ဧရာဝတီနှင့်ပတ်သက်လို့ရော မြန်မာပြည်ကို တရုတ်က စီးပွားရေးလွှမ်းမိုးလာနဲ့ပတ်သက်လို့မြန်မာတွေ
တရုတ်အပေါ်တော်တော်လည်းခံစားနေရပါတယ်။ မုန်းတဲ့စိတ်လေးတွေမကျေနပ်တာလေးတွေပါလာပါတယ်။
သို့သော်လည်း ကျနော်တို့မြန်မာတွေအနေတွေနဲ့လည်းသူများလွှမ်းမိုးမှု့ကို မလိုလားရင်၊သူများဦးဆောင်မှု့ကို
မနှစ်သက်ရင် ကျနော်တို့ ကိုယ့်အားကိုယ်ကိုး ကိုယ့်လူမျိုးကို အထင်ကြီးဘို့အားပေးဖို့ ဖေးမဖို့တွေလိုအပ်ပါတယ်။
အခုကျနော်တင်လိုက်တဲ့ ဗီဒီယိုဖိုင်ကို ဆုံးအောင်ကြည့်လိုက်ပါ။ တရုတ်ထိုင်ဝမ် နိုင်ငံ တီဗီအစီအစဉ်တခုမှာ မျိုးကြီးရဲ့သီချင်းတပုဒ်ကို အခုလိုဆိုပြသွားပါတယ်။
တရုတ်တွေကြားထဲမှာ အဖေမြန်မာလားအမေမြန်မာလားတော့ မသိရပေမဲ့ မြန်မာ သီချင်းကို ပွဲလည်တင့်အောင်သီဆိုနိုင်ခဲ့ပါတယ်။ ကမ္ဘာမှာ ယှဉ်ပြိုင်မှု့တွေ ဟာ လူလူချင်းကိုယ့်အစွမ်းအစကို ရဲရင့်မှန်ကန်စွာ ထုတ်ဖေါ်ပြသခြင်းပါပဲ။ မခံချင်ရင် သာအောင်လုပ်ဖို့ အခု ခလေးငယ်ကိုကြည့်ပြီး အတုယူပါလို့။မြန်မာကို အထင်ကြီးစေချင်ရင် ကျနော်တို့ကို အထင်ကြီးလာမဲ့လုပ်ရပ်တွေလုပ်ပြပြီး ကမ္ဘာမှာမြန်မာလို့ကြွားလိုက်ချင်ပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com