Monday, October 3, 2011

ရင်နာစရာတွေကို နေ့စဉ်ကြုံတွေ့နေရတယ်..မြန်မာပြည်ရယ်

ပြည်သူတဦးရင်ဖွင့်သံပါ။  ကျနော်တို့မြန်မာပြည်မှာ နှစ်ပေါင်းများစွာ ထဲကနေ ဒီလိုအဖြစ်တွေပေါင်းများစွာကြုံနေရတာ ကို မြန်မာပြည်ရဲ့ မြို့ကြီးတွေမှာနေထိုင်ကြတဲ့ ညီအကိုမောင်နှမတွေမသိရရှာပါဘူး။ ဘာလို့လည်းဆို ဟိုး..အရင် ဦးနေဝင်းလက်ထက်ထဲ က သတင်းတွေကို ထိမ်ချန်ရေးသားထုတ်ပြန်နေလို့ပါ။ အကြောင်းအရာအမှန်ကို အဓိပ္ပါယ်ပြောင်းအောင်
လည်းရေးသားမဲ့ သူတွေကို လက်သပ်မွေးထားလို့ပါ။ ရန်ကုန်မော်လမြိုင်-ဖားအံ စတဲ့ မြို့နဲ့လှမ်းဝေးသွားပြီဆို လုံခြုံမှု့မရှိတော့ပါဘူး။ ဗုံးခဏခဏပေါက်ရင်၊ လွယ်
ကူစွာသောင်းကျန်းသူတွေလို့ပဲ စွတ်စွဲလိုက်ပါတယ်။ ဘယ်နေရာ ဘာဖြစ်ဖြစ် တိုင်းပြည်မှာ အိမ်ကြက်ခြင်း
အိုးမဲသုတ် ခွတ်ခိုင်းနေသလိုပါပဲ။
 ငရဲသား 2011-10-03 01:17

ကေအိုင်အေနဲ့ တိုက်တဲ့ တိုက်ပွဲမှာ.. သေဆုံး/သို့မဟုတ် ဖမ်းဆီးခံထားရတဲ့ တပ်မတော်သားတစ်ဦးရဲ့ ကျန်ခဲ့တဲ့ ပစ္စည်းပါ..။ ဒီပုံက www.moemakha.com မှာ ဖော်ပြထားတာပါ..။


ဒီပုံကတော့ ကေအိုင်အေကို တပ်မတော်က ထိုးစစ်ဆင်လို့ ထွက်ပြေးကြတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေပါ..။



တပ်မတော်က တိုင်းပြည်အတွက် တချိန်မှာဝင်ငွေရလာမယ့် တရုတ်ကိုသွယ်တန်းတဲ့ ရေနံပိုက်လိုင်းအတွက် နယ်မြေရှင်းလင်းဖို့ ကေအိုင်အေကိုတိုက်နေရသလို ကေအိုင်ကေကလည်း ပြန်လည်ခုခံနေကြရင်း ကိုယ့်တိုင်းရင်းသားအချင်းချင်း .. သွေးချောင်းစီးနေပါတယ်..။

ရေနံပိုက်လိုင်းဟာ တရုတ်အကျိုးစီးပွားဖြစ်သလို ကေအိုင်အေကလည်း တရုတ်ပြည်ကတစ်ဆင့်ရတဲ့ လက်နက်နဲ့ ပြန်တိုက်နေတာပါ..။ ကေအိုင်အေ၀ယ်တဲ့ လက်နက်တွေကို ဘယ်သူကရောင်းပြီး ဘယ်ဖက်က၀င်တယ်ဆိုတာလေ့လာကြည့်ကြပါ...။ ထိုင်းက၀င်တာလဲမဟုတ်ဘူး ၊ အဝေးကြီး၊ အိန္ဒိယက၀င်တာလဲမဟုတ်ဘူး..။ ပိုဝေးသေးတယ်..။ ကေအိုင်အေဌာနချုပ်လိုင်ဇာမှာလည်း လက်နက်စက်ရုံမရှိဘူး..။
ဒါပေမယ့် ...လိုင်ဇာရဲ့နောက်ကျောမှာ တရုတ်နိုင်ငံပဲရှိပါတယ်..။ ဘယ်နိုင်ငံက ကုန်သည်တွေဆီက၀ယ်တာလည်း ခန့်မှန်းချင်ရင် အလွယ်ကလေး..။

အဲဒီတော့ .အဲဒီအဖြစ်တွေရဲ့ တကယ့်လက်သည်တရားခံက ဘယ်သူလဲဆိုတာ အားလုံးသိမှာပါ..။ တပ်မတော်ကလည်း တရုတ်အကျိုးစီးပွားအတွက် တိုက်ပေးသလိုဖြစ်နေသလို ကေအိုင်အေကလည်း တရုတ်ဆီက လက်နက်ဝယ်ပြီးတိုက်နေရတယ်..။
အဲဒီတော့ ဘယ်သူအမြတ်ထွက်နေသလဲ..။ ကိုယ့်တိုင်းရင်းသားတွေ တပ်မတော်သားတွေ သေကြေပျက်စီးတာပဲ အဖတ်တင်ပါတယ်..။

သမိုင်းကို.ပြန်ကြည့်ရင် မြန်မာပြည်မှာ ၁၉၆၇ တရုတ်မြန်မာအရေးအခင်းအပြီး ဗကပနာမည်ခံပြီး တရုတ်နယ်စပ်ကနေ ရုတ်တရက်ဝင်လာတာလို့ တပ်မတော်က အသက်သွေးချွေးမြောက်များစွာပေးပြီး ..တွန်းလှန်လိုက်ရတာ ဘယ်သူတွေလဲ..။ အကုန်လုံးက တကယ့်ဗကပတွေကော ဟုတ်ရဲ့လား.။
ကမ္ဘာမှာကော လစ်ဗျားမှာ ကဒါဖီကိုလက်နက်ရောင်းပြီး စီးပွားရေးအမြတ်ယူနေပေမယ့် နေတိုးက လစ်ဗျားသပုန်တွေကိုကူညီတာကို .. လုံးဝမကန့်ကွက်ခဲ့ပဲ နိုင်ငံရေးအမြတ်ယူခဲ့တာကော .. ဘယ်သူပါလဲ..။

အခုလည်း .. သူ့ရေနံပိုက်လိုင်းအတွက်လည်း အသက်စတေးပေးနေတဲ့ တပ်မတော်ရှိနေတဲ့အတွက် ..လုံခြုံမှု ပူပန်စရာမလိုသလို .. တစ်ဖက်က ကေအိုင်အေကို လက်နက်ရောင်းလို့လည်း အမြတ်ထွက်ပါတယ်..။

တကယ့်ရန်သူအစစ်ကို တိုင်းရင်းသားတွေကော၊ ပြည်သူကော၊ အစိုးရကော၊ ကာကွယ်ရေးဦးစီးချုပ်ကော၊ သမ္မတကြီးကော.. မြင်နိုင်ပါစေလို့. .ဆုတောင်းပါတယ်..။
အပေါ်မှာတွေ့ရတဲ့ ဓာတ်ပုံတွေရဲ့ လက်သည်..တရားခံအစစ်ကို ....မြင်နိုင်ပါစေ..။

No comments:

Post a Comment

wwwwnyinyi@gmail.com