နှစ်တစ်ရာပြည့် ဂျူဘီလီပွဲတော် ပိတ်ပွဲအခမ်းအနား (ရုပ်/သံ)
လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့မှာ ရန်ကုန်မြို့ စိန့် မေရီ ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းတော်ကြီးရဲ့ နှစ်တစ်ရာပြည့် ဂျူဘီလီပွဲတော် ပိတ်ပွဲအခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။
ဒီအခမ်းအနားမှာ ဒီဇင်ဘာလ ၇ ရက်နေ့က မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့
ဗာတီကန်က ပုပ်ရဟန်းမင်းကြီး (ဘန်နီဒစ် )Benedict ရဲ့
အထူးကိုယ်စားလှယ် (ကာဒီနယ် တန်နတို ရက်ဖေးလီ မာတီနို) Cardinal Tenato
Raffaele Martino ဟာ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်ခဲ့ပါတယ်။
စိန့်မေရီ ကက်သလစ် ခရစ်ယာန် ဘုရားရှိခိုးကျောင်းမှာပြုလုပ်တဲ့ ဒီပိတ်ပွဲအခမ်းအနားမှာ ပုပ်ရဟန်းမင်းကြီး Benedict ရဲ့ အထူးသဝဏ်လွှာကို ဖက်ကြားသွားခဲ့ပါတယ်။
ဒီဂျူဘီလီပွဲတော်ကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၉ ရက်နေ့ကတည်းက စတင်ပြီး ဒီဇင်ဘာလ ၈ ရက်နေ့ အထိ ၁၀ ရက်တိုင်တိုင်ကျင်းပခဲ့တာဖြစ်ပါတယ်။
စိန့်မေရီ ကက်သလစ် ဘုရားကျောင်းကို လွန်ခဲ့တဲ့ နှစ်ပေါင်း
တစ်ရာလောက်ကတည်းက ပြင်သစ်နိုင်ငံ သာသနာပြု ဘုန်းတော်ကြီးတွေ
တည်ထောင်ခဲ့တာလို့လည်းသိရပါတယ်ခင်ဗျာ။
No comments:
Post a Comment
wwwwnyinyi@gmail.com