တရုတ်ရုပ်မြင်သံကြားလိုင်း ၃ ခု မြန်မာပြည်တွင် တစ်ပြိုင်နက်ပြသပြီ
တရုတ်နိုင်ငံရဲ့
ဗဟိုရုပ်မြင်သံကြားဌာန CCTV ကို မြန်မာနိုင်ငံမှာ
ထုတ်လွှင့်ပြသတော့မှာဖြစ်ပါတယ်။ CCTV ဟာ လိုင်းခွဲများစွာရှိပြီး အဲဒီအထဲကမှ
CCTV-4 (Chinese), CCTV-News (English), နဲ့ CCTV-9 (Documentry) ဆိုပြီး
လိုင်းခွဲသုံးခု ဖြစ်ပါတယ်။ မြန်မာအစိုးရရဲ့ MRTV-4 ရဲ့ SKY NET လိုင်းက
ထုတ်လွှင့်မှာ ဖြစ်ပါတယ်။
MRTV-4 ဟာမြန်မာ
ရေဒီယိုနဲ့ရုပ်မြင်သံကြားဌာန MRTV ရဲ့လက်အောင်ခံအဖြစ် Forever Media Group
နဲ့ပူးတွဲတည်ထောင်ထားတာဖြစ်ပါတယ်။ SKY NET ကတော့ ရွှေသံလွင်ကုမ္ပဏီက MRTV
နဲ့ပူးပေါင်း ဆောင်ရွက်တာဖြစ်ပါတယ်။ ဖွင့်ပွဲအခမ်းအနားကိုတော့
မြန်မာပြန်ကြားရေး ဒုဝန်ကြီး ဦးစိုးဝင်းနဲ့ တရုတ်နိုင် ငံ
ရေဒီရိုနဲ.ရုပ်မြင်သံကြားဌာန ဒုဝန်ကြီး MR. TIAN JIN တို့က
ဖွင့်လှစ်ပေးပါတယ်။
CCTV ကို MRTV-4
ကနေထုတ်လွှင့်တဲ့အခါ SKY NET ရဲ့ဆက်သွယ်ရေးလမ်းကြောင်းကိုသုံးမှာဖြစ်ပါတယ်။
CCTV-4 တီဗီလိုင်းကို အောက်တိုဘာလ ၁ ရက်နေ. ၁၉၉၂ မှာ အပြည်ပြည်ဆိုင်ရာကို
တရုတ်ဘာသာနဲ. စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ CCTV-News (English)
လိုင်းကိုတော့ စက်တင်ဘာလ ၂၅ ရက်နေ့ ၂၀၀၀ ခုနှစ်မှ စတင်ပြီး ၂၄
နာရီထုပ်လွှင့်ခဲ့တာပါ။ CCTV-9 (Documentary) ကိုလည်း ၂၄ နာရီပတ်လုံး
တစ်ပြိုင်နက်ထုတ်လွှင်ခဲ့တာဖြစ်ပါတယ်။
တရုတ်မြန်မာ
ယဉ်ကျေးမှုပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တွေဟာ ပြီးခဲ့တဲ့နှစ်များအတွင်း
နီးနီးကပ်ကပ် တိုးတက်မှုရှိခဲ့တယ်လို. သတင်းမှာဖေါ်ပြပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com