Published on January 19, 2012 by ရွှေအောင်
ရွှေညဝါဆရာ
တော် ဦးပညာသီဟက သူသီတင်းသုံးနေတဲ့ သာဓုကျောင်းတိုက်ကနေ
ဒီကနေ့ကစလို့ တလအတွင်း ထွက်ခွာပါမယ်လို့ ဝန်ခံကတိပြုလိုက်ပါတယ်။

ဇန်နဝါရီ ၁၉
ရက် မွန်းလွဲပိုင်းက ရန်ကုန်တိုင်း သံဃာ့မဟာနာယက ရုံးမှာ
ပြုလုပ်ခဲ့တဲ့ ဆရာတော်အား အရေးယူဆောင်ရွက်ဖို့
နိုင်ငံတော်သံဃာ့မဟာနာယက အဖွဲ့ဝင်ဆရာတော်ကြီးများ ၊သက်ဆိုင်ရာ
တာဝန်ရှိသူများနဲ့ တွေ့ဆုံအပြီးမှာ ဆရာတော်ရဲ့ ဝန်ခံကတိပြုစာ
ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီစာကို လက်ဝယ်ရရှိထားတဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုကိုကြီး (စမ်းချောင်း) က ခုလိုဖတ်ပြပါတယ်။
“သာဓုအ
နောက်ရပ်ကွက်၊ သာဓုကျောင်းတိုက်နေ ရွှေညဝါဆရာတော် ဦးပညာသီဟအား
ကျောင်းတိုက်မှ ဖယ်ရှားရန် ညွှန်းကြားမှုနဲ့ စပ်လျဉ်း၍ မြို့နယ်၊
ရပ်ကွက် သံဃာ့နာယက အဖွဲ့ဝင် ဆရာတော်များ။ ရွှေညဝါဆရာတော်
ဦးပညာသီဟကိုပါ ပင့်ဖိတ်၍ ဌာနဆိုင်ရာ ပုဂ္ဂိုလ်များ၏ ရှေ့မှောက်တွင်
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ အောက်ဖော်ပြပါအတိုင်း ဝန်ခံကတိပြု
လက်မှတ်ရေးထိုးပါသည်တဲ့။ ဝန်ခံကတိပြုချက်- (က) ၁၉ရက် ၁လ ၂၀၁၂ခုနှစ်မှစ၍
ရွှေညဝါဆရာတော် ဦးပညာသီဟသည် ၁၉ရက် ၂လ ၂၀၁၂ခုနှစ် တနင်္ဂနွေနေ့ ၁၆နာရီ
၃ဝမိနစ် အချိန် နောက်ဆုံးထား သာဓုကျောင်းတိုက်မှ ထွက်ခွာပေးပါမည်ဟု
ဝန်ခံကတိပြုပါသည်။ (ခ) ကျောင်းတိုက်မှ မထွက်ခွာမီ ကာလအတွင်း
သာဓုကျောင်းတိုက်၌ သီတင်းသုံးနေထိုင်သမျှ ကာလပတ်လုံး ပြသနာ တစုံတရာ
မဖြစ်ပွားစေရန်နဲ့ သံဃာ့အဖွဲ့အစည်း စည်းမျဉ်းစည်းကမ်းများနဲ့
အညီ ငြိမ်းချမ်းစွာ သီတင်းသုံးနေထိုင်၍ ထွက်ခွာသွားမည် ဖြစ်ကြောင်း
ဝန်ခံကတိပြုပါသည်။ ဦးပညာသီဟ(ရွှေညဝါ)” လို့ ပါရှိပါသည်။
ဆရာတော်အား
အရေးယူဆောင်ရွက်ဖို့ တိုင်းသံဃာ့နာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်နဲ့
အကျိုးတော်ဆောင်အဖွဲ့ဝင် ဆရာတော် စုစုပေါင်း သံဃာတော် ၁၀ ပါးက
အစည်းအဝေးပြုလုပ်ပြီး ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အစည်းအဝေးကို
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လူမှုရေးဝန်ကြီးနဲ့
တိုင်းသာသနာရေးမှူးတို့ တက်ရောက်ခဲ့ကြတယ်လို့လည်း သိရပါတယ်။
ဆရာတော်ကိစ္စ
တွေ့ဆုံခဲ့ကြတဲ့ ရန်ကုန်တိုင်း၊ သံဃာ့မဟာနယက ရုံးရှေ့မှာ
မွန်းလွဲ တနာရီမတိုင်မီ အစောပိုင်းကတည်းက အရှင်ဂမ္ဘီရ အပါအဝင်
အကျဉ်းထောင်အသီးသီးက လွတ်မြောက်လာခဲ့ကြတဲ့ ဆရာတော်တွေနဲ့ တပည့်
ရဟန်းသံဃာတွေ ဒါယကာတွေ၊ သတင်းထောက်တွေ စုစုပေါင်း လူအင်အား
၅ဝဝလောက် စုဝေးရောက်ရှိခဲ့ကြပြီး လုံခြုံရေးလည်း အထူးပဲ
တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။
ဆရာတော်ရဲ့
ဝန်ခံကတိပြုစာ ထွက်ပေါ်လာပြီးတဲ့နောက် ဆရာတော်ဟာ သီတင်းသုံးတဲ့
သာဓုကျောင်းတိုက်ကို မွန်းလွဲ ၃ နာရီလောက်မှာ ပြန်လည်
ရောက်ရှိနေပြီး စုဝေးခဲ့ကြတဲ့ ပရိသတ်တွေလည်း
အေးအေးချမ်းချမ်းရှိတဲ့အကြောင်း ဆရာတော်နဲ့ အတူရှိနေသူ ၈၈
မျိုးဆက်ကျောင်းသား ကိုကိုကြီး (စမ်းချောင်း) က ပြောပါတယ်။
ဆရာတော်ဟာ
မွန်းလွဲ ၃ နာရီခွဲလောက်မှာ သာဓုကျောင်းတိုက်ထဲ
စုဝေးရောက်ရှိနေကြတဲ့ တပည့်သံဃာ ဒါယကာ ၅၀၀ လောက်ကို ဩဝါဒစကား
မြွက်ကြားခဲ့ပါတယ်။ အဲ့ဒီမှာ ဝန်ခံကတိ လက်မှတ်ထိုးခဲ့တာနဲ့
ပတ်သက်ပြီး အချက်တခုကို ဆရာတော်က ခုလို မိန့်ကြားခဲ့ပါတယ်။
“ဘုန်းကြီးအ
နေနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းတဲ့ ဒီနည်းလမ်းအပေါ်မှာ
သတ္တိမရှိဘူးလို့ မထင်မြင် မယူဆစေချင်ပါဘူး။ ဘုန်းကြီးက
သတ္တိရှိတယ်လို့ ကိုယ့်ကို ကိုယ်ယုံကြည်ပါတယ်။ ဒါသတ္တိနဲ့ မဆိုင်ပါဘူး။
တိုင်းပြည်နဲ့ တို့လူမျိုးတွေ ဒီမိုကရေစီအရသာတွေနဲ့
တွေ့ခါနီးဆဲဆဲ အချိန်မှာ ဝေးကွာသွားမှာ သိပ်စိုးရိမ်တယ်။
ဘုန်းကြီးကြောင့် အပြစ်လည်း မဖြစ်စေချင်ဘူး။ ဘုန်းကြီးကြောင့်
ပဋိပက္ခပြဿနာတွေ မကြီးထွား စေချင်ဘူး။ ဘုန်းကြီးကြောင့်
ဆူပူအုံကြွမှုတွေ မဖြစ်စေချင်ဘူး။ ဘုန်းကြီးကြောင့် ဆူပူအုံကြွမှုတွေ
လှုပ်ရှားမှုတွေ ဖြစ်သွားရင် သံသရာ တပတ် နောက်လှည့်သွားရင်
တို့တိုင်းပြည် တို့လူမျိုးတွေ နစ်နာသွားမှာ စိုးရိမ်လို့
အကောင်းဆုံး အငြိမ်းချမ်းဆုံးကို ရွေးချယ်ပြီးတော့ ဘုန်းကြီး
ကိုယ်တိုင် ဝန်ခံလက်မှတ်ကို ထိုးခဲ့တာပါ။”
ပြီး
ခဲ့တဲ့နှစ် စက်တင်ဘာလအတွင်း မန္တလေးတိုင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်မှာ ဩဝါဒစကား ချီးမြှင့်ခဲ့တဲ့အပေါ်
တရားမဟောဖို့ တနှစ် ပိတ်ပင်ထားချက်ကို ချိုးဖောက်တယ်ဆိုပြီး ခုလို
အရေးယူ ဆောင်ရွက်လိုက်တာဖြစ်ပါတယ်။
ရွှေညဝါဆရာ
တော်ဟာ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ သာဓုပရိယတ္တိ စာသင်တိုက်ထဲမှာ
၂၀၀၄ခုနှစ်က စလို့၊ ရန်ကုန်-ဗုဒ္ဓတက္ကသိုလ်ကို တည်ထောင်ဖွင့်လှစ်ပြီး
ဗုဒ္ဓစာပေတွေကို ခေတ်နဲ့အညီ သင်ကြား ပို့ချပေးနေတဲ့
ဆရာတော်ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ကျောင်းတိုက်အတွင်း
စာသင်သားသံဃာတော်တွေ အပါအဝင် သံဃာတော်အပါး ၅၀၀ လောက် သီတင်းသုံး
နေထိုင်လျက်ရှိပါတယ်။
ရွှေညဝါဆရာ
တော်ဟာ ဒီနေ့မွန်းလွဲ ၃ နာရီခွဲလောက်က သာဓုကျောင်းတိုက်အတွင်း
တပည့်သံဃာ၊ ဒကာ ဒကာမ ၅၀၀ လောက်ကို ဩဝါဒစကားပြောကြားခဲ့ပါတယ်။
အောက်ပါအသံဖိုင်မှာ နားဆင်နိုင်ပါတယ်။
No comments:
Post a Comment
wwwwnyinyi@gmail.com