ဖိုးလပြည့်နှင့် ၀တ်မှုံရွှေရည် ရန်ကုန်မြစ်တွင်း သင်္ဘောစီး
မိုးမခ အထောက်တော်၊ ရန်ကုန်
ဇန်န၀ါရီ ၂၀၊ ၂၀၁၀
ပြီးခဲ့သည့် အောက်တိုဘာလ ရန်ကုန်မြို့ ကားပြပွဲတွင် တွေ့ရသည့် ဖိုးလပြည့်
ခေါ် နေရွှေသွေးအောင် (ဓာတ်ပုံ-မိုးမခ)
ပြီးခဲ့သည့် အောက်တိုဘာလ ရန်ကုန်မြို့ ကားပြပွဲတွင် တွေ့ရသည့် ဖိုးလပြည့်
ခေါ် နေရွှေသွေးအောင် (ဓာတ်ပုံ-မိုးမခ)
ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အချစ်တော် မြေးဖြစ်သူ ဖိုးလပြည့်သည်
နာမည်ကြီး မော်ဒယ် သရုပ်ဆောင် ၀တ်မှုန်ရွှေရည် နှင့် ယခုလ ၁၃ရက်နေ့က
ရန်ကုန်မြစ်အတွင်း သင်္ဘောဖြင့် လည်ပတ်ခဲ့သည် ဟုသိရသည်။
နေ့ဝက်ကြာ လည်ပတ်သည့် ၎င်းခရီးစဉ်တွင် မြပုဏ္ဏမီ အပျော်စီးဇိမ်ခံသင်္ဘောဖြင့်
နန်းသီတာဆိပ်ကမ်းမှ စတင် ထွက်ခွာခဲ့ပြီး မြန်မာ့ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့၏
သင်္ဘောတစ်စီးဖြင့် ရဲအရာရှိများ၊ ရဲထောက်လှမ်းရေးများလိုက်ပါ
စောင့်ရှောက်ပေးခဲ့ရသည်ဟု လုံခြုံရေး တာဝန်ယူခဲ့ရသည့် အမည်မဖော်လိုသူ
တဦးက ပြောသည် ။
၎င်းခရီးစဉ်အတွက် ကုန်ကျစရိတ်များ ပေးဆောင်ခြင်း မရှိကြောင်း၊ မြပုဏ္ဏမီ
သင်္ဘောကို ပို့ဆောင်ရေး ၀န်ကြီးဌာနမှ အရာရှိကြီး တစ်ဦး ပိုင်ဆိုင်ကြောင်း
သိရှိရသည်။ ၎င်းသတင်း မပေါက်ကြားရေးစေရန် လိုက်ပါဆောင်ရွက်ပေးခဲ့သူများကို ညွှန်ကြားထားသည်ဟု ဆိုသည်။
ဖိုးလပြည့်သည် ပြီးခဲ့သည့် သြဂုတ်လက ဗဟန်းမြို့နယ် ချင်းချောင်း
နန်းတော်ရှေ့တွင် ဖွင့်လှစ် ထားသည့် ဆဲဗင်း လက်ကာ အမည်ရှိ
အဆင့်မြင့်ကော်ဖီဆိုင်အား ဖျက်ဆီးရန် အမိန့်ပေး စေခိုင်းခဲ့သဖြင့်
ရန်ကုန်မြို့ရှိ လုပ်ငန်းရှင်များနှင့် အစိုးရ အရာရှိ အသိုင်းအ၀ိုင်းကြား
နာမည်ကြီးခဲ့သူဖြစ်သည်။
တချို့ကလည်း ထိုသို့ အနိုင်ကျင့် ခြိမ်းခြောက်ခြင်းကို ရွံ့ရှာစွာ ဝေဘန် ပြောဆိုခဲ့ကြသည်။
No comments:
Post a Comment
wwwwnyinyi@gmail.com