ဒေါ်အောင်ဆန်းစုကြည်စွဲဆိုတဲ့ တရားရုံးမထေမဲ့မြင်မှုကို စစ်ဆေးဖို့ တရားရုံးကလက်ခံ
October 29, 2011 by အေးနိုင်
မြန်မာ့
ဒီမိုကရေစီလှုပ်ရှားမှု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က
အကိုဦးအောင်ဆန်းဦး အပါအဝင် လူပုဂ္ဂိုလ်သုံးဦးအပေါ်
တရားရုံးမထေမဲ့မြင်မှုနဲ့ စွဲဆိုထားတဲ့အမှုကို ရန်ကုန်တိုင်းဒေသကြီး
တရားလွှတ်တော်က ကြားနာစစ်ဆေးဖို့ မနေ့ အောက်တိုဘာ ၂၈ ရက်နေ့က
လက်ခံလိုက်ပါတယ်။

အမှုကို လက်ခံပြီးတဲ့အတွက် ဦးအောင်ဆန်းဦးနဲ့ ဦးမြတ်ခိုင်တို့ထံကို နို့တစ်စာ ပေးပို့ပါလိမ့်မယ်လို့ သူက ပြောပါတယ်။
အမှုကတော့
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်နေတဲ့
ရန်ကုန်မြို့ ရွှေတောင်ကြား ၁ ရပ်ကွက်၊ ဗဟန်းမြို့နယ်၊ အိမ်အမှတ် ၅၄
တက္ကသိုလ်ရိပ်သာလမ်း နေအိမ် ပိုင်ဆိုင်မှုနဲ့ စပ်လျဉ်းတဲ့အမှုကို
တရားရုံးက တစုံတရာ အမိန့် မချမှတ်ခင် မော်နီတာဂျာနယ်နဲ့
ဦးအောင်ဆန်းဦးတို့ တွေ့ဆုံမေးမြန်းခန်းမှာ ဦးအောင်ဆန်းဦးက
အမှုနိုင်ပြီး ဖြစ်ကြောင်း ပြောဆိုချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို
စွပ်စွဲပြောဆိုချက်တွေ ဖော်ပြခဲ့တဲ့အတွက် တရားရုံးကို မထေမဲ့မြင်
ပြုမူမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်က တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com