ပြီး နှစ်စဉ် လေယဉ်ပေါင်း ၅၀,၀၀၀ မှ ၆၅,၀၀၀ အထိ အတက်အဆင်း ပြုလုပ်နိုင်ကြောင်း သိရသည်။

နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ် စီမံကိန်းကို YouTube တွင်တွေ့ရစဉ်။


မြို့တော်ပုသိမ် သတင်းစဉ်

ပုသိမ်ဆိပ်ကမ်းအားဒေါ်လာ၃.၃သန်း ရင်းနီးမြုတ်နှံ၍ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း အဖြစ် တည်ဆောက်မည်


ပုသိမ်ဆိပ်ကမ်းအား မြန်မာကျပ်ငွေ ၂.၇ ဘီလီယံ (အမေရိကန်ဒေါ်လာ ၃.၃သန်း)ခန့် အကုန်အကျခံ၍ ပြုပြင်ကာ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် ရင်းနှီးမြုတ်နှံမည့် အစီအစဉ်အား မြန်မာဧရာမွန် ကုမ္ပဏီမှ ပြောကြားကြောင်း ဒေသတွင်း သတင်းမီဒီယာ တစ်ခုဖြစ်သော မြန်မာတိုင်းစ်က ဖော်ပြခဲ့သည်။
အဆိုပါ အစီအစဉ်အား မြန်မာဧရာမွန် ဆိပ်ကမ်းနှင့် မြစ်ကြောင်းများ ဖွံ့ဖြိုးတိုးတက်မှု ကုမ္ပဏီလီမိတက်၏ အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်သူ ဦးစိုးမောင်မြင့်က နိုဝင်ဘာ ၂၉ ရက်နေ့တွင် ပြောကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ကုမ္ပဏီအနေဖြင့် ပို့ဆောင်ရေး ၀န်ကြီးဌာနတွင် ပုသိမ်ဆိပ်ကမ်းအား တစ်လလျင် အမေရိကန်ဒေါ်လာ ၁၂၀၀၀ ဖြင့် ငှားရမ်းခွင့် လျောက်ထားကြောင်း၊ ၀န်ကြီးဌာန၏ ခွင့်ပြုချက်ရယူကာ စက်တင်ဘာလ ၁ရက်နေ့ မှ အောက်တိုဘာလ ၂၂ ရက်နေ့ အထိ ပုသိမ်ဆိပ်ကမ်း၏ အဓိကဖြစ်သော င၀န်မြစ်ကြောင်းအား အပြည်ပြည်ဆိုင်ရာ ကုန်သွယ် ရေကြောင်းနှင့် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းအဖြစ် ဖြစ်နိုင်ခြေ ရှိ၊မရှိ ကနဦး လေ့လာမှုများကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်ဆိပ်ကမ်းကို ၁၉၉၅ ခုနှစ် အထိ ဧရာဝတီတိုင်း၏ အဓိကဆန်ပို့ရာ နေရာတစ်ခုဖြစ်ပြီး တန်ချိန် ၇,၀၀၀ မှ ၁၀,၀၀၀ အထိ တင်နိုင်သော သင်္ဘောများသည် ဟိုင်းကြီးကျွန်းမှတစ်ဆင့် ဆိပ်ကမ်းသို့ ၀င်ထွက်နိုင်ခဲ့သော်လည်း နောက်ပိုင်းတွင် သောင်ထွန်းခြင်း ကြောင့် ယနေ့အချိန်အထိ အပြည်ပြည်ဆိုင်ရာ ကုန်တင်သင်္ဘောများ ၀င်ထွက်နိုင်ခြင်း မရှိတော့ကြောင်း သိရသည်။
http://patheincity.com/news//HLIC/6699fb0a4fd5e6f1798be18a9faf741a.gif
၂၀၁၁ ခုနှစ် ဩဂုတ်လက ပုသိမ်ဝဲဒေါင့် ဆိပ်ကမ်းမှ ဖိလစ်ပိုင်နိုင်ငံသို့ ဆန်များတင်ပို့စဉ် ။ Photo:Ministry of Commerce
ထို့ကြောင့် ဧရာဝတီ တိုင်းဒေသကြီးရှိ ထွက်ကုန်များကို ရန်ကုန်မှ တစ်ဆင့် တင်ပို့ရသောကြောင့် ကုန်ကျစရိတ် ပိုမိုသည့်အပြင် ပြည်ပဝင်ငွေသည် ရန်ကုန်တိုင်း ဒေသကြီး အနေဖြင့် ဝင်ရောက်သောကြောင့် ဧရာဝတီတိုင်း ဒေသကြီး အနေဖြင့် အကျိုးအမြတ်လည်း လျော့နည်းသွားကြောင်း၊ ပုသိမ်မှ တိုက်ရိုက် တင်ပို့နိုင်ပါက အကျိုးအမြတ်ကို တိုက်ရိုက်ခံစားရမည် ဖြစ်ကြောင်း ဦးစိုးမောင်မြင့်က ဆိုပါသည်။
အဆင့်မြင့်ဆိပ်ကမ်းဖြစ်ပေါ်လာရေးအတွက် မြစ်ကြောင်းထိန်းသိမ်းရေး လုပ်ငန်းများအား မြန်မာဧရာမွန် ဆိပ်ကမ်းနှင့် မြစ်ကြောင်း များဖွံ့ဖြိုးမှု ကုမ္ပဏီမှ အဓိကတာဝန်ယူဆောင်ရွက် သွားမည်ဖြစ်ပြီး ဆိပ်ကမ်းလုပ်ငန်းများ လည်ပတ်ရေးအတွက် နိုင်ငံတကာ သင်္ဘောလိုင်းများ၏ မြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် Ever Flow River ကုမ္ပဏီ နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဆိပ်ကမ်း အဆင့်မြှင့်တင်ရန်အတွက် ကုန်သွယ် ရေကြောင်းရရှိရန် ပမ္မ၀တီ မြစ်ဆုံမှ ၀ဲဒေါင့်ဆိပ်ကမ်းအထိ ၄၆ ကီလို မီတာ နေရာ ခုနစ်ခု၌ သောင်တူးခြင်း လုပ်ငန်းများကို ဒီဇင်ဘာလအတွင်း စတင်သွားမည် ဖြစ်သည်။ င၀န်မြစ်၏ ရေစူးအနက်မှာ သောင်တူးပြီးပါက ၈ မီတာအထိ ရှိလာနိုင်မည်ဖြစ်ရာ တန်ချိန် ၅,၀၀၀ အထက် သင်္ဘောများ ၀င်ထွက် သွားလာနိုင်မည်ဖြစ်ကြောင်းသိရသည်။
ဆိပ်ကမ်း အဆင့်မြှင့်တင်မှု လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံငွေ ပမာဏမှာ ကျပ် သိန်းပေါင်း၂၇,၀၀၀ ကုန်ကျမည်ဖြစ်ရာ စီးပွားရေး တွက်ခြေကိုက်မှုနှင့် ပတ်သက်၍ ဆိပ်ကမ်းအနေဖြင့် တစ်မက်ထရစ်တန် ကုန်ချိန်အတွက် ကုန်ကိုင်တွယ်ခ ကျပ် ၆,၆၀၀ ရနိုင်သဖြင့် တစ်လ လျှင်ဆန် တန်ချိန် နှစ်သောင်း တင်နိုင်ပါက တွက်ခြေ ကိုက်နိုင်ကြောင်း၊ သောင်တူးရာမှ ရရှိလာသော သဲများကိုလည်း မော်လ်ဒိုက်၊ စင်္ကာပူ စသော သဲဈေးကွက်များတွင် ရောင်းချနိုင်ရန် ကမ်းလှမ်းထားပြီး ဖြစ်ကြောင်း သိရသည်။
ဧရာဝတီဒေသ အနေဖြင့် တစ်နှစ်ကို ဆန်တန်ချိန် ငါးသိန်းလောက် တင်ပို့နိုင်စွမ်းရှိသောကြောင့် ၎င်းတန်ချိန်ပမာဏကို ကိုင်တွယ်နိုင်မည့် ဆိပ်ကမ်းနှင့် တန်ချိန်တစ်သောင်း တင်နိုင်သော သင်္ဘောများ ၀င်ထွက်နိုင်ဖို့လိုအပ်ကြောင်း၊ ထို့ပြင် International Container Yard တစ်ခုနှင့် International Inland Terminal တစ်ခု လိုအပ်ကြောင်း၊ ဆိပ်ကမ်းနယ်မြေ သတ်မှတ်ချက်အတွင်းမှာ ပါဝင်သော မြေဧက ၁ ဒသမ ၅ ရှိသည့် မြေကွက်လပ်သည် ကွန်တိန်နာ ၂၅၀ သိုလှောင်နိုင်စွမ်း ရှိသည့်အတွက် လုံလောက်မှုရှိကြောင်း ဦးစိုးမောင်မြင့် က ပြောကြားပါသည်။
ပုသိမ် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်း စီမံကိန်းကြောင့် ဒေသခံများ အတွက် အလုပ် အကိုင် အခွင့်အလမ်းများ ပိုမိုရနိုင်သလို ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင်လည်း အထောက်အကူ ပြုမှာဖြစ်ကြောင်း သိရပါသည်။

မြို့တော်ပုသိမ် သတင်းစဉ် |

Sunday, December 18, 2011

NLD ပြည်ထောင်စု တိုင်းရင်းသားများ ပညာရေး ရန်ပုံငွေဖျော်ဖြေပွဲ MCC တွင်ဒီဇင်ဘာ ၃ဝ ရက်နေ့ ကျင်းပမည်

ဓါတ်ပုံ Facebook
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒီမိုကရေစီကွန်ရက်တွင် တစ်ခုအပါအဝင်ဖြစ်တဲ့ ပညာရေးကွန်ရက်အဖွဲ့က ပြုလုပ်မယ့် ပြည်ထောင်စုတိုင်းရင်းသားများ ရန်ပုံငွေဂီတဖျော်   ဖြေပွဲနဲ့ ဈေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁၅ ရက်၊ ညနေ ၃နာရီမှ ည ၁ဝနာရီအထိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံမှာ ကျင်းပမှာဖြစ်ကြောင်း ကြော်ငြာထားပေမယ့် အကြောင်းကြောင်းတွေကြောင့် ဒီဇင်ဘာ ၃ဝ ရက်နေ့ကို ရက်ရွှေ့သွားကြောင်း ပွဲကျင်းပရေးကော်မတီမှ ဆောင်းဦးလှိုင်က ပြောပါတယ်။ အဆိုပါရက်ရွှေ့ဆိုင်းမှုနဲ့ ပတ်သက်ပြီး ဆောင်ဦးလှိုင်က” ပွဲကိုရွှေ့ဆိုင်း လိုက်ရတာ အကြောင်းကြောင်းတွေ ကြောင့်လို့ပဲ ပြောပါရစေ။ သုဝဏ္ဏမှာ မဟုတ်တော့ပါဘူး။ MCC ခန်းမမှာ  ဖြစ်သွား ပါပြီ။လက်မှတ် ဈေးနှုန်းတွေလည်း သတ်မှတ်ပြီးသွားပါပြီ။ ပွဲကျရင်တော့ ပရိသတ်တွေ လာအားပေးကြပါလို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။ ဒီရန်ပုံငွေ  ဖျော်ဖြေပွဲ ကျင်းပရခြင်းကလည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အကျိုးအတွက် လုပ်တဲ့ပွဲမဟုတ်ဘဲ တိုင်းရင်းသားတွေရဲ့ပညာရေး ရန်ပုံငွေ ရရှိရေးအတွက် လုပ်ကြတဲ့ပွဲဖြစ် ပါတယ်။
ပေါ်ပျူလာ ဂျာနယ်

ဒီမှာယူနီဖောင်းနဲ့မင်းတို့ကိုသေနတ်နဲ့ပစ်သတ်လို့ရတယ် (ပေးစာ)

ပြည်သူတွေကို သတင်းစာ၊ရုပ်မြင်သံကြား၊ရေဒီယိုစသည့် မီဒီယာများမှသော်လည်းကောင်း၊ အနုပညာသမားများဖြစ်သည့်ရုပ်ရှင်၊ဂီတ၊စသည်တို့ကို

ဖိအားပေး၍လည်းကောင်း စစ်တပ်အုပ်ချုပ်သောအစိုးရအဆက်ဆက် ပြည်သူတွေကို သတင်းဌာနများကနေလိမ်လည်နေခဲ့ပါတယ်။

    အောက်တွင် မြန်မာ့အလင်းသတင်းစာမှ ဗိုလ်လောင်းဆင်းပွဲကို နိုင်ငံပိုင် သတင်းစာမြန်မာ့အလင်းတွင် နိုင်ငံတော်ကာကွယ်ရေး လို့ ရေးထားပေမဲ့လည်း တပ်မတော်သည် ပြည်သူတွေရဲ့အသက်စည်းစိမ် ကိုကွာကွယ်စောင့်ရှောက်ပေးမည်လို့သတင်းများတွင်ဖော်ပြ လေ့ရှိသော်လည်းတကယ်တမ်း၊

အောက်တွင်ကော့သောင်း မြို့တွင်သာမက ၊မြန်မာနိုင်ငံဒေသအနှံတွင် ပြည်သူလူထုအပေါ် စစ်တပ်မှ အုပ်ချုပ်မှု့အာဏာကို ရယူထားခဲ့သည့် နှစ်ပေါင်း ၅၀နီးပါးမျှ ပြည်သူလူထုမှနေရာမရွေးဒေသမရွေး အနိုင်ကျင့်ခံရ၊ အာဏာကို အလွဲသုံးစားပြီး အစော်ကားခံနေခဲ့ရတာကြာခဲ့ပါပြီ။

ဒီလိုဖြစ်ရပ်တွေဘာကြောင့်ဖြစ်လာရသနည်း။ ဘာကြောင့်ဒါမျိုးကိုယ့်တိုင်းပြည်ကိုယ့်လူမျိုးခြင်းကို နှိပ်စက် သည့်အကျင့်စရိုက်များပေါ်ထွန်းလာရသနည်း။

တရားခံအစစ်သည် တိုင်းပြည်ကို အုပ်ချုပ် အာဏာကို ယူထားသူများပင်။

သားသမီးဆိုးသွမ်းနေမှု့ကို မသိကျိုးကျို့ပြုခြင်းသည် ပိုမိုဆိုးသွမ်းအောင်မြှောက်ပေးနေခြင်းပင်။

အာဏာကို ချုပ်ကိုင်ထားသူများသည်ထိုသို့သောလုပ်ရများကို ထိရောက်စွာအရေးယူခြင်းမရှိခြင်းနှင့်၊ အမှန်တရားအတိုင်း တိကျစွာဆုံးဖြတ်ပေးခြင်းမရှိသော မတရားဥပဒေများကြောင့်၊ ဘက်လိုက်ဆောင်ရွက်မှု့များကြောင့် ပြည်သူလူထုမှာ နင်းပြားဘဝကိုရောက်နေရသည်။

ရောက်နေဆဲပင်ဖြစ်သည်။

မြန်မာအလင်းသတင်းစာတွင် ဖတ်ကောင်းအောင်ဤသို့ရေးသားဖေါ်ပြလာသည်မှာနှစ်ပေါင်းငါးဆယ်နီးပါးရှိလာပေပြီ။

စစ်တပ်မှစစ်ဗိုလ်ဆိုသူများ၏မတရားမှု့ကိုစော်ကားခံရသူထိုသို့သောအဖြစ်အပျက်များသည်
တိုင်းပြည်နေရာအနှံတွင်လွန်ခဲ့သောနှစ်ပေါင်းများစွာကပင်ရှိနေခဲ့သည်။ငွေတောင်းခံရခြင်း၊
အစားအသောက်များ
မတရားယူဆောင်ခြင်း။
ကိုယ်ထိလက်ရောက်မိန်းခလေးများအားစော်ကားခြင်း။ မတရားမဟုတ်မမှန်ပြောဆို၍ ဖမ်းဆီးရိုက်နှက်ခြင်း၊မတရားခိုင်းစေခြင်းစသော
လူ့ခွင့်အရေးချိုးဖေါက်မှု့များတိုင်းပြည်တွင်ဖြစ်ပေါ်နေသည်မှာ ကြာလှပြီဖြစ်သော်ငြားလည်း။ကမ္ဘာနှင့် မြန်မာပြည်သူအများစုကိုမူ
သတင်းစာများနှင့် တီဗီ ရုပ်သံများတွင် အကောင်းမြင်လိမ်လည်ဖေါ်ပြလေ့ရှိပေသည်။
အနိုင်ကျင့်ခံရသူ ကိုနိုင်ဝင်း
ကော့သောင်းမြို့နယ် အဏ္ဏာဝါရပ်ကွက် ရွှေသီရီကုန်မာဆိုင် ရှေ့တွင် ယနေ့နေ့လည် ၁၂နာရီ ၁၅ မီနစ်ခန့်တွင် စ.က.ခ (၂၀) လက်အောက်ခံ တပ်ရင်း (၅၈၂)မှဗိုလ်အောင်အောင်လတ်၊အရာခံဗိုလ်အောင်ကျော်နိုင်၊ တပ်ကြပ်ကြီး မြင့်လှိုင် ၊ ယာဉ်မောင်တပ်သားတစ်ဦး (အမည်မသိ )မောင်းနှင်းလာသောကား နံပတ်ကြယ်၁၃၉၀(မ) သည် ရွှေသီရိကုန်မာဆိုင်ရှေ့ ဘေးတွဲမော်တော်ဆိုင်ကယ်ရှေ့တွင်ထိုးရပ်ပြီး အရာခံ ဗိုလ်အောင်ကျော်နိုင်မှ ဘေး တွဲဆိုင်ကယ်မောင်းနှင်းသူ ကိုနိုင်ဝင်းနိုင်ထံမှ ကွမ်းယာတောင်းစားရာမှ ကွမ်းယာမရ၍ ဘေးတွဲမောင်းသမား ကိုနိုင် ၀င်းအား ကိုယ်ထိလက်ရောက် ခဲ့မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။
၎င်းဖြစ်ပွားခဲ့ပုံနှင့် ပက်သက်ပြီး ဘေးတွဲမောင်သူ ကိုနိုင်ဝင်းက “ ကျွန်တော်က ဒီရွှေသီရိရှေ့မှာဘေး တွဲအငှားလိုက်ပါတယ် အဲဒါ နေ့လည် (၁၂.၀၀) လောက်မှာ အဲဒီစစ်ကားက ကျွန်တော်ဘေးတွဲဆိုင်ကယ်ရှေ့လာ ရပ်ပြီး ကားပေါ်မှ အရာခံဗိုလ်ဆင်းလာပြီး ကွမ်းတောင်းစားတော့ ကွမ်းမရှိကြောင်းပြောတော့ ကျွန်တော်ကို ပြသာ နာစရှာတော့တာပါပဲ မင်းကအချိုးမပြေဘူး မင်းအချိုးပြင်လိုက်ဆိုပြီး ကျွန်တော်ကို ရှိခိုးတောင်းပန်ခိုင်းပါတယ် ကျွန်တော်ကလည်းကျွန်တော်မှာ အပြစ်မရှိဘဲ မတောင်းပန်နိုင်တော့ အဲဒီ အရာခံဗိုလ်အောင်ကျော်နိုင်က ကျွန်တော်ပါးကိုရိုက်လိုက်ပါတယ် အဲဒီမှာ ပဲ့ချိတ်ဆွဲနေသူ ကိုအောင်ဝင်းမှ ၀င်ရောက်တားတော့ ကိုအောင်ဝင်းကိုပါ ကားပေါ် ပါ ဗိုလ်အောင်အောင်လတ်က ရိုက်ဖို့ရွယ်တော့ ဘေးမှာရှိတဲ့လူတွေ ၀ိုင်းလာတော့ မရိုက်ဖြစ်တော့ပါဘူး ဟု” ဘေးတွဲဆိုင်ကယ်သမား ကိုနိုင်ဝင်းက သူ့ကြုံတွေ့ခဲ့ရပုံကို ပြောပြပါတယ်။
“ဒီမှာယူနီဖောင်းနဲ့မင်းတို့ကိုသေနတ်နဲ့ပစ်သတ်လို့ရတယ်ကွဟုဗိုလ်အောင်အောင်လတ်ကြိမ်းမောင်း ခဲ့တယ် ဒါပေမယ့် သူတို့မှာတော့သေနတ်မပါဘူးလို့” ကိုယ်တိုင် ပါးရိုက်ခံခဲ့ရသူ ကိုနိုင်ဝင်းက ပြောပါတယ်။
၎င်းကောင်းဖြစ်ရပ်နဲ့ ပက်သက်ပြီး ပြည်သူ့ကိုကာကွယ်စောင့်ရှောက် ရမည့်တပ်မတော်သားများက ပြည်သူတွေကိုအနိုင်ကျင့်ဆော်ကားသည့်အပေါ်မကြေနပ်ကျသည့်အနီနားရှိပဲ့ချိတ်မောင်းသမားများကကိုနိုင်ဝင်းနှင့် အတူ ကော့သောင်းအခြေချစစ်ဗျူဟာ ကိုတိုင်တန်းထားကြောင်း သိရှိရပါတယ်။

ကော့သောင်းသားတစ်ဦး

Saturday, December 17, 2011

ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းပြည်ကောင်းကျိုး လုပ်မည့်သူဟု ကော်မရှင်ဥက္ကဋ္ဌ ယုံကြည်



ဆောင်းပါး | By Aye Myat Htet

ကြားဖြတ်ရွေးကောက်ပွဲဝင်မည့် ဒေါ်အောင်ဆန်းစုကြည်အား တိုင်းပြည်ကောင်းကျိုး လုပ်ပေးမည့်သူဟု ယုံကြည်ပြီး၊ သူမအား ကြိုဆိုကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ဒီဇင်ဘာ ၁၆ ရက်နေ့ နေပြည်တော်တွင် ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ပြည်ထောင်စု ရွေးကောက်ပွဲ aက်ာမရှင်၏ သတင်းစာ ရှင်းလင်းပွဲကို ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရုံးတွင် ပြုလုပ်ခဲ့သည်။
နိုင်ငံကောင်းအောင် ဒေါ်အောင်ဆန်းစုကြည် လုပ်မည်ဟု ယုံကြည်ကြောင်း၊ နိုင်ငံကောင်းအောင် လုပ်ဆောင်သူ အားလုံးနှင့် ပူးပေါင်း လုပ်ကိုင်သွားမည် ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် မည်သူ့ သြဇာ လွှမ်းမိုးမှုမှ မခံဘဲ လွတ်လွတ်လပ်လပ် လုပ်ဆောင်နေကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကြားဖြတ်ရွေးကောက်ပွဲ မကျင်းပမီ သုံးလ ကြိုတင် အသိပေးမည် ဖြစ်ပြီး၊ ပါတီ မှတ်ပုံတင်ခွင့်ပြုပြီးသား ပါတီများ အားလုံး စည်းရုံးရေး စတင် လုပ်ဆောင်နိုင်ပြီ ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက အထက်ပါ သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
ထို့ပြင် ရွေးကောက်ပွဲနှင့် ပတ်သက်၍ ”ညစ်ပြီး နိုင်တာထက် မှန်မှန်ကန်ကန် လုပ်ပြီး ရှုံးသွားတာကိုပဲ ဂုဏ်ယူပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲမှာ အားနည်းချက်တွေ ရှိကောင်း ရှိပါလိမ့်မယ်။ နောင်လာမယ့် ရွေးကောက်ပွဲ တွေမှာ အကောင်းဆုံး လုပ်နိုင်အောင် ကြိုးစားသွားပါမယ်၊ ပါတီတွေကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ပေးပါတယ်။ ဘယ်ကို သွားသွား မကန့်ကွက်ပါဘူး။ ပါတီတွေ အနေနဲ့ စည်းရုံးမယ်ဆိုရင် ပြည်သူတွေ အနေနဲ့ ယုံကြည် အားကိုးလာမယ်။ အဲဒါမှ မဲနိုင်ပြီး လွှတ်တော်ထဲ ရောက်မယ်။ လွှတ်တော်ထဲ ရောက်မှ တိုင်းပြည်အတွက် ပြောနိုင် ဆိုနိုင်မှာ ဖြစ်ပါတယ်” ဟုလည်း ကော်မရှင်ဥက္ကဋ္ဌက ပြောကြားခဲ့သည်။
လစ်လပ်နေသည့် လွှတ်တော်ကိုယ်စားလှယ် ၄၈ နေရာမှာ  ပြည်သူ့လွှတ်တော်တွင် နေရာ ၄၀၊ အမျိုးသားလွှတ်တော်တွင် ၆ နေရာ၊ တိုင်းဒေသကြီး/ ပြည်နယ်လွှတ်တော်တွင် ၂ နေရာ ဖြစ်သည်။
လက်ရှိတွင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၃၇ ပါတီ ရှိနေပြီး၊ ပါတီတည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၁၀ ခု ရှိသည်။၎င်းပါတီ ၁၀ ပါတီမှာ  ပြည်သူ့ဒီမိုကရေစီပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ၊ ဒီမိုကရက်တစ် မဟာမိတ်ပါတီ၊ ၈၈ ပြည်သူ့အင်အားစုပါတီ၊ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ မြန်မာအမျိုးသားကွန်ဂရက်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကရင်ဒီမိုကရက်တစ်ပါတီ၊ မြိုတိုင်းရင်းသားပါတီတို့ ဖြစ်သည်။
ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေး၏ ပြောဆိုချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အပါအ၀င် ကြားဖြတ် ရွေးကောက်ပွဲ ၀င်မည့် ပါတီများသည် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး စတင်လုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
လွှတ်တော်ကိုယ်စားလှယ်များ လတ်တလော လစ်လပ်လျက်ရှိသည့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်မှာ ၄၈ နေရာဖြစ်ပါသည်။
သားငယ် (ဘားမားဗီဂျေ)