Published on January 19, 2012 by နေသွင်

“အဓိကကတော့
ကျနော်တို့ ၈၈ တွေအနေနဲ့ ဘာလုပ်ခဲ့တယ်၊ ဘယ်လိုနေရာမှာ ရပ်နေတယ်၊
ဘယ်ကိုသွားမယ်ဆိုတဲ့ဟာကို ကျနော်တို့ ရှင်းရှင်းလင်းလင်း
ပြောသွားမှာ ဖြစ်ပါတယ်။”
ရန်ကုန်မြို့
ပြည်လမ်းမှာရှိတဲ့ တော်ဝင်စင်တာမှာ နေ့လယ် ၂ နာရီကနေ ၄ နာရီအထိ
မီဒီယာတွေကို ဖိတ်ကြားပြီး ရှင်းလင်းသွားမယ်လို့ ဆိုပါတယ်။
လက်ရှိနိုင်ငံ
ရေးအခင်းအကျင်းမှာ ၈၈ မျိုးဆက်တွေ ကြားထဲမှာ သဘောထားကွဲတာတွေ
ဖြစ်ပေါ်နိုင်တယ်လို့ ကြိုတင်ခန့်မှန်းတာတွေ ရှိနေပေမယ့် တပတ်ကြာ
ဆွေးနွေးမှုတွေအပြီးမှာ ၈၈ မျိုးဆက်တွေအားလုံး တညီတညွတ်တည်း
ရှိနေတယ်လို့ ကိုမြအေးက ပြောပါတယ်။
“ကျနော်တို့
ထောင်ကလွတ်လာတဲ့လူတွေ အားလုံး တသဘောတည်း၊ တသားတည်း၊
တသွေးတည်း ရှိနေတယ် အားလုံးက။ ဘာမှ ကျနော်တို့မှာ
သဘောထားကွဲလွဲမှု မရှိဘူး။ ကျနော်တို့ ၈၈ ထဲမှာ အားလုံး တသားတည်း
ရှိနေပါတယ်။ သဘောထားတွေလည်း တထပ်တည်းပါ။ ကျနော်တို့
လွတ်လာပြီးတော့ ရက်ပိုင်းမှာ တောက်လျှောက်ပေါ့နော်။ ကျနော်တို့
တပတ်တိတိ ဆွေးနွေးပြီးတဲ့ အခါမှာ ဆုံးဖြတ်ချက်တွေ ကျပါပြီ။
ကျနော်တို့ ဆုံးဖြတ်ထားတဲ့အတိုင်းပဲ သတင်းစာရှင်းလင်းပွဲမှာ
အသေးစိတ် ပြောသွားမှာ ဖြစ်ပါတယ်။”
၈၈
မျိုးဆက်ကျောင်းသားများအဖွဲ့ဟာ ၂၀၀၇ လောင်စာဆီ
ဈေးနှုန်းမြင့်တက်သွားတာကို မကျေနပ်လို့ လမ်းလျှောက်ဆန္ဒပြစဉ်
အဖမ်းခံရပြီး၊ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခံရကနေ ပြီးခဲ့တဲ့ တပတ်က
ပြန်လည် လွတ်မြောက်လာကြတာဖြစ်ပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com