Saturday, 29 October 2011 00:13 |
![]() ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံး (အတွင်းဝန်ရုံး)အပါအ၀င် အရေးကြီး ရှေးဟောင်းအဆောက်အအုံများကို ဟိုတယ်အသွင်လုပ်ခွင့်မပြုပဲ ပြခန်းအနေဖြင့်သာ ပြသလုပ်ကိုင်ရန် ခွင့်ပြုမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။ ၀န်ကြီးများရုံး(အတွင်းဝန်ရုံး)အား ဟိုတယ်အဖြစ် လုပ်ကိုင်ခွင့်ပြုမည့် သတင်းများအပေါ် မီဒီယာများ၏မေးမြန်းချက်ကို မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီ(MIC)၊ ဥက္ကဋ္ဌဦးစိုးသိန်းမှ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ ပြခန်းအဖြစ်လုပ်ခွင့်ပြုသည် ဆိုသည့်တိုင်အောင် အကြိမ်ကြိမ် စဉ်းစားပြီးမှသာ ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ယခင်က ရှေးဟောင်းအဆောက်အအုံ အချို့အားဖျက်ပစ်ခဲ့သည့်အတွက် ယခုအခါ လေ့လာရန် မကျန်ရှိတော့ကြောင်း၊ ယခုနောက်ပိုင်းတွင် အရေးကြီးသည့် ရှေးဟောင်း အဆောက်အအုံများကို ထိုသို့ အလုပ်ခံမည် မဟုတ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ "ရန်ကုန်မှာရှိတဲ့ သမိုင်းဝင် အဆောက်အအုံတွေကို ထိန်းသိမ်းဖို့လိုအပ်တယ်။ ထိန်းသိမ်းရင်းနဲ့ ၀င်ငွေရအောင် ပြခန်းသဘောမျိုး ဖွင့်လှစ်ပြီး ၀င်ငွေလည်းရ၊ လေ့လာလို့လည်းရ၊ အဆောက်အအုံကိုလည်း ထိမ်းသိမ်းပြီးသားဖြစ်အောင်လုပ်ဖို့ လိုပါတယ်။ အတွင်းဝန်ရုံးတို့ ဟိုက်ကုတ်တို့ဆိုရင် တကယ့်အရေးကြီးတဲ့ အဆောက်အအုံတွေဖြစ်တဲ့အတွက် ဟိုတယ်လုပ်ငန်းလုပ်ကိုင်ခွင့် မပြုဘူး။ ကျန်တဲ့ ရှေးဟောင်းအဆောက်အအုံတွေကို ဟိုတယ်လုပ်ခွင်ပြုမယ်ဆိုရင်တောင် ပြင်ပက ရှေးဟောင်းလက်ရာတွေကို လုံးဝမထိခိုက်ပဲ အတွင်းဘက်မှာပဲ ပြုပြင်လုပ်ကိုင်ဖို့ ခွင့်ပြုမှာပါ။ ဒါတောင်မှ အကြိမ်ကြိမ်စဉ်းစားပြီးမှ ခွင့်ပြုမှာပါ။ ရှေးတုန်းက သမ္မတအိမ်တော် ဖျက်ပစ်လို့ နောက်လူတွေ လေ့လာလို့မရဘူး။ အခုအဲဒီလို အလုပ်မခံတော့ဘူး။ လုပ်မယ့် သူတွေ MIC ကိုတင်ပြရမယ်။ MIC ကအတည်ပြုမှသာ အစိုးရရဲ့ Guide Line အတိုင်းလုပ်ကိုင်ရမယ်။ သမိုင်းဝင် အဆောက်အအုံတိုင်းကို ဟိုတယ်လုပ်ခွင့် ပြုမှာမဟုတ်ပါဘူး" ဟု မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မတီ (MIC)၊ ဥက္ကဋ္ဌ ဦးစိုးသိန်းမှ ပြောကြားခဲ့ပါသည်။ |
Saturday, October 29, 2011
ရန်ကုန်ရှိ ၀န်ကြီးများရုံး (အတွင်းဝန်ရုံး) ကဲ့သို့သော အရေးကြီး ရှေးဟောင်းအဆောက်အအုံများကို ဟိုတယ်လုပ်ခွင့်ပေးမည်မဟုတ်ပဲ ပြခန်းအနေဖြင့်သာ အကြိမ်ကြိမ်စဉ်းစားပြီးမှ ခွင့်ပြုရန်ရှိ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
wwwwnyinyi@gmail.com