
ကီလိုမီတာ၄၈၀၀ရှည်လျှားသောမဲခေါင်မြစ်
တောင်ကိုရီးယားနိုင်ငံခြားရေးဌာနအနေဖြင့်မဲခေါင်ဒေသ၅နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက် ရန်အတွက်နိုင်ငံခြားရေးဝန်ကြီးများအဆင့်ဆွေးနွေးပွဲတစ်ရပ်ကိုကျင်းပမယ်လို.
တရားဝင်ကြေငြာချက်ထုတ်ပြန်ပါတယ်။မြန်မာ၊ကမ္ဘောဒီယား၊ထိုင်း၊ဗီယမ်နမ်နဲ.
လာအိုနိုင်ငံတွေပါဝင်မှာဖြစ်ပြီးစီးပွားရေးနဲ.ဖွံ.ဖြိုးရေးကိစ္စများအဓိက
ထားဆွေးနွေးမယ်လို.သတင်းမှာဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့နှစ်အောက်တိုဘာလအတွင်းကဟနွိုင်မှာကျင်းပတဲ့ခေါင်းဆောင်များအဆင့်
အရှေ.တောင်အာရှနိုင်ငံများအစည်းအဝေးမှာသမ္မတလီမြောင်ဘက်ကအဆိုပြု
တင်ပြခဲ့တာဖြစ်တယ်လို.ဆိုပါတယ်။တောင်ကိုရီးယားဟာမဲခေါင်ဒေသနဲ.
စီးပွားရေးပူးပေါင်းဆောင်ရွက်ဖို. နိုင်ငံခြားရေး ၀န်ကြီးများအ
ဆင့်အစည်းဝေးမှာ တင်ပြသွားမှာဖြစ်ပါတယ်။
မဲခေါင်မြစ်ဟာကီလိုမီတာ၄၈၀၀ကျော်ရှည်လျှားပြီးတရုတ်နိုင်ငံတွင်းကစတင်မြစ်ဖျားခံစီးဆင်းတာဖြစ်ပါ တယ်။
ရေအားလျှပ်စစ် ထုပ်လုပ်မှု နဲ. အခြား ရေအရင်းအမြစ်များ အတွက် အရေးပါတဲ့
မြစ်တစ်ခုဖြစ်ပြီး မဲခေါင်ဒေသဟာလည်းတစ်ဟုန်ထိုးဖွံ့ဖြိုးတိုးတက်လာနေတဲ့အတွက်နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုကို
ရရှိနေ တာဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ.မဲခေါင်ဒေသ၅နိုင်ငံတို.ဟာပြီးခဲ့တဲ့နှစ်မှာကုန်သွယ်မှု၂၅ဘီလီယံအထိရှိခဲ့ပြီး ၁၉၉၀ခုနှစ်ကကုန်သွယ်မှု၁.၅ဘီလီယံထက်စာရင်အဆများစွာ တိုးတက်လာတယ်လို.
တောင်ကိုရီးယား နိုင်ငံခြားနေရေးဌာနမှ ထုတ်ပြန်ပါတယ်။
မဲခေါင်မြစ်အတွင်းမှာမြန်မာအပါအ၀င်နိုင်ငံအားလုံးတို.က ရေအားလျှပ်စစ် ထုတ်ယူဖို့အတွက်
လုပ်ဆောင် လျှက်ရှိပြီး မြစ်ရဲ့ အထက်ပိုင်းမှာ မီဂါဝပ် ၂၈၉၃၀
ထုပ်လုပ်နိုင်မယ်လို.ခန်.မှန်းပြီး မြစ်အောက် ပိုင်းမှာတော့ မီဂါဝပ် ၃၀ ၀၀၀
လျှပ်စစ်ဓါတ်အားထုတ်ယူနိုင်မယ်လို.ခန်.မှန်းထားပါတယ်
(မြန်မာ နဲ. လာအို နိုင်ငံတို.ရဲ့နယ်နမိတ်အဖြစ် မဲခေါင်မြစ်ကိုတွေ.မြင်ရမှာဖြစ်ပါတယ်)
No comments:
Post a Comment
wwwwnyinyi@gmail.com