![]()
မန္တလေးမြို့ရှိ ဧရာဝတီမြစ် ဆိပ်ကမ်း တစ်နေရာအား စက်တင်ဘာလက တွေ့ရစဉ်
ကချင်ပြည်နယ်ရှိ မြစ်ဆုံဒေသမှ စတင်စီးဆင်းလာသော ဧရာဝတီမြစ်သည် နိုင်ငံဧရိယာ၏ ၆၀ ရာခိုင်နှုန်း ၀န်းကျင်ကို လွှမ်းခြုံထားပြီး သဘာ၀၀န်းကျင် ပြောင်းလဲမှုများကြောင့် ယခုနှစ်များအတွင်း မြစ်ကြောင်း ပြောင်းလဲမှုများ သိသာလာသောမြစ်လည်း ဖြစ်သည်။ “ဧရာဝတီမြစ်ကို ပြန်လည် ထူထောင်နိုင်ဖို့အတွက်survey လုပ်သင့်တဲ့ အချိန်ရောက်နေပါပြီ။ စပြီး လုပ်သင့်နေပါပြီ”ဟု Water, Re-search and Training Centre (WRTC) မှ Founder and President ဒေါ်ခင်နီနီသိန်းက ပြောပါသည်။ ဧရာဝတီမြစ်သည် မြစ်ဖျားပိုင်းဒေသ၌ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်မှု အားနည်းလာမှု၊ ရေအရင်းအမြစ် နည်းပါးလာမှု၊ မြစ်တွင်အနည်အနှစ်ပို့ချမှု များပြားလာမှု စသည်တို့ကြောင့် မြစ်တွင်သောင်ထွန်းမှု များပြားလာခဲ့ ကာ ၂၀၀၉ ခုနှစ်မှ လက်ရှိကာလသည် အသိသာဆုံးသောနှစ်များ ဖြစ်ခဲ့သည်။ ဧရာဝတီမြစ်အစပြုသော မြစ်ဆုံဒေသတွင် တည်ဆောက်မည့် အကြီးဆုံး ရေအားလျှပ်စစ်စီမံကိန်း ဖြစ်သော မြစ်ဆုံစီမံကိန်းအား ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့တွင် ရပ်ဆိုင်းကြောင်း ထုတ်ပြန်ခဲ့ကာ လက်ရှိတွင်မူ လုပ်ငန်းလည်ပတ်မှုများ ရပ်နားထားပြီးဖြစ်သည်ဟု သိရှိရသည်။ “မြစ်ဆုံက ရပ်လိုက်ပြီ။ ဒါပေမဲ့ မတည်ဆောက်မီ ကာလတွေကတည်းက မြစ်ကြောင်းထိန်းသိမ်းမှု အားနည်းခဲ့တာရယ်၊ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲခဲ့တာတွေကိုတော့ ပြန်လည်ထူထောင်ဖို့ လိုအပ် နေပါတယ်။ မြစ်ကြောင်းထိန်းသိမ်းမှုက အခုအချိန်မှာပိုပြီး လိုအပ်လာပါတယ်” ဟု မြန်မာငှက် နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအသင်းမှ ဥက္ကဋ္ဌ ဦးစိုးညွန့်က ပြောကြားသည်။ “မြန်မာနိုင်ငံမှာ သဘာဝရင်း မြစ်များတယ်လို့ ပြောတယ်။ ရေလုံလောက်ပြီလား ဆိုတော့လည်း မလုံလောက်သေးဘူး။ ရန်ကုန်လို မြို့ကြီးတွေမှာတော့ ရေလုံလောက်တယ် ဆိုရမယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းဒေသတွေမှာတော့ ရေရဖို့ကို မိုင်များစွာ လျှောက်နေရပါတယ်”ဟု ထိုင်းနိုင်ငံရှိ UNEP, AIT Regional Resource Center for Asia Pacific မှ ဦးတင်အောင်မိုးက ဆိုပါသည်။ မြန်မာနိုင်ငံသည် ယခုနှစ်များအတွင်း ရာသီဥတု ပြောင်းလဲမှုများကြောင့် မိုးနည်းပါး၍ မြစ်များတွင် ရေနည်းပါးခြင်း၊ သဘာဝ ပတ်ဝန်းကျင် ပြောင်းလဲမှုများကြောင့် မြစ်များတိမ်ကောမှုတို့ကို ရင်ဆိုင်လာရသည်။ |
Wednesday, November 9, 2011
ဧရာဝတီမြစ် ပြန်လည်ထူထောင်ရေး အတွက် လေ့လာဆန်းစစ်မှုများ စတင်ပြုလုပ်ရန် လိုအပ်နေကြောင်း ပညာရှင်များပြောကြား
Subscribe to:
Post Comments (Atom)
No comments:
Post a Comment
wwwwnyinyi@gmail.com