Wednesday, November 9, 2011

ရွေး​ကောက်ပွဲကိစ္စ စဉ်း​စား​ရန် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်ကို တိုက်တွန်း

November 8, 2011 by နေသွင် 
အမျိုး ​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ရွေး​ကောက်ပွဲဝင်ဖို့​ မဆုံး​ဖြတ်ခင် အကျိုး​အပြစ်​တွေကို အ​လေး​အနက်စဉ်း​စား​ဖို့​ မဟာမိတ်ပါတီ​တွေက တိုက်တွန်း​လိုက်တယ်လို့​ သိရပါတယ်။
၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ မဟာမိတ်အစုအဖွဲ့​ဖြစ်တဲ့​ ပြည်သူ့​လွှတ်​တော်ကိုယ်စား​ပြု ​ကော်မတီ (စီအာပီပီ)ရဲ့​ မ​နေ့​က အစည်း​အ​ဝေး​မှာ ခုလိုတိုက်တွန်း​လိုက်တာဖြစ်ပါတယ်။ ‘စီအာပီပီ’အစည်း​အ​ဝေး​မှာ အဖွဲ့​ချုပ်အ​နေနဲ့​ ပါတီကို မှတ်ပုံတင်သင့်​ကြောင်း​ ဆုံး​ဖြတ်​ပေမယ့်​ ​ရွေး​ကောက်ပွဲဝင်​ရေး​ကိစ္စ အ​ပေါ်မှာ​တော့​ မဆုံး​ဖြတ်နိုင်ခဲ့​ဘူး​လို့​ သိရပါတယ်။
စီအာပီပီကို ၁၉၉၀ ​ရွေး​ကောက်ပွဲအနိုင်ရ အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်နဲ့​ ရှမ်း​၊​ ရခိုင်၊​ ဇိုမီး​၊​ မွန်ပါတီတို့​က ​ခေါင်း​ဆောင်​တွေနဲ့​ ​ရွေး​ကောက်ပွဲရလဒ် အ​ကောင်အထည်​ဖော်ဖို့​ ရည်ရွယ်ချက်နဲ့​ ၁၉၉၈ ခုနှစ်မှာ ဖွဲ့​စည်း​ခဲ့​တာဖြစ်ပါတယ်။
မ​နေ့​က ‘စီအာပီပီ’အစည်း​အဝး​ကို ‘စီအာပီပီ’အဖွဲ့​ဝင် အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ်က ​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ဦး​တင်ဦး​၊​ ​ဒေါ်​အောင်ဆန်း​စုကြည်၊​ ဦး​ဝင်း​တင်နဲ့​ တိုင်း​ရင်း​သား​ပါတီ​တွေက ​ခေါင်း​ဆောင်​တွေ တက်​ရောက်တယ်လို့​ သိရပါတယ်။
‘စီအာပီပီ’အဖွဲ့ ​ဝင်​တွေထဲက အကျဉ်း​ကျခံ​နေရတဲ့​ ရှမ်း​အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အက်စ်အန်အယ်လ်ဒီ) ဥက္ကဋ္ဌ ခွန်ထွန်း​ဦး​တော့​ အစည်း​အ​ဝေး​ကို မတက်နိုင်ပါဘူး​။
အန်အယ်လ်ဒီပါတီ ​ရွေး​ကောက်ပွဲဝင်​ရေး​၊​ မဝင်​ရေး​ ကိစ္စနဲ့​ပတ်သက်လို့​ မဟာမိတ်ပါတီတရပ်ရဲ့​ သ​ဘောထား​ကို ​မေး​မြန်း​ရာမှာ အက်စ်အန်အယ်လ်ဒီ ​ပြော​ရေး​ဆိုခွင့်​ရှိသူ ဦး​စိုင်း​လိတ်က သူတို့​ပါတီက အန်အယ်လ်ဒီပါတီကိစ္စကို ဝင်​ရောက်စွက်ဖက်ဖို့​မရှိဘူး​လို့​ ​ပြောပါတယ်။
ဒါ​ပေမယ့်​ အက်စ်အန်အယ်လ်ဒီအ​နေနဲ့​တော့​ ပါတီ​ခေါင်း​ဆောင်​တွေဖြစ်တဲ့​ ခွန်ထွန်း​ဦး​၊​ စိုင်း​ညွန့်​လွင်တို့​ အကျဉ်း​ကျ​နေဆဲဖြစ်တဲ့​အတွက် ပါတီမှတ်ပုံတင်ဖို့​၊​ ​ရွေး​ကောက်ပွဲဝင်ဖို့​ မရှိဘူး​လို့​ ​ပြောပါတယ်။
အမျိုး​သား​ ဒီမိုက​ရေစီအဖွဲ့​ချုပ်က​တော့​ ပါတီမှတ်ပုံတင်​ရေး​၊​ မတင်​ရေး​နဲ့​ ​ရွေး​ကောက်ပွဲဝင်​ရေး​၊​ မဝင်​ရေး​ ကိစ္စကို လာမယ့်​ နိုဝင်ဘာ ၁၈ ရက် ပြည်နယ်နဲ့​ တိုင်း​ အလုပ်အမှု​ဆောင်​တွေရဲ့​ အစည်း​အ​ဝေး​က​နေ ဆုံး​ဖြတ်မယ်လို့​ အဖွဲ့​ချုပ် ဗဟိုပြန်ကြား​ရေး​အဖွဲ့​ဝင် ဦး​ဉာဏ်ဝင်း​က ​ပြောပါတယ်။

No comments:

Post a Comment

wwwwnyinyi@gmail.com