Friday, October 14, 2011
GW ၁၂ ဦး ထောင်ထဲတွင် ကျန်ရှိနေသေး

GW အဖွဲ့ဝင်များထဲမှ စုစုပေါင်း ၂၂ ယောက် အဖမ်းခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ်များ ကျခံခဲ့ရသည်။
ယခု လွတ်မြောက် လာသူ GW အဖွဲ့ ဝင်များမှာ ကျောက်ဖြူ ထောင်မှ ကိုအာကာဘို၊ မြင်းခြံ ထောင်မှ ကိုသီဟ ဝင်းတင်နှင့် GW
စတင် တည်ထောင် မှုတွင် ပါဝင် ခဲ့သည့် တောင်ငူထောင်မှ ကိုအောင်ဇေဖြိုး (ခေါ်) ဖိုးထောင် တို့ဖြစ်ကြောင်း၊ ၁၂ ရက် နေ့က ပြန်လည် လွတ်မြောက် လာခဲ့ပြီး ၁၃ ရက် နေ့နှင့် ၁၄ ရက် နေ့များတွင် ရန်ကုန် သို့ရောက်ရှိ လာခဲ့ကြ ကြောင်း သိရသည်။
၂၀၀၈ ခုနှစ် မတ်လ ၁၂ ရက်နေ့က GW အသင်း ဖွဲ့စည်း မှုကြောင့် အသင်း အဖွဲ့ တည်ထောင်ခြင်းပုဒ်မ ၆/ ၈၈ ဖြင့် အဖမ်းခံခဲ့ရသည့် ကိုအောင် ဇေဖြိုးက အစိုးရ ပေးသော ယခု လွတ်ငြိမ်း ချမ်းသာ ခွင့်သည့် ၎င်းအတွက် အကျိုး သက်ရောက်မှု မရှိကြောင်း၊ ၎င်းလွတ် မြောက် ရန်အချိန် ၅ လခန့်သာ လိုတော့ ကြောင်း ပြောသည်။
“ကျနော် လွတ်မြောက် တဲ့အတွက် မပျော်ပါဘူး။ ဘာဖြစ် လို့လဲဆိုတော့ ကျနော်က လွတ်ရက်နီး လို့ ပြန်လွတ် လာတာပါ။ ကျနော် ၄၃ လတိတိ ထောင်ထဲမှာ နေခဲ့ပြီးပြီ၊ နောက် ၅ လဆို လွတ်တော့မှာပါ။ အစိုးရက အပြောင်း အလဲ လုပ်နေတယ်၊ လူထုကို ယုံကြည် စေချင်တယ်၊ လူထု ပူးပေါင်းပါဝင်မှု ရချင်တယ်ဆိုရင် တခြား နိုင်ငံရေး အကျဉ်းသား အားလုံးကို လွှတ်ပေးဖို့ လိုပါတယ်” ဟု သူက ဆိုသည်။
GW ကို စတင် တည်ထောင်စဉ်ကတည်းက မည်သူ တဦးတယောက်၏ တွန်းအားပေးမှုမှ မပါဘဲ ကိုယ့်တာဝန် ကိုယ်ယူကာ မတရားမှုကို တရားမှု ဖြစ်လာစေရေးအတွက် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း၊ အနာဂတ် တွင်လည်း တရားမျှတမှု ရရှိစေရေးအတွက် တတ်နိုင်သမျှ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
သီတင်းကျွတ်လပြည့်နေ့ လွတ်ငြိမ်းချမ်းသာခွင့်ကြောင့် တောင်ငူထောင်မှ နိုင်ငံရေး အကျဉ်းသား ၅ ဦး လွတ်မြောက်ခဲ့ပြီးအများ အပြား ကျန်ရှိ နေသေး ကြောင်း ကိုအောင်ဇေဖြိုးက ဆိုသည်။
“GW အဖွဲ့ဝင်မှ မဟုတ်ပါဘူး၊ နိုင်ငံရေး အကျဉ်းသားဆိုတာ ရှိကို မရှိသင့်ဘူး။ မြန်မာနိုင်ငံက အကျဉ်းထောင် အသီးသီးမှာ နိုင်ငံရေး အကျဉ်းသား တဦး တယောက် ရှိနေ မယ်ဆိုရင် အဲဒီတဦးတယောက် လွတ်မြောက်ဖို့အတွက် ကျနော်တို့ဆက်ပြီး တိုက်ပွဲ ဝင်ရပါမယ်” ဟု GWအဖွဲ့ဝင် ဟစ်ပ်ဟော့ပ် အဆိုတော် ဇေယျာသော်က ပြောသည်။
GW အဖွဲ့စတင်ဖွဲ့စည်း ပြီးချိန်တွင် အဖွဲ့ဝင်လူငယ်များသည် နိုင်ငံရေး လှုပ်ရှားမှုများကို လျှို့ဝှက်လုပ်ဆောင်ခဲ့ကြ သော်လည်း ပြီးခဲ့ သည့် အောက်တိုဘာလ ၉ ရက်နေ့က အဖွဲ့ ၄ နှစ်မြောက် မွေးနေ့ကို ကျင်းပကာ နိုင်ငံရေးလှုပ်ရှားမှုများကို မြေပေါ် လှုပ်ရှား မှုများအဖြစ် စတင် ပြောင်းလဲ လုပ်ဆောင် သွားမည်ဟု ဇေယျာသော်က ထုတ်ဖော် ပြောဆိုခဲ့သည်။
No comments:
Post a Comment
wwwwnyinyi@gmail.com